Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ပြုံးပြီးမှရယ်

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

စိတ်ချစမ်းပါ

“ဒီမှာရှင့်၊ လေယာဉ်ပျံ မောင်းတဲ့ ဆရာကြီး၊ ကျွန်မ တစ်ခါဖူးမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေ တုန်လိုက်တာရှင်။ ကျွန်မတို့ ခရီးသည်တွေအားလုံး ဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ် ပြန်ရောက်မှာပါနော်”

စိတ်ချပါဗျာ။ ကျွန်တော် လေယာဉ်မောင်း လာတာ ကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာ မထားခဲ့ပါဘူး”

ဒါကလွယ်ပါတယ်

“ခင်ဗျားရဲ့ မြို့ပတ်ရထား လက်မှတ် မှားနေ ပါလား။ ခင်ဗျားစီးရမှာက လက်ဝဲရစ်၊ အခု ရထားက လက်ယာရစ်”

ကိစ္စမရှိပါဘူး၊ ဒါဆို ကျွန်တော် နောက်ပြန် ထိုင်ပြီး လိုက်ပါ့မယ်”

သူ့ဆန္ဒ

“ငါတော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံချမ်းသာတဲ့ မုဆိုးမ ရရင် ယူမယ်ကွာ” ။

ဟေ့ကောင်ရယ်၊ မုဆိုးမရဲ့ ဒုတိယလင် တော့ မဖြစ်ချင်စမ်းပါနဲ့”

သြ မင်းက မုဆိုးမရဲ့ ပထမလင်ဆိုရင် ဖြစ်ချင်တယ်ပေါ့ လေ ဟုတ်လား”

ယုံပါတယ်

“တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့် စက်ဘီးကို ကြည့်ထားပေးစမ်းပါ”

ဟေ့ကောင် ငါက အယ်ဒီတာကွ”

ရပါတယ်။ ကိစ္စမရှိပါဘူး၊ ကျွန်တော် ခင်ဗျားကို ယုံပါတယ်”

ဒါကြောင့်မြဲတာ

“ဒီကုမ္ပဏီမှာ ကျွန်တော် အလုပ်လုပ်လာ • တာ ဆယ်နှစ်ကျော်ပါပြီ သူဌေးမင်းရယ်၊ တစ်ခါမှ လစာတိုးပေးဖို့ မပြောခဲ့ပါဘူး”

အေးလေ အဲဒါကြောင့်လည်း မင်း ငါ့ဆီမှာ ဆယ်နှစ်ကျော်နေနိုင်တာပေါ့”

ယုံပါဘူး

“အဲဒီ အဆိုတော်လင်မယား ကွဲသွားတာ ကြာပြီကွ” ၂. “မဖြစ်နိုင်တာကွာ၊ တစ်လတစ်ခါလောက် ရေဒီယိုထဲမှာ သူတို့စုံတွဲသီချင်းကို ကြားနေရတာပဲ

မေမေ့စကား

“လက်ရေးညံ့လိုက်တာကွာ၊ မင်းကို နေ့တိုင်း ` ရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှ ဂရုမစိုက်ဘူးလား”

“ကျွန်တော့် မေမေက ပြောတယ်ဆရာ၊ ငါ့သား လက်ရေးမလှလည်း ကိစ္စမရှိဘူးတဲ့၊ ဘယ်သူမှ မဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင် ဆရာဝန်လုပ်ခိုင်းသူမှမှာတဲ့”

ဘယ်သူ့လက်ချက်လဲ

“ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်း ခုန်ချ တာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသား တွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့ လေ့ကျင့် နေတာလား”

ဟင်း... ဟင်း ... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့”

အကြီးမားဆုံးဖြစ်မှု

“ခင်ဗျားယောက်ျားနဲ့ ကွာရှင်းခွင့်တောင်းခံ ရအောင် သူက ဘယ်လိုအပြစ်တွေများ ကျူးလွန် နေလို့လဲ”

သူ့အတွက် သတ်သတ် ကျွန်မ ချက်ကျွေး တာမန်သမျှ သူမစားခင် ကျွန်မကို အရင်စားခိုင်းလို့ပါ”

ရည်ရွယ်ချက်က

“ငါ့ညီမဝမ်းကွဲတစ်ယောက် ကံအတော် ကောင်းတယ်ကွာ၊ မြို့ပေါ်က နာမည်အကြီးဆုံး အထူးကုဆရာဝန်နဲ့ ညားသွားပြီ”

ဒါဆို ရောဂါဖြစ်ရင် ကုသဖို့ အဆင်သင့် ဆိုတော့ ဟန်ကျပြီပေါ့”

ငါ့ညီမက ရောဂါကုချင်လို့ ဆရာဝန်ကို ၊ ပူတာမှမဟုတ်ဘဲ” -

သိနားလည်မှု

“မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်း ကောင်းသိတဲ့သူ ပါသံလားကွ”

ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီး တတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်း သိပါတယ်”

ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ”

အိုဘယ့် စာရေးဆရာ

စာအုပ်တောင် မထွက်သေးဘူး၊ အရက်ဖြတ် နည်းစာမူအတွက် ငွေလာတောင်းတယ်ဆိုတော့ ဘာ တွေများ အရေးတကြီး သုံးစရာရှိလို့လဲဗျာ”

အရက်သောက်ဖို့ ဘိုင်ကျနေလို့ပါ”

အဖြေကောင်း

“သမိုင်းထဲမှာ ဘုရင်တစ်ပါး ကွယ်လွန်တာ နဲ့ ဘာတွေဆက်ပြီး ဖြစ်လာလေ့ရှိသလဲဆိုတာ စမ်း ကွာ”

ဟုတ်ကဲ့၊ ဆက်ပြီးဖြစ်လေ့ရှိတာက ဘုရင် ကြီးရဲ့ ဈာပနအခမ်းအနားပါ ဆရာ”

သူ့လက်ရာ

“ဒီနေ့ ကျွန်မ ချက်ကျွေးတဲ့ဟင်းက ဘယ့် နှယ်နေလဲဟင်”

ကောင်းတယ် မိန်းမရာ၊ ချိုပြီး ဆိမ့်နေတာ

မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ် နည်း စာအုပ်ထဲမှာ ချဉ်စပ်လို့ ရေးထားတယ်ရှင့်”

ထီးတစ်လက်၏ သံသရာ

အခုလာရတဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ သုံး ရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူ ချင်လို့ပါ”

ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့က အိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွား တောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွား လို့ပါတဲ့။ အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ”

အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်က လည်း အဲဒီထီးကို ငှားဆောင်းလာခဲ့တာ။ အဲဒါလာ

တောင်းနေလို့ါ။ သူကလည်း ဒီထီးဟာ သူ့ထီး မဟုတ်ဘူး ခဏငှားလာတာတဲ့”