Skip to product information
1 of 18

စိတ်ကူးချိုချိုစာပေ

ရဲဦး - နုတ်ချိုလျှိုတစ်ပါး

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အားလုံးပါဝင်ရမယ်

သိထားရမယ့်အချက်က စကားဝိုင်းမှာရှိတဲ့လူတိုင်းဟာ အဲဒီ စကားဝိုင်းမှာ ပါဝင်ရပါမယ်။ သူတို့အတွက် စကားပြောဖို့ အချိန်ကို လည်း ပေးရပါလိမ့်မယ်။ တစ်ယောက်ယောက်က ပုံတိုပတ်စတစ်ပုဒ်ကို ပြောနေတဲ့အခါ ကြားဖြတ်မပြောပါနဲ့၊ ဒါမှမဟုတ် သင်ပြောတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က သူ့အမြင်ကိုပြောတဲ့အခါ လူတွေရဲ့ အာရုံကို သင့်ဆီပြန်ရောက်လာအောင်ဆိုပြီး စကားကို ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ပြောခြင်းနဲ့နားထောင်ခြင်းကို ဟန်ချက်ညီအောင်လုပ်ပါ။

ငြင်းခုံတာမျိုး၊ ပြီးတော့ ပြောသမျှအကြောင်းအရာတိုင်းမှာ ကိုယ့် ဘက်ကပဲ အမြဲမှန်တယ်ဆိုတာမျိုးကို ရှောင်ပါ။ ဒါဟာ ဆွေးနွေးပွဲ တစ်ခု မဟုတ်ပါဘူး။ ပြောသမျှ အကြောင်းအရာတိုင်းမှာ သင် နိုင်” လို့လည်း ဘယ်သူကမှ သင့်ကို အထင်ကြီးကြမှာ မဟုတ်ပါဘူး။ အဲဒီ အစား ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်ပါ၊ သက်သောင့်သက်သာနေပါ။ ကောင်းတဲ့ ခံစားချက်လေးတွေ ဆက်လက်သွားနေပါစေ။

ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေ

အကယ်၍ သင်ဟာ ဧည့်ခံပွဲတစ်ခုမှာရောက်နေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ရင်းနှီးဖို့ ကြိုးစားနေတယ်ဆိုရင် စကားပြောတဲ့ အခါ တချို့အကြောင်းအရာတွေကို ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ကျန်းမာရေး မကောင်းတဲ့အကြောင်း၊ ဒါမှမဟုတ် အဆင်မပြေတဲ့ ဆက်ဆံရေးတွေအကြောင်း၊ သင့်ရဲ့ အလုပ်မကောင်းကြောင်း၊ သူဌေးရဲ့ ဆိုးပုံတွေ၊ ဒါမှမဟုတ် သင်နဲ့ တခြားလူတစ်ယောက်တည်းသာ နားလည်မယ့်အကြောင်းအရာမျိုးတွေပြောခြင်းကို ရှောင်ပါ။ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဘာသာရေး၊ နိုင်ငံရေးနဲ့ပတ်သက် - လို့ ငြင်းခုံရမယ့်အကြောင်းအရာမျိုးတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။

ပတ်ဝန်းကျင်ကိုသတိမထားဘဲ သင့်ရဲ့ ကားအသစ်ကြီးအကြောင်း ၁၀ မိနစ်လောက် တတွတ်တွတ်ပြောတာမျိုး မလုပ်ပါနဲ့။ တခြားသူတွေ က ပျင်းလာပြီဆိုရင် အဲဒီအကြောင်းအရာကို ရပ်လိုက်ဖို့ အသင့်ပြင် ထားပါ။ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင် ပြော ဖို့နည်းလမ်းတစ်ခုကတော့ ရိုးရှင်းစွာ ပြောခြင်းပါပဲ။ ပြီးတော့ အပြု သဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ သင့်ရဲ့သူဌေးအကြောင်း၊ သင့်အလုပ်အကြောင်း ငြီးငြူပြောတာမျိုးနဲ့ စကားဝိုင်းကို မစတင်ပါနဲ့။ တခြားသူတွေက အဲဒီအကြောင်းအရာတွေကို နားမထောင်ချင်ကြဘူးလေ။ အဲဒီအစား သင်နောက်ဆုံးသွားခဲ့တဲ့ အပျော်ခရီးအကြောင်း ပြောပါ၊ သင် အဝတ်အစားဝယ်တုန်းက ကြုံတွေ့ ခဲ့ရတဲ့ ရယ်စရာအဖြစ်အပျက်တစ်ခုအကြောင်း၊ ဒါမှမဟုတ် နှစ်သစ် ကူးညအတွက် သင် ဘယ်လိုစီစဉ်ထားတယ်ဆိုတဲ့အကြောင်း၊ ဒါမှ မဟုတ် တခြားပျော်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာမျိုး ကို ပြောပါ။

သင်တွေးမိတာတွေကို ပြောပါ၊ သင်ခံစားရတာကို မျှဝေပါ။ တခြားတစ်ယောက်က သူ့ရဲ့ အတွေ့အကြုံတစ်ခုကို မျှဝေလာရင်လည်း ဖွင့်ပေးပါ။ ပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပါ။ ခေါင်းညိတ်၊ ခေါင်းခါနေတာမျိုးပဲ မလုပ်ပါနဲ့။ သူတို့ကလည်း သင့်ကို စကားဝိုင်းထဲမှာ ပါဝင်စေချင်ကြတယ်လေ။ ဘဝရဲ့ တခြားကဏ္ဍတွေမှာ လိုပဲ၊ သင်ဟာ တစ်ဖက်က စတင်ရွေ့လျားတာကို အမြဲတမ်းတော့ စောင့် မနေနိုင်ပါဘူး။ လိုအပ်တဲ့အခါ၊ စကားဝိုင်းကို ကိုယ်ကအရင် စဖွင့်လိုက် ပါ။

စကားပြောနေရင်းနဲ့ ပြောစရာမရှိတော့တာမျိုးကို ကြုံဖူးပါ လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ တခြားသူတွေ ဘာတွေပြောနေကြ တယ်ဆိုတာကို အမှန်တကယ် နားထောင်ပါ၊ စိတ်ဝင်စားပါ။ မေးခွန်း တွေမေးပါ။ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပြောပါ။ သင့်ရဲ့ မျက်စိ တွေကိုလည်း ဖွင့်ထားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်လေ့လာမှုစွမ်းရည်ကို အားကောင်းအောင် လုပ်ပါ။ သင့်ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေပါ။ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ် သင့်အမြင်ကို ဖြန့်ကြက်ထားခြင်းဖြင့် သင့်ရဲ့ ကိုယ်ပိုင် ဗဟုသုတဘဏ်စာရင်းကို တိုးပွားအောင် လုပ်ပါ။ သတင်းဂျာနယ်တွေ ဖတ်ပါ။ လက်ရှိ လူကြိုက်များနေတဲ့ အကြောင်းအရာတွေကိုလည်း သိပါစေ။

သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကိုလည်း ပိုပြီး ကောင်းမွန်အောင်လုပ်ပါ။ ဒါပေမဲ့ အေးအေးဆေးဆေးလုပ်ပါ။ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းမှာ လုပ်ဖို့မလိုအပ်ပါဘူး။ ဒီအချက် တွေထဲက သင့်ရဲ့ စကားပြောစွမ်းရည်နဲ့ပတ်သက်လို့ တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ထင်တဲ့ အရေးအကြီးဆုံးအချက်သုံးခုကို ရွေးပါ။ ပြီးရင် နေ့စဉ်နေ့တိုင်း ရက်သတ္တပတ် ၃-၄ ပတ်လောက် လေ့ကျင့်သွားပါ။ ဘာတွေပြောင်းလဲလာသလဲ ဆိုတာကိုလည်း မှတ်သားထားပါ။ သိပ် မကြာခင်မှာပဲ သင် စကားပြောတဲ့အခါ သင့်ရဲ့ အလေ့အကျင့်အသစ်တွေ ဟာ အလိုလို စတင်ပေါ်ထွက်လာပါလိမ့်မယ်။

နှုတ်ချို သျှတစ်ပါး

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါ သလား။ သေချာတာပေါ့။ သင့်ဘဝတစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှုပုံစံတွေကိုပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူ ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။ စကားပြော တဲ့အခါ ကျွန်တော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတချို့ကို ကြည့်ကြရအောင်။

အမေရိကန်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးက ပြောခဲ့ဖူး တယ်။ “ကျွန်တော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရု တစိုက်နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ အများကြီးသင်ယူ နိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြ ဘူး”။ လူအများစုနဲ့ မတူပါနဲ့။ သင်ပြောရမယ့်အလှည့်ကို ရောက်ဖို့ စိတ်အားထက်သန်စွာ စောင့်မနေပါနဲ့။ သင့်ရဲ့ စိတ်ကို ခဏလေးအောင့် ထားလိုက်ပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာ အမှန် တကယ် နားထောင်တတ်အောင် သင်ယူပါ။ သင် အမှန်တကယ်နားထောင်လိုက်ပြီဆိုတာနဲ့ အဲဒီစကားဝိုင်းမှာ နောက်ထပ် ဘာတွေဆက်ပြောရမယ်ဆိုတဲ့ စကားလမ်းကြောင်းလေးတွေကို သင် ရရှိပါလိမ့် | မယ်။ ဒါပေမဲ့ “ဟုတ်တယ်” “မဟုတ်ဘူး” အဖြေတွေကိုသာ ရမယ့်မေးခွန်းမျိုးကိုတော့ရှောင်ပါ။ အဲဒီမေးခွန်းတွေက သင့်ကို အကြောင်း အရာတွေ အများကြီး မပေးနိုင်လို့ပါပဲ။

သင်ဟာ မေးခွန်းတွေချည်းပဲ အများကြီးမေးနေမယ်ဆိုရင်တော့ | အဲဒါဟာ အချင်းချင်းစကားပြောနေတာနဲ့ မတူဘဲ စစ်ဆေးမေးမြန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါမှမဟုတ် မေးခွန်းတွေချည်းပဲ သင့်မှာ ပြောစရာ သိပ်မရှိဘူးဆိုတဲ့ ပုံစံနဲ့လည်း တူနေပါတယ်။ နည်းလမ်းတစ်ခု ကတော့ မေးခွန်းတွေကို ရိုးရိုးစကားနဲ့ ပေါင်းစပ်လိုက်ဖို့ပါပဲ။

သင် အခုမှ စတွေတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်ပြောနေကျ အကြောင်းအရာတွေ ကုန်သွားတဲ့အခါ ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားတာမျိုးဖြစ်တတ်ပါတယ်။

သင့်မှာ ပြောစရာအကြောင်းအရာမရှိတဲ့အခါ သင်ဟာ အခု | လက်ရှိဖြစ်ပျက်နေတဲ့သတင်းတွေ အကြောင်းကို စပြောလို့ရတယ်။ ဒါမှမဟုတ် အခုလက်ရှိ လူကြိုက်များနေတဲ့ အကြောင်းအရာတွေကို သိထားတာလည်း ကောင်းပါတယ်။ သင့်မိတ်ဆွေအိမ်က ငါးကန်လေး ကိုလည်း ချီးမွမ်းလို့ရတယ်။ ဒါမှမဟုတ် သီချင်းတွေအကြောင်းပြောလို့ ရတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတစ်ခုခုအကြောင်းကိုလည်း စပြီး ပြောနိုင်တာပါပဲ။

စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ သင်ဘာပြောတယ်ဆိုတာ မဟုတ်ပါဘူး၊ သင် ဘယ်လိုပြောတယ်ဆိုတာ ပါပဲ။ ဒါက အပြောင်းအလဲတွေ အများကြီးကို ဖြစ်စေပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ သင့်ရဲ့ အသံနဲ့ သင့်ရဲ့ခန္ဓာကိုယ် ဘာသာစကား (body language) ဟာ ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက် ဖြစ်လို့ပါပဲ။ စဉ်းစားရမယ့်အချက်တချို့ကတော့

- အရှိန်လျှော့ပါ။

သင်ဟာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေ တဲ့အခါ စကားပြောတာ ပိုပိုပြီး မြန်လာပါလိမ့်မယ်။ အရှိန်ကို လျှော့ချဖို့ ကြိုးစားပါ။ ဒါဟာ နားထောင်တဲ့သူတွေအတွက် ပိုပြီး လွယ်ကူစေပါ လိမ့်မယ်။ ပြီးတော့ သင်ပြောလိုတဲ့ အချက်အလက်တွေလည်း သူတို့ဆီ ကို ရောက်သွားပါလိမ့်မယ်။

- ကျယ်ကျယ်ပြောပါ။

သင့်ကို သူတို့တွေကြားရဖို့ လိုအပ်သလောက် ကျယ်ကျယ်ပြော ရမှာကို မကြောက်ပါနဲ့။ ရှင်းလင်းစွာ ပြောပါ။ ဗလုံးဗထွေး မပြောပါနဲ့။

- ခံစားချက်အပြည့်နဲ့ပြောပါ။

သင်ဟာ အသံအနိမ့်အမြင့်မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ အသံမှာ သင့်ရဲ့ ခံစားချက်တွေ ရောင်ပြန်ဟပ်နေပါစေ။