Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ရဲစတိုင်း - ကြိုက်သလောက်ဖတ်ကြိုက်သလောက်ရယ်

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

အကောင်းမြင်၊ အဆိုးမြင်

အကောင်းမြင်သမားနှင့် အဆိုးမြင်သမားတို့ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ရှေ့ | အလားအလာ လုံးဝမကောင်းဟု နှစ်ယောက်စလုံး သဘောညီကြသည်။ အကောင်းမြင်သမားက ပြော သည်။

ဒီလိုငွေဖောင်းပွမှုနှုန်းနဲ့ဆိုရင် မကြာခင် တောင်း စားကြရလိမ့်မယ်”

အဆိုးမြင်သမားက အံ့သြစွာ ပြန်မေးသည်။

တောင်းစားရမယ် ဟုတ်လား၊ ဘယ်သူ့ဆီက တုန်း”

ချောင်းဆိုးချင်တာ လာပြောတယ်

ချောင်းဆိုးနေသော လူငယ်တစ်ယောက်သည် သူချစ်နေသော မိန်းကလေးတစ်ယောက်တည်း ဈေးမှ ပြန်လာသည်ကို တွေ့လိုက်ရသဖြင့် လွတ်လွတ်လပ် လပ်ရှိတုန်း ချစ်ရေးဆိုရန် မိန်းကလေးများသို့ အပြေး ရောက်သွားခဲ့သည်။

အဟွတ်...အဟွတ် ဈေးက ပြန်လာတာလား အဟွတ်.. အဟွတ်”

အဝတ်အစားပြောင်းကြစို့

ယောက်ျားလေး နှစ်ယောက် မိန်းကလေးများ အဝတ်အထည် ဝတ်ဆင်ပုံကိုလေ့လာရင်း စကားပြော နေကြသည်။

တို့ ယောက်ျားလေးတွေဆိုတာ မိန်းကလေး တွေရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး လိုက်လျောညီ ထွေ ဝတ်ပေးရတယ်

ဟုတ်တယ်လေ။ ဒါမှလည်း သူတို့အလှ ပိုပေါ် သွားတာပေါ့

မိန်းကလေးတွေ ရင်ဖုံးအကျီ လက်ရှည်၊ ထဘီ ဝတ်တဲ့ အချိန်မှာ တို့ ယောက်ျားလေးတွေက အင်္ကျီ လည်ကတုံးတို့၊ ပုဆိုးတို့ ဝတ်ပေးရတယ်”

ဟုတ်တယ်။ ဒါမှ ကြည့်လို့ကောင်းမှာပေါ့”

“မိန်းကလေးတွေ စကတ်အရှည်တွေ၊ ဂါဝန် တွေ၊ ထဘီအကွဲတွေ ဝတ်တဲ့အချိန်မှာ တို့ယောက်ျား လေးတွေက စပို့ရှပ်တွေ၊ တီရှပ်တွေ၊ ဘောင်းဘီရှည် တွေ ဝတ်ပေးရတယ်”

“ဒါမှလည်း ရှေ့သွား နောက်လိုက် ညီမှာလေကွာ”

အခု မိန်းကလေးတွေက ချိုင်းပြတ်၊ လည်ဟိုက်၊ ခါးတိုအင်္ကျီတွေနဲ့ တစ်တောင်လောက်ရှိတဲ့ အသား ကပ် ဘောင်းဘီတိုတိုလေးတွေ ဝတ်နေကြပြီ တို့ ယောက်ျားလေးတွေ သူတို့နဲ့ လိုက်ဖက်ညီအောင် ဘယ်လိုဝတ်ကြမလဲ” “

ကာယဗလမောင်တွေလို ဝတ်ကြတာပေါ့ကွာ”

ကုသိုလ်ရတဲ့ သူခိုး

မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်း နှစ် ယောက် တစ်နေရာတွင် မထင်မှတ်ဘဲ ပြန်လည် ဆုံ တွေ့ကြရာ တစ်ယောက်က မေးလိုက်သည်။

“ငါတို့ မတွေ့တာတောင်ကြာပြီ၊ မင်းနေကောင်းရဲ့လား”

ကောင်းပါတယ်ကွာ၊ မင်းရော အဆင်ပြေရဲ့

လား”

. “အဆင်ပြေပါတယ်၊ ဒါနဲ့မင်းအခု ဘာလုပ်နေ သလဲ”

ခိုးတဲ့အလုပ် လုပ်နေတယ်ကွ”

ဟာကွာ၊ မင်းအလုပ်က မနိပ်သေးပါဘူး၊ ခိုးတဲ့ အလုပ်ဆိုတာ ကောင်းတဲ့အလုပ်မှ မဟုတ်တာ၊ အခြား အလုပ် ပြောင်းလုပ်စမ်းပါ”

ငါက ခိုးရတာ ဝါသနာပါလို့ပါကွာ”

မလုပ်ပါနဲ့ကွာ၊ ခိုးတယ်ဆိုတာ ဘုရားလည်း မကြိုက်ဘူး၊ နတ်လည်း မကြိုက်ဘူး။ လူတွေလည်း မကြိုက်ဘူး၊ မိသွားရင်လည်း မသက်သာဘူး”

ငါခိုးတာက ကုသိုလ်ရပါတယ်ကွာ”

ကြံကြံဖန်ဖန်ကွာ၊ ခိုးတာ ကုသိုလ်ရတယ်လို့ မကြားဖူးဘူး”

ငါက မိန်းမ ခိုးတာလေကွာ။ သူငယ်ချင်းတွေ မိန်းမ သွားခိုးမယ်ဆိုရင် ငါက လိုက်ခိုးပေးတယ်။ ငါခိုးပေးလို့ ချစ်သူတွေ ပေါင်းကြရတော့ ငါ ကုသိုလ် ရတာပေါ့”