Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ရယ်ချင်ရက်လက်တို့

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

အာရုံကြောလေ့ကျင့်ခန်းများ ( Neurobics) အတွက်

အခြေခံသိပ္ပံအချက်များ

အာရုံကြောလေ့ကျင့်ခန်းများသည် ဦးနှောက်နှင့်ပတ်သက်သည့် ရိုးရှင်းသော လေ့လာတွေ့ရှိမှုများပေါ်တွင်သာ အခြေခံထားပါသည်။ ၎င်းလေ့ကျင့်ခန်းများသည် ဦးနှောက်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပတ် သက်ပြီး အရေးကြီးသတင်းအချက်အလက် အသစ်များ၊ ဒီသတင်းအချက် အလက်တွေ ဘယ်လိုရရှိတယ်၊ ဘယ်လိုထိန်းသိမ်းထားတယ်၊ အချို့သော ဦးနှောက်လုပ်ငန်းစဉ်တွေက ဦးနှောက်အာဟာရပိုင်းကို ဘယ်လိုထုတ်လုပ် ပေးတယ် စသည်တို့ကို စုစည်းပေးခြင်း ဖြစ်သည်။ လေ့လာတွေ့ရှိချက် များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Cerebral Cortex :ဦးနှောက်၏ သင်ယူလေ့လာမှု အများဆုံးအပိုင်းဖြစ်သည်။ မမျှော်မှန်းနိုင်လောက်သော နယ်ပယ် ဧရိယာများစွာ ပါဝင်ပြီး ဧရိယာတစ်ခုချင်းစီ အာရုံခံစားမှုများစွာတို့မှ သတင်း အချက်အလက်များကို လက်ခံရယူခြင်း၊ ဘာသာပြန်ပေးခြင်း၊ သတင်းတွေကို သိမ်းဆည်းပေးခြင်းတို့ကို အထူးပြုလုပ်ဆောင်ကြ သည်။ သင် ကြုံတွေ့ရသော အာရုံခံစားမှုများသည် ဦးနှောက်ထဲ တွင် တစ်နေရာတည်းမှာအဆုံးသတ်သွားသည်ဟု မထင်မှတ်ပါနှင့်။

(၂) Cerebral Cortex ထဲတွင်ရှိသော နေရာများကို ဆက်သွယ်ရန်အလို့ငှာ မတူညီသောအာရုံကြောလမ်းကြောင်းများ ရာပေါင်း များစွာ ရှိပါသည်။ ၎င်းလမ်းကြောင်းများသည် မှတ်ဉာဏ်ပေါင်း များစွာကို အကန့်အသတ်မဲ့ သိုလှောင်ထားနိုင်စွမ်း ရှိပါသည်။ အာရုံကြောစနစ်မှာ လွန်စွာရှုပ်ထွေးသည့်အလျောက် ဆက်သွယ်မှု လမ်းကြောင်းများမှာလည်း များပြားလှပါသည်။ ထိုသို့ များပြားလှသော လမ်းကြောင်းများမှ အနည်းငယ်ကိုသာ ကျွန်တော်တို့ အသုံး ချမည်ဖြစ်သည်။

(၃)        လူသား၏ဦးနှောက်ထဲတွင် နျူထရိုဖင်ဟုခေါ်သော သီးသန့်အာဟာရ မော်လီကျူးလေးများဖြင့် ပြည့်ဝနေပါသည်။ ၎င်း အာဟာရ မော်လီကျူးလေးတွေကို နာဗ်ဆဲလ်များက ထုတ်လုပ်ပေးပြီး နာဗ် ဆဲလ်များ၊ ၎င်းတို့အကြားရှိ နာဗ်ကြောဆုံရာနေရာများနှင့် ကပ် လျက်ရှိသော အာရုံကြောနေရာများကို ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝအောင် ပြုလုပ်ပေးပါသည်။

(၄)        နာဗ်ဆဲလ်များမှ ထုတ်လုပ်လိုက်သော နျူထရိုဖင်ပမာဏနှင့် အခြားသော နာဗ်ဆဲလ်များက ၎င်းနျူထရိုဖင်ကို မည်မျှ ကောင်းကောင်းတုံ့ပြန်ခြင်းဆိုသည်မှာ နာဗ်ဆဲလ်များ မည်မျှအလုပ်လုပ်နိုင် သည်ဟူသည့်အချက်က ထိန်းချုပ်သွားပါသည်။ တစ်နည်းဆိုသော် ဦးနှောက်ဆဲလ်များ အလုပ်လုပ်နိုင်စွမ်းမြင့်မားလေ နာဗ်ကြော ကြီး ထွားမှုမော်လီကျူး ပိုထုတ်လုပ်လေ တုံ့ပြန်မှုအား ပိုကောင်းလေ ဖြစ်သည်။

(၅)       အာရုံခံစားမှုကိုလှုံ့ဆော်ပေးသော အရာများ - အထူးသဖြင့် နေ့စဉ် ကြုံတွေ့နေကျမဟုတ်သည့် ကြုံတွေ့မှုများသည် နာဗ်လမ်းကြောင်း တစ်လျှောက် လမ်းကြောင်းအသစ်အဆန်းတစ်ခုကိုဖြစ်စေပြီး ယင်း လမ်းကြောင်းများကြောင့် နာဗ်ဆဲလ် ကြီးထွားမှု မော်လီကျူးများကို ပိုမိုထုတ်လုပ်နိုင်လာသည်။

အာရုံကြောလေ့ကျင့်ခန်းများသည် လူသားတို့၏ဦးနှောက်ကို သွက် လက်စေသည်။ တက်ကြွစေသည်။ မည်သည့် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုကို မဆို ပြုလုပ်နိုင်လာမည်။ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုဆိုရာတွင် မှတ်ဉာဏ်စွမ်းရည်လည်း ဖြစ်နိုင်သည်။ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ခြင်း ဖြစ်နိုင်သကဲ့သို့ ဖန်တီးနိုင်စွမ်းမြင့်တက်လာခြင်းလည်း ဖြစ်နိုင်သည်။ Neurobics ဟူသည် ဦးနှောက်မည်ကဲ့သို့ အလုပ်လုပ်သနည်းဆိုသည်ကို ချဉ်းကပ်သည့်နည်းလမ်းတစ်ခုဖြစ်ပြီး ဦးနှောက်ကို မည်သို့ခိုင်းရမည် ဆိုသည်လောက် မရိုးရှင်းပေ။ ။