ရဲစတိုင်း - ငွေရှာနည်း၁၀၀
(၁) သင့်အိမ်ရဲ့ အခန်းတစ်ခန်းကို အဆောင်အဖြစ်ငှားပါ
သင်နေထိုင်တဲ့အိမ်ရဲ့ အခန်းတစ်ခန်းကို အဆောင် အဖြစ်ငှားရမ်းခြင်းက အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပိုက်ဆံရှာဖွေသည့်နည်းလမ်းများထဲမှ တစ်ခုပင်ဖြစ် သည်။ ကောင်းမွန်တဲ့သဘောတူညီချက်နဲ့ စတင် ပြုလုပ်နိုင်ပြီး မိမိဘက်က စိုက်အားအနည်းဆုံးပေး ဖို့သာ လိုအပ်ပါတယ်။
သင့်ရဲ့ အခန်းက ပရိဘောဂဆင်ယင်ထားခြင်း ရှိမရှိ၊ မိန်းကလေး (သို့) ယောက်ျားလေး မည်သူ့ကို ငှားမည်၊ ဆေးလိပ်သောက်သူဆိုလျှင် မငှား၊ မသောက် သူသာလျှင် ငှားမည် စသည်ဖြင့် ကြော်ငြာရုံသာ လို အပ်ပါတယ်။ ကြော်ငြာကို သတင်းစာရဲ့ ကြော်ငြာ ကဏ္ဍ သို့မဟုတ် တက္ကသိုလ်စာစောင် သို့မဟုတ် အင်တာနက်မှာ ကြော်ငြာလို့ရပါတယ်။
လာရောက်လျှောက်သူတွေရှိပြီဆိုရင်တော့ အိမ် ရှင်၊ အိမ်ငှား အင်တာဗျူးပြုလုပ်နိုင်ပါပြီ။ သင် ကြိုတင် စိတ်ကူးထားတဲ့မေးခွန်းတွေ မေးလို့ရပြီး အခြေခံစည်း မျဉ်းလေးတွေ ချမှတ်လို့ရပါပြီ။ အကယ်၍ တစ်စုံတစ်ယောက်ကို မူမမှန်ဘူးလို့ယူဆရင် သင့်ရဲ့ ကိုယ်ပိုင် အသိဉာဏ်ကို ယုံကြည်လိုက်ပါ။
ပရိဘောဂဆင်ယင်ပြီးအခန်းမျိုး သင့်မှာရှိတယ် ဆိုရင်တော့ အခြေခံလခထက် ပိုတောင်းလို့ရပါပြီ။ အစားအသောက်အတွက်ပါ စီစဉ်ပေးမယ်ဆိုရင်တော့ ငွေကြေးပိုရမှာဖြစ်ပါတယ်။ သင်နေတဲ့ နေရာအပေါ် မူတည်ပြီး အခန်းငှားခ တစ်ပတ်ကို ကျပ် ၁ဝဝဝဝ မှ ၂၀၀၀၀ ကျော်အထိ ရနိုင်ပါတယ်။
(၂) သင့်အိမ်ကို ရုပ်ရှင်ကုမ္ပဏီသို့ငှားပါ
ရုပ်ရှင်နဲ့ TV ဇာတ်လမ်းတွေထုတ်လုပ်တဲ့နေရာ တွေရဲ့ အနီးအနားမှာသင်နေထိုင်တယ်ဆိုရင်တော့ သင့်အိမ်ကို ရှုတင်နေရာအဖြစ် ငှားရမ်းနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း သင့်အိမ်ကို တစ်နေ့လုံးအသုံးမပြုဘူး ဆိုရင် ဒီနည်းလမ်းဟာလည်း ငွေအမြောက်အများ ရှာနိုင်တဲ့ နည်းတစ်ခုပါပဲ။
ရုပ်ရှင်ကုမ္ပဏီများဟာ စာချုပ်ကာလ ၉ လ သို့မဟုတ် ၉ လထက်ပိုပြီး အိမ်တစ်အိမ်ကို ငှားလိုကြ ပါတယ်။ ဘယ်အချိန်မှ ညပဲဖြစ်ဖြစ် နေ့နေ့ညည သင့် အိမ်ဟာလှပနေမယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ငှားထားတဲ့အချိန်အတွင်းမှာ သင့်အိမ်ကို နေ့စဉ် အသုံးပြု မှာတော့မဟုတ်ပါဘူး။ TV ဇာတ်လမ်းတွေဟာ ရာသီ အလိုက် ရိုက်ကူးတင်ဆက်တာဖြစ်တဲ့အတွက် သင့် အိမ်ကို အခန်းဆက်တိုင်းအတွက် အသုံးပြုမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အိမ်နေရာမှာ ရိုက်ကူးတာ ရက်အနည်းငယ်သာ ကြာမြင့်မှာဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ ရုပ်ရှင်လုပ်ငန်းအတွက် သုံးမယ်ဆို ရင် တစ်ရက်နှစ်ရက်ခန့်သာ ကြာမြင့်နိုင်ပါတယ်။
ရိုက်ကူးသူတွေအနေနဲ့ သင့်အိမ်ကို အပြောင်း အလဲ လုပ်လိမ့်မယ်ဆိုတာကိုတော့ သတိပြုမိဖို့လိုအပ် ပါတယ်။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း သင့်အိမ်မှာ ထိခိုက်နိုင်ချေရှိတာကိုလည်း သတိထားဖို့ လိုအပ်ပါ တယ်။ ထို့ပြင် လူများစွာစုဝေးနေပြီး ထရပ်ကားတွေ၊ မော်တော်ကားတွေ စုဝေးနေခြင်းကလည်း သင့်ရဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
TV ကြော်ငြာအတွက် တစ်ရက်ကို ၅၀၀၀၀ ကျပ် ကျော် ရရှိနိုင်မှာဖြစ်ပါတယ်။ သင့်အိမ်ရဲ့ ပြင်ဆင်ထား မှု ပရိဘောဂ အသုံးအဆောင်တွေက အဆန်းတကြယ် လှပနေမယ်ဆိုရင်တော့ ဒီထက်ပိုပြီး ဝင်ငွေရမှာဖြစ်ပါ တယ်။ ဒါကတော့ လူတိုင်းရှာဖွေနေတဲ့ အရာပါပဲ။
( ၃ ) ) သင့်အိမ်ရဲ့ထပ်ခိုး သို့မဟုတ် မြေအောက်ခန်းကို
သိုလှောင်ရုံအဖြစ် ငှားပါ
အကယ်၍ သင်ကိုယ်တိုင်လည်း အသုံးမပြုဘဲ ကျယ်ဝန်းတဲ့ ထပ်ခိုး သို့မဟုတ် မြေအောက်ခန်းရှိတယ် ဆိုရင် ၎င်းအခန်းတွေကို ကုန်ပစ္စည်းသိုလှောင်ဖို့ လိုအပ်တဲ့သူတွေကို ငှားရမ်းနိုင်ပါတယ်။ စာချုပ် ကောင်းကောင်းချုပ်ဖို့တော့ လိုအပ်ပါတယ်။ မည်သူ့ ကို ငှားမည်၊ မည်သည့်ကုန်ပစ္စည်းမျိုးကို သိုလှောင် ခွင့်ပြုမည်၊ မည်သည့်ကုန်ပစ္စည်းမျိုးကို သိုလှောင်ခွင့် မပြု၊ မိမိကုန်ပစ္စည်းကို ဘယ်နှစ်ကြိမ်လာရောက် စစ် ဆေးမည်၊ အခန်းငှားခ မည်မျှတောင်းမည်၊ စာချုပ် သက်တမ်းဘယ်လောက်ချုပ်မည်၊ စရံငွေ မည်မျှပေး ရမည်နှင့် စာချုပ်ဖောက်ဖျက်လျှင် မည်သို့ဖြစ်မည် စသည်ဖြင့် ထည့်သွင်းချုပ်ဆိုရမည်။ အကြီးစားစီးပွားရေးလုပ်ငန်းဖြစ်လျှင် ပိုမိုဈေးကြီးနိုင်သည်။ သို့သော် အကျိုးကျေးဇူးတစ်ခုမှာ ငှားရမ်းသူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ကြိုက်သည့်အချိန်တွင် လာရောက်သိုလှောင်နိုင်ပေသည်။ တစ်စုံတစ်ယောက် သည် လအနည်းငယ် ခရီးသွားရန် လိုအပ်နေသည်။ သူခရီးသွားနေစဉ်အတွင်း သူ့၏ပစ္စည်းများကို သိမ်း ဆည်းထားရန်လိုအပ်ပါက သင်၏ အိမ်မြေအောက် ခန်းသည် ငှားရမ်းဖို့ရာအကောင်းဆုံးဖြစ်ပေသည်။ သင့်တော်သော စာချုပ်တစ်ခုတော့ ရေးထားရန် လို အပ်သည်။ သင် သိမ်းဆည်းခွင့်ပြုမည့်ပစ္စည်းသည် သင်၏ အာမခံထားရှိသည့် ပစ္စည်းများနှင့် ကိုက်ညီမှု ရှိမရှိ သို့မဟုတ် ယင်းတို့ကို အာမခံအသစ် ပြုလုပ်ရန် လိုအပ်မှုရှိမရှိ သင့်အာမခံကုမ္ပဏီနှင့် စစ်ဆေးတိုင်ပင် သင့်ပေသည်။ သိုလှောင်ခန်းငှားရမ်းရန် ရှာဖွေနေ သည့်သူကိုသိလျှင်တော့ အကောင်းဆုံးပင်ဖြစ်သည်။ ထို့ကြောင့် သင့်ပတ်ဝန်းကျင်မှာ လိုက်လံမေးမြန်းစုံစမ်း ခြင်း သို့မဟုတ် ကြော်ငြာစာရွက်ဝေခြင်း သို့မဟုတ် အများပြည်သူဖတ်ရှုနိုင်သော နေရာများတွင် ကြော်ငြာ ကပ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
ပစ္စည်းမည်မျှသိုလှောင်သိမ်းဆည်းမည်၊ အချိန် မည်မျှကြာကြာသိမ်းဆည်းမည်အပေါ် မူတည်၍ တစ်