Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရဲသျှမ်း - ဝထ္ထုတို ၅ ပုဒ်

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out
Type

အိပ်တန်းပျောက်တဲ့ ငှက်

(တစ်)

ကျွန်တော်တို့ နေထိုင်တဲ့ ရပ်ကွက်လေးရှိ အိမ်ကလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ရပ်ကွက်လေးက လမ်းသွယ် ၆ လမ်း နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ကွက်ငယ်လေးဖြစ်ပေမဲ့ အိမ်ကလေးတွေကတော့ ကျပ်သိပ်ပြွတ်ခဲနေတာပါ။ ဝန်ထမ်းရပ်ကွက်လေးမို့ အိမ်တွေ က ပုံစံတူလေးတွေဖြစ်ရမှာပေမဲ့ ရသမျှမြေလေးပေါ်မှာ အဖီချ ချဲ့ ထွင်ထားတာမို့ ပုံစံအမျိုးမျိုးဖြစ်နေပြီး အိမ်အရေအတွက်ကလည်း စာရင်းပေါက်ထက် များတော့တာပါပဲ။ ရပ်ကွက်ကလေးကို သန်း ခေါင်စာရင်းကောက်ယူရင်တော့ မူးနေအောင်ကို ကောက်ယူရမယ် ထင်ပါရဲ့။ ။

ရပ်ကွက်လေးကို လမ်းမကြီးတစ်ခုက ပိုင်းခြားထားပါတယ်။ ဒီတော့ လမ်းမတန်းဘေး အိမ်ကလေးတွေနဲ့ အတွင်းပိုင်းအိမ်ကလေးတွေရဲ့ကြားမှာ ခံစားခွင့် လာဘ်လာဘတွေလည်း ပြောင်းလဲကုန် တာပေါ့။ လမ်းမတန်းဘေး အိမ်ကလေးတွေရဲ့ ချဲ့ထွင်ထားတဲ့ အိမ်အဖီလေးတွေက ဆိုင်ခန်းတွေဖြစ်ကုန်ကြပါရော။ ထမင်းဆိုင်၊ လက် ဖက်ရည်ဆိုင်၊ သစ်သီးပွဲရုံ၊ ငါးပိငါးခြောက်ပွဲရုံ၊ ကုန်ခြောက်ဆိုင်၊ အအေးဆိုင်၊ စာအုပ်ဆိုင်၊ တိပ်ခွေဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့ PCO ဖုန်း ဆိုင်လေးတွေအပြင် ဂိမ်းဆိုင်၊ ဘိလိယက်ခုံတို့တောင် ရှိပါတယ်။ ဒီဆိုင်လေးတွေကို ဝန်ထမ်းတွေကိုယ်တိုင် ဖွင့်တာတော့ မဟုတ်ပါ ဘူး။ လခစားဝန်ထမ်းဆိုတော့ ငွေပိုငွေလျှံလည်း မရှိတာမို့ ဆိုင် တစ်ဆိုင်ဖြစ်တည်နိုင်တဲ့ ဓနအင်အားက သေးသေးမွှားမွှားလေးပါ။ ဒါကြောင့် ငွေဖြစ်မြန်တဲ့ ဆိုင်ခန်းအငှားချတာကိုပဲ လွယ်လင့်တကူ လုပ်လိုက်ကြတာပါပဲ။ စို့စို့ပို့ပို့လေး ရတော့လည်း ကိုယ်အနေကျပ် တာကို မေ့ထားလိုက်နိုင်တာပဲပေါ့။

လမ်းမတန်းဘေးက အိမ်ကလေးတွေက ဆိုင်ခန်းငှားတာ လေးတွေနဲ့ စိုပြည်သလို အတွင်းဘက်အိမ်ခန်းလေးတွေကလည်း အိမ်ငှားတွေနဲ့ အထိုက်အလျောက် အဆင်ပြေကြပါတယ်။ ခြေတံ မြင့် အိမ်ကလေးတွေဖြစ်တာမို့ အိမ်အောက်မြေကြီးကို ကပ်ကြမ်း ခင်းပြီးတော့တောင် ငှားကြပါသေးတယ်။ တချို့ကတော့ ပုံသေအိမ် ငှားမထားဘဲ တည်းခိုခန်းငယ်လေးတွေ ဖွင့်ထားပါတယ်။ ကျော တစ်ခင်းစာ နေရာကျဉ်းကျဉ်းလေးက တည်းခိုခန်းကြီးတွေပေါ် တက် မနေနိုင်တဲ့သူတို့အဖို့ သက်သောင့်သက်သာ နတ်ဘုံနတ်နန်း ဖြစ် ချင်လည်း ဖြစ်မှာပေါ့။ သူတို့လည်း အဆင်ပြေကြတာပါပဲ။ မိုးချုပ် ချုပ်ဝင်လာတဲ့ ရထားဆင်းခရီးသည်တွေကို ရွှေကြိုလုပ်တဲ့ကလေး၊ လူကြီး အများကြီးရှိပါတယ်။ တည်းခိုအိမ်လေးတွေဆီ ပို့ပေးရုံနဲ့ နေ့တွက်စီတာမို့ ရထားဆိုက်ချိန်မှာ ခရီးသည်တွေကြား နားမလား၊ တည်းမလားဆိုတဲ့ လူခေါ်သံတွေက အလုအယက်။ တက္ကစီ ဒရိုင်ဘာ တွေရဲ့ ခရီးကြိုသံတွေကိုပါ ဖြည့်စွက်လိုက်တဲ့အခါ ဘူတာကြီးကရထားဆိုက်ချိန်မှာ ရှုပ်ထွေး စီညံနေပါတော့တယ်။

ညနေဘက် ခြေခင်းလက်ခင်းသာချိန် မိုးလေကင်းလွတ်တဲ့ အခါ ကျွန်တော်တို့ရပ်ကွက်လေးရဲ့ လမ်းမတန်းဟာ အလွန်စည် ကားပါတယ်။ ရပ်ကွက်ထဲကနေ လမ်းမတန်းပေါ် အန်ကျလာတဲ့ လူတွေကိုကြည့်ရင်း ကြည့်ရင်းမှာပဲ ကျွန်တော့်မှာ အံ့သြလို့နေပါ တော့တယ်။ ရပ်ကွက်လေးထဲမှာ လူတွေဒီလောက်များလား။ ကလေး တွေလည်း များတာပဲ။ ခွေးလေခွေးလွင့်တွေလည်း များတာပါပဲ။

လမ်းမပေါ် အန်ကျလာတဲ့သူတွေရဲ့ ဒီဇိုင်းတွေကလည်း အရောရော အထွေးထွေးနဲ့ အရောင်စုံ အသွေးစုံလှပါတယ်။ မြစ်ဝကျွန်းပေါ်နဲ့ အညာဘက်ကနေ လာရောက်ပြီး ဈေးရောင်လုပ်ကိုင် စားသောက်နေတဲ့သူတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ရပ်ကွက်လေးထဲက ရွာနေပြည်ထိုင်သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက သိသာခြားနားလွန်း ပါတယ်။ ။

ဂျင်းဘောင်းဘီကျပ်ကျပ်၊ အင်္ကျီပြောင်လက်လက်ကျပ်ကျပ်၊ နားကွင်းဆွဲ၊ နားကပ်ပန်ထားပြီး ကော်ရည်လိမ်းထားတဲ့ ဆံပင်ကို အမောက်ထောင်ပြီး လမ်းမပေါ် ရှေ့နောက်လျှောက်၊ လက်ဖက်ရည် ဆိုင်မှာ သီချင်းနားထောင်၊ ညပိုင်းလာမယ့် ဘောလုံးပွဲအကြောင်းဟောင်ဖွာဟောင်ဖွာ ပြောနေတဲ့သူတွေကတော့ ရပ်ကွက်လေးရဲ့ အမာခံလေးတွေပဲ ဖြစ်ပါတယ်။ မိန်းကလေးငယ်လေးတွေကလည်း စကတ်တို၊ ဘောင်းဘီတို သူ့ထက်ငါ တိုအောင်ဝတ်၊ လည်ပင်း အဝိုက်အဟိုက် ပိုပိုသာသာလေးနဲ့ စက်ဆွဲ ဆံပင်တခါခါလုပ်ပြီး တိပ်ခွေဆိုင်လေးတွေမှာ ခွေရွေးရင်း၊ တုတ်ထိုးစားရင်း၊ အကင်စား ရင်း ဟန်ရေးပြနေကြတာကလည်း မော်ဒယ်ရှိုးတစ်ခုလို့ ထင်မှတ် မှားလောက်ပါတယ်။

မြို့ထဲနဲ့နီးတဲ့အပြင် ကား၊ ရထား စီးရလွယ်ပြီး ဈေးရောင်း၊ ဈေးဝယ်နဲ့ အခြားလုပ်ကိုင်စားသောက်ရတာ လွယ်တာရယ်၊ အိမ် ကလေးတွေမှာ ကပ်ရပ်ငှားရမ်းနေထိုင်ရတဲ့ ကုန်ကျစရိတ် လူသာ လွန့်သာရှိတာရယ် စတဲ့ အားသာချက်တွေကြောင့် ရပ်ကွက်လေးမှာ . အိမ်ငှားနေထိုင်သူတွေ ကြွယ်ပိုးကြွယ်ဝဖြစ်လာတာ ဆန်းတော့ မဆန်းပါ။ ဘဝတွေအများကြီး ပိုက်ပွေ့ထားတဲ့၊ ဖရိုဖရဲဝါကျတွေနဲ့ တည်ဆောက်ထားတဲ့ ရပ်ကွက်လေးကို ဆရာမောင်ထွန်းသူ ဘာသာ ပြန် တော်ဘီလာဖလက်နဲ့ ခိုင်းနှိုင်းရင်လည်း ကျွန်တော့်ဘက်ကတော့ ကျေနပ်စွာ ခံယူလိုက်မှာပါပဲ။

ကျွန်တော့်အိမ်လေးက လမ်းမတန်းကို ထောင့်မှန်ပြုထားပြီး လမ်းသွယ် ၃ ဘက်ကို မျက်နှာစာလှည့်ထားတာမို့ ကုန်ခြောက်ဆိုင် နဲ့ စတိုးဆိုင်လေးကို အငှားချထားနိုင်ပေမဲ့ ကျွန်တော့်ဘေးအခန်း ကတော့ လမ်းသွယ်အတွင်းထဲ ရောက်သွားတာကြောင့် ဆိုင်ခန်း ငှားလို့မရပါ။ ဒီတော့ ရပ်ကွက်လေးရဲ့ သမားရိုးကျ စီးပွားရေးဖြစ်တဲ့ အိမ်ခန်းငှားခြင်းအမှုကိုသာ ပြုထားပါတယ်။ ဘေးကွက်လက် မြေပို လေးမှာ ၈ ပေပတ်လည်အခန်းလေး ၃ ခန်း ဖွဲ့စည်းလိုက်နိုင်တာနဲ့ အဲဒီအိမ်ကလေးရဲ့ တစ်လဝင်ငွေက အိမ်ထောင်ဦးစီးဝန်ထမ်းရဲ့ လခ ထက် လျော့လိမ့်မယ်မထင်ပါဘူး။ ။

အိမ်ဘေးအခန်းက လူငှားတွေ ဘယ်သူဘယ်ဝါဆိုတာ ကျွန် တော်က စပ်စပ်စုစု မလုပ်ပေမဲ့ မိန်းမတစ်ယောက် ကုန်စိမ်းတောင်း ကြီးရွက်ပြီး ထွက်သွားလိုက်၊ ယောက်ျားသားတစ်ယောက်က ရာသီ ပေါ် သီးနှံတွေဖြစ်တဲ့ ကျွဲကောသီး၊ သြဇာသီး၊ ငှက်ပျောသီး၊ နာနတ်သီး စတဲ့ သစ်သီးဆိုင်းထမ်းပြီး ထွက်သွားလိုက်နဲ့မို့ အညာဘက် က၊ ဒါမှမဟုတ် မြစ်ဝကျွန်းပေါ်ဘက်ကနေ လာရောက်နေထိုင် ဈေး ရောင်းတဲ့သူတွေလို့တော့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ကုန်စိမ်း သည်နဲ့ သစ်သီးသည်က လင်မယားလား၊ သတ်သတ်စီလား၊ သား သမီးတွေရှိလား၊ မြစ်ဝကျွန်းပေါ် ဘယ်အရပ်ကလဲ၊ အညာဒေသ ဘယ်အရပ်ကလဲ ကျွန်တော် စိတ်မဝင်စားပေမဲ့ ကျွန်တော့်ဇနီးသည် ကတော့ ရပ်ကွက်လေးထဲက အမျိုးသမီးဆံပင်အလှပြင်ဆိုင်မှာ တစ်လတစ်ခါ ဆံပင်တိရင်း နာရီဝက်ခန့် အချိန်ပေးလိုက်တာနဲ့ သတင်းအပြည့်အစုံကို စုဆောင်းလိုက်နိုင်ပါတယ်။

အခုလည်းပဲ ကျွန်တော့်အိမ်ဘေးခန်းက အဖီလေးမှာနေတဲ့ သစ်သီးသည်ယောက်ျားနဲ့ ကုန်စိမ်းသည်အမျိုးသမီးက လင်မယား ဖြစ်ပြီး မြစ်ဝကျွန်းပေါ်မြို့လေးတစ်မြို့ (ဇနီးက မြို့နာမည်ကို မေ့ သွားဟန်တူပါတယ်) က အမေအိုကြီးတစ်ယောက်ရှိတယ်၊ အဲဒီ မိန်းမရဲ့ အမေ။ နောက် သူတို့မှာ သားလေးတစ်ယောက်ရှိတယ်။ကောင်လေးနာမည်က မင်းခန့် တဲ့။ ၁၀ နှစ်ကျော်ကျော်လောက် ရှိ မယ်။ ကျောင်းထားပေးထားတယ်။ ယောက်ျားက ဆူးလေဘက်မှာ သစ်သီးရောင်းပြီး မိန်းမက သိမ်ဖြူဈေးထဲမှာ ကုန်စိမ်းရောင်းတာ၊ အခု အမေကြီးက တော်တော်လေး နေမကောင်းဖြစ်နေပြီး ဆေးရုံ တင်ထားရတယ်။ ဘယ်သူမှလည်း သွားမကြည့်ကြဘူးဆိုတဲ့သတင်း ကို ယူလာတဲ့အပြင်။

အစ်ကို .. အဘွားကြီးက သေမှာလားမသိဘူးနော်။ သေရင် ဘယ်လိုလုပ်မလဲ။ သဂြိုဟ်တာက နာရေးကူညီမှုရှိလို့ အဆင်ပြေဦး တော့ ရက်လည်ဆွမ်း ဘယ်မှာလုပ်မှာတုန်း”

ဆိုပြီး ဇနီးသည်က ရှာရှာဖွေဖွေ အတွေးပေါက်တာကို ကျွန်