စိတ်ကူးချိုချိုစာပေ
ရဲစတိုင်း - မရယ်ရမနေနိုင်ဟာသများ
Couldn't load pickup availability
အားလပ်ရက်တနင်္ဂနွေ
လူတစ်စု သင်္ဘောပျက်ပြီး ကျွန်းလေး တစ်ကျွန်းပေါ်မှာ သောင်တင်နေကြတယ်။ ထူးခြား တာက အဲဒီလူစုမှာ ယောက်ျားဆိုလို့ တစ်ယောက် တည်းကျန်ပြီး မိန်းမက ၁၂ ယောက်တောင်။ အဲလိုနဲ့ တစ်လလောက်နေလာတော့ ဆန္ဒတွေထိန်းမရ ဖြစ်လာကြတယ်။ အဲဒီတော့ တစ်ယောက်တည်း ကျန်တဲ့ယောက်ျားက တစ်နေ့မှာ မိန်းမနှစ်ယောက် နဲ့ အိပ်ပေးပြီး တနင်္ဂနွေတစ်ရက်ကိုတော့ အနားပေး ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲလိုနဲ့နေလာလိုက်တာ တနင်္ဂနွေတစ်ရက်မှာ တစ်ဦးတည်းသော ယောက်ျား ဖြစ်သူအနားယူပြီး ကမ်းခြေမှာထိုင်နေတုန်း အဝေးမှာ လှေလေးလှုပ်လှုပ်လှုပ်လှုပ်နဲ့ မျောပါလာတာကို သွားတွေ့တယ်။ သူလည်း အကူအညီရတော့ မှာပဲ ဆိုပြီး ဝမ်းသာအားရဖြစ်သွားတယ်။ ရေထဲကူးပြီး လှေလေးဆီရောက်တော့ သူထင်သလို ကယ်မယ့် လူမဟုတ်ဘဲ သူတို့လိုပဲ သင်္ဘောပျက်ပြီးဒုက္ခ ရောက်လာတဲ့ ဒုက္ခသည် ယောက်ျား တစ်ယောက် ဖြစ်နေတာတွေ့ရတယ်။ သူ ပျော်သွားတယ်။ သူတော့ တခြားယောက်ျားတစ်ယောက်ရောက် လာရင် အေးအေးဆေးဆေး အနားရတော့မှာပဲလို့ တွေးပြီး ဝမ်းသာအားရ နှုတ်ဆက်တယ်။
“ဝို တွေ့ရတာ ဝမ်းသာလိုက်တာကွာ”
ဒုက္ခသည်ကလည်း ဝမ်းသာအားရပါပဲ ...
“ဟယ် အဆင်လေးပဲ။ တို့လည်းဝမ်းသာ လိုက်တာ။ လှေမှောက်ပြီး မျောနေတာ လနဲ့ချီနေပြီ။ မဝုန်းရတာ ကြာပြီကော” ၊
ကျွန်းပေါ်က လူ နည်းနည်းတွန့်သွားပြီး တစ် ယောက်တည်း ရေရွတ်နေတယ်။
“ဘုရားရေ၊ ငါ့အားလပ်ရက်တနင်္ဂနွေလေး တော့ သွားပဟ”
သဘာဝပေကိုး
“အဘွား၊ အဘွားရဲ့ မျက်လုံးတွေ ဘာဖြစ်လို့. အကြီးကြီး ဖြစ်နေရတာလဲဟင်”
“ကောင်းကောင်းမြင်ရအောင်လို့ပေါ့”
“အဘွားရဲ့ နားရွက်တွေကကော ဘာဖြစ်လို့ အကြီးကြီးဖြစ်နေရတာလဲဟင်”
“ကောင်းကောင်းကြားရအောင်လို့ပေါ့ကွယ်”
“ဒါဆို နှာခေါင်းကကော ဘာဖြစ်လို့ ဒီလောက်အရှည်ကြီး ဖြစ်နေရတာလဲဟင်”
“ငါတို့ဟာ ဆင်တွေမဟုတ်လား ငါ့မြေးရယ်”
တွန်းလက်စနဲ့တွန်းလိုက်တယ်
ကောင်မလေး ငယ်ငယ်ချောချောလေးများရှိ သည့်“လာထား၊ အာဘွား” အနှိပ်ခန်းရှေ့မှ မဒမ်ဂျွန် က ဖုန်းခေါ်လိုက်သည်။ .
“ကိုဂျွန်၊ ရှင်အခုဘယ်မှာလဲ”
“ရုံးမှာပေါ့ကွာ။ အလုပ်တွေက မပြီးသေးဘူး။ ဘာတွေရှုပ်နေမှန်းကို မသိပါဘူး”
“ရှင့်ကားကို “လာထား၊ အာဘွား” အနှိပ်ခန်း နားမှာ တွေ့တယ်” ။
“မင်းကတော့လုပ်ပြီ။ ဒီလိုကားမျိုး ဒီတစ်စီး တည်းရှိတာကျနေတာပဲ။ တူတာနေမှာပေါ့ကွ”
“ရှင့် ကားမောင်းသမားကိုလည်း တွေ့တယ်နော်”
“ဟင် ဟုတ်လား။ အဲဒီနားက လမ်းကြားမှာ ဘီယာပုလင်းသွားဝယ်တာထင်တယ်”
“ရှင့်ကိုလည်း တွေ့နေရတယ်”
“မင်းက မလျှော့သေးပါလား။ နာမည်တူ မရှား။ လူတူမရှားလေမိန်းမရဲ့” ။
“မဟုတ်ဘူး။ ရှင်မှရှင်ပါ။ မနက်တုန်းက ဝတ်သွားတဲ့ အဝတ်အစားနဲ့ပဲ။ အခုဖုန်းပြောရင်း . ဆိုင်အပြင်ကိုထွက်လာ နေတယ်လေ” ,
“အံ့ရောကွာ၊ ဒီမြို့မှာ ကိုယ်နဲ့စွပ်ချွတ်တူတဲ့ လူတစ်ယောက် ရှိရတယ်လို့”
(ဆိုင်ရှေ့တွင် မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့ဆုံသည်တွင်)
“ဒီမယ် ကိုဂျွန်”
“ဟင် မိန်းမ၊ မင်း လူမှားနေပြီ။ ကျုပ် ကိုဂျွန်စမစ်မဟုတ်ဘူး”
ဖေဖေ လာမနှုတ်ဆက်လို့ ပါ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပသည့် နေ့ညနေပိုင်း ပေါသမဂ္ဂပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ယောက် အိမ်သို့လမ်းလျှောက်ပြန် လာစဉ် ကလေးငယ်တစ်ဦး ရှိုက်ကြီးတငင် ငိုကြွေး နေသည်ကိုတွေ့ရသဖြင့် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့ ငိုနေရတာလဲ ကလေး ““ကျွန်တော့် ဖေဖေ သေသွားလို့ပါ “
“စိတ်မကောင်းစရာပဲကွာ။ ဘယ်တုန်းက သေသွားတာလဲ “
“လွန်ခဲ့တဲ့ ငါးနှစ်ကပါ “
“ငါးနှစ်က ဟုတ်လား။ လွန်ခဲ့တဲ့ငါးနှစ်ကသေသွားတာကို ဘာလို့ မင်းကခုထိ သဲကြီးမဲကြီးငို နေရလဲကွာ“
“ဒီနေ့ ရွေးကောက်ပွဲမှာ ဖေဖေ့နာမည်နဲ့ မဲထည့်ထားတာတွေ့တယ်။ ဖေဖေက မဲလာထည့် သွားပြီး ကျွန်တော့်တောင်လာတွေ့မသွားဘူးလေ၊ အဲဒါကြောင့် ဝမ်းနည်းပြီး ငိုနေတာပါ”





