Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရဲခေါင် - နုရုံကလေး

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

မျိုးဝင်း၏အမှာ

(၁)

လွန်ခဲ့သော ဇွန်လပထမအပတ်အတွင်းကပင်ဖြစ်သည်။

ကျွန်တော်သည် ရေးဖော် ကိုမိုးဝေနှင့်အတူ...။ ခေတ်ပြင်စာပေ ဌာန၌ရှိနေသော စာမူဟောင်းများကို ပြန်လည်ရှင်းလင်းနေမိကြသည်။ ကျွန်တော်တို့ ၏ခြေလှမ်းသစ်တစ်ရပ်ဖြစ်သော “အာရုံမဂ္ဂဇင်း” အတွက်၊ တိမ်မြုပ်နေသော စာမူကောင်းများ ရှိလိုရှိငြား ရှာဖွေနေမိ သည်။ အမှန်အားဖြင့် ယခင်သစ်ဆန်း၊ အလင်းရောင်စသော အထ မမြောက်ခဲ့သည့် မဂ္ဂဇင်းများထုတ်ဝေခဲ့စဉ်က ထိုမဂ္ဂဇင်းများကိုသာ ရပ်ဆိုင်းခဲ့ရသည်၊ မသုံးလိုက်ရဘဲ ကျန်နေသော စာမူများကားရှိနေ ခဲ့ပေသည်။

သို့နှင့်ပင် ကိုမိုးဝေနှင့်ကျွန်တော်တို့ နှစ်ယောက်သား စားပွဲဗီရို တွေထဲမှ ဖိုင်တွဲများကို တစ်ခုပြီးတစ်ခုထုတ်ယူကြကာ၊ ကော်ပီ တစ်ထပ်ကြီးကို ရှင်းလင်းကြလေသည်။ ကော်ပီတွေကား အတော် များပြားလှပါသည်။

သို့ရှိစဉ် ကိုမိုးဝေသည် ဝမ်းသာအားရနှင့် “အို... ဒီမှာ ကိုရဲခေါင် ရဲ့ စာမူတွေပါလားဗျ...” ဟု ပြောပြောဆိုဆိုနှင့် စာမူတစ်ထပ်ကို ဖိုင်တွဲထဲမှ ဆွဲထုတ်လိုက်လေသည်။ ကျွန်တော်လည်း ရင်းနှီးလှသော ကိုရဲခေါင်၏လက်ရေးများကို လှမ်းကြည့်မိလေသည်။

ကော်ပီစာအုပ်မှဆုတ်ထားသော စက္ကူများအပေါ်၌ “ဝတ်လစ် စလစ်သစ္စာ”ဝတ္ထုတိုအစအဆုံးကို တွေ့ရလေသည်။သို့တစေလည်း အခြားသုံးပုဒ်ကား တစ်ပိုင်းတစ်စပင် ဖြစ်လေသည်။ ။

ထိုသုံးပုဒ်အနက် တစ်ပုဒ်မှာအမည်မတင်ရသေး၊ နောက်တစ်ပုဒ် ကို.. “အုံ့ကာလေတဖွဲဖွ” ဟု အမည်ပေးထား၏။ ထိုအမည်ဖြင့် ဝတ္ထုတစ်ပုဒ်ကို ကိုရဲခေါင်ကိုယ်တိုင် တာရာမဂ္ဂဇင်း၌ရေးခဲ့ဖူးလေ သည်။ ကျွန်တော်တို့ တွေ့ရသော “အုံ့ကာလေတဖွဲဖွဲ” ကား တာရာ မဂ္ဂဇင်းမှဇာတ်လမ်းမဟုတ်၊ အခြားဇာတ်လမ်းတစ်မျိုး ဖြစ်လေသည်။ နောက်ဆုံးတစ်ပုဒ်ကတော့ အတော်ထူးသည်။

ဟာ... ကျွန်... ကျွန်တော် သတိရပြီ၊ ကျွန်... ကျွန်တော် ဟိုအရင်တုန်းကယူလာခဲ့တဲ့ စာမူတွေပဲ... ဒါ... နုရုံကလေးပေါ့...” ကိုမိုးဝေက စကားထစ်ထစ်နှင့် ထိုဝတ္ထုကိုဆွဲယူလိုက်ပါသည်။ အနုရုံကလေး... ရဲခေါင်ရေးသည်... တဲ့...။ ။

ကိုရဲခေါင်၏ လှပညီညာသော လက်ရေးကလေးများ

(၂)

ကိုရဲခေါင်ဟာ ဝတ္ထုရှည်တစ်ပုဒ်ရေးတော့မယ်ကြံရင် ကျွန်တော် နဲ့ဖြစ်ဖြစ် ကိုမင်းရှင်နဲ့ ဖြစ်ဖြစ်... ဒါမှမဟုတ် ကျွန်တော်တို့ သုံးယောက်စလုံးပဲဖြစ်ဖြစ်... သူရေးမယ့်ဇာတ်လမ်းကို ပြောပြပြီးဆွေးနွေးလေ့ရှိတယ်...။ အဲ... ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလလောက် ကတော့... ကိုရဲခေါင် ကျွန်တော့်ဆီရောက်လာတယ်..။ အဲဒီတုန်းက ကိုမင်းရှင် မရှိဘူး။ ဖိုးစောကြီးက သူ့မိဘတွေရှိတဲ့မန္တလေးမှာ ရောက်နေတယ်..

ကိုမိုးဝေက စကားထစ်ထစ်နှင့်ပင် နုရုံကလေးအကြောင်းကို ပြောပြနေပါသည်။

ထိုနေ့က ကိုရဲခေါင် သူ့ထံသို့ရောက်လာကာ ဝတ္ထုရှည်တစ်ပုဒ် ရေးရန် ဇာတ်လမ်းတစ်ခုကို စဉ်းစား၍ရထားကြောင်း ဟူ၍ဆွေးနွေးတိုင်ပင်သွားခဲ့လေသည်။ နောက်တစ်ရက် နှစ်ရက်လောက် ကြာလျှင်... ကိုရဲခေါင်သည် ကိုမိုးဝေထံသို့ ပေါက်လာခဲ့ပြန်၏။ သူ့လက်ထဲတွင်ရေးပြီးသားစာမူတွေ အရွက် ၄ဝ ကျော်မျှ ပါလာ၏။ ကိုရဲခေါင်ကား.. ဝတ္ထုတစ်ပုဒ်ရေးရန် ဇာတ်လမ်းကို စိတ်ကူးမိသည် နှင့်တစ်ပြိုင်နက်၊ ထိုဝတ္ထုကို မြန်မြန်ကြီးရေးချနိုင်သော အစွမ်းရှိ၏။ သူ၏ ဖြေလည်းမပြေ ဝတ္ထုရှည်ကို... ၄ ရက်အတွင်း ပြီးစီးအောင် ရေးချ၏။ ယခု သူ့လက်ထဲတွင် ပါလာသည့်ကော်ပီတွေမှ သူပြော သွားသည့်ဝတ္တုရှည်ကို စရေးလာခြင်း ဖြစ်လေသည်။

“ဝတ္ထုနာမည်က နုရုံကလေးတဲ့လား”

ကိုမိုးဝေက ထုံးစံအတိုင်း သူ့ခုတင်ပေါ်တွင် တုံးလုံးပက်လက် နှင့် ကိုရဲခေါင်လှမ်းပေးသော စာမူများကို ကြည့်ရင်းက ပြောလိုက် သည်။

ဟုတ်တယ်... ဘယ်နှယ့်လဲ ကောင်းရဲ့ လားဗျ...”

“ဟာ ကောင်းတာပေါ့ ဗျာ..”

“ကဲ.. ကဲ.. ရေးပြီးတာကလေးကို ဖတ်ကြည့်ပါဦး..၊ ကျွန်တော် တော့ အတော်လက်တွေ့ တာပဲ...” “ဖတ်ပါ့မယ်ဗျာ..၊ ဒါနဲ့ ရေးပြီးသွားရင် ဘယ်ကိုပေးမလဲ...”

ရှုမဝကို ဝတ္တုရှည်တစ်ပုဒ်ပေးဖို့ ကတိပေးထားတယ်ဗျ၊ ဒီတော့ ရှုမဝကိုပဲပေးရမှာပေါ့...”

သို့နှင့်ပင် ကိုရဲခေါင်က ရေးလိုက်၊ ကိုမိုးဝေက ဖတ်ပြီး အားပေး လိုက်နှင့် နုရုံကလေးဝတ္ထုမှာ အသက်ဝင်လာတော့ကာ ၄-၅-ရက် အတွင်း တစ်ဝက်ကျော် ကျော်ပြီးစီးလာလေ၏။

နောက် ကရင်အရေးပေါ်လာသဖြင့် ကိုမိုးဝေတို့ တစ်အိမ်သား လုံးသည် လန့်ဖျပ်ကာ သူတို့နေထိုင်သည့် ရပ်ကွက်မှ ရန်ကုန် မဂို လမ်းထဲသို့ ယာယီပြောင်း ရွှေ့နေထိုင်ကြရသဖြင့် ကိုရဲခေါင်နှင့် ခေတ္တ မျှ အဆက်အသွယ်ပြတ်သွားလေသည်။

ဧပြီလအတွင်း၌ကား ကိုရဲခေါင်သည် မဂိုလမ်းသို့ ပေါက်လာ ပြန်၏။ သူ့မှာ အတော်ပင်ပန်းနေဟန်နှင့် အတော်လေးပိန်ချုံးနေသည်။

ဟေ့လူ ခင်ဗျား ဘယ်ပျောက်နေတာလဲဗျာ... ခင်ဗျားကြည့်ရ တာလည်း ပိန်ချုံးနေပါကလား...”

အေးဗျာ... အလုပ်တွေများနေတာနဲ့...၊ ဒါနဲ့... ခင်ဗျား နုရုံ ကလေးကို မှတ်မိသေးသလား...”

မှတ်မိတာပေါဗျာ...၊ ခင်ဗျားဥစ္စာက တစ်ပိုင်းတစ်စကြီး ဖတ်ထားရတော့ မဆံ့တငံ့ကြီးဖြစ်နေတော့တာပေါ့၊ ဘယ့်နှယ်လဲ ရေးပြီးသွားပြီလား......”

ပြီးလုပါပြီ...၊ နောက်သုံးလေးခန်းပဲ ကျန်ပါတော့တယ်...”

ဟာ ဒီလိုဆိုရင်ရေးပြီးသမျှထားခဲ့စမ်းပါဗျာ... ကျွန်တော်ဖတ် ကြည့်ရအောင် ဟုတ်လား.....”

ခင်ဗျားတော့ လန့်တယ်ဗျာ...၊ ခင်ဗျားက မေ့တတ်လွန်းလို့၊ ကောင်းပြီလေ..၊ ယူထားလိုက်ပေါ့..၊ ဟောဒီ လွယ်အိတ်တစ်အိတ် လုံးယူထားလိုက်လေဗျာ...၊ ပျောက်တော့မပျောက်စေနဲ့နော်..။ ကျွန်တော် သုံးလေးရက်ကြာရင် လာယူမယ် ဟုတ်လား...”

နောက်သုံးလေးရက်တဲ့...

သို့ရာတွင် ကိုရဲခေါင်ကို ကိုမိုးဝေ နောက်ထပ်မတွေ့ရတော့ချေ။ ကိုရဲခေါင်ကား ပျောက်ချက်သားကောင်းနေ၏။ နောက်မှ သတင်း ကြားလာရသည်။

အမှန်တော့ ကိုရဲခေါင်ကား သူ့ယုံကြည်ချက်လမ်းစဉ်အတိုင်း လျှောက်လိုက်ရန် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့လေပြီ။

 

(၃)

“ကျွန်တော်လည်း ကော်ပီကိုဖတ်ပြီးလို့ ကိုရဲခေါင်လည်း လာနိုး လာနိုးနဲ့ စောင့်နေမိတာခင်ဗျာ။ သိတဲ့အတိုင်း သူတော့ တစ်ခါတည်း ပေါ်မလာတော့ဘူး။ ဒါနဲ့... သူ့ကော်ပီတွေကို ပျောက်မှာစိုးတာနဲ့.. ကျွန်တော် ဒီတိုက်ကို ယူလာပြီး ဖိုင်တွဲတွေထဲမှာ သေသေချာချာ ထည့်သိမ်းလိုက်တာပေါ့...။ နောက်ထုံးစံအတိုင်း လုံးလုံးသတိလစ်သွားပြီး ခုပြန်တွေ့ရတော့မှပဲ.. သတိပြန်ရတယ်ဆိုပါတော့ဗျာ..”

ကိုမိုးဝေက နုရုံကလေးကြောင်းကို စကားထစ်ထစ်နှင့်ပင် ကြိုးစားပမ်းစားပြောရာက အဆုံးသတ်လိုက်လေသည်၊ ကျွန်တော် လည်း ရဲခေါင်၏နုရုံကလေးကော်ပီကို ဟိုလှန်သည်လှန်နှင့် လျှောက် ဖတ်ကြည့်နေပါသည်။ စိတ်ထဲမှာတော့... ကိုရဲခေါင်ကို အတော် ကလေး သတိရနေမိခဲ့သည်။ သူသည်လည်း ကျွန်တော်၏ ရင်းနှီး သောသူငယ်ချင်းဖြစ်ခဲ့ပါသည်။

ရဲခေါင်ရဲ့ စာတွေ မထွက်တာ အတော်ကြာသွားပြီနော်...။ ကျွန်တော်ကြားတော့... ရဲခေါင်ပရိသတ်က သူ့ဝတ္ထုတွေ ထည့်လေ့ ရှိတဲ့တိုက်တွေကို ရဲခေါင်ဝတ္ထုတွေ ဘာလို့မထည့်တာလဲ စာနဲ့ရေး မေးကြတယ်ဆိုပဲဗျ...”

ကျွန်တော့်ခေါင်းထဲ စိတ်ကူးတစ်ရပ်သည် ဆတ်ခနဲ ဖြစ်သွား သည်။

ခုနေ... ရဲခေါင်ရဲ့ ဝတ္ထုရှည်တစ်ပုဒ်သာထွက်လာရင် လွှတ် ကောင်းမှာပဲဗျာ”

ဟု ကျွန်တော်က လွှတ်ခနဲပြောလိုက်မိသည်။ ကိုမိုးဝေက ဤတွင် အလန့်တကြား စားပွဲကို ပုတ်လိုက်သည်။

ဟာ ဟုတ်ပြီဗျို့...ခင်ဗျားတို့တိုက်က ကိုရဲခေါင်ရဲ့ ဝတ္ထုရှည် ကို ထုတ်ပါလားဗျ...”

နို့ ဝတ္ထုရှည်ကတော့ ဘယ်မှာလဲဗျ...”

“အို... ခင်ဗျားလက်ထဲမှာလေဗျာ..”

နုရုံကလေးလား... ဟာ... သူ့ဟာက ဆုံးမှမဆုံးသေးတာ... ထုတ်လို့ဘယ်ဖြစ်...”

အို.. ဟုတ်သားပဲ...”

(၄)

ကျွန်တော်က ခေါင်းကိုဖွပြီး ကုတ်လိုက်မိလေသည်။ ကျွန်တော်ထုတ်ချင်သော ရဲခေါင်၏စာမူကား တွေ့ နေပါ၏။

သို့သော် အဆုံးသတ်မရှိသဖြင့်... ခေါင်းပြတ်နေသော ကိုယ်ကဲ့သို့ အသုံးချမရဘဲ ဖြစ်နေပါသည်။

အေးဗျာ... ကျွန်တော်တော့ ခုနေ ကျွန်တော်တို့တိုက်က ကိုရဲခေါင်ရဲ့ ဝတ္ထုလုံးချင်းကို သိပ်ထုတ်ချင်တာပဲ..။ ဒါပေမဲ့..... ခုခွကျ နေတာနဲ့....”

အို.. အို... မေ့.. မေ့.. လို့၊ ခု မှ ကျွန်တော် သတိရ တယ်။ စာအုပ်ထုတ်နိုင်တယ် ထုတ်နိုင်တယ်... ဗျ.. ကျွန်တော် ကလည်း အတော်မေ့တတ်နေပြီ..”

ကိုမိုးဝေက သူ့နဖူးကို လက်ဖဝါးနှင့်ထုရင်း ကျွန်တော့်အား ဖြုန်းခနဲ ဒိုင်းခနဲ ပြောချလိုက်လေသည်။ ကျွန်တော်ကမူ အံ့အား သင့်ကြီးသင့်ပြီး... သူ့အား မျှော်လင့်ခြင်းကြီးစွာဖြင့် ကြည့်လိုက်မိ လေသည်။

အဲ... အဲ... ဝတ်... ဝတ်... ဝတ်လစ်စလစ်သစ္စာစာမူ.. ထဲ... ထဲ...”

ကိုမိုးဝေမှာ ပြောချင်လွန်း အားကြီးလျှင် ပိုမိုထစ်တတ်လာ သဖြင့် ကျွန်တော်က သူဆိုလိုချင်သည့်အဓိပ္ပာယ်ကို နားလည်လိုက် ကာ ဝတ်လစ်စလစ် စာမူသစ်ကို... ကမန်းကတန်းဆွဲပြီး... လှန်လှေ ကြည့်လိုက်မိလေသည်။

စာရွက်များကား.. တဖျတ်ဖျတ်နှင့်... အလောသုံးဆယ်လှန် သွားကြလေသည်။

တွေ့ပြီဖါ တွေ့ပြီ”

ကျွန်တော်က ဝမ်းသာအားရနှင့် ပြောလိုက်လေသည်။

ထိုဝတ်လစ်စလစ်သစ္စာနှင့်အတူ ကျွန်တော် ဝမ်းအမြောက်ကြီး ဝမ်းမြောက်စေသော နုရုံကလေး အဆုံးပိုင်းကို တွေ့ရလေတော့သည်။ အမှန်ကလည်း ကျွန်တော်တို့နှစ်ဦးမှာ ခေါင်းစဉ်အလိုက်တပ်ထားသော စာမူများကိုကြည့်ပြီး သေသေချာချာ လှန်လှော်မကြည့်ခဲ့သည့် အတွက် နုရုံကလေး၏ဇာတ်သိမ်းပိုင်းကို မတွေ့လိုက်ရခြင်း ဖြစ်ပေ သည်။ ထို့နောက်တွင် ကိုမိုးဝေက ကျွန်တော့်အား ရှင်းပြသည်မှာ.....။

“ကိုရဲခေါင် ပျောက်သွားပြီးတော့ ကျွန်တော်လည်း နုရုံကလေး စာ စာမူတစ်ပိုင်းတစ်စကြီးကို ခုဖိုင်ထဲထည့်ထားလိုက်မိတယ်။ နောက် ၃-၄ ရက် လောက်ကြာတော့ သူ့တူကလေးရောက်လာပြီး ကိုရဲခေါင် က ပေးခိုင်းထားခဲ့တဲ့ စာမူတစ်ထပ်ကြီး လာပို့တယ်။ အဲဒီအထဲမှာ.. ဝတ်လစ်စလစ်သစ္စာ၊ အံ့ကာလေ တဖွဲဖွဲနဲ့အတူ နုရုံကလေး အဆုံး သတ်ပါလာတာပဲ... ဒါကိုကျွန်တော်က ဖတ်တောင် မကြည့်အား ဘူး။ အလုပ်ရှုပ်နေခဲ့တာနဲ့ ဝတ်လစ်စလစ်သစ္စာတဲ့လား၊ အံ့ကာလေ တဖွဲဖွဲတဲ့လား မသိ ညှပ်ထားလိုက်ပြီး အရင်စာမူဟောင်းတွေနဲ့ရော ထပ်ထားခဲ့တယ်။ ခုတင်တစ်လုံးလုံးကို ကျွန်တော်မေ့နေတယ်ဗျ.....”

ကိုမိုးဝေက ရှည်လျားလှသောရှင်းလင်းမှုကို ထစ်ထစ်ငေါ့ငေါ့ နှင့်အဆုံး သတ်လိုက်လေသည်။ ကျွန်တော်ကား.. ဒီတိုင်းပစ်ထားရ မည်ဖြစ်သော စာမူကို ကြည့်ပြီး စိတ်ပျက်အားလျော့နေရာမှ ယခု ကဲ့သို့ မမျှော်လင့်ဘဲ အဆုံးသတ်ပိုင်း အထိ ရရှိလိုက်သည်တွင် ကျေနပ်ဝမ်းမြောက်မှုကား ကျွန်တော့်ရင်တွင် လျှံတက်သွားပါသည်။

လုပ်မယ်ဗျို ကိုမိုးဝေ...၊ သီးသန့်ဝတ္ထုတစ်ပုဒ်အနေနဲ့ ကို ထုတ်ချလိုက်မယ်ဗျို့....”

(၅)

သို့နှင့် နုရုံကလေးဝတ္တုမှာ စာအုပ်တစ်အုပ်အဖြစ် ပြောင်မြောက် စွာ ဖြစ်ပေါ်လာရပေသည်။

ကိုရဲခေါင်က သူ၏ခွင့်ပြုချက်မရသေးဘဲနှင့် ကိုမိုးဝေထံအပ်ရုံ သာ အပ်ထားခဲ့သော သူ့ဝတ္ထုကိုထုတ်ဝေလိုက်ခြင်းအားဖြင့် အပြစ် မပြောဆိုဘဲ ကျေနပ်ချင်လည်း ကျေနပ်ပေမည်။ ဒါမှမဟုတ် ဒေါပွ ချင်လည်း ဒေါပွပေမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အဖို့၌ကား စာပေလူထုကြီး တောင့်တချက်တစ်ရပ်ကိုသာ ဖြည်စွမ်းချင်သည့် ဆန္ဒက ပြင်းထန်မိလေသည်။ နောင်မှသာ.. ကိုရဲခေါင်က ကျေနပ်မှု မရှိပါက.. တောင်းပန်ချော့မော့ရပေတော့မည်။ ခုတော့ လောလော ဆယ်... စာပေလူထုကိုမူ.. တိမ်မြုပ်နေသော သူ့စာမူကိုတောင့်တ