Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ပြုံးစေ့စေ့ဖတ်စရာ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

အမီလိုက်နိုင်အောင်လို့

လူတစ်ယောက် တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကို ရောက်လာပါတယ်။

ဆရာ ကျွန်တော့်မြင်းဟာ သိပ်ကပ်တာပဲ၊ ဘယ်လို မောင်းမောင်း မပြေးဘူးဖြစ်နေတယ်၊ ဘယ်လိုလုပ်ရမလဲ ဆရာ...”

ဆရာဝန်က ဆေးအနီနဲ့အစိမ်းနှစ်လုံး ထုတ်ပေး လိုက်ပါတယ်။

ဒီဆေးကိုယူသွားပါ။ ပထမအနေနဲ့ ဆေးအနီကို မြင်းရဲ့ ဖင်ထဲထည့်လိုက်ပါ။ သူပြေးပါလိမ့်မယ်။ ဒီထက် ပိုပြေးချင်ရင်တော့ ဆေးအစိမ်းကိုထည့်လိုက်ပါ။ ဒါဆို ခင်ဗျားမြင်းဟာ အာဂမြင်းဖြစ်သွားပါလိမ့်မယ်”

အဲဒီ လူဟာဝမ်းသာအားရပဲ ဆေးနှစ်လုံးယူသွားပါတယ်။ တစ်လလောက်ကြာတော့ ဆရာဝန်နဲ့ အဲဒီလူ ပြန် တွေ့ပါတယ်။ အဲဒီလူကိုကြည့်ရတာ ရွှင်လန်းတက်ကြွနေ ပါတယ်။ ဒါနဲ့ ဆရာဝန်က

ဗို့မြင်းဆရာကြီး မတွေ့ရတာကြာပြီ၊ ခင်ဗျားမြင်း အဆင်ပြေရဲ့လား။ ဆေးနဲ့ရော တည့်ရဲ့ လား.”

မြင်းဆရာက ရွှင်လန်းစွာနဲ့ပြန်ပြောလိုက်ပါတယ်။

“တည်ပါရောလားဆရာ၊ ဆေးအနီတစ်လုံး သူ့ဖင် ထဲထည့်လိုက်တာနဲ့ ထပြေးတာ ဘယ်သူမှတောင် လိုက် မဖမ်းနိုင်တော့ဘူး”

ဆရာဝန်က မျက်မှောင်ကြုတ်သွားတယ်။

“ဒါဆို အဲ့ဒီမြင်းကိုဘယ်လိုပြန်ဖမ်းကြလဲ”

မြင်းဆရာကြီးက ပြုံးပြီးဖြေလိုက်တယ်။

“လွယ်ပါတယ်ဗျာ၊ ဆရာပေးတဲ့ဆေးအစိမ်းကို ကျွန် တော့်ဖင်ထဲထည့်ပြီး အမီလိုက်ရတာပေါ့”

နောက်မှ ခေါ်လာခဲ့ပါ

လမ်းသွားလမ်းလာများကို အမျိုးမျိုး နောက်ပြောင် ပြီး အနှောင့်အယှက်ပေးသော ချာတိတ်ကို ရဲသားတစ် ယောက်က ဆွဲခေါ်လာသည်။ ချာတိတ်၏အိမ်သို့ ရောက် သောအခါ ရဲသားက ဘဲလ်တီးလိုက်သည်။ ချာတိတ်၏ အဖေက တံခါးကိုဖွင့်ပေးသည်။ ရဲသားက အသံခပ်မာမာ ဖြင့်မေးသည်။

ဒါနောင်ကြီးရဲ့ ကလေးလား”

“ဟုတ်တယ်။ ဒါပေမဲ့ နောက်တစ်နာရီကြာမှ ခေါ် လာခဲ့ပါလားဗျာ။ အိမ်မှာ ဧည့်သည်တွေရောက်နေလို့ပါ”

ရွေးဖို့လား

အိမ်ထောင်စုတွင် အမြွှာပူးမွေးသည်။ မိဘနှစ်ပါးစလုံး ဝမ်းသာနေကြသည်။ ငါးနှစ်သားလေးသည် ညီနှစ်ယောက် ကို အကြာကြီးကြည့်သည်။ ထို့နောက် မိဘများကိုမေး သည်။ ။

သူတို့ နှစ်ယောက်လုံး ဒီမှာ နေမှာလား။ ဒါမှမဟုတ် ကြိုက်တာတစ်ယောက်ကိုရွေးဖို့ ကျွန်တော်တို့ဆီ ပို့လိုက် တာလားဟင်”

ယောက်ျားတို့အကြောင်း

၁။ ကြောင်တောင်တောင်အလာ၊ အိမ်ပစ္စည်းဗလာနဲ့ယောက်ျား

၂။ အရမ်းချစ်ဟန်ဆောင် ဖွန်အလွန်ကြောင်တဲ့ယောက်ျား

၃။ ဂိုက်ပေးကြမ်းပြီး လက်သရမ်းတဲ့ယောက်ျား

၄။ ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောက်ျား

၅။ စိတ်ကပျို ကိုယ်ကမနု အပျိုဆို အခု...အခု.. ဖြစ်နေတဲ့ယောက်ျား

 ၆။ ဆရာကြီး အရမ်းလုပ်၊ ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောက်ျား

၇။ “ဇ” ကိုမသုံး၊ အကြံတုံးတဲ့ယောက်ျား

၈။ ဈေးဝယ်ရင်ကပ်စီး၊ လက်ချည်းပြန်လာတဲ့ယောက်ျားရဲစတိုင်း "

၉။ ညစ်ညမ်းတဲ့စကား မတရားပြောတဲ့ယောက်ျား

၁၀။ တရားဗန်းပြ ဩကာသတောင် မရတဲ့ယောက်ျား

၁၁။ ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောက်ျား

၁၂။ ဒီနားဆိုပြီး ကာရာအိုကေသွားတဲ့ယောက်ျား

၁၃။ ဓူဝံကြယ်တောင်ဘက်ပြောင်းမယ် အပြောနဲ့ ဗိုက်ဟောင်းလောင်းယောက်ျား

၁၄။ နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အသီးအပုပ်ရုပ်နဲ့ယောက်ျား

၁၅။ ပလီပလာစကားပြောပြီး မူယာတွေများတဲ့ယောက်ျား

၁၆။ ဖုန်းတစ်လုံးနဲ့ ဟန်လုပ်အကြံနုပ်တဲ့ယောက်ျား

၁၇။ ဗိုင်းကောင်းကျောက်ဖိဆိုပြီး အစ်မတွေ အများကြီးရှိတဲ့ယောက်ျား

၁၈။ ဘိုင်ပြတ်ရင် တိုင်ပတ်ချင်တဲ့ယောက်ျား

၁၉။ မဝါသနာထုံ မုန်ယိုနေတဲ့ယောက်ျား

၂၀။ ယိမ်းနွဲ့ ကာ လမ်းလျှောက် အခြောက်စတိုင်နဲ့ယောက်ျား

 ၂၁။ ယစ်ထုတ်ကြီးဘွဲ့ နဲ့ အတင်းတုတ်ပြီးနေတဲ့ယောက်ျား

၂၂။ လူရာကဖြင့်မဝင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ယောက်ျား

၂၃။ ဝမရှိဘဲ ဝိလုပ်ချင်တဲ့ယောက်ျားပြုံးစေ့စေ့ဖတ်စရာ

၂၄။ သေရည်သေရက်ကို အသေမက်တဲ့ယောက်ျား

၂၅။ ဟိုလိုဒီလိုနဲ့ အထာပိုတဲ့ယောက်ျား ကို

၂၆။ အအိပ်အရမ်းမက် ပုဆိုးလည်ပင်းပတ်တဲ့ယောက်ျား