Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ပြုံးတစိမ့်စိမ့်

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

မကြိုက်လို့ပါ

ဆရာမ - မင်းကို ငှက်ပျောသီး ၃၆ လုံးပါတဲ့ခြင်းနဲ့ လိမ္မော်သီး ၅- လုံးပါတဲ့ခြင်းကို ရွေးခိုင်းရင် ဘယ်ဟာယူမလဲ။

တပည့် - လိမ္မော်သီး ၅ လုံးပါတဲ့ခြင်းကို ရွေးပါမယ်။

ဆရာမ - တကယ်တော့ ၃၆ လုံးဟာ ၅ လုံးထက်များတယ်ဆိုတာမင်းနားမလည်ဘူးလား။

တပည့် - နားလည်ပါတယ်ဆရာမ။ အဲဒါကြောင့် လိမ္မော်သီး ၅လုံးပါတဲ့ခြင်းကိုရွေးတာပေါ့ ။ သားမှ ငှက်ပျောသီး မကြိုက်တာ။

အတွေးကောင်းသူ

အိမ်ရှင်တွေ အလည်အပတ်ခရီးထွက်နေတုန်း ငါတို့ အိမ် ဖောက်ကြရအောင်”

မင်း ရူးနေလား၊ အဲဒီအိမ်မှာ ခွေး ၆ ကောင်ရှိတယ်။ ခွေးတွေ ဟောင်သံကြားရင် ပတ်ဝန်းကျင်က သိကုန်မှာပေါ့ကွ”

ငါက အဲသလိုမတွေးဘူး။ အကောင်းဘက်က တွေး ကြည့်မိတယ်။ ခွေးတွေ ကျယ်ကျယ်လောင်လောင်ဟောင်နေတော့ ငါတို့ ဖောက်ထွင်းသံကို ဘယ်သူမှကြားရမှာမဟုတ်ဘူး”

ရုပ်ဖျက်ကောင်းသူ

ဘဏ်တစ်ခုသည် သီတင်းတစ်ပတ်အတွင်းမှာပင် လေး ကြိမ်တိတိ ဓားပြတိုက်ခံရသည်။ အတိုက်ခံရတိုင်းတွင် ဓားပြ တစ်ဦးတည်းကသာ လာတိုက်ခြင်းဖြစ်သည်။

လေးကြိမ်မြောက် ဓားပြတိုက်ခံရအပြီးတွင် ရဲက ဘဏ်မန် နေဂျာကို ဓားပြ၏ပုံပန်းသဏ္ဌာန်အား မေးမြန်းလိုက်သည်။

ဒီလိုဗျာ ... ဓားပြတိုက်သူက တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ တစ်ကြိမ်ထက်တစ်ကြိမ် သူ့အဝတ်အစားတွေ ပိုကောင်း လာပါတယ်”

သုတေသနပြုချက်

လေ့လာစူးစမ်းမှုအသစ်တစ်ရပ်က ဖော်ထုတ်လိုက်သည်မှာ လူ ၅ ယောက်တွင် တစ်ယောက်မှာ အိပ်ရင်း ဟောက်တတ်သူ ဖြစ်သည်။ အခြားသော သီးခြားလေ့လာမှုတစ်ရပ်အရ တွေ့ရှိရ သည်မှာ လူ ၅ ယောက်လျှင် ၄ ယောက်မှာ အိပ်မပျော်ရောဂါစွဲ နေသည်ဟူ၏။

တူညီမှု

မင်း တူနဲ့သံ ရိုက်နေတာ မိုးကြိုးပစ်သလိုပဲကွ”

“အသံ သိပ်ကျယ်လို့လားဟင်”

မဟုတ်ဘူး။ မင်းရဲ့ တူက တစ်နေရာတည်းကို ဘယ်တော့ မှ နှစ်ကြိမ်မထုမိလို့”

အဖြေကောင်း

ကိုယ်ကာယလေ့ကျင့်ခန်းတွင် သင်တန်းသားအားလုံးကို ကျောခင်းစေပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင်ကာ စက်ဘီးနင်း သကဲ့သို့ လှုပ်ရှားခိုင်းထားသည်။ ..

မိနစ်အတော်ကြာတွင် လူတစ်ယောက်က လှုပ်ရှားမှုရပ်နေ သည်ကိုတွေ့ရသဖြင့် နည်းပြက လှမ်းအော်လိုက်သည်။

စက်ဘီးကို နင်းနေရမှာလေ... ဘာလို့ရပ်နေရတာတုန်း”

ကျွန်တော် မရပ်ပါဘူး။ ကုန်းလျှာမှာ အရှိန်နဲ့ဆင်းနေတာ ပါ”