Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရန်ကုန်ဘဆွေ - ဖက်ဆစ်သူရဲတွေပတ်လည်၀ိုင်းပါလို့

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အိမ်ရှင်က ဖော်ရွေလှသည်။ ည ၇ နာရီခန့် မိုးချုပ်မှ ထမင်းစားရ သော်လည်း ဟင်းတွေက စုံလှသည်။ အိမ်ကြီးကလည်း အလွန်ခံ့ထည် လျက် အောက်လင်းဓာတ်မီးတစ်လုံးနှင့် လက်ဆွဲဓာတ်မီးတစ်လုံးထွန်းထား သဖြင့် တစ်အိမ်လုံး လင်းထိန်နေသည်။

တပည့်လက်သား သူရင်းငှားတို့နှင့်တကွ မိန်းမများ၊ ကလေးများအပါ အဝင် အိမ်သူအိမ်သားများ အတော်များပုံရသော်လည်း ထမင်းဝိုင်း၌ စံနက်ကျော်တစ်ယောက်တည်း ရှိသည်။ အိမ်ရှင်သည် စံနက်ကျော်၏ ဘေး တွင်ထိုင်လျက် စံနက်ကျော်၏ ထမင်းပန်းကန်ထဲသို့ ဟင်းများကို အတင်း ခပ်ထည့်ပေးနေသည်။

လွန်ခဲ့သောတစ်နာရီခန့်မှ ခန္ဓာစဲသွားဟန်ရှိသော ဤအိမ်ကြီးမှ ဘဲ တစ်ကောင်၏ အသားသည် စံနက်ကျော်၏ ထမင်းပန်းကန်အနီး၌ စားချင့် သဖွယ် မွှေးကြိုင်သင်းပျံ့နေသည်။ အိမ်ရှင်သည် ထိုဟင်းခွက်မှ ဆူဖြိုးသော အသားဖတ်များနှင့် အနှစ်ဖတ်များကို စံနက်ကျော်၏ ထမင်းပန်းကန်ထဲသို့ စေတနာဒလဟောဖြင့် တွင်တွင်ချည်း ခပ်ထည့်ပေးနေသည်။

မီးသင်းသည့် ငရုတ်ကောင်းမှုန့်ကလေးစွက်ထားသော ဒန့်သလွန် ရွက်ဟင်းချိုပူပူကလေးကို သောက်ပြီးသောအချိန်၌ ဆူဖြိုးလှသော ဘဲသား ၏ အချိုထူးပုံကို စံနက်ကျော်က သတိထားမိလာသည်။

နေရာတိုင်းတွင် ဆီပြတ်နေကြသည့်အချိန်၌ ဤအိမ်ရှင်တို့၏ ပေါများ ကြွယ်ဝပုံသည် စံနက်ကျော်အဖို့ သတိထားချင်စရာ ဖြစ်လာရပြန်၏။ ချက် ချင်းပင် အလွန်အကင်းပါးပုံရသော စေတနာကောင်းလှသည့် အိမ်ရှင်ကြီး ၏ မျက်လုံးနှင့် ပါးစပ်တို့၏အသွင်ကိုလည်း စံနက်ကျော်၏စိတ်၌ မကြိုက် နိုင်သလိုဖြစ်နေ၏။

ထိုအတွင်း၌ပင် စံနက်ကျော် ထမင်းစားနေသည့် အိမ်မျက်နှာစာဧည့် ခန်း၏ရှေ့ ဖိနပ်ချွတ်ကပြင်ပေါ်သို့ အသက်အစိတ်၊ နှစ်ဆယ်ဝန်းကျင်ခန့် ရှိ လူရွယ်၊ လူလတ်တို့ တဖွဲဖွဲရောက်လာကြရာ ဖိနပ်ချွတ်တစ်ခုလုံး ပြည့်စု တော့မလို ဖြစ်လာ၏။

ထိုလူငယ်၊ လူရွယ်တို့သည် ထမင်းစားနေသည့် စံနက်ကျော်ကို မသိ မသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း ကြည့်နေကြ ၏။ သူတို့၏ မျက်နှာထားများသည် စံနက်ကျော်အဖို့ လိပ်ပြာမသန့်စရာ လိုလို ဖြစ်နေကြ၏။ လှောင်သရော်သလိုလို၊ ပြက်ရယ်ပြုသလိုလို အမူအရာ သည် သူတို့၏မျက်နှာ၌ ဖုံးလွှမ်းနေကြ၏။

ကျွန်တော်တို့ရွာက ဒီလိုပဲ ခင်တတ်မင်တတ်ကြတယ် ခင်ဗျ။ ဘယ် သူ့အိမ်ဖြစ်ဖြစ် ဧည့်သည်လူစိမ်းတစ်ယောက်ရောက်လာရင် ရွာသားတွေ ဟာ မိတ်ဖွဲ့ ရအောင် ဒီလိုပဲ ရောက်လာကြတာပဲ” တွင်

စံနက်ကျော်၏ မျက်လုံးရွေ့လျားမှုကိုကြည့်လျက် အိမ်ရှင်က ပြောပြ နေခြင်း ဖြစ်၏။ ထိုသို့ပြောပြရင်း ဘဲသားဟင်းများကိုလည်း ထမင်းပန်းကန် ထဲသို့ ခပ်ပေးလိုက်ပြန်၏။

စံနက်ကျော်သည် ဘဲသားထဲ၌ ဆေးခြောက်ထည့်၍ချက်ထားခြင်း ဖြစ် ကြောင်းကို အကြိမ်ကြိမ်စားဖူးခဲ့သည့်အရသာနှင့် အနံ့တို့ဖြစ်သဖြင့် ရိပ်မိ လာ၏။ စံနက်ကျော်၏ မျက်နှာသည် အိမ်ရှင်ရှိရာသို့ လှမ်းကြည့်လျက် လိုက်လိုက်လျောလျော ပြုံးနေရသော်လည်း စံနက်ကျော်၏ စိတ်ထဲတွင် စိုး ရိမ်လာ၏။ စိုးရိမ်ဖွယ်အကြောင်းတစ်ခုကို တွေ့လိုက်သောကြောင့်လည်း ဖြစ်သည်။ စံနက်ကျော်က အိမ်ကပြင်ဘက်ဆီသို့ လှမ်းကြည့်မိ၏။

အန္တရာယ်ရောက်လာပြီ၊ အသင့်ပြင်တော့”

တစ်နည်းဆိုလျှင် ရန်သူအသင့် ဟူသည့် အဓိပ္ပာယ်မျိုးရှိသော အချက် ပေးမှုတစ်ခုကို တွေ့ လိုက်ရ၏။

စင်စစ် ဤရပ်ဤရွာသို့ စံနက်ကျော် တစ်ခါမျှမရောက်ဖူးသေး။ ထို့ပြင် မိမိတို့၏ အဖွဲ့သားများလည်း မရှိ။

သို့ပါလျက် မိမိတို့၏အထိမ်းအမှတ် အချက်ပေးစနစ်အတိုင်း အိမ် ရှေ့ချောင်းစပ်ရှိ သရက်ပင်နှင့် ဝါးပင်များရှိရာသို့ ရိပ်ခနဲ ရိပ်ခနဲ လင်းလိုက်သော လက်နှိပ်ဓာတ်မီးရောင်က ထိုအဓိပ္ပာယ်ကို ဖော်ပြနေ၏။ ထိုမီးရောင် သည် အိမ်ရှေ့ ဖိနပ်ချွတ်တွင်ထိုင်နေကြသော လူအုပ်စုတို့အထဲမှ လူရွယ် တစ်ဦးက မိမိလက်ထဲရှိ လက်နှိပ်ဓာတ်မီးကို ပြင်ဆင်နေရင်း သစ်ပင်များ ပေါ်သို့ ဝင်းခနဲဝင်းခနဲ ကျရောက်နေခြင်း ဖြစ်၏။

ထူးတော့ ထူးခြားနေပြီ၊ သတိထားမှပ်” ဟူသော အသိသည် စံနက် ကျော်၏ ခေါင်းထဲ၊ ရင်ထဲ၌ပေါ်လာရင်း (အမြင့်အဖျားတို့မှ လိမ့်ကျတော့ မည်ကဲ့သို့ ယိမ်းယိုင်သွားရသည့်အခါတို့တွင် တစ်ကိုယ်လုံး ဖျဉ်းခနဲ ထူထူ ပူပူဖြစ်သွားရသကဲ့သို့ မွေးညင်းများထောင်လာလျက် ဖျဉ်းဖျဉ်းသိမ့်သိမ့် ဖြစ်လာ၏။

“ဆရာလေး၊ ဘာစားမိသွားလို့လဲ”

ကြောက်စရာကောင်းလောက်အောင် အကင်းပါးလှသော အိမ်ရှင်က စံနက်ကျော်၏မျက်နှာကို အကဲခတ်ဟန်ဖြင့် စူးစူးစိုက်စိုက်ကြည့်ရင်း မေး ၏ ။

ကိစ္စမရှိပါဘူး ခင်ဗျာ၊ ဟင်းချိုထဲမှာပါလာတဲ့ ငရုတ်ကောင်းစေ့ကို ဝါးမိလို့ပါ”

စံနက်ကျော်ကဣန္ဒြေမပျက်ဖြေရင်း “ဘယ်လိုလုပ်ရပါ့မလဲ”ဟု ဝမ်းထဲ မှ အကြံထုတ်၏။ မျက်လုံးကိုလည်း ဘယ်မှမကြည့်မိအောင် သတိမူရင်း ဟင်းခွက်များရှိရာတို့၌သာထား၏။ ထိုစဉ် ရွာလမ်းမကြီး၏ ခပ်လှမ်းလှမ်း လောက်ဆီမှ ရွာခွေးများ ထိုးဟောင်သံတို့ကို ကြားရ၏။

စံနက်ကျော်က လက်ဆေးလိုက်သည်။

“တော်ပလား ဆရာလေး၊ နည်းလှပါလား”

 “ကျွန်တော်က နဂိုကတည်းက အစားကခပ်နည်းနည်းပါ။ ဒီအထဲမှာ လေရောဂါကလည်းရှိတော့ ဘယ်လိုအဆင်မသင့်ဖြစ်သွားလဲမသိဘူး။ နံ ကြားထဲမှာ လေအောင့်သလိုလို၊ ဘာလိုလိုဖြစ်လာတာနဲ့” ။

“အို- ဖြစ်မှဖြစ်ရလေ ဆရာလေးရယ်၊ ဒါဖြင့် ကျွန်တော်တို့ ဘယ်လို

အိမ်ရှင်သည် အိမ်ရှေ့ကပြင်ပေါ်ရှိ တစ်စုံတစ်ယောက်ကို ခေါ်တော့မည် ပြုလိုက်စဉ် စံနက်ကျော်က ကမန်းကတန်း လက်ကာလိုက်သည်။ လက် သုတ်ပဝါကို ဆွဲယူရင်း

ကိစ္စမရှိဘူး၊ ဘာမှလုပ်ဖို့မလိုဘူး။ ဒါက ကျွန်တော့်အဖို့ အမြဲဖြစ်နေ ကျ။ ခဏကြာရင် ပျောက်သွားမှာပဲ”

ထိုစဉ် ရွာလမ်းဆီမှ လျှောက်လာကြသော အသံတွေလည်း နီးလာကြ ၏။ အိမ်ရှေ့ကပြင်ပေါ်တွင်ရှိနေကြသော လူရွယ်၊ လူလတ်တို့လည်း လှုပ် လှုပ်ရှားရှားပင် ဖြစ်လာကြ၏။ စံနက်ကျော်သည် လက်သုတ်ပဝါကိုကိုင် လျက်ပင် နေရာမှထလိုက်သည်။

“ဘယ်လဲ ဆရာလေး၊ ဘာလိုချင်လို့လဲ”

“ကျွန်တော် နောက်ဘက် ခဏထွက်ချင်လို့”

ကျွန်တော် လိုက်ပို့မယ်။ ဟို- ထွန်းအံ့၊ လာစမ်း လက်နှိပ်ဓာတ်မီးယူခဲ့။ ငပွကော”

စံနက်ကျော်၏ နှစ်ကိုယ်စာမျှရှိသော အားကောင်းမောင်းသန် လူကြမ်း နှစ်ယောက်သည် ဖိနပ်ချွတ်မှထကာ လွှားခနဲ အိမ်တွင်းသို့ ရောက်လာကြ ၏။ တစ်ယောက်၏လက်ထဲတွင် ခက်ရင်းခွကြီးကို ကိုင်ထား၏။ ကျန် တစ်ယောက်၏ လက်ထဲ၌ ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးတစ်ခုနှင့် ဓနိ ခုတ်ဓားတစ်ချောင်း ပါ၏။ ထိုလက်နက်တို့သည် တောရပ်တောရွာသားတို့ ၏ ဓလေ့အတိုင်း ကိုင်စွဲထားကြခြင်းဖြစ်ရာ စံနက်ကျော်အဖို့ မည်သို့မျှ မကန့်ကွက်သာ။

တောရွာ ပျဉ်ထောင်အိမ်ကြီးတို့၏ ထုံးစံအတိုင်း အိမ်နောက်ဘက်သို့ ထွက်သောတံခါးသည် အိမ်မကြီး၏ နောက်တည့်တည့်အလယ်ဘက်၌ရှိ ၏။ စံနက်ကျော်သည် အိမ်ရှင်၏ရှေ့သို့ ကျော်တက်လိုက်ကာ နောက်ဖေးတံခါးကိုဖွင့်၏။

“ကျွန်တော်ဖွင့်ပေးမယ် ဆရာလေး”

ကိစ္စမရှိပါဘူးဗျာ၊ ဒါလောက်ဆိုရင် တော်ပါပြီ။ ကျွန်တော်သွား တတ်ပါတယ်။ ခင်ဗျား လက်နှိပ်ဓာတ်မီးကို ခဏပေး”

အိမ်ရှင်နှင့်အတူ မိမိဘေးမှ အတင်း ကပ်၍လိုက်လာသည့် လူကြမ်း ကြီး၏လက်ထဲရှိ လက်နှိပ်ဓာတ်မီးကို စံနက်ကျော်က ပြောပြောဆိုဆို ဆွဲ လိုက်သည်။ သို့သော် လက်နှိပ်ဓာတ်မီးကား ပါမလာ။ သစ်ပင်မှသစ်ကိုင်း ကို ဆွဲနုတ်နေသကဲ့သို့ ဆွဲငင်၍မရ။ ထိုစဉ် ပွင့်သွားသည့်တံခါးမှ အပြင် ဘက်ရှိ နွားတင်းကုပ်ကို မြင်နေရသည်။ နွားတင်းကုပ်ရှိရာသို့ အိမ်ဘေး ဘက်ဆီမှ လျှပ်ပြက်သကဲ့သို့ ထိုးနေသော လက်နှိပ်ဓာတ်မီးရောင်ကို မြင်ရ ပြန်ရသည်။

“အမြန်ပြေး၊ သို့မဟုတ် နေရာယူ”

ဟူသည့် အဓိပ္ပာယ်ကိုပြောပြနေသော ဓာတ်မီးရောင် ဖြစ်သည်။ နံနက် ကျော်သည် တံခါးဝ၌ရပ်လိုက်သည်။

ကျွန်တော့်ကို အဲဒီဓာတ်မီးပေးလိုက်ပါလား၊ ကိစ္စမရှိဘူး ကျွန်တော် သွားတတ်ပါပြီ။ ကျွန်တော့်ဘာသာကျွန်တော်သွားမယ်”

လက်နှိပ်ဓာတ်မီးကိုင်ထားသော လူကြမ်းကြီးကား ဘာမှမပြော။ စက် ရုပ်ကြီးလို အသံမထွက်ဘဲရှိနေသည်။ သို့သော် သူ့ကိုယ်မှ ချွေးနံတို့က စံနက်ကျော်၏ နှာခေါင်းတွင်းသို့ စူးဝင်လာသည်။ သူ့လက်မှ အမွေးကြမ်း တို့ကလည်း စံနက်ကျော်၏အသားကို ထိနေကြသည်။ ဖော်ရွေလှသော အိမ်ရှင်က ဝင်ရောက် လောကွတ်လုပ်လိုက်ပြန်၏။

“မဟုတ်တာဘဲ ဆရာလေး၊ ကျွန်တော်တို့က လိုက်ပို့ပေးမှာပေါ့”

ထိုစဉ် အိမ်ရှေ့ဆီမှ ဆူဆူညံညံအသံတွေ ပေါ်လာခဲ့သည်။ စံနက်ကျော် ၏ ရင်ထဲ၌ ပို၍ အရေးတကြီးဖြစ်လာ၏။

လိုက်ပို့ပေးလည်း ဓာတ်မီးကိုတော့ ကျွန်တော့်ခဏပေးထားဗျာ။ ကျွန်တော်က ညဘက်မှာ သိပ်လမ်းမလျှောက်တတ်ဘူး” ။

စံနက်ကျော်၏ စကားမဆုံးမီပင်

“ဟေ့-ပွကြီး၊ ဆရာလေးကို ဓာတ်မီးပေးလိုက်ပါကွာ”ဟု အိမ်ရှင်က ပြောလိုက်သည်။

စံနက်ကျော်ကလည်း အိမ်ရှင်၏စကားမျှမဆုံးမီ လူထွားလူကြမ်းကြီး ၏လက်ထဲမှ လက်နှိပ်ဓာတ်မီးကို ဆွဲယူလိုက်သည်။ တစ်ချိန်တည်းလိုလို ပင် အိမ်ရှေ့ဆီမှ အော်ဟစ်အမိန့်ပေးသကဲ့သို့သော အသံကို ကြားလိုက်ရ သည်။ ။

ပွကြီးသည် စံနက်ကျော်၏ လက်ကောက်ဝတ်ကို ပြုတ်တူဖြင့် ညှပ် လိုက်သကဲ့သို့ ဆုပ်ကိုင်လိုက်သည်။

“အို- အနာ အနာ”

စံနက်ကျော်၏ အော်သံနှင့်အတူ ကိုင်ထားသော ပွကြီး၏လက်က လွှတ်လိုက်၏။ စံနက်ကျော်သည် နောက်ဖေးဆင့်ကလေးပေါ်မှ ခုန်ချ လိုက်သည်။

သွားပဟေ့၊ လိုက်”

ဟူသော အသံပေါ်လာ၏။ အမှောင်ရိပ်ရှိသော နွားတင်းကုပ်ဘက် ဆီသို့ နှစ်လှမ်းမျှ တည့်တည့်ပြေးလိုက်ပြီးနောက် ယာဘက်ဘေးသို့ ဖြတ် ခုန်လိုက်သည်။ တစ်ပြိုင်တည်းပင် နောက်မှ ခက်ရင်းခွသည် စံနက်ကျော် ၏ ဝဲဘက်မြေကြီး၌ ဒုတ်ခနဲ လာစိုက်၏။ တမင်သတိထား၍ ဂရုတစိုက် ပြုလုပ်ရခြင်းမဟုတ်သော စနက်ကျော်၏ ပင်ကို အလေ့အကျင့်သည် စံနက်ကျော်၏အသက်ကို ကယ်တင်လိုက်ပေပြီ။

မှောင်နေသည့် နွားတင်းကုပ်ထဲသို့ လက်နှိပ်ဓာတ်မီးဖြင့် ဝင်းခနဲ တစ် ချက်ထိုးလိုက်သည်။ မီးရောင်လမ်းအတိုင်း တစ်ရှိန်ထိုး ရိပ်ခနဲဝင်လိုက် ပြီး ဘေးဘက်သို့ တစ်လှမ်းခန့်ဆုတ်လိုက်ကာ လက်တွင်းရှိ ဓာတ်မီးဖြင့် ဝင်လာသည့်ဘက်သို့ ပြန်လှည့်၍ အားရပါးရရိုက်လိုက်သည်။ တမင်ချိန် ကိုက်ထားသကဲ့သို့ နောက်မှ ကပ်ဝင်လာသူ၏နဖူးနှင့် နှာခေါင်းရိုးစပ် ကို လက်နှိပ်ဓာတ်မီးခေါင်းကြီးနှင့် တပ်တပ်အပ်အပ် ထိမိသွားသည်။ ဗလုံး ဗထွေးအော်မြည်လိုက်သောအသံနှင့်အတူ ထိုသူသည် နေရာတွင်လဲကျ သည်။ နောက်မှကပ်ပါလာသူတစ်ယောက်သည် ထိုသူ့ကို ခလုတ်တိုက်ကာ အပေါ်မှထပ်၍လဲသည်။ စံနက်ကျော်သည် ထိုသူတို့အပေါ်မှ ခုန်ကျော် လျက် လွှားခနဲ အပြင်သို့ ပြန်ထွက်လိုက်သည်။

ဝင်းခနဲလင်းလာသော မီးရောင်သည် နွားတင်းကုပ်၏ အပြင်ဘက်သို့ ပြန်ရောက်နေသော စံနက်ကျော်ကိုလည်းကောင်း၊ စံနက်ကျော်၏ရှေ့တွင် ရန်ပြုရန်အတွက် အသင့်ရှိနေသော အိမ်ရှင်ကိုလည်းကောင်း ကွင်းခနဲ ပေါ် လာစေသည်။ အိမ်ရှင်၏လက်ထဲ၌ ဓားမြှောင်တစ်ချောင်း ဆုပ်ကိုင်ထား သည်။ တစ်ပြိုင်တည်းပင် အိမ်ဘေးပတ်လည်တို့မှ ဝိုင်းဝန်း အော်ဟစ် ကြသောအသံများနှင့် ပြေးလွှားလာကြသော အသံဗလံတို့ ပေါ်လာကြ သည်။ မီးရောင်က ချက်ချင်းပိတ်လိုက်၏။

“ဟေ့-မီးရှိတဲ့လူ ပြန်ထိုးထားပါကွ၊ ဘာလို့ပိတ်လိုက်တာလဲ”

တစ်ယောက်တစ်ခွန်း အော်ဟစ်ဆူညံနေကြစဉ်၌ပင် စံနက်ကျော်က လည်း မီးရောင်ပျောက်သွားသည်နှင့် နောက်ဘက်သို့ ဘယ်ခြေတစ်လှမ်းယောင်ယမ်းဆုတ်လိုက်ကာ လက်ထဲရှိ ပိန်ချိုင့်နေသည့် ငါးထောင့်ထိုး ဓာတ်မီးကြီးဖြင့် အရမ်းကာရော ရိုက်ချလိုက်သည်။

အုတ်ခနဲ မြည်သံနှင့်အတူ လူတစ်ယောက်လဲကျသွားသည်။ သိပ်မဆိုး လှ။ အိမ်ရှင်အကောင်ကြီး၊ မင်းတစ်ရေးအိပ်ကျန်ခဲ့တော့ဟု တွေးလိုက် သည်။ တစ်ဆက်တည်းပင် သုံး၊ လေးလုတ်မျှစားခဲ့မိသော ဆေးခြောက် ထည့်၍ချက်ထားသည့် ဘဲသားဟင်းကို သတိရသွားသည်။ ငါလည်း ဆေး ခြောက်မူးပြီး အိပ်ချင်လာမှဖြင့် ဒုက္ခပဲ”ဟု တွေးလိုက်သည်။

စံနက်ကျော်သည် စိတ်က ထိုသို့တွေးမိနေစေကာမူ နားက ပတ်ဝန်းကျင် မှ အော်ဟစ်လှုပ်ရှားသံတို့ကို ကြားနေရသည်။ လူက နွားတင်းကုပ်ကြီးဘေး အမှောင်ရိပ်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ လက်ထဲ၌လည်း လိမ်ကောက် နေပြီဖြစ်သော ငါးထောင့်ထိုးဓာတ်မီးကြီးကို ကျစ်ကျစ်ဆုပ်ထားလျက်ရှိသေး သည်။

“ဟေ့- မီးရှိတဲ့အကောင် ဘယ်ရောက်သွားလဲ၊ မီးထိုးပေးပါဆိုနေတာ”

အော်ဟစ်ကြိမ်းမောင်းရင်း ပြေးလွှားလှုပ်ရှားနေကြသည့် လူသံများ၏ နောက်မှ မီးရောင်တွေလည်း ဝိုင်းဝင်းဝင်းဖြင့် လှုပ်ရှားရောက်လာသည်။

စံနက်ကျော်သည် မိမိ အခြေမလှတော့ပြီကိုသိလျက် အမှောင်ရိပ်ရှိ သော တင်းကုပ်ကြီးဘေးသို့ ပတ်လိုက်သည်။ မိမိရှေ့တွင် လူရိပ်ကိုတွေ့ လိုက်သောကြောင့် အားကုန်တီးလိုက်ရာ ခေါင်ဆင်းနိမ့်လှသော နွားတင်း