Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ရဲဦး - ဖိလစ်ပိုင်နိုင်ငံရေးသမိုင်းထဲကဒူတာတေး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

နောက်ခံသမိုင်း

ဖိလစ်ပိုင်ကျွန်းစုနဲ့ တရုတ်နိုင်ငံတို့ဟာ အလယ်ခေတ် အခါကပင် အဆက်အဆံရှိခဲ့ကြောင်း အထောက်အထား တွေ့ရပါတယ်။ “မင်မင်း ဆက်”လက်ထက်မှာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ ကုန်သွယ်မှုပြုခဲ့ကြတာပါ။ ဥရောပတိုက်သားထဲမှ ဖိလစ်ပိုင်ကျွန်းစုကို စတင်တွေ့ရှိသူက “ဖာဒီနန် မာဂျဲလင်” ဆိုတဲ့ စပိန်ဘုရင့်အမှုတော်ထမ်း ပေါ်တူဂီတစ်ဦး ဖြစ်ပါ တယ်။ မာဂျဲလင်က ဖိလစ်ပိုင်ကျွန်းစုကို စပိန်ပိုင်နက်နယ်မြေအဖြစ် ကြေညာပြီးနောက် ၁၅၂၁ ခုနှစ်မှာ မတ်တန်ကျွန်းပေါ်က တိုင်းရင်းသား တွေ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

မာဂျဲလင်က စပိန်ပိုင်နက်အဖြစ်ကြေညာခဲ့တဲ့ အဲဒီ ကျွန်းစုကို နောင် အခါ စပိန်ပြည့်ရှင် ဒုတိယဖိလစ် (ထိုစဉ်က ဥပရာဇာမင်းသား)ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးဗူးကျွန်းမှာ ၁၅၆၅ ခုနှစ်မှစပြီး စပိန်တို့အခြေစိုက်နေထိုင်ခဲ့ရာ တဖြည်းဖြည်း အနှံ့အပြားဖြစ်လာပါတယ်။ စပိန်တို့ရဲ့ စိုးမိုးမှုကို မိုရို လူမျိုး၊ အီဂိုရုတ်လူမျိုးတို့က တွန်းလှန်ခဲ့ကြပါတယ်။ အခြားကျွန်း

လွတ်လပ်ရေးကြိုးပမ်းမှု

၁၉ ရာစုမှာ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတွေ စတင်လာပြီး ၁၈၁၉ ခုနှစ်မှာ ဟိုဇေးရီဇာ ကြီးတည်ထောင်တဲ့ လီဂါဖိလစ်ပီနာ အသင်းဟာ အင်အားအကောင်းဆုံးဖြစ်လာပါတယ်။ အာဇာနည် ကြီး“ရီဇာ”ကို စပိန်အစိုးရက ၁၈၆၉ ခုနှစ်မှာ ကွပ်မျက်သုတ်သင် လိုက်ပါတယ်။ စပိန်တို့ကို တိုင်းရင်းသားတို့က ပုန်ကန်မှုတွေဟာ ဟိုမှ သည်မှ ပေါ်ထွက်ခဲ့ပေမဲ့လည်း ပြင်းပြင်းထန်ထန် အနှိမ်နင်းခံရပါ တယ်။ စပိန်-အမေရိကန်စစ်ပွဲအပြီး ၁၈၉၈ ခုနှစ်မှာတော့ စပိန်အစိုးရက ဖိလစ် ပိုင်ကျွန်းစုကို အမေရိကန် အစိုးရထံ ပေးအပ်လိုက်ရပါတယ်။

အမေရိကန်အစိုးရဟာ ဖိလစ်ပိုင်ကို လွတ်လပ်ရေးပေးဖို့ ရည်ရွယ် ချက်နဲ့ အုပ်ချုပ်ရေးအဆင့်အတန်းကို တစ်စတစ်စ မြှင့်တင်ပေးခဲ့ပါ တယ်။ ၁၉၃၅ ခုနှစ်မှာတော့ ဖိလစ်ပိုင် နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ပြီး ဓနသဟာယနိုင်ငံ ဖြစ်လာပါတယ်။ ၁၉၄၆ ခုနှစ်ရောက်ရင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာစေရမယ်လို့ အမေရိကန်အစိုးရက ကတိထားခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ် ကြီးဖြစ်လာတာကြောင့် ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့အရှေ့ဖျားဒေသမှာ စစ်ဒဏ်အခံရဆုံးသောနိုင်ငံ၊ အပျက်အစီးအများဆုံးသောနိုင်ငံ ဖြစ်ခဲ့ ရပါတယ်။

ဂျပန်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ လေကြောင်း တိုက်ပွဲတွေ စတင်ဆင်နွှဲခဲ့ပြီး နောက် ၅ ရက် အကြာ လူဇုန်ကျွန်းကို တက်ရောက် သိမ်းပိုက်မိခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ မနီလာ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်တွေက ဗာတန်းကျွန်းဆွယ်နဲ့ ကော်ရက်ဂျီဒေါ်မှာ လပေါင်း များစွာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၄၂ ခုနှစ် မေလ ၆ ရက်နေ့မှာတော့ ကော်ရက်ဂျီဒေါ်အညံ့ခံလိုက်ရပြီး ဗိုလ်မှူးချုပ်ဒေါက်ဂလပ်မက်အာသာလည်း မိမိဌာနချုပ်ကို သြစတြေးလျသို့ ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ဗိုလ်မှူးချုပ် ဝန်းရိုက်ကတော့ စစ်သုံ့ပန်း အဖြစ် အဖမ်းခံခဲ့ရပါတယ်။

ဂျပန်တို့စိုးမိုးခဲ့စဉ်အတွင်း ပြောက်ကျားခုခံတော်လှန်ရေးတွေ ရှိခဲ့ပါ တယ်။ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်မက် အာသာရဲ့ လက်အောက်ခံ မဟာမိတ်တပ်တွေဟာ လေးတီးကျွန်း ပြန်လည်သိမ်းယူရေးကို စတင်ခဲ့ရာ ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ ဂျပန်တို့ အပြတ်အသတ်အရေးနိမ့်ခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလမှာ မနီလာမြို့တော်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ထိုနှစ်သြဂုတ်လအတွင်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား တဲ့အတွက် ဂျပန်တို့သိမ်းပိုက်ထားသမျှ အားလုံးလိုလိုကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အခါ ၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်အစိုးရက ကတိပြုထား ခဲ့တဲ့အတိုင်း လုံးဝ လွတ်လပ်ရေးကို ပေးအပ်လိုက်တာကြောင့် ထိုနေ့ထိုရက်မှစပြီး ဖိလစ်ပိုင် နိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါ တော့တယ်။ ဖိလစ်ပိုင်ကျွန်းစုမှာ ခန့်မှန်းခြေအားဖြင့် ကျွန်းပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ၄ဝဝ ကျော်လောက်ပဲ ကျွန်းလို့ သတ်မှတ် နိုင်လောက်အောင် မြေပြင်ကျယ်ပြန့်တာပါ။

ဖိလစ်ပိုင်နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကြောင်း၊ မျက်မှောက်လူနေမှုစနစ်၊ နိုင်ငံရေးနဲ့စီးပွားရေးစနစ်အကြောင်း၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ လူကြမ်းမင်းသားအဖြစ် ထင်ရှားကပြလာတဲ့ သမ္မတ ဒူတာတေးအကြောင်း...

ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းထဲက