ရဲဦး - အောင်မြင်ဖို့လိုတာ၁ခုတည်း
အရင်ဆုံး သိထားရမယ့်အချက်
သင် ဘာလိုချင်တာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လောက်အထိလဲ ဆိုတဲ့ အချက်ဟာ အဓိကအကျဆုံးပဲဖြစ်ပါတယ်။ ဒီအချက်တွေ မသိဘဲနဲ့ ဘယ်သူမှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ်အောင်မြင်နေသူတိုင်းမှာ တိကျတဲ့ ပန်းတိုင်တွေရှိပါတယ်။ ။
သင်ဟာ မိမိဘဝကို စိတ်တိုင်းကျထူထောင်လိုသူဖြစ်လို့ ကိုယ်လိုချင် တဲ့ ဘဝမျိုးကို စိတ်တိုင်းကျ တည်ဆောက်ရပါလိမ့်မယ်။ အင်ဂျင်နီယာ တစ်ယောက် ဟာ တည်ဆောက်မယ့် အဆောက်အဦပုံစံကို အရင်ပုံဖော်ရပါ တယ်။ သူ့စိတ်ကြိုက် ပုံစံကို ရပြီဆိုမှ အဲဒီပုံစံအတိုင်း တည်ဆောက်တာ ဖြစ်ပါတယ်။ အုတ်မြစ်ချတာ၊ မွမ်းမံတာတွေက ဒုတိယကိစ္စဖြစ်ပါတယ်။ ပထမဦးဆုံးက သူလိုချင်တဲ့ပုံစံကို ရေးဆွဲအတည်ပြုတာဖြစ်ပါတယ်။ ပုံစံမရှိ ရင် ဘယ်အင်ဂျင်နီယာမှ အဆောက်အဦ ဆောက်လို့မရပါဘူး။
သင်လည်း ကိုယ့်ဘဝကို အကောင်းဆုံး ဖြစ်အောင်တည်ဆောက်မယ် ဆိုရင် မိမိစိတ်တိုင်းကျစေမယ့်ပန်းတိုင်းတစ်ခုကို အရင်ဆုံးချမှတ်ရပါမယ်။ ကိုယ်ဘာဖြစ်ချင်မှန်းမသိဘဲ ပန်းတိုင်ကို သွားနေတာဆိုရင် စမ်းတဝါးဝါးနဲ့ အချိန်ကုန်နေတာပဲ အဖတ်တင်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာကြောင့် ဖြစ်ချင်တာလဲ။ အရင်ဆုံး စိတ်ကူးပါ။ ပြီးတော့ တခြားဟာတစ်ခုကိုကော မဖြစ်ချင်ဘူးလားလို့ မိမိကိုယ်ကို မေးခွန်းထုတ် ဆန်းစစ်ပါ။ မိမိကိုယ်ကို ယုံကြည်စိတ်ချရ လာတဲ့အထိ တစ်ခုတည်းသော ရည်ရွယ်ချက်ကိုရရှိအောင် အရင်လုပ်ဆောင် ပါ။ ကိုယ်လိုချင်တာမရမချင်း ဘယ်လိုလုပ်ဆောင်မယ်၊ ဘာတွေ စွန့်လွှတ် မယ်၊ ဘာတွေပြင်ဆင်မယ် အရင်တွက်ချက်ပါ။ ပြီးတော့ လုံလောက်တဲ့ အချိန်ကာလတစ်ခု သတ်မှတ်ပါ။
တိကျတဲ့ရည်ရွယ်ချက်ကို ခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ မဆုတ် မနစ်တည်ဆောက်ရပါမယ်။ ရည်ရွယ်ချက်ပန်းတိုင် ရောက်ဖို့အတွက် ဘဝနဲ့ ချီပြီး ပေးဆပ်ရမှာဖြစ်လို့ ကိုယ်လုပ်ကိုင်စဉ်းစားသမျှတွေဟာ အချည်းနှီး မဖြစ်စေသင့်ပါဘူး။ အားလုံးရဲ့ ဦးတည်ရာဟာ ပန်းတိုင်အတွက်သာ ဖြစ်နေ ရပါမယ်။
လူတိုင်းဟာ မြင့်မားတဲ့ရာထူး၊ အလုပ်အကိုင်ကျော်စောကိတ္တိ၊ များ ပြားတဲ့ငွေကြေးတို့ကို လိုချင်ကြပါတယ်။ အဲဒါတွေဟာ “လိုချင်မှု” သာ ဖြစ်ပါတယ်။ ဒါ့ထက်ပိုတဲ့ မြင့်မြင့်မားမားရည်ရွယ်ချက် မရှိကြပါဘူး။ ဘယ်လောက်အထိ ရောက်အောင် သွားမယ်၊ ဘယ်လောက်အထိ ရအောင်ယူ မယ်လို့ စိတ်ပိုင်းဖြတ်ထားသူမှ တိကျတဲ့ပန်းတိုင်ကို တကယ်အရောက်လှမ်း သူ ဖြစ်ပါတယ်။
အခွင့်အလမ်းဟာ မိမိအတွက်သေချာသလား
အခွင့်အလမ်းတစ်ခုကို တွေ့လိုက်တာနဲ့ ဘယ်သူမဆိုရင်ဆိုင်ရမယ့် အကြီးမားဆုံးအခက်အခဲကတော့ အဲဒီအခွင့်အလမ်းဟာ ကိုယ်နဲ့ တကယ် သင့်တော်ပါရဲ့ လားဆိုတာပါပဲ။ ပြီးတော့ တကယ်သင့်တော်တဲ့ အခွင့် အလမ်းမှန်း သေချာပြီဆိုရင်လည်း ဖမ်းဆုပ်ယူထားနိုင်ဖို့ အသင့်ရှိရဲ့လား ဆိုတာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
ကိုယ့်ရှေ့မှာ ရောက်နေတဲ့ အခွင့်အလမ်းဟာ ကိုယ့်ဘဝအတွက် ရွှေရောင်လွှမ်းစေမယ့်အရာလား၊ သို့တည်းမဟုတ် တခြားသူတစ်ယောက် အတွက် ချန်ထားရစ်ခဲ့ရမယ့် အရာလား။ ဘယ်လိုဆုံးဖြတ်မလဲ။
ဒီအချက်ဟာ အရေးမပါဘူးထင်ရပေမယ့် လက်တွေ့ဘဝမှာတော့ ကာလရှည်ခရီးတစ်ခုချီတက်ရမယ့် ဘဝလမ်းမှာ အဲဒီဆုံးဖြတ်ချက်ဟာ တကယ်ကို အရေးပါနေပါတယ်။ ဆုံးဖြတ်ချက်မှန်ရင် အောင်မြင်မှုပန်းတိုင် ကို အမြန်ဆုံးရောက်မယ်။ ဆုံးဖြတ်ချက်မှားခဲ့ရင်တော့ ပန်းတိုင်ရောက်ဖို့ စမ်းတဝါးဝါးဖြစ်နေရပါလိမ့်မယ်။
ကဲ ဒီတော့ အခွင့်အလမ်းတစ်ရပ်ဟာ ကိုယ်နဲ့ တကယ်သင့်တော်ပါရဲ့ လားဆိုတာ စဉ်းစားကြည့်ရအောင်ပါ။
ကိုယ့်ရဲ့ ယုံကြည်ရာပန်းတိုင်နဲ့ သွေဖည်စေမယ်ထင်ရင် အဲဒီအခွင့်အလမ်းကို တပ်မက်မနေပါနဲ့။ ထားရစ်ခဲ့လိုက်ပါ။ဘယ်လောက်ကောင်းမွန် တဲ့ အခွင့်အလမ်းဖြစ်နေပါစေ။ ကိုယ့်အတွက် ပျော်ရွှင်စရာမကောင်းဘူး ထင်ရင်လည်း ချန်ထားရစ်လိုက်ပါ။ စိတ်မပျော်ဘဲ လုပ်နေရတာမျိုးဟာ ရေရှည်မှာ ဘဝကိုထိခိုက်စေလောက်အောင် ဒုက္ခပေးမှာ သေချာပါတယ်။
အမေရိကန်နိုင်ငံရေးသမား James F. Byrnes စကားဟစ်ခွန်းရှိပါ တယ်။
“လူအတော်များများဟာ အခွင့်အလမ်းထက် သေချာမှုဆိုတာကိုပဲ တွေးနေတတ်ကြတယ်။ သူတို့အတွက် ရှင်သန်ခြင်းဟာ သေဆုံးခြင်းထက် တောင် ကြောက်စရာ ကောင်းနေပုံပါပဲ”
တချို့အခွင့်အလမ်းတွေဟာ ရှေ့ကို တစ်လှမ်းကြိုရောက်စေတယ် လို့ ထင်မှတ်ရပါတယ်။ ဒီနေ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ အိပ်မက် စိတ်ကူးတွေဟာ အနာဂတ်အတွက် စံပြအခွင့်အလမ်းတွေ ဖြစ်နေတတ်ပါ တယ်။
တစ်ခုတည်းပါပဲ
၁၉၉၁ ခုနှစ် ဇွန်လ ၇ရက်နေ့တုန်းက ပြဇာတ်ရုံမှာ ကျွန်တော် နာမည်ကြီး ကဇာတ်တစ်ခုကို သွားကြည့်မိပါတယ်။ လူရွှင်တော်တွေရဲ့ ပြက်လုံးအပေါ် ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျနေကြတာ၊ အဲဒီအချိန်မှာ | ကျွန်တော့်အတွက် အသိဉာဏ်တစ်ခု လက်ခနဲဖြစ်စေတဲ့ အချင်းအရာ ကြား သိလိုက်ရပါတယ်။ ကျွန်တော့်အဖို့ တစ်သက်မမေ့နိုင်စရာ အခိုက်အတန့် ပါပဲ။
ဇာတ်ဝင်ခန်းအရ ထွက်လာတဲ့ဇာတ်ဆောင်နှစ်ယောက် ပြောစကား တွေပါ။
“ဘဝရဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာလဲ မင်းသိလား”
“မသိဘူး။ ဘာလဲ”
“ဒါပဲ” (ထိုသူက လက်တစ်ချောင်းထောင်ပြလိုက်ပါတယ်)
“မင်းရဲ့ လက်ချောင်းလား” “မဟုတ်ဘူး။ တစ်ခုတည်းလို့ ပြောတာ၊ တကယ့်ကိုမှ တစ်ခုတည်းပါပဲ” “တယ်ဟုတ်ပါလားကွ၊ အဲဒီတစ်ခုထဲဆိုတာ ဘာလဲ”
“အဲဒီတစ်ခုဆိုတာ မင်းရဲ့ အပေါ်မှာ မူတည်တာလေ”
အဲဒီစကားလုံးကြားလိုက်ရချိန် ကျွန်တော်ဟာ ဘဝအောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကို နားလည်သဘောပေါက် သွားပါတော့တယ်။
အရင်က ကျွန်တော် အောင်မြင်မှုကို ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရေရှည်တည်တံ့မှုတော့ မရှိခဲ့ပါဘူး။ အောင်မြင်မှုတစ်ခု ရဖို့ ဆယ်စုနှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရပေမယ့် အချိန်တိုအတွင်း ပျက်သုဉ်းခဲ့ရပါတယ်။ဒါနဲ့ | ကျွန်တော့်လုပ်ငန်းရဲ့ အားနည်းချက်ကို ပြန်လည်ဆန်းစစ်ပြီးနောက် ဒါရိုက်တာအဖွဲ့ဝင် ၁၄ ယောက်နဲ့ လက်တွဲလုပ်ဆောင်နေရတာတွေကို ပြင်ဆင်ခဲ့ ပါတယ်။ ။
ဒီတစ်ပတ်အတွင်း ဘာကို အပြီးသတ်အောင် လုပ်နိုင်သလဲ၊ အဲဒါကို | အပြီးသတ်အောင် လုပ်နိုင်လိုက်တာနဲ့ ကျန်တာတွေအားလုံး လွယ်ကူ ချောမွေ့စွာ လုပ်ဆောင်နိုင်တာမျိုးတော့ ဖြစ်နေရမယ်။ အဲသလိုလုပ်နိုင်တာကို ( တစ်ခုချင်း တစ်ဆင့်ချင်း လုပ်ဆောင်ခဲ့တာ အောင်မြင်မှုဟာ မထင်မှတ် လောက်အောင် ထိပ်ဆုံးပြန်ရောက်လာပါတော့တယ်။
တစ်နာရီအတွင်းပြီးနိုင်တာကို တစ်နာရီအတွင်းပြီးအောင်၊ တစ် ရက်အတွင်းပြီးနိုင်တာကို တစ်ရက်အတွင်းပြီးအောင်၊ တစ်ပတ်အတွင်း ပြီးနိုင် တာကို တစ်ပတ်အတွင်းပြီးအောင် စသဖြင့် အပိုင်းလိုက် အပိုင်းလိုက် တစ်ဆင့်ချင်းလုပ်ဆောင်ခြင်းဟာ နောက်ဆုံးမှာတော့ တစ်ခုတည်းသော အောင်မြင်မှုဆီ အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒီတော့ လုပ်နိုင်တာတစ်ခုက စတင်လုပ်ဆောင်လိုက်ပါ။ အောင်မြင်မှု | ရဲ့ သော့ချက်ဆိုတာ အဲဒီတစ်ခုက စတင်တာ ဖြစ်ပါတယ်။