Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ရွှေကူမေနှင်း - ဆွစ်ဇာလန်ပုံပြင်ဟိုင်းဒီ

ရွှေကူမေနှင်း - ဆွစ်ဇာလန်ပုံပြင်ဟိုင်းဒီ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

ဟိုင်းဒီဆိုတဲ့ ကလေးမလေးဟာ သူ့အဘိုးနဲ့ အယ့်လ်ပ်တောင်တန်းမှာ နေတယ်။ အယ့်လ်ပ်တောင်တန်းဆိုတာ “ဒေါ်ဖီးလ်” မြို့ထက် အမြင့်ကြီးမှာပေါ့။ အဘိုးရဲ့ တဲထဲမှာ အရမ်းအေးတယ်။ အဘိုးမှာ စားစရာအကောင်းစားတွေ အများကြီးရှိတယ်။

လူအများကတော့ အဘိုးကြီးကို ကြောက်ကြတယ်။ အဘိုးကြီးက အရုပ်ဆိုးပြီး အသံနက်ကြီးနဲ့ စကားပြောတတ်တယ်။ ဒါပေမဲ့ အဘိုးက ကြင်နာတတ်တယ်။ ဟိုင်းဒီက အဘိုးကို ချစ်တယ်။

ဟိုင်းဒီရဲ့ မိဘတွေက ဟိုးအရင်ကတည်းက ကွယ်လွန်ခဲ့ကြတာပါ။ ဒီတော့ ဟိုင်းဒီလေးဟာ သူ့အဒေါ်နဲ့ နေခဲ့ရတယ်။ ဒါပေမဲ့ အခု သူ့အဒေါ် “ဒီတာ”က ဖရန့်ဖွတ်မှာ အလုပ်ရတယ်။ ဒီတော့ အဒေါ်က ဟိုင်းဒီကို အဘိုးဆီ ခေါ်ခဲ့ရတယ်လေ။

ဟိုင်းဒီက မွှေးနေတဲ့ ကောက်ရိုးမွေ့ရာပေါ်မှာ အိပ်ရတယ်။ မနက်တိုင်း ... အိမ်အပြင်ဘက်မှာ ရေချိုးတယ်။ ဒီတော့ ချက်ချင်း ဗိုက်ဆာလာတာပေါ့။

မနက်စာ စားပြီးတဲ့အခါ ဆိတ်ကျောင်းသားလေး “ပီတာ”နဲ့ အတူနေခွင့်ရတယ်။ ပီတာက နေ့စဉ် သူ့ဆိတ်အုပ်ကို “ဒေါ်ဖီးလ်”ကနေ မောင်းသွားပြီး အမြင့်ကြီးမှာရှိတဲ့ အယ်လ်ပိုင်းတောင် စားကျက်ဆီပို့တယ်။ အဘိုးရဲ့ ဆိတ်နှစ်ကောင်ဖြစ်တဲ့ “ငန်းလေး”နဲ့ “ဝက်ဝံလေး”တို့ကလည်း ပီတာ့ ဆိတ်အုပ်ထဲမှာ ပါတယ်။

အမြင့်ကြီးမှာ နေကြည့်ရတာ သိပ်အံ့သြစရာ ကောင်းတာပဲ။ နေကလည်း ရွှေရောင်တောက်လို့ ... သတ္တိအကောင်းဆုံးမိတ်ဆွေက ပိုမြင့်တဲ့အထိ တက်ကြတယ်။ အကောင်းဆုံးမြက်တွေကို ရှာကြတယ်လေ ...။

ဟိုင်းဒီက ဒီလောက်တောက်ပတဲ့ပန်းတွေကို အရင်က မမြင်ဖူးခဲ့ဘူး။ ဒီတော့ ရောင်စုံပန်းတွေကို တစ်ပွေ့တစ်ပိုက်ကြီး ခူးတယ်။

နေ့လယ်စာအတွက် လတ်ဆတ်တဲ့ နို့တစ်ခွက် ရတယ်။ ပီတာကျတော့ ဘာမှ စားဖို့မလိုဘူး။

မကြာခင် နေဝင်တော့မယ် ... ဟိုင်းဒီလည်း အယ့်လ်ပ်တောင်ပေါ်ကနေ ပျော်ပျော်ပါးပါး ဆင်းခဲ့တယ်။ အဲ... ဒါပေမဲ့ ... သူ့ပန်းတွေ အကုန်ညှိုးကုန်ပြီ •••

နောက်ဆိုရင် ... သူတို့ အပင်မှာပဲ ရှိပါစေ”

 “အဲဒီမှာဆိုရင် ... သူတို့ လန်းဆန်းတယ်” လို့ အဘိုးက ပြောတယ်။

View full details