စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 9

စိတ်ကူးချိုချိုစာပေ

ရဲဦး - စီးပွါးရှာသူတိုင်းသိထားသင့်သည့်စီးပွါးရေးသီအိုရီ

ရဲဦး - စီးပွါးရှာသူတိုင်းသိထားသင့်သည့်စီးပွါးရေးသီအိုရီ

ပုံမှန်ဈေး 1,170 Ks
ပုံမှန်ဈေး 1,300 Ks ရောင်းဈေး 1,170 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

စီးပွားရေးလုပ်ငန်းဆိုင်ရာ သီအိုရီ

၁၉၄၀ နှောင်းပိုင်း၊ သို့မဟုတ် ၁၉၅၀ အစောပိုင်းကာလတွေကတည်းက စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု နည်းစနစ်အသစ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။ Downsizing, outsourcing, total quality management, economic value analysis, benchmarking, reengineering စသဖြင့် နည်းသစ်တွေ ဖြစ်ပါတယ်။ တစ်ခုစီတိုင်းဟာ အစွမ်းထက်တဲ့ နည်းလမ်း တွေပါ။

စီမံခန့်ခွဲမှုပိုင်းမှာ အဓိကစိန်ခေါ်ချက်က ကြီးမားတဲ့လုပ်ငန်းကြီးတွေ အောင်မြင်မှုရဖို့ ဘာကို စတင်လုပ်ရမလဲဆိုတာ ဖြစ်ပါတယ်။ ဘာကိုလုပ် ရမလဲ သိပြီးရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ နည်းလမ်းရှိပြီးသားပါ။ အဲဒီနည်းလမ်းတွေကို မသိထားဘူးဆိုရင်တော့ မနေ့က အရမ်းအောင်မြင် နေတဲ့ကုမ္ပဏီကြီးဟာ ဒီနေ့ ဗုန်းဗုန်းလဲကျသွားနိုင်သလို ဒီနေ့ ချွတ်ခြုံကျ နေတဲ့ ကုမ္ပဏီတစ်ခုဟာလည်း နည်းမှန်လမ်းမှန်လုပ်ဆောင်နိုင်ရင် မနက်ဖြန် မှာ အောင်မြင်လာနိုင်ပါတယ်။

ဒါကြောင့် မိမိလုပ်ငန်းအောင်မြင်မှုရစေဖို့အတွက် အခြေခံ မသိမဖြစ် သိထားရမယ့် အချက်အလက်တွေကို “စီးပွားရေးလုပ်ငန်းရှင်များ ကိုယ် တိုင်သိထားသင့်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ သီအိုရီ”အဖြစ် တင်ပြလိုက် ရပါတယ်။

Marketing

Marketing ဆိုတာ ဆွဲဆောင်မှုတစ်ခု၊ ဖန်တီးမှုတစ်ခုပါ။ ကုန်ပစ္စည်းနဲ့ စားသုံးသူ အပြန်အလှန်အကျိုးအတွက် စီမံခန့်ခွဲမှုလုပ်ဆောင်ချက် (Management Function) တစ်ခုပါ။ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဖောက်သည်တွေဆီ မိတ်ဆက်ပေးတာ၊ ရောင်းအားတက်လာအောင် ပုံစံ အမျိုးမျိုးနဲ့ အရောင်းမြှင့်တင်တာ ဖြစ်ပါတယ်။ Chartered Institute of Marketing က Marketing ကို “အမြတ်ယူပြီး စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ” လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။ ဆိုလိုတာကတော့ မားကက်တင်း(Marketing) ဆိုတာ Management Function တစ်ခုပဲ ဖြစ်ပါတယ်။

Marketing ဆိုတဲ့ ဈေးကွက် စီမံခန့်ခွဲမှုပညာကို ကြော်ငြာခြင်း ဒါမှမဟုတ် ဈေးရောင်းခြင်းလို့ပဲ အများက ထင်မှတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ကျဉ်းမြောင်းလွန်းတဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။ Marketing ဆိုတာ ဈေးကွက်နဲ့ သက်ဆိုင်သမျှ ဆုံးဖြတ်ချက်တွေကို စီစဉ်ချမှတ်ပြီး အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ ဈေးကွက်ဆိုတာလည်း ဝယ်သူကို အဓိကညွှန်းဆိုတာ ဖြစ်ပါတယ်။ ဝယ်သူကို ဗဟိုပြု၊ ဝယ်သူကို သေသေ ချာချာ နားလည်သဘောပေါက်ပြီး၊ ဝယ်သူတွေအတွက် ကျေနပ်မှုကို ဆောင် ကြဉ်းပြီး ကုမ္ပဏီအတွက် အကျိုးအမြတ်ရှာဖွေခြင်းဟာ ဈေးကွက်ပညာရဲ့ အခြေခံအကျဆုံးသဘောတရားပဲ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။