Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ငွေစုနည်း

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

- ဂ -

မြန်မာနိုင်ငံတွင်ပင် ရန်ကုန်၊ မန္တလေးကဲ့သို့ စီးပွားရေး အချက်အချာကျသော မြို့ကြီးများတွင် နေထိုင်သူ၊ နယ်စပ်၊ တောင်ပေါ်ဒေသများတွင် နေထိုင်သူ၊အောက်ပြည်အောက်ရွာ၊ အထက်ပြည် အထက်ရွာ အစရှိသဖြင့် နေရာဒေသအလိုက် လူတစ်ဦးချင်း၏ ပျမ်းမျှဝင်ငွေမှာ ကွဲပြားလျက်ရှိနေဆဲ ဖြစ်သည်။

မြို့ကြီးတွင် နေထိုင်သူ၏ နေ့စဉ်ကုန်ကျစရိတ် က မြို့ငယ်များတွင် နေထိုင်သူများထက် များစွာကုန် ကျနေသည်ကိုလည်း စာဖတ်သူတို့ လက်တွေ့သိမြင် ပြီးဟု ယူဆပါသည်။ ရန်ကုန်ကဲ့သို့ မြို့တွင် တက္ကစီမောင်း အသက်မွေးခြင်းနှင့် တနင်္သာရီတိုင်းရှိ မြိတ်မြို့ တွင် ဆိုင်ကယ်တက္ကစီမောင်းအသက်မွေးခြင်းတွင်ပင် မြိတ်မြို့တွင် နေထိုင်သူက ဝင်ငွေပိုရနိုင်ကြောင်း အကြမ်းဖျင်းသိနိုင်သည်။ နယ်စပ်မြို့များတွင် ငွေရှာရန် လွယ်ကူပြီး ကုန်ပစ္စည်းအချို့မှာ နယ်စပ်မှ တိုက်ရိုက် ဝင်သောကြောင့် ဈေးနှုန်းသက်သာမှုများလည်း ရှိ သည်။ သို့သော် အခြားကုန်ကျ စရိတ်များက ပိုနေ ပြန်ပါသည်။

ထို့ကြောင့် သုံးသပ်ကြည့်လျှင် နယ်စွန်နယ် ဖျားနေ၊ မြို့ငယ်နေ သာမန်ဝင်ငွေရှိ လူတစ်ဦးနှင့် မြို့ကြီးနေ သာမန်လူတစ်ဦး၏ဝင်ငွေနှင့် ကွဲပြားသော်လည်း အသားတင် လစဉ်ငွေကြေးမှာ ကွာခြားမှု သိပ်မများကြောင်း တွေ့ရသည်။ ရှမ်းပြည်နယ်ကဲ့သို့ အအေးပိုင်းဒေသများတွင် ရာသီပေါ်သီးနှံများ ဈေး သက်သာသော်လည်း အပူပိုင်း မြို့ကြီးဒေသများတွင် အသီးအနှံများ ဈေးနှုန်း ၂ ဆမက မြင့်တက်နေတတ် သည်။ သို့သော် ထိုကဲ့သို့ မြို့ငယ်နေ လူမှာလည်း ရရှိသော ဝင်ငွေ ပမာဏနည်းသည်ဟု ဆိုနိုင်သော် လည်း ပြန်လည်အသုံးချရမှတွင် ဈေးနှုန်းသက်သာ သောကြောင့် ဝင်ငွေ၊ ထွက်ငွေ အားလုံး တန်းတူနီးပါး ဖြစ်သွားသည်။ ဤသည်မှာ အကြမ်းဖျင်းဆိုရုံမျှသာ ဖြစ်သည်။

ထို့ကဲ့သို့ ဝင်ငွေရှိသော သူများ ငွေကို မည်ကဲ့သို့ အသုံးချမည်နည်း။ ငွေစုကြမည်နည်း။ အဘယ် ကြောင့် ငွေစုသင့်သနည်း။ ။

ငွေသည် နေ့စဉ်အသက်ရှင်နေထိုင်ရန် လိုအပ် သော အထောက်အပံ့တစ်မျိုးဖြစ်သည်။ ထိုအထောက် အပံ့ရှိမှ လူတို့ စားနိုင်၊ နေထိုင်နိုင်၊ အသက်ရှင် နိုင်ကြသည်။ ထို့ကြောင့်ပင် ငွေရှာကြသည်။ စားဝတ် နေရေး ပြေလည်စေရန် ငွေကို လုံးပမ်းရှာဖွေနေရ သည်။

ခေတ်ကာလ သဘောတရားအရ ဝင်ငွေ၊ ထွက်ငွေ မမျှတမှုမှာ အားလုံးလက်တွေ့ခံစားနေရသည့် ပြဿနာတစ်ခုဖြစ်သည်။ ထိုကြောင့် မိမိရရှိသော လစာ၊ ဝင်ငွေဖြင့် လုံလုံလောက်လောက်နေထိုင်နိုင်ရန်၊ ထိုမှတစ်ဆင့်တိုးကာ ငွေစုနိုင်ရန်လိုအပ်လာသည်။ ငွေစုမိဆောင်းမိထားပါ များစွာအကျိုးကျေးဇူးရှိသည်။

စားဝတ်နေရေး နေ့စဉ် အသုံးချနေရာမှ ဖဲ့ဖဲ့၍ စုထားသော ငွေကြေးသည် တစ်ချိန်ချိန်ကျ ပြန်လည် အသုံးကျစမြဲဖြစ်သည်။ ဖျားနာခြင်း၊ အပျော်ခရီးသွား ခြင်း၊ အလှူအတန်းပြုလုပ်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ သားသမီးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ဝယ်ခြင်း၊ ခြံဝယ်ခြင်း အစရှိသဖြင့် များစွာသော လိုအပ်ချက် တို့ကို ဖြည့်ဆည်းနိုင်ပေသည်။ထို့ကြောင့် စုထားသော ငွေက တစ်နည်းနည်းဖြင့် ကောင်းကျိုးပြန်လည် ပေး စွမ်းသည်။ ငွေစုခြင်းသည် အနာဂတ်အတွက် ရွှေအိုး မြှုပ်နှံခြင်း အတတ်ပညာတစ်မျိုးပင် ဖြစ်သည်။

ငွေစုနည်းမိတ်ဆက်

Perfect Money Saving ဟူသော စာအုပ်သည် ဗြိတိန်နိုင်ငံမှ စာရေးဆရာ Smita Talati ရေးသားသောစာအုပ်ဖြစ်သည်။ အမှန်စင်စစ် ယင်း | စာအုပ်ကို ဂျာနယ်များတွင် အခန်းဆက်အဖြစ် ဖော်ပြ ပြီးမှ တစ်စုတစ်စည်းတည်းဖြစ်အောင် စာအုပ်ထုတ် ပြန်လည်ဖော်ပြထားခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် ထုတ်ဝေပြီး ဥရောပနိုင်ငံများ တွင် နေထိုင်သူများကို အဓိက Target ထား၍ ရေး သားထားသောစာအုပ်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ ဘာသာပြန်သည့်အခါ များစွာ ကွဲပြားမှုများရှိလာခဲ့ သည်။ ဥပမာ- ခရစ်စမတ်ကာလ ငွေအသုံးချနည်း၊ ရာသီပွဲတော်၊ အစိုးရချေးငွေ အစရှိသဖြင့် အချက် အလက်အများစုမှာ မြန်မာပြည်တွင် နေထိုင်သူတို့နှင့် ကိုက်ညီမှုမရှိချေ။ အထူးသဖြင့် ၎င်းတို့၏ ဈေးရောင်း၊ဈေးဝယ်စနစ်သည် အွန်လိုင်းကို အများစုအခြေခံပြီး မြန်မာနိုင်ငံအနေဖြင့် အင်တာနက်အသုံးပြုခြင်း ယဉ်ကျေးမှုမှာ ၎င်းတို့နှင့် များစွာကွဲပြားနေသည်ကို တွေ့ရ သည်။

ထိုအခါ သူတို့နိုင်ငံသားများရရှိသည့် ဝင်ငွေ ပမာဏ၊ မြန်မာနိုင်ငံသားများရရှိသော ဝင်ငွေပမာဏ နှင့် နှိုင်းယှဉ်လိုက်လျှင်လည်း ကွဲပြားနေကြောင်း သိရသည်။ ထို့ကြောင့် ဥရောပတိုက်သား လူပုဂ္ဂိုလ် တစ်ဦး၏ ဝင်ငွေ၊ ထွက်ငွေနှင့် မြန်မာနိုင်ငံသားတစ်ဦး ၏ ဝင်ငွေ၊ ထွက်ငွေမှာလည်း ကွဲပြားနေသေးသည်။