စိတ်ကူးချိုချိုစာပေ
ရဲဦး - ရောင်းချရေးဉာဏ်ပညာ
Couldn't load pickup availability
လူသားတွေရဲ့ တိုက်ပွဲကနေလွတ်မြောက်ဖို့ တော်လှန်ရေးအသစ် များနှင့် စတင်ချိတ်ဆက်ပါ။ အဘယ့်ကြောင့်ဆိုသော် လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ ကျွန်တော်တို့ကို မွေးဖွားခဲ့တာ ဖြစ်လို့ပါ။
အရောင်းပညာရပ်ဆိုတာ အသိအမှတ်ပြုမခံရလောက်အောင် ပြောင်းလဲလာခဲ့ပါတယ်။ ဝါရင့်အရောင်းကျွမ်းကျင်ပညာရှင်များပင် အရောင်းပစ္စည်းများကို ချဉ်းကပ်ဖို့ ခက်ခဲလာခဲ့ပါတယ်။
သူတို့ ဘာအမှားတွေ လုပ်နေကြပါသလဲ။
အရေးတကြီးပြောရမည်ဆိုလျှင် သူတို့ ဘယ်လိုမှန်ကန်တဲ့ အရာ တွေပြုလုပ်သင့်ပါသလဲ။ အောင်မြင်တဲ့ အရောင်း ဝန်ထမ်းအရေအတွက် ကို လျော့ကျသွားနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေပါသလား။
ဟုတ်ကဲ့။ ရှိပါတယ်။ ယခုစာအုပ်ထဲမှာ ပုံသေနည်းတွေ ထုတ် နုတ်ပြထားပါတယ်။ အကောင်းဆုံးအရောင်းသမားတွေ သိရှိပြီးသား တစ်စုံတစ်ရာပါပဲ။
နည်းပညာများပြောင်းရွှေ့လာခြင်း
- အရောင်းလုပ်ငန်းမှာ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ ပြတ်လတ်သွားတယ်ဆိုတာ မရှိပါဘူး။ ၎င်းလမ်းညွှန် ချက်တွေကို အသုံးချခြင်းဖြင့် အရောင်းမသွက်တဲ့ ကုန်ပစ္စည်းတွေကို အကျိုးအမြတ်များများနဲ့ ရောင်းချနိုင်တဲ့ ကုန်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတဲ့ အာမခံချက်နဲ့အတူစာအုပ်တွေ Blog တွေ အများအပြားရှိနေ ပါတယ်။ Software တစ်ခုရောင်းချသည်ဖြစ်စေ၊ ကြော်ငြာသည်ဖြစ်စေ ဘာတွေပြောမယ်၊ ဘယ်နေရာမှာပြောမယ်၊ ဘယ်နှစ်ကြိမ် ပြောရမယ် ဆိုတဲ့နည်းပညာက ရှိနေပြီးသားဖြစ်ပါတယ်။
သို့သော်လည်း ကျွန်တော်တို့ဟာ ပုံမှန်ရောင်းချတဲ့ပုံစံကို ရိုးအီနေ တဲ့ ပတ်ဝန်းကျင်မှာ နေကြရတာပါ။ ရှုပ်ထွေးပြီး ယှဉ်ပြိုင်မှုတွေပြည့်နေ သလို ငွေကြေးသုံးစွဲမှုအကန့်အသတ်ဖြစ်နေတဲ့ ဈေးကွက်ပတ်ဝန်းကျင် မျိုး၊ ယနေ့ဖုန်းခေါ်လို့ ပြန်ဖြေပေမဲ့ နောက်တစ်နေ့ ဖုန်းဆက်တဲ့အခါ စကားသံသာချန်ခဲ့ရန် တုံ့ပြန်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ကြရတာပါ။ ကုန်ပစ္စည်း ကြော်ငြာအီးမေးလ်တစ်စောင်ကို ပြန်စာရေးခြင်းထက် လျှပ်စီး လက်သလိုတွန်းအားပေးရောင်းနေရတဲ့ ဈေးကွက်ကို ကြုံတွေ့နေရပါ တယ်။ ထိုကဲ့သို့သောဈေးကွက်မှာ နည်းလမ်းဟောင်းတွေဟာ အသုံး မဝင်တော့ပါဘူး။ ၎င်းနည်းလမ်းဟောင်းတွေကို မှီခိုပြီးတော့ ထုတ်ကုန် တွေကိုရောင်းချဖို့ မဖြစ်နိုင်ပါဘူး။ သမားရိုးကျနည်းလမ်းတွေကို အသုံး ချပြီး ကုန်ပစ္စည်းတွေ ရောင်းချဖို့ကြိုးစားလေ ကျွန်တော်တို့ ကျရှုံးဖို့ ပိုမြန်လေပါပဲ။
သင့်၏ရောင်းချလိုစိတ်ကို အဆင့်မြှင့်ရန်
ယနေ့ခေတ်ရဲ့ စိန်ခေါ်မှုပတ်ဝန်းကျင်မှာ အရာအားလုံးရဲ့ ထိပ်ဆုံး မှာရှိနေတာကအောင်မြင်တဲ့ အရောင်းကျွမ်းကျင်ပညာရပ်ကို ထိန်းသိမ်း ထားနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါကို အရောင်းပညာရပ်ကို ကျွမ်းကျင် တတ်မြောက်ခြင်း” လို့ ခေါ်ပါတယ်။ ။
အံ့သြစရာကောင်းတာက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအားလုံးကို ကျော်လွန်ဖြေရှင်းနိုင်တဲ့ စိတ်စွမ်းအားတစ်ခုကို ကျွန်တော်တို့အားလုံးပိုင်ဆိုင်ထားကြပါတယ်။ သဘာဝတရားကြီးက လက်ဆောင်ပေးထား တဲ့ စိတ်စွမ်းအားတစ်ခုက ကျွန်တော်တို့ သန္ဓေမှာစွဲမြဲနေပြီး ကျွန်တော် တို့ကိုမွမ်းမံထားတာပါ။ ၎င်းစွမ်းအားက ကျွန်တော်တို့စိတ်မှာ သတ်မှတ် ပြီးသား မည်သည့်အရောင်းတာဝန်ကိုမဆို အောင်အောင်မြင်မြင် လုပ်နိုင် အောင် မှန်ကန်တဲ့ ကျွမ်းကျင်မှုတွေ ထုတ်ပေးနိုင်ပါတယ်။
သို့သော် ဒါဟာ တိုက်ပွဲတစ်ပွဲလုံးရဲ့ တစ်ဝက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ဆီမှာ ကိန်းဝပ်နေတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချနိုင်ဖို့ အားအင်စိုက်ထုတ်ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိတဲ့ အတိုင်း စစ်မှန်တဲ့အရောင်းလုပ်ငန်းတစ်ခု အောင်မြင်ရန် အခက်အခဲ ပေါင်းများစွာ ကျော်ဖြတ်ရသကဲ့သို့ ဆက်လက်အောင်မြင်ရန်လည်း စိန် ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ ကုန်ပစ္စည်းတွေကို ရောင်းချနိုင်ဖို့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက ကျွန်တော်တို့ကို တွန်းအားတွေ ပေးနေပါတယ်။ လွယ်တော့မလွယ်ကူပါဘူး။
ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ သိထားတဲ့ သတင်းအချက်အလက်တွေရဲ့ လွှမ်းမိုးမှုကို ဖြေရှင်းရတာပဲ ဖြစ်ပါတယ်။ ယခုအခြေအနေမျိုးမှာ တုံ့ပြန်မှုတစ်ခုခုပြန်ရဖို့ မဖြစ်နိုင် ပါဘူး။ အဲဒီအခါ ကျွန်တော်တို့ဟာ အလုပ်အပေါ် ငြီးငွေ့လာတော့တာ ပါပဲ။
အရောင်းလုပ်ငန်းတစ်ခုတွင်ကျယ်ဖို့ လိုအပ်တဲ့အချက်အလက် တွေကိုရှာဖွေထုတ်လုပ်နိုင်ဖို့ နည်းပါးလာတာ အံ့သြစရာတော့ မဟုတ်ပါ ဘူး။ ယနေ့ခေတ်မှာ အရောင်းလုပ်ငန်းတစ်ခုကျရှုံးတယ်ဆိုတာ အတွေ့ အကြုံ မရှိခြင်းကြောင့် မဟုတ်သကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးနေ ခြင်းကြောင့်လည်း မဟုတ်ပါဘူး။ လုံလောက်တဲ့ စိတ်အားထက်သန်မှု မရှိလို့ပါ။
ဒီစာအုပ်က သင့်ရဲ့ အရောင်းစွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ ကိရိယာတွေကို နားလည်တတ်ကျွမ်းအောင် ပြုလုပ်ပေးပါလိမ့်မယ်။
ဥဿုံကျွမ်းကျင်မှု
ဈေးကွက်အမျိုးမျိုး၊ ကုန်ပစည်းအမျိုးမျိုးကို ရောင်းချတဲ့အခါမှာ ရောင်းချခြင်းအတတ်ပညာကို ဥဿုံကျွမ်းကျင်မှုအဖြစ် တွေ့မြင်ရမှာပါ။ ဥဿုံကျွမ်းကျင်မှုဆိုသည်မှာ အခြားသူများအမြင်မှာတော့ ငါးမျှားခြင်း၊ ပန်းချီဆွဲခြင်းတို့ကဲ့သို့ ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ သို့သော် ၎င်းကို ပိုပြီး ရိုးရှင်းသောအဆင့်များအဖြစ် ထပ်မံခွဲခြားနိုင်ပြီး အဆင့်တစ်ခုချင်း စီကိုလည်း ကျွမ်းကျင်အောင် ပြုလုပ်နိုင်ခြင်းကို ဆိုလိုပါတယ်။
အဲဒီ ဥဿုံကျွမ်းကျင်မှုကို ဖန်တီးပေးနိုင်တဲ့ သုံးမျိုးသောစွမ်းရည် ဟာ လူသားတွေရဲ့ အတွင်းစိတ်မှာရှိနေပါတယ်။ ရလဒ်ကောင်းတဲ့ ရောင်းချခြင်းတစ်ခုဖြစ်ဖို့ ‘မြင်ရန်၊ တွေးရန် ၊ တိုးတက်ရန် ”စသည့် စွမ်းရည်သုံးရပ်ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ရပါမယ်။
သိသာထင်ရှားတဲ့ စွမ်းရည်သုံးရပ်ကို တစ်ခုချင်းစီ ကျွမ်းကျင် အောင် ပြုလုပ်ပြီး အားလုံးပေါင်းစည်းလိုက်ခြင်းဖြင့် ရောင်းချခြင်း” ဟာ ကျွန်တော်တို့ လက်ခံနိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်လာမှာပါ။
ဥဿုံကျွမ်းကျင်မှုကိုမသိရှိတဲ့အခါ ကုန်ပစ္စည်းတစ်ခုကို မျက်စိ မှိတ်ရောင်းနေသကဲ့သို့ ဒီပစ္စည်းကို ဘယ်လိုသုံးတယ်ဆိုတာ ရှင်းပြကြ တယ်။ အမှန်တကယ် အသုံးပြုကြတယ်။ တိုက်ရိုက်ရောင်းချကြတယ်။ ဥဿုံကျွမ်းကျင်မှုကို သိသွားပြီဆိုလျှင်တော့ သင့်ဘဝအတွက် အသုံးချ နိုင်ပါပြီ။
ကျွမ်းကျင်မှု (၁) မြင်ရန်
ကျွန်တော်တို့အားလုံးဟာ စိတ်စွမ်းအင်တွေနဲ့ တည်ဆောက်ထား တဲ့ စက်ပစ္စည်းတွေကို စူးစမ်းလေ့လာနေကြပါတယ်။ ဒီလေ့လာမှုများ ကပဲ လူသားတွေကို နောက်မျိုးဆက်တစ်လျှောက် ထိပ်ဆုံးမှာ ရပ်တည် နိုင်အောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ကုန်ပစ္စည်းရောင်းချမှုအတွက် ကျွန်တော်တို့ရဲ့ အမြင်စွမ်းအင်ကို အသုံးချရာမှာ အမြင်အာရုံလှုံ့ဆော်မှုတစ်ခုကို လျင်လျင်မြန်မြန် တုံ့ပြန် တာထက်ပိုပါတယ်။ ပထမဦးစွာ ပတ်ဝန်းကျင်မှာ မြင်နိုင်တဲ့အရာဝတ္ထု တွေကို လေ့လာကြည့်ရှုခြင်းဖြစ်စဉ်တစ်ခု ပါဝင်ပါတယ်။ ကျွန်တော် တို့စိတ်ကို မသက်မသာဖြစ်စေတဲ့ အခြေအနေတစ်ခုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အမှန်တရားကို မြင်အောင်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ သန္ဓေ စွမ်းအင်ကိုအသုံးချရတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။ သင့်ဝယ် သူတွေရဲ့ ပကတိသရုပ်အမှန်တွေကို လေ့လာရပါတယ်။ သရုပ်အမှန်ဆို သည်မှာလည်း တစ်သမတ်တည်း ရှိနေတာမဟုတ်ဘဲ အမြဲပြောင်းလဲနေ တတ်ပါတယ်။ ထို့ပြင် သင့်ရဲ့ ကုန်ပစ္စည်းနဲ့ ကမ်းလှမ်းမှု အသေးစိတ်ကို လည်း သိနေရမှာ ဖြစ်ပါတယ်။
ဝယ်ယူသူတွေရဲ့ အမူအကျင့်တွေကို ကြိုတင်ခန့်မှန်းနိုင်ရန် ကျွန် တော်တို့ရဲ့ မသိစိတ်မှာရှိနေတဲ့ ခံစားချက်ကို အသုံးချနိုင်ပါတယ်။ ကျွန် တော်တို့ ယနေ့သိရှိထားတဲ့ စိတ်ပညာတိုးတက်စေရန် နှစ်သန်းပေါင်း များစွာအချိန်ယူခဲ့ရပါတယ်။ ၎င်းကိုပင် အနည်းငယ်ပြောင်းလဲ တိုးတက် စေရန် နှစ်များစွာအချိန်ယူရပြန်ပါတယ်။ အရောင်းဝန်ထမ်းတွေအတွက် လည်း မပြောင်းလဲနိုင်တဲ့ လူသားတွေရဲ့ သဘာဝကို သတိပြုနေရမှာ ဖြစ်ပါတယ်။ တိတိကျကျဆိုရလျှင် ထိုသို့သတိပြုနေခြင်းသည် ကျွန် တော်တို့ပစ်မှတ်ထားတဲ့ ဝယ်ယူသူများရဲ့ စိတ်ဆန္ဒနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်နှစ်ခုကြား ဆက်သွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ သိမြင်နိုင်ခြင်း” စွမ်းရည်ရဲ့ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်ပါတယ်။ တိုက်ရိုက်သိမြင်ပြီး သွယ်ဝိုက်ဆွဲဆောင်သည့် နည်းလမ်းကို အတူတကွအသုံးချပါက ပြီးပြည့်စုံသည့် ရုပ်လုံးတစ်ခုကို မြင်နိုင်မှာဖြစ်ပါတယ်။ အရောင်းလုပ်ငန်းအားလုံးရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
ကျွမ်းကျင်မှု (၂) တွေးရန်
ဒုတိယကျွမ်းကျင်မှုက တွေးတတ်ရန် ဖြစ်ပါတယ်။ ကျွမ်းကျင်မှု (၁) မှ ရရှိတဲ့ဗဟုသုတတွေကို အသုံးချပြီး သင့်ရဲ့ ဝယ်ယူသူတွေအတွက် အသုံးဝင်တဲ့အချက်တွေကို စစ်ထုတ်တတ်ရန် လိုအပ်ပါတယ်။ တွေးရန် ဆိုတဲ့နေရာမှာ ပြဿနာကို ခွဲခြမ်းစိတ်ဖြာပြီး သင့်ရဲ့ ပညာနဲ့ ဖြေရှင်းတာ ကိုဆိုလိုပါတယ်။ ဒီနေရာမှာ အချိတ်အဆက်မရှိဘူးလို့ ထင်ရတဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်မှုတစ်ခု ဖန်တီးပေးနိုင်ရန် ကြုံတွေ့ရသော ပြဿနာတွေကိုသိရှိဖို့ ကျွန်တော်တို့ရဲ့ စိတ်စွမ်းအင်ကို အသုံးချတာလည်း ပါဝင်ပါတယ်။ ၎င်းကျွမ်းကျင်မှုကို ပိုမိုထက်မြက်ရန် သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အားပေးလို့ရပါတယ်။ ပိုမိုရှုပ်ထွေးတဲ့ အရာတစ်ခုပါ။
အရေးကြီးတာကတော့ “တွေးခြင်း” ဆိုသည်မှာ သင့်ရဲ့ ကမ်းလှမ်းမှု (ရောင်းကုန်) သည် မည်သို့ယုံကြည်ရတယ်၊ စိတ်လှုပ်ရှားဖို့ ကောင်း တယ်ဆိုတာကို တိတိကျကျသိရှိထားပြီး သင်ပစ်မှတ်ထားတဲ့ ဝယ်ယူသူ အတွက် ယုံကြည်စိတ်ချရတဲ့ ရောင်းကုန်အဖြစ် ပြောဆိုဆက်ဆံနိုင်ခြင်း ဖြစ်ပါတယ်။




