စိတ်ကူးချိုချိုစာပေ
ရဲစတိုင်း - စေ့စေ့တွေးပြီးဖြည်းဖြည်းရယ်
Couldn't load pickup availability
ပိုင်ရှင်မတွေ့အောင်
“မနေ့ကကောက်ရတဲ့ ဘောလုံးနဲ့ ဘာလို့အပြင်ထွက် မဆော့တာလဲ”
“ဘောလုံးပိုင်ရှင်တွေ့ရင် ပြန်တောင်းမှာစိုးလို့”
မအိပ်ကြသေးဘူး
“မင်းအမျိုးသားက အိပ်ရင် ဟောက်တတ်သလား”
“မသိဘူးအေရဲ့၊ ကိုယ်တို့ညားတာ သုံးရက်ပဲရှိသေးတယ်”
စာမူခအများဆုံး
“ဘယ်လိုစာမူမျိုးက ပိုက်ဆံအများဆုံးရသလဲ စာရေး ဆရာကြီးရဲ့
“ပြန်ပေးဆွဲတဲ့ စာ”
ရယ်ရတယ်
မိန်းမဖြစ်သူသည် တယ်လီဖုန်း နားထောင်ပြီးနောက် အိပ်ခန်းထဲရှိ လင်ငယ်ကို ပြောလိုက်သည်။
“ကျွန်မယောက်ျားက ဖုန်းလှမ်းဆက်တာလေ၊ အပြန် နောက်ကျမယ်တဲ့ .. ဟင်း ဟင်း ဟင်း ရယ်ရတယ်၊ သူက ရှင်နဲ့အတူ ဘိလိယက် ထိုးနေလို့တဲ့”
ပင်ပန်းလွန်းလို့ပါ
အရက်မူးသမားတစ်ယောက် အရက်ဆိုင်ထဲဝင်လာသော အခါ ဆိုင်ရှင်က ဘာသောက်မလဲ မေးမြန်းလိုက်သဖြင့် ထိုသူက ပြန်ဖြေကြားလိုက်သည်။
“အေးဗျာ .. ပင်ပန်းလိုက်တာ လွန်ရောပဲ၊ ခင်ဗျားစဉ်းစား ကြည့်လေ၊ ကျုပ်တို့ အမေရိကန်နိုင်ငံမှာ လူဦးရေ ၂၃၇ သန်းရှိ တယ်၊ အဲဒီထဲမှာ ၁၀၄သန်းက အငြိမ်းစားတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်မစွမ်းတွေ။ ဒီတော့ အလုပ်လုပ်နိုင်တဲ့ သူက ၁၃၃ သန်းကျန်တယ်၊ အဲဒီထဲမှာ ၈၅ သန်းကကျောင်းသား တွေဆိုတော့ အလုပ်လုပ်နိုင်တဲ့သူ ၄၈ သန်းပဲကျန်တယ်။ တစ်ခါ ၂၉သန်းက ပြည်ထောင်စု အစိုးရဝန်ထမ်းတွေဖြစ်နေပြန်တော့ အလုပ်လုပ်နိုင်သူက ၁၉ သန်းပဲ ရှိတော့တယ်၊ အဲဒီထဲမှာ ၄သန်း က စစ်တပ်ထဲမှာ၊ ခင်ဗျား စဉ်းစားကြည့် ၁၅ သန်းပဲရှိတော့တယ်၊ တစ်ခါ ၁၄သန်းနဲ့ ၈သိန်းက ပြည်နယ်အစိုးရဝန်ထမ်းတွေ၊ ဒီတော့ ၂သိန်းပဲရှိတော့တယ်၊ အဲဒီထဲမှာ ဆေးရုံတက်နေသူက တစ်သိန်း ရှစ်သောင်းရှစ်ထောင်၊ ထောင်ထဲရောက်နေသူတွေက တစ်သောင်း တစ်ထောင်ကိုးရာ ကိုးဆယ့်ရှစ် ရှိတယ်၊ တကယ် အလုပ်လုပ် နေသူက ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်တည်းရှိတယ်၊ ဒီကြားထဲ ခင်ဗျားက ဆိုင်ရှင်ဆိုတော့ ဆိုင်ကမခွာရဘူး၊ အပြင်ထွက်ပြီး ကျုံးရုန်းလုပ်နေရတာ ကျုပ်တစ်ယောက်တည်းမို့ အခုလို ပင်ပန်း နေတာ အံ့ဩမနေနဲ့တော့၊ ဒါကြောင့် ကျုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာနှစ်လုံး အလကားတိုက်ပေတော့ဗျာ ဟုတ်ပလား၊ ကိုယ့်လူ”
ဈေးပိုကောင်းတယ်
“ဒီခြင်္သေ့ကြီးကို အာဖရိကမှာ အမဲလိုက်ရင်း ကျွန်တော် ပစ်ခဲ့တာလေ၊ တကယ်ပြောရရင် ဒီလောက်ခန့်ညားတဲ့ အကောင် ကြီးကို ကျွန်တော် မပစ်ရက်ပါဘူးဗျာ၊ ဒါပေမဲ့ အခု ကိစ္စမှာ ရွေးဖို့လမ်းမရှိဘူးဗျ၊ ကျုပ်က မသတ်ရင် သူက သတ်မှာပဲ”
“အေးပေါ့ဗျာ ... ခင်ဗျားသားရေထက်စာရင် သူ့သားရေက ပိုပြီး ဈေးကောင်းရတာကိုး”
တုံ့ပြန်မှု
“တရားသူကြီးမင်းရှင့်၊ ကျွန်မ ယောက်ျားဟာ အိမ်မှာ ရှိသမျှ ပန်းကန်တွေ ဗီရိုတွေ၊ စားပွဲတွေကို ရိုက်ခွဲပစ်ပါတယ်၊ | ကျွန်မကိုလည်း ရင့်ရင့်သီးသီးပြောပါတယ်”
“သူက အဲသလို လုပ်ပြီးတဲ့အခါ ပြန်မတောင်းပန်ဘူးလား”
“မတောင်းပန်ပါဘူး၊ ကျွန်မကို ထပ်ပြီး စကားမပြောခင် မှာဘဲ သူ့ကို လူနာတင်ကားနဲ့ သယ်သွားပါတယ်”
အသံကြားရလို့
“မောင်မင်းရဲ့ ယောက္ခမကြီးမောင်းတဲ့ ကားနဲ့ တိုက်မိတယ် ဆိုတာ သေချာရဲ့လားကွာ”
“သေချာပါတယ် တရားသူကြီးမင်း ခင်ဗျား၊ ကားနဲ့ တိုက် မိပြီးတဲ့အခါ သူ့ရဲ့ ကျေကျေနပ်နပ်ရယ်သံကို ဘယ်နေရာက ကြားကြား ကျွန်တော် မှတ်မိပါတယ် ခင်ဗျား”










