Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ပြုံးရုံပြုံးပါ

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

[]

အချစ်အတွက်ဆိုရင်

အချစ်နဲ့ပတ်သက်လာရင် ဘာပဲလုပ်ရ လုပ်ရ။ ဘာမဆိုရင်ဆိုင်ရဲတယ်။ အရာရာစွန့် လွှတ်ရဲတယ်။ ဘယ်အရာမှလာပြီး တားဆီး လို့မရဘူး”

ကဲပါ ... ယုံပါပြီရှင်ရယ်။ ဒီညနေ ချိန်း ထားတာ လာဖို့မမေ့နဲ့နော်”

စိတ်ချ.. စိတ်ချ. . ဖဲဝိုင်းမလုပ်ဖြစ်ရင် လာခဲ့မယ်။ ဆက်ဆက်စောင့်နေ”

အော်နေသူအတွက်

မေမေ သမီးကို တစ်ဆယ်လောက်ပေး စမ်းပါ။ အိမ်ရှေ့မှာ အော်ဟစ်နေတဲ့သူကို ပေး လိုက်ချင်လို့”

ဘယ်လိုအော်ဟစ်နေလို့လဲ သမီးရဲ့”

ဟောဒီက သကြားပြောင်းဖူး၊ တစ်ဖူးတစ် ဆယ်တဲ့”

[ ၃]

ဖြေရှင်းခွင့်မပြု

မနေ့က မင်းတို့လင်မယား ရန်ဖြစ်ကြ တယ်ဆို”

ဟုတ်တယ်ကွ။ ငါအိမ်ပြန်ရောက်တာနဲ့ သူ့မကျေနပ်ချက်တွေပြောပြီး ပေါက်ကွဲရာက စ, တာပဲ” “မင်းက ဘယ်လိုပြန်ပြီးရှင်းပြသလဲ”

ဘာတစ်ခွန်းမှ ပြန်ပြောခွင့် မရပါဘူး ကွာ။ သူပြောလို့ အားရတာနဲ့ ပစ္စည်းတွေယူပြီး အိမ်ပေါ်က ဆင်းသွားတော့တာပဲ”

 [ ]

ရေတွက်ပုံမတူလို့

စိတ်ဆိုးမယ်ကြံရင် တစ်ကနေ တစ်ဆယ် အထိ ရေပါလို့ သားကိုမှာထားသားနဲ့၊ အခုရန် ဖြစ်လာပြန်ပြီ”

အဲဒီလိုရေမိလို့ အထိုးခံလိုက်ရတာပေါ့ မေမေရဲ့” “ဘာဖြစ်လို့လဲကွ”

ဟိုကောင့်အဖေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာလေ”

( ၅ )

ခေတနာ၏ဝေဒနာ

“ကျွန်မသားလေး 'ရေနစ်တုန်းက ဆင်း ဆယ်ခဲ့တာ ရှင်မဟုတ်လား”

ဟုတ်ပါတယ်။ ဒီလိုပေါ့ဗျာ။ ကြုံကြိုက်လို့ ကူညီတာပဲဟာ။ ကျေးဇူးတင်ဖို့ မလိုပါဘူး”

ကျေးဇူးတင်မလို့ မဟုတ်ဘူးရှင့်။ သူ့လက် က ဟန်းချိန်းပါမလာလို့”

ထီးတစ်လက်၏ သံသရာ

အခုလာရတဲ့ကိစ္စက လွန်ခဲ့တဲ့သုံးရက် လောက်တုန်းက ခင်ဗျားငှားဆောင်းသွားတဲ့ ထီးကိုပြန်ယူချင်လို့ပါ”

ဟောဗျာ။ သူငယ်ချင်းတစ်ယောက် မနေ့ က အိမ်လည်လာရင်း ခဏငှားသွားလေရဲ့ဗျာ။ သူ့ဆီသွားတောင်းတော့ သူ့ယောက်ဖ ခဏ ဆောင်းသွားလို့ပါတဲ့။ အရေးကြီးလို့လား”

ကြီးပါသော်ကောဗျာ။ ကျွန်တော်က လည်း အဲဒီထီးကို မိတ်ဆွေတစ်ယောက်ဆီက ငှားဆောင်းလာခဲ့တာ။ အခုလာတောင်းနေလို့။ သူကလည်း ဒီထီးဟာ သူ့ထီးမဟုတ်ဘူး။ သူများ ဆီက ခဏဆိုပြီး ငှားဆောင်းလာခဲ့တာတဲ့”

သူ့လက်ရာ

ဒီနေ့ချက်တဲ့ ကျွန်မလက်ရာဘယ်လိုနေလဲဟင်”

ကောင်းတယ်ကွာ။ အီပြီးဆိမ့်နေတာပဲ”

မဟုတ်သေးပါဘူးတော်။ ချက်နည်းပြုတ် နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်”

အပြစ်ကတစ်ခုတည်းပါ

မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်း လောက်နဲ့မောင်းလာတယ်။ ပြီးတော့ညအမှောင် ထဲမှာ ကားရှေ့မီးကိုဖွင့်မမောင်းဘူး။ ယဉ်ကြော လည်းမှားလာတယ်။ ယဉ်မောင်း လိုင်စင်လည်း မပါဘူး။ မင်းအပြစ်တွေ ဒီလောက်များတာ ဘာပြောချင်သေးလဲ”

ကျွန်တော်ပြောချင်တာက တစ်ခုပဲရှိပါ တယ်။ အဲဒါကတော့ ဒီကားကိုခိုးလာတာပါ”

[]

စည်းကမ်းရှိသူများ

လူတွေက စည်းကမ်းမရှိကြဘူးဗျာ။ ပစ္စည်းငှားပြီး ပြန်မပေးချင်ကြဘူး။ ခင်ဗျားတို့ ပတ်ဝန်းကျင်ကော ဘယ်လိုနေသလဲဗျ”

ကျွန်တော့်အိမ်နီးနားချင်းတွေက စည်း. ကမ်းရှိရှိ ပြန်ပေးပါတယ်။ မိုးတွင်းတုန်းက ငှားသွားတဲ့ထီးကို ဆောင်းတွင်းရောက်တော့ လာပြန်ပေးပြီး စောင်ပြန်ငှား သွားကြတယ်ဗျ”

 [ ၁၀ ]

သူသာအသိဆုံး

ဒေါ်ဒေါ်ရယ် သမီးဖေဖေ ဒီညဆယ် နာရီကျော်ရင် ဆုံးတော့မယ်တဲ့ အဟင့် အဟင့်”

တူမကြီးရယ် မဦးမချွတ် နိမိတ်မရှိတဲ့ စကားကို မပြောကောင်းဘူးကွဲ။ အခုမှ နေ့ခင်း တစ်နာရီရှိသေးတာ။ ကုသိုလ်ကံဆိုတာဘယ်သူ ပြောနိုင်တာမှတ်လို့”

သေချာပါတယ် ဒေါ်ဒေါ်ရယ်။ ဆရာဝန် ကိုယ်တိုင်ပြောသွားတာပဲဟာ။ သူက ကျိန်းသေ .. ပြောနိုင်မှာပေါ့”

[ ၁၁ ]

ရှက်လို့

ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီး ပထမရတယ်မေမေ”

ဟုတ်လား။ ဘာပစ္စည်းတွေ ဆုချသလဲသမီး”

မသိဘူးမေမေ။ ရှက်တာနဲ့ ဆုတက်မယူ ခဲ့ဘူး”