Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ရဲဦး - ကိုယ့်ထူးကိုယ်ချွန်အောင်မြင်ရေးပန်းတိုင်

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အောင်မြင်ရေး သီအိုရီ

အောင်မြင်ဖို့အတွက် ကမ္ဘာမှာဖော်ပြထားတဲ့ Success Theory သီအိုရီတွေ ရှိနေပါတယ်။ အောင်မြင်တဲ့ သူတိုင်းဟာ ယခုသီအိုရီတွေကို လက်တွေ့နဲ့ ပေါင်းစပ်ပြီး အသုံးပြုကြပါလိမ့်မယ်။ Theory(သီအိုရီ)+Practice(လက် တွေ့ ကြိုးစားခြင်း) = Success(မောင်မြင်ခြင်း) လို့ဆိုပါတယ်။

သီအိုရီဆိုတာ အကြောင်းအရာ၊ အလုပ်တစ်ခုကို အတိုချုံးပြီး ဖော်ပြ ထားခြင်းတစ်မျိုးပါပဲ။ ခရီးသွားတဲ့အခါ လမ်းသိတဲ့သူဟာ ခရီးကို မြန်မြန် ရောက်နိုင်သလို၊ အလုပ်လုပ်တဲ့အခါမှာလည်း သီအိုရီကို ကိုးကားခြင်းဖြင့် အချိန်တိုတိုထိရောက် နိုင်ပါလိမ့်မယ်။ လူတစ်ယောက်အောင်မြင်ခြင်းမှာ သူ့ရဲ့ ဦးနှောက်ထဲမှာ ဘယ်လောက်စူးစမ်းလေ့လာထားသလဲဆိုတဲ့ အချက် တွေနဲ့ သူရဲ့ အောင်မြင်ဖို့အတွက် ဘယ်လောက်ဖော်ဆောင်နေခြင်းနဲ့ တိုင်း တာပါလိမ့်မယ်။ လိုအပ်နေတဲ့အရာတွေကို ဖြေရှင်းကျော်လွှားနေတာ အသိ ပညာရဲ့ ဦးဆောင်နေမှုသာဖြစ်ပါတယ်။ ။

လူတစ်ယောက်ရဲ့ အတွေးစိတ်ကူးအိပ်မက်တွေဆိုတာ သူရဲ့ စူးစမ်း လေ့လာတဲ့ အရာတွေပေါ် မူတည်ပြီး ပြောင်းလဲလာနိုင်ပါတယ်။ ယခုအောင်မြင်ရေး သီအိုရီများအကြောင်းကို လေ့လာလိုက်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ကူးအိပ်မက်တွေဟာ များစွာပြောင်းလဲသွားပါလိမ့်မယ်။

အသစ်အသစ်သော အကြောင်းအရာတွေကို နေ့စဉ်နှင့်အမျှ လေ့လာ ခြင်းအားဖြင့် အောင်မြင်ဖို့နည်းလမ်းတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။ Today Learner - Tomorrow Leader ဒီနေ့လေ့လာပါ၊မနက်ဖန် ခေါင်းဆောင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ကမ္ဘာကျော်စာသားများနဲ့ အတူ များများလေ့လာဖို့ တိုက်တွန်းအားပေးပါရစေ။ ။

လူတိုင်းကို အောင်မြင်နိုင်စေမယ့်သီအိုရီတချို့ကို တင်ပြပေးလိုက်ပါရ စေ။ လက်တွေ့ကြိုးစားကြည့်ပါ၊ သင့်ရဲ့ အောင်မြင်မှုအတွက် ယခုသီအိုရီ တွေက များစွာအသုံးဝင်မှာပါ။

သင့်ရဲ့ ရောင်းကုန်များ

လူတိုင်းဟာ အတတ်ပညာ၊ အသိပညာ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခု မဟုတ် တစ်ခု ရောင်းချနေရတဲ့သူတွေချည်းပါ။ နေ့စဉ် မိမိကိုယ်တိုင်ရောင်းချနေကြရတဲ့ အကြောင်းတစ်ခု အောင်မြင်ကြစေဖို့ အရောင်းတစ်ခု မစတင်မီ ရှိရမယ့် အခြေခံအချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

 

၁။ မျှော်လင့်ချက် (Prospecting)

လူတိုင်း အလုပ်တစ်ခု၊ Sales Call(အရောင်းတစ်ခု)ကို မိမိကိုယ် တိုင် အသေအချာသင်ယူကာ တကယ်လည်း နားလည်သဘော ပေါက်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားလုပ်ကိုင်ရင် အမှန်တကယ် အောင်မြင်မှု ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော် လင့်တာကို Prospecting လို့ ခေါ်ပါတယ်။

လူတိုင်းမျှော်လင့်ချက်နဲ့ အသက်ရှင် ရပ်တည်ကြသလို မျှော်လင့်ချက်ရှိမှလည်း အရောင်းသမားတစ်ယောက် ရပ်တည်နိုင် မှာပါ။ အဓိကအနေနဲ့ ကိုယ်လုပ်နေတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အကြောင်းအရာတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ကတော့ အမှန်တကယ် လိုအပ်ချက်ဖြစ်ပါတယ်။ တကယ် ကျွမ်းကျင်ပိုင်နိုင် တယ်ဆိုခဲ့ရင် Prospecting(မျှော်လင့်ချက်) အလားအလာကောင်း တွေ ရရှိလာမှာ ဖြစ်ပါတယ်။

၂။ မှတ်တမ်း လက်ဝယ်ထားရှိခြင်း (Record Keeping)

ကိုယ်လုပ်ကိုင်မယ့်အလုပ်အတွက် အမှန်တကယ်လိုအပ်မယ့် Data & Information(သတင်းအချက်အလက်) မှတ်တမ်းတွေကို ကြို တင်ပြီး လက်ဝယ်ရှာဖွေရယူ လေ့လာထားမှသာလျှင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ အလားအလာရှိနေမှာပါ။

၃။လမ်းကြောင်းရေးဆွဲခြင်း (Route Planning)

လုပ်ငန်းတစ်ဆင့်ချင်းစီအတွက် လမ်းပြမြေပုံ(လမ်းကြောင်း) ရေးဆွဲ ကာ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားရှိမှသာလျှင် ပိုမိုထိရောက်ပါတယ်။ အောင်မြင်ဖို့ အခြေအနေကောင်းတွေ ဖြစ် လာစေပါတယ်။

၄။ဖြစ်နိုင်ချေရှိသော၊ မီနိုင်သော ရည်မှန်းချက် ချမှတ်ခြင်း

(Setting Realistic & Achievable Objective)

အဆင့်တစ်ဆင့်ချင်းကို အသေးစိတ် လေ့လာစိစစ်သုံးသပ်ထားရပါ မယ်။ မဖြစ်နိုင်မှန်း၊ မမီနိုင်မှန်း သိပါရက်နဲ့ ရည်မှန်းချက်၊ Target(လျာထားချက်)၊ Objective (မျှော်မှန်းချက်) ချမှတ်ပြီး ဆန္ဒကို ဦးစားပေးလို့ မသတ်မှတ်မိဖို့တော့ အင်မတန်အရေးကြီးပါတယ်။

ဒီအချက်လေးတွေကို လိုက်နာပေးရင်ဖြင့် သင့်အတွက် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကိုဖြစ်စေဖို့ရာ အထောက်အကူများစွာပေးပါလိမ့်မယ်။

ရလဒ်ကောင်းစေမည့် ပန်းတိုင်

ဟားဗတ်စီးပွားရေးသုံးသပ်ချက်စာတမ်းတွေဟာ ၁၉၂၂ ခုနှစ် ထဲက အတွဲလိုက်ထုတ်ဝေနေတာဖြစ်ပြီး လက်တွေ့ စီမံခန့်ခွဲ ရေးကဏ္ဍတွေမှာ ဒီနေ့အထိ ဦးဆောင်လမ်းပြဖြစ်နေဆဲပါပဲ။ တင်ပြထားတဲ့ နည်းလမ်းတွေထဲက အတွေးအကြံ၊ အယူ အဆတွေဟာ သင့်ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး လက်ရှိပြုမူဆောင်ရွက်နေတဲ့အပေါ် အပြောင်းအလဲတစ်ခုအဖြစ် ဆွဲခေါ် သွားစေမှာပါ။ အတွေးဟောင်းတွေကို အတွေးသစ်တွေနဲ့ ပြောင်းလဲအစားထိုးခြင်းဖြင့် အောင်မြင်တဲ့ရလဒ်တွေ ဖော်ဆောင်နိင်ပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းလုပ်ဆောင်သူအများစုမှာ ကြီးမား တဲ့မျှော်မှန်းချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ သူရဲ့ ကုန် အမှတ်တံဆိပ်ကို အခြားသူရဲ့ ကုန်အမှတ်တံဆိပ်ထက် ပိုမို ကျော်ကြားချင်တယ်။ အင်တာနက်အွန်လိုင်းစာမျက်နှာတွေ မှာလည်း သူ့ရဲ့ လုပ်ဆောင်ချက်တွေ လူသိများစေချင်တယ်။ သို့ပေမဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဆောင် မှုအပိုင်းမှာ အားနည်းချက်တွေရှိလာတဲ့အခါ ထင်တိုင်း မပေါက်ကြတော့တာကြောင့် အနည်းငယ်သောလူတစ်စုသာအောင်မြင်မှုအသီးအပွင့်ကို ရရှိခံစားကြရပါတယ်။ အခုတင်ပြမှာတွေက အောင်မြင်နေပြီးသားသူတွေရဲ့ လုပ်ဆောင်ချက်၊ တွေးခေါ်ယူဆပုံတွေကို ချဉ်းကပ်တင်ပြ ထားတာဖြစ်လို့ အောင်မြင်မှု ပန်းတိုင်ဆီကို တက်လှမ်းရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကြီးမားတဲ့ ရည်မှန်း ချက်ပန်းတိုင်ဆီကို ကိုယ်ထူးကိုယ်ချွန် အရောက်လှမ်းရာမှာ အကျိုးရလဒ်ကောင်း ရရှိပိုင်ဆိုင်သူဖြစ်စေပါလိမ့်မယ်။ ရိုးရာအစဉ်အလာ တွေးခေါ်ယူဆပုံတွေကနေ ဖောက်ထွက် ပြီး ခေတ်နဲ့အညီ ပြောင်းလဲလုပ်ဆောင်နိုင်လာပါလိမ့်မယ်။