Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - တွေးမှရယ်ရဤဟာသ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

မှားပေလို့သာပဲ

ယောက်ျားက သူ့ဇနီးကို ပြောလိုက်သည်။

“ဒီလောက်စကားများတဲ့မိန်းမ ဒီတစ်ခါ ဖုန်းဆက်တာ ဆယ့်ငါးမိနစ်ပဲ ကြာပါလား”

“ဖုန်းနံပါတ် မှားသွားလို့ရှင့်”

ဝမ်းသာလွန်းလို့

မျက်နှာတစ်ပြင်လုံးညစ်ပတ်ပေရေနေသူတစ်ဦးကို ပေးလိုက်သည်။

“မျက်နှာက ဘာဖြစ်တာလဲ”

“မီးရထားစက်ခေါင်းကို ဖက်နမ်းလိုက်လို့ပါ”

“နမ်းစရာရှားလို့၊ မင်း ရူးနေတာလား”

“မရူးပါဘူး။ ယောက္ခမကြီးကို အဲဒီရထားနဲ့ ပို့ပေးလိုက်လို့လေ”

သူ မသိစေနဲ့

လူတစ်ယောက်သည် သူ့ခွေးကို စိတ်ဆိုးသဖြင့် အစာမကျွေးရန် ဆုံးဖြတ်ထားသည်။ သို့သော် ည ဆယ်နာရီခန့်တွင် ခွေးက တအီအီအသံပြုရာ သနားလာသောကြောင့် သူ့ဇနီးကို အစာသွားကျွေးခိုင်းလိုက်သည်။ "မိန်းမရေး ဂျက်ကီကို အစာသွားကျွေးလိုက်ကွာ၊ ငါကျွေးခိုင်းတယ်ဆိုတာ သူ မသိစေနဲ့” အပေါ်မတက်ရသေးဘူး

လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးက ပြောလိုက်သည်။ “ကြည့်စမ်း၊ အောက်ကလူတွေဟာ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ တကယ့်သေးသေးလေးတွေ “အဲဒါ တကယ့်ပုရွက်ဆိတ်တွေပါ၊ ကျွန်တော်တို့ လေယာဉ်က မတက်သေးပါဘူး”

ငါးစာသွားလဲတာ

လူနှစ်ယောက် မြစ်ဆိပ်တွင် ငါးထိုင်များနေရင်း တစ်ယောက် ရေထဲ ဆင်းငုပ်သွားသည်။ အတော် ကြာမှ ထိုသူ ပြန်ပေါ်လာသည်။ “မင်း ရေငုပ်တာ အကြာကြီးပဲ၊ ဘာဖြစ်လို့တုံး” “ငါးမမိလို့ ငါးစာသွားလဲတာပါ”

ကော်တရာ

မင်း အစ်ကိုဆီက စာလာတယ်ဆို”

ဟုတ်တယ်။ သူ နိုင်ငံခြားထွက်သွားတာ ဆယ်နှစ်ကျော်ပြီ။ မနေ့ကမှ စာတစ်စောင် ရောက် လာတယ်” “ဘာတဲ့လဲ၊ သူ ဟိုမှာ အဆင်ပြေသတဲ့လား”

မသိဘူး။ တံဆိပ်ခေါင်းမကပ်ဘဲ စာထည့် လိုက်တာဆိုတော့ ကျသင့် တန်ဖိုး ပေးမရွေးချင်လို့ လက်မခံလိုက်ဘူး”

နည်းလမ်းနှစ်သွယ်

အိမ်က ရေပိုက်ခေါင်းမှာ ရေတစက်စက် ကျနေ တာ၊ ဘယ်လိုလုပ်ရမလဲ မသိဘူး”

“နည်းလမ်းနှစ်ခုရှိတယ်”

 “ဆိုစမ်းပါဦး”

ပိုက်ပြင်ဆရာ ခေါ်ပြင်ခိုင်းလိုက်၊ သို့မဟုတ် နားထဲဂွမ်းဆို့ထားလိုက်”

ဖြစ်မှမဖြစ်သေးတာ

ကျွန်တော်က တစ်ခုခုစားပြီးရင် ဘီယာသောက် တယ်။ သွေးအားနည်းနေရင် ဝိုင်နီသောက်တယ်။ ဖျားချင်သလိုလိုဖြစ်ရင်တော့ ဝီစကီ သောက်တယ်”

“ဒါဆို ရေကို ဘယ်အချိန်သောက်လဲ”

ဟင့်အင်း ရေသောက်ရလောက်တဲ့ ရောဂါမှ မဖြစ်ဖူးသေးတာ”

ဘယ်သူက ရှာလို့တုံး

မိန်းမရေ.. မနေ့ည အိပ်မက်ထဲမှာ မင်းနဲ့ကိုယ် နဲ့ ဘန်ကောက်မြို့တော် ရောက်နေကြတယ်။ ညဈေး

တန်းလျှောက်သွားရင်း မင်းဘယ်မှာ ကျန်ရစ်ခဲ့မှန်း မသိဘူး”

နောက်ဆုံးတော့ ရှာတွေ့သွားတယ်မလား”

“ရှာတယ်လို့ ပြောမိပါဘူး”

တွေးမှ ရယ်ရ ဤဟာသ

ဘယ်လိုချက်ပေးရမလဲ

မိန်းမရေ၊ ညစာကို ငါတို့အိမ်မှာ လာစားဖို့ သူငယ်ချင်းတချို့ကို ဖိတ်ခဲ့တယ်။ မင်း လက်စွမ်းပြ ပေးလိုက်ပါဦး”

ဘယ်လိုချက်ပေးရမလဲ ပြော၊ နောက်မကြာ မကြာ အလည်လာအောင် ချက်ရမလား၊ တစ်ခါ တည်း ဆလံတိုက်သွားအောင် ချက်ရမလား”