စိတ်ကူးချိုချိုစာပေ
ရဲစတိုင်း - ရယ်ရွှင်ပြုံးတုံ့ဟာသများ
ရဲစတိုင်း - ရယ်ရွှင်ပြုံးတုံ့ဟာသများ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ရယ်ရွှင်ပြုံးတုံ့
အရင်းခံအတိုင်းပါ
တရားသူကြီး- “မင့်ယောက်ျားခေါင်းကို ( ထီးနဲ့ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့ဆိုတယ်၊ မင်းဘာပြောချင်သလဲ”
တရားခံအမျိုးသမီး- “မတော်တဆ ဖြစ်သွား တာပါ တရားသူကြီးရှင်”
တရားသူကြီး “ဒါ ဘယ်လိုလုပ် မတော်တဆ ဖြစ်နိုင်မှာလဲ”
အမျိုးသမီး “ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒ ( လုံးဝမရှိပါဘူး”
အထူးကု
သူ့ချောင်းဆိုးက ဘယ်ဒေါက်တာနဲ့ ကုကု မပျောက်။ နောက်ဆုံးမှာ အထူးကုဆရာဝန်ထံ
ရောက်သွားလေ၏။ ထိုအထူးကုက အထူးဖော်စပ် ထားသော ချောင်းဆိုးပျောက်ဆေးရည်ကို ပေးလိုက် ၏။ နောက်နေ့မှာ ထိုလူနာသေသွားလေတော့၏။ .
သေသူ၏အမျိုးများ အတော်တုန်လှုပ်သွားကြ ၏။ အထူးကုအားခေါ်ရှင်းခိုင်း၏။ အထူးကုက
“အေးလေဗျာ၊ နောက်ဆုံးတော့ သူချောင်း မဆိုးတော့ဘူး မဟုတ်လား” ဟုပြောပြီး ခပ်အေး အေးပြန်ထွက်သွားသောဟူ၏။
ရှောင်လျှင်
၁၈၃၁-ခုနှစ် အစောပိုင်းပေါ့။ သင်္ဘောရေချ ပွဲသို့ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် မစ္စတာ လင်ကွန်း တက်ရောက်ရ၏။ ထိုပွဲတွင် မျက်လှည့် ဆရာတစ်ယောက်လည်းပါ၏။ သူက မျက်လှည့် အမျိုးမျိုး ပြသပြီး လင်ကွန်း၏ဦးထုပ်ဖြင့် ကြက်ဥ ကြော်ပြမည်ဟုပြောကာ လင်ကွန်းထံမှ ဦးထုပ် တောင်း၏။ လင်ကွန်းက ချက်ချင်းမပေးသေးဘဲ စဉ်းစားနေလေရာ မျက်လှည့်ဆရာက
“ခင်ဗျားက ဦးထုပ်မငှားချင်လို့လား” ဟုမေး၏။ ထိုအခါ လင်ကွန်းက ရယ်ရယ်မောမောနှင့်
“ကျုပ်ဦးထုပ်က အရေးမကြီးပါဘူးလေ၊ ကြက် ဥသိက္ခာကျမှာစိုးရိမ်လို့ပါဗျာ” ဟူ၍ ရှင်းပြလိုက်၏။
လက်တွေ့
“မောင်ရေ၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ကျွန်မကို ၆လ ပဲနေရမယ်လို့ ပြောခဲ့တဲ့ ဆရာဝန်ကို မှတ်မိသေးလားဟင်”
“အိုး ... မှတ်မိတာပေါ့ကွာ၊ တော်တော် တော် တဲ့လူပါ၊ ဒါပေမဲ့ သိပ်တော့ မယုံရဘူးကွ”
အဖုံးအဖိ
အရက်ဆိုင်ထဲမှာ သူတို့အုပ်စု သောက်ကောင်း တုန်းမှာ အုပ်စုဝင်ကုပ်ချောင်းချောင်း လူတစ် ယောက်က ပြန်ရန်ပြင်လေသည်။
“ဘယ်လိုလဲဗျာ၊ ခါတိုင်းလို စောစောပြန် တော့မလို့လား၊ နေစမ်းပါဦး။ ဒီလောက်တောင် မိန်းမကြောက်နေတာ ဘာဖြစ်လို့လဲ၊ ခင်ဗျား ယောက်ျား မဟုတ်ဘူးလား၊ ခင်ဗျားက ကြွက်မို့ လား”
“ဟင်း .. ဟင်း .. ယောက်ျားပါဗျ”
“သေချာရဲ့လား ကိုယ့်လူ”
“ဟဲ ဟဲ သေချာပါတယ်၊ ကျုပ်မိန်းမက ကြွက်ကို သိပ်ကြောက်တာဗျာ ဟင်း ဟ