Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ရဲဦး - အောင်မြင်တဲ့အပြောင်းအလဲအတွက်အဆင့်၁၀ခု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

တက်မ,မရှိတဲ့လှေငယ်တစ်စီးဟာမျောချင်ရာမျောပါ နေပါလိမ့်မယ်။ သွားလိုရာခရီးကို မရောက်နိုင်ဘဲ တဝဲ လည်လည်ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် ဘဝလှေ ငယ်ကို လှော်ခတ်ပြီး ခရီးနှင်မယ်ဆိုရင် တက်မတစ်ခုတော့ လိုအပ်မှာသေချာပါတယ်။

ကျွန်တော်တို့ ခရီးတစ်ခုသွားမယ်ဆိုရင် ဘယ်ကို ရောက်အောင်သွားမလဲဆိုတဲ့ သတ်မှတ်ချက်ကို စိတ်ထဲမှာ အရင်ဆုံးပြဋ္ဌာန်းထားရပါမယ်။ ဒါမှအဲဒီနေရာကို ဦးတည်ပြီး အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

အကယ်ရွေ့များတောနက်ကြီးထဲရောက်နေပြီဆိုရင် ဘယ်လိုနည်းနဲ့ ထွက်ပေါက်ရှာမလဲ။လမ်းကြောင်းမသိဘူး ဆိုရင်ထွက်ပေါက်ကို အလွယ်နဲ့ မတွေ့နိုင်ပါ ဘူး။ ပြီးတော့ မိမိကိုယ်ကိုလမ်းပျောက်နေတယ်လို့တောင်မသိနိုင်ဘဲထွက် ပေါက်အမှတ်နဲ့တွေ့ကရာနေရာကို ဦးတည်လျှောက်လှမ်းနေ မိမှာသေချာပါတယ်။ တချို့ဆိုရင် မိမိကိုယ်ကိုလမ်းပျောက်နေ သူလို့တောင်မထင်ဘဲတောထဲမှာအသက်ဆုံးရှုံးခံရတာပါ။

လူ့ဘဝဆိုတာအဲသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဦးတည် ရာခရီးဆုံးကို သိမထားရင် ဘဝဝဲသြဃထဲတဝဲလည်လည်နဲ့ လမ်းပျောက်သူတွေဖြစ်နေကြရပါလိမ့်မယ်။

ကျွန်တော်တို့ဘဝမှာပန်းတိုင်ရှိဖို့လိုအပ်ပါတယ်။ ဘဝပန်းတိုင်ဟာကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ပန်းတိုင်တစ်ခုတော့ ရှိနေရပါလိမ့်မယ်။ မိမိရဲ့ပန်းတိုင်အပေါ် စိတ်အားထက်သန်မှုပြင်းပြလေလေ ကိုယ့်ရဲ့အိပ်မက်တွေလက်တွေ့ဖြစ်လာလေလေပါပဲ။

မသိလို့မှားရခြင်းဟာကိုယ့်အပြစ်မဟုတ်ပါဘူး။ ဘဝ မှာပန်းတိုင်မရှိဘဲလျှောက်လှမ်းနေရင်တော့ ကိုယ့် အပြစ်ဖြစ်သွားပါပြီ။

ပန်းတိုင်မရှိခဲ့ရင်လူတစ်ယောက်ဟာမီးပျက်နေတဲ့ လမ်းမကြီးတစ်ခုမှာ မျက်စိမှိတ်ထားပြီး လမ်းလျှောက်နေသူလို ဖြစ်နေပါလိမ့်မယ်။ လမ်းမကြီး ထက်မှာချော်လဲတာကြုံရနိုင်သလိုဘေးအန္တရာယ် လည်းတွေ့ရမှာသေချာပါတယ်။

လူတိုင်းမှာ ကွဲပြားတဲ့ပန်းတိုင်တွေရှိတယ်။

တချို့ကချမ်းသာသူဖြစ်ချင်တယ်။

တချို့ကဘွဲ့ရပညာတတ်ကြီးဖြစ်ချင်တယ်။

တချို့ကအိမ်ကြီးအိမ်ကောင်းပိုင်ဆိုင်သူဖြစ်ချင်တယ်။

တချို့ကမော်တော်ကားအသစ်ကြီးပိုင်ဆိုင်ချင်တယ်။

တချို့ကဂေါက်သီးအားကစားသမားဖြစ်ချင်တယ်။

- တချို့ကငွေမှငွေကိုပဲလိုချင်ကြတယ်။

တချို့ကတော့ စစ်မှန်တဲ့ပျော်ရွှင်မှုကိုအလိုရှိကြတယ်။

ငွေအများကြီးလိုချင်သူအဖို့ကတော့

သူတို့ရဲ့အလုပ်နဲ့ပဲ

အချိန်ကုန်ဆုံးစေရမှာဖြစ်ပါတယ်။