Skip to product information
1 of 2

စိတ်ကူးချိုချိုစာပေ

Yanong Ba Swe - Nang Harvey Novel

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

[ ]

အဝါသည် မိမိရပ်ဌာန်သို့ လှေဖြင့်ဆန်တက်ခဲ့သည်။

သစ်ကြီးဝါးကြီးတို့ဖြင့် ပိတ်ဆီးမိုးကာလျက် ညိုပြာသောတောင်တန်း ကြီးတို့အောက်တွင်

တောက်ပသော သဲသောင်ပြင် ကြည်လင်သောရေလှိုင်းလေးတို့၏ ရှုခင်းနှင့်ဝေးကွာလာခဲ့ရသည်မှာ နှစ်ကာလအတော်ကြာခဲ့ပြီ ဖြစ်သောကြောင့် အဝါ စိတ်ထဲတွင်မြူးနေ၏။

ဆန်တက်သည့်လှေထက်မှနေ၍ ကြည်အေးသော ဖန်ရေလှိုင်းကလေး များအတွင်းသို့ လက်ကိုနှစ်လျက် လိုက်ပါလာခဲ့ရသည်ကပင် အရသာရှိနေ တော့၏။ ။

နှစ်ပေါင်းအတော်ကြာ ကွဲကွာခဲ့ရသော ချင်းတွင်းမြစ်ရေအလျဉ်သည် ရွှင်ပျသည့် ရယ်သွမ်းသွေးသံကိုပြုရင်း အဝါ၏လက်ချောင်းကလေးများကို ပွတ်သီးပွတ်သပ် တိုးဝှေ့နမ်းစုပ်၏။ ။

အဝါသည် စွတ်စိုနီထွေးသော လက်ချောင်းကလေးများကို နှစ်လိုစွာ မယူကြည့်လိုက်ပြီးနောက် ရေထဲသို့ ထပ်မံနှစ်မြှုပ်ပြန်၏။

အေးမြသောရေသည် မနာကျင်အောင် ဆီးကြိုငုံလိုက်သဖြင့် အဝါ၏ လက်ကောက်ဝတ် ဝဝကလေးတွင် အမြှုပ်ကလေးများစီလျက် ပေကျံသွား၏။

ငွေရည်လူးထားသော ငါးကလေးများသည် အအုပ်လိုက် အစုလိုက် မြူးနေကြရာမှ ကျလာသော အဝါ၏လက်ကလေးကြောင့် ထိတ်လန့်တကြား ကူးပြေးသွားကြ၏။

အဝါသည် ငါးကလေးများကူးပြေးရာသို့ ပျော်မြူးစွာမျှော်ကြည့်ရင်း မြနားကွပ်ထားသည့် သောင်စွယ်ကိုတွေ့သည်။ ဖြူဖွေးသော သောင်စွယ် သည် အငွေ့တလူလူထွက်လျက် တံလျှပ်ရောင်ပြေး၏။

သောင်စွယ်အထက်လမ်း၌ လွှမ်းမိုးလျက်ရှိသော ကမ်းရိုးပေါ်တွင် မြင့်မားသောသစ်ပင်တို့သည် ညှိုးရော်ခြောက်သွေ့စွာ တန်းစီလျက် အပို့ ကိုကြည့်နေ၏။

အဝါသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် စိမ်းကားစွာရပ်နေကြသော မှောင်ညိုညို သစ်ပင်ဇောက်ကြီးများကိုကြည့်လျက် အလိုလို ဝမ်းနည်း လာ၏။

သစ်ပင်များ၏ အကြားတွင် ချစ်ချစ်ပူသော သဲလမ်းငယ်သည် ကုန်း မြင့်ပေါ်သို့ တွန့်လိမ်လူးလွန့်၍တက်၏။

သဲလမ်းကြောင်းထိပ်၌ ရွက်ဝါကိုခွာချွတ်လျက် ကပြက်ကချော် က,ဟန်ပြုနေသော နော့တော့တော့ သစ်ပင်ခြောက်သည် ကြည်လင်သော အဝါ့ကို ခွန်းကြူ နှုတ်ဆက်ဟန်နှင့် ရွှင်၏။

ပြောင်စီစီနှင့် မှတ်မိပုံရှိသော သစ်ပင်ခြောက်ကိုမြင်လျှင် အဝါ့စိတ်ထဲ တွင် ပျော်မြူးလာ၏။

ရှေးယခင်ကမူ ဤသစ်ပင်ခြောက်အောက်၌ “မင်းကျီး” တို့ လူစုနှင့် အတူ အလုအယက် သဖန်းသီးတွေ ကောက်ခဲ့ကြဖူး၏။ ။

ဟယ် ... မင်းကျီးတစ်ယောက် လင်များရနေပြီလား ...”

သစ်ပင်ခြောက်နောက်တွင် စိမ်းစိုသောသစ်အုပ်ငယ်သည် လေကစား တိုင်း လှုပ်ရှားလျက်ရှိ၏။ သစ်အုပ်၏ နောက်ဆွယ်တွင် ပုန်းကွယ်လျက် ရှိသော မင်းကျီးတို့အိမ်ကလေးသည် စိမ်းနုရောင်သစ်ရွက်များအကြားမှ ပြူတစ်ပြူတစ်နှင့် အဝါ့ကို ချောင်းကြည့်၏။

ဒီအချိန် မင်းကျီးတစ်ယောက် ဘိန်းခင်းထဲမှာ ထင်ပါရဲ့”

ဘိန်းခင်းရှိရာသို့ မျှော်လိုက်လျှင် ပြာမှိုင်းသော တောင်တန်းကြီးသည် နွေဦး၏ မြူလွှာထည်ကို ခြုံခဲ့ပြီဖြစ်သဖြင့် ခပ်လဲ့လဲ့သာပေါ်၏။

အဝါစီးခဲ့သော လှေငယ်သည် မင်းကျီးတို့အိမ်ဆိပ်ကို လွန်လာသည်။ မင်းကျီးကို လှမ်းအော်နှုတ်ဆက်မည်ဟူသော စိတ်ကူးသည် မင်းကျီးတို့ အိမ်ဆိပ်၌ လွင့်ပြတ်ကျန်ရစ်ခဲ့၏။

မြူထန်သည့်လဖြစ်သောကြောင့် အဝေးတွင်မြင်နေရသော တောတန်း ဝန်းကျင်တို့သည် ဆွတ်ဆွတ်ဖြူသော ပိုးဇာပါးဖြင့် အထပ်ထပ်အုပ်ထား ဘိသို့ ရေးရေးသာထင်၏။ တောစပ်ဆီမှ မာန်ယစ်သော တောကြက်ဖ၏ တွန်ကျူးသံသည် အဝါ့နားထဲတွင် သဲ့သဲ့သာကြားရ၏။ အဝါ၏ ဝင်းလဲ့သော မျက်လုံးအစုံသည် မှေးမှုန်ဆိုင်းဆိုသည့် မြူပြင်ကျယ်ကြီးအတွင်းသို့ နစ်မြုပ်နေလေပြီ။ ကြယ်ကလေးများသည် မိုးကန့်လန့်ကာကြီးအတွင်းမှ ပြူတစ်ပြူတစ် ငုံ့ကြည့်ကြ၏။

ကြိတ်လျက်ရှိုက်မိသောကြောင့် မောက်ကြွသော ရင်အုံအထက်ရှိ ပြုတ်ကျတွဲခိုနေသော ကြယ်သီးကလေးသည် ဖျော့သောလရောင်နှင့် ဝင်း လက်သွား၏။

ခြံထောင့်ရှိ ဝါးရုံပင်အိုသည် တစ်ဖက်ခြံမှ စကားပင်ပျိုအား လေအတုံ့ တွင် ငုံ့လျက် နမ်းရှုပ်စော်ကား၏။ စကားရွက်ကလေးများသည် လေအဟပ် တွင် ဆတ်ဆတ်ခါအောင် တိမ်းမူးနေကြ၏။

ဝါးရုံပင်အောက်၌ ချွေးစို့နေသော ယောက်ျားပျို၏ လက်တစ်ဖက် သည် တရှိုက်မက်မက်ဖိုနေသော မိန်းမပျို၏ နောက်ဆီမှ နွမ်းလျသေးသွယ် သော ခါးကို ညင်သာစွာသိုင်းဖက်သည်။

“ဝါ .. စိတ်ဆိုးသွားပြီလား ...”

ယောက်ျားပျို၏ ပူနွေးသောအာငွေ့ သည် သင်းပျံ့ပျံ့ ဝီစကီနံ့နှင့် ရောလျက် အဝါ၏ နီထွေးသောပါးစို့ကလေးကို တိုးတိတ်စွာ ရိုက်ခတ် လာ၏။

ဝါ စိတ်ဆိုးရင် ကြိုက်သလိုအပြစ်ပေးတော့၊ ကို ခံဖို့အသင့်ရှိတယ်။ ကဲ ... ဘယ်လိုလုပ်မလဲ ... ထုမလား၊ ရိုက်မလား၊ သတ်မလား”

ယောက်ျားပျိုသည် သိုင်းဖက်ထားသော အဝါ၏လက်ကို တစ်ချက်မျှ ခပ်သာသာလှုပ်၍မေး၏။

အဝါသည် ဆင့်လျက်ဆင့်လျက် အရှည်ကြီး တစ်ခါရှိုက်သည်။

ထို့နောက် ယောက်ျားပျို၏လက်ကို ရုန်းထွက်ပြေးသွားမည်စိုးသကဲ့ သို့ ဖျစ်ညှစ်ဆုပ်ကိုင်ထား၏။

 “ပြောပါ ဝါ .. ပြောစမ်းပါ၊ ကို မှားတာပါပဲလေ၊ ကိုယ့်ကိုက မကောင်းပါဘူး၊ ကို မချုပ်တည်းနိုင်ခဲ့ဘူး၊ ကို လူညံ့ပဲ”

ယောက်ျားပျိုသည် ပြောရင်းပြောရင်း၊ မိမိကိုယ်မိမိ ဒေါသဖြစ်လာ သကဲ့သို့ မိမိ၏လက်ကို အဝါ၏ခါးမှ အထိတ်တလန့် ရုပ်သိမ်း၏။

အဝါသည် ယောက်ျားပျို၏လက်ကို ဖျစ်ညှစ်ထားရင်း ဖက်မြဲဖက်စေ လျက် မိမိ၏ နူးညံ့သောလက်ဖဝါးအိအိဖြင့် တင်းကျပ်စွာ အပေါ်မှဖိထား၏။

ချိုထောင်သောလကလေးသည် မှိတ်တုတ်မှိတ်တုတ် ဝိုင်းအုံကြည့်နေ ကြသော ကြယ်အုပ်ကြီးကိုအားကျကာ အနောက်ဘက်သစ်ရိပ်တွင် တွဲလွဲ ခိုလျက် ချစ်သူနှစ်ဦးကို စောင့်ကြည့်နေသေး၏။ ချစ်သူနှစ်ဦးတို့သည် စံပယ်ရုံဘေးမှ ဝှေ့ယမ်းလာသော လေကိုရှူရှိုက်လိုက်ရင်း တိတ်ဆိတ်နေ ကြ၏။

အဝါ၏ အသက်ရှူသံသည် ဝေးလံသောခရီးကြမ်းတစ်ခုကို ဖြတ် ပြေးလာရဘိသို့ ပြင်းထန်ဆဲရှိသေးသည်။

အဝါသည် မိမိ၏ပါးပြင်ပေါ်တွင် ယောက်ျားပျို အသက်ရှူလိုက် တိုင်း နွေး၍နွေး၍လာသော နှာေ ကိုပင် သတိထားမိနေ၏။ အဝါ၏ အာရုံကြောတို့သည် ပိုမိုထက်မြက်နေလျက် တွေ့ထိသမျှအရာတို့ကို ဖျဉ်း ဖျဉ်းသိမ့်မျှ ခံစားနိုင်စွမ်းရှိနေ၏။

အဝါ ...”

“ရှင်၊ ကို ...”

တိုးတိတ်သောလေသံသည် ချစ်လိုစဖွယ် ပေါ်ထွက်လာ၏။

“ပြောပါဦး၊ တို့ကို သိပ်စိတ်ဆိုးသွားပြီလား ...”

လေသံနှင့်မေးသောကြောင့် နွေးခနဲ အာငွေ့ ကလေးဟပ်လာရာမှ ယောက်ျားပျိုက ပါးချင်းကပ်လိုက်၏။

အဝါသည် ယောက်ျားပျို၏လက်ကို မိမိ၏ ပူနွေးနူးညံ့သော လက် ချောင်းကလေးများဖြင့် ပို၍တင်းကျပ်စွာ ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။

နီလွင်ပြည့်ဖောင်းသော နှုတ်ခမ်းအစုံသည် နှင်းဆီငုံကလေး ပွင့်တော့ မည်ကဲ့သို့ ရွရွမျှလှုပ်ရှားလျက် မောဟိုက်ရှိုက်သံကလေးသာ ညံ့သက် စွာ ထွက်ပေါ်လာ၏။

ယောက်ျားပျိုသည် မိန်းမပျို၏မျက်နှာကို ပါးချင်းခွာလျက် ငုံ့ကြည့် လိုက်ရာမှ အားမလိုအားမရ ဖြစ်လာသောကြောင့် မျက်နှာချင်းဆိုင်မိအောင် ကြိုးကြမ်းစွာ ဆွဲလှည့်လိုက်သည်။ ထို့နောက် မိန်းမပျို၏မေးဖျားကို လက် တစ်ဖက်ဖြင့် ဆွဲယူပင့်တင်လိုက်၏။

သူပြုတိုင်း နုနေမိရှာသော မိန်းမပျို၏ လှသောမျက်နှာမှ တပ်မက်စွာ ဝင်းလျက်ရှိသည့် မျက်လုံးအစုံတို့သည် ကောင်းကင်မှ မှိတ်တုတ်မှိတ်တုတ် ကြည့်နေကြသော ကြယ်အရောင်တို့နှင့် အပြိုင်ဝင်းပလျက် မော့ကြည့်လာ၏။

ယောက်ျားပျိုသည် မိန်းမပျိုကို ပွေ့ပိုက်ဆွဲယူလျက် ရင်ချင်းအပ်စေ ပြီးနောက် မျက်နှာချင်းကပ်ကာ နှုတ်ခမ်းချင်းထိလုလု ပြုပြီးလျှင် ရင်မှ ထွက်လာသည့် လေသံဖြင့် စကားဆို၏။

ကိုလေ သိပ်ချစ်လွန်းလို့ သိလား ...”

မိန်းမပျိုသည် ဘာမျှ ပြန်မပြောဘဲ ယောက်ျားပျိုကို ပို၍တင်းကျပ် အောင် ဖက်လိုက်၏။ ယောက်ျားပျိုသည် မိန်းမပျို၏မျက်နှာကို မျက်နှာ ချင်း ခွာလိုက်ရာမှ နှုတ်ခမ်းချင်းဖိကပ်နမ်းစုပ်ပြန်၏။ မိန်းမပျိုသည် ယောက်ျားပျို၏ ပခုံးသားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိရာမှ ညည်းသံ နှင့်အတူ ယောက်ျားပျိုကိုအားပြုလျက် နွဲ့ လျစွာ မှီကျသွားသည်။

ယောက်ျားပျိုသည် မိန်းမပျိုကိုပွေ့ပိုက်ရင်း စံပယ်ရုံဘေးရှိ မြက်ခင်း ပေါ်တွင် နောက်တစ်ကြိမ်ထိုင်မိကြပြန်သည်။ စောစောကကဲ့သို့ပင် ပြင်းပြင်း ထန်ထန် ရင်ခုန်လာရပြန်၏။

ထို့နောက် ချစ်သူနှစ်ယောက်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်း ခွာလျက် ကြယ်ရောင်ဖဲ့ဖဲ့တွင် လှဲလှဲသာမြင်ကြရသော မျက်လုံးအချင်းချင်း ကို တရှိုက်မက်မက်နှင့် စိန်းစိန်းကြည့်ကြပြန်၏။

တိတ်ဆိတ်နေသော ချစ်သူနှစ်ယောက်တို့၏နားထဲ၌ ရင်ခုန်သံက ပို၍ပြင်းထန်ကျယ်လောင်နေသည်။ ယောက်ျားပျိုသည် မိန်းမပျိုရှိရာသို့ တိုးဖိကာ နောက်တစ်ကြိမ်နမ်းစုပ်၏။

မိန်းမပျိုသည် ယောက်ျားပျိုကို ရှိသမျှအင်အားကလေးနှင့် သိမ်းကျုံး ဖျစ်ညှစ်ထားမိ၏။ မိန်းမပျို၏ မျက်လုံးအစုံသည် ယောက်ျားပျို၏ပခုံးကို ကျော်လွန်လျက် နက်ရှိုင်းသောကောင်းကင်ပြင်မှ မှုန်ဝေဝေ နဂါးငွေ့တန်းကြီးရှိရာသို့ အမှတ်မထင် ငေးစိုက်မိ၏။

မိန်းမပျိုသည် ထိုနဂါးငွေ့တန်းကြီးပေါ်သို့ ရောက်ရှိနေကာ အသည်း တအေးအေးနှင့် ဖိုလှိုက်စွာ ပြေးခုန်ကူးသန်းနေ၏။ အဆုံးအစမရှိသောကောင်းကင်ပြင်ဝယ် အသည်းတအေးအေးဖြင့် ပြေးခုန်ဖိုလှိုက်ရလွန်းသော အခါ နဂါးငွေ့တန်းကြီးသည် ဝိုးတဝါး ဖြစ်လာပြန်၏။ ထိုအချိန်၌ တမှိတ် မြိတ်မြင်နေရသော ကြယ်ကလေးများသည် အောက်ခြေမှ တရိပ်ရိပ် ပြေးထွက် ကုန်သောကြောင့် ရင်ထဲတွင် ဟာတာတာနှင့် မျက်လုံးမှိတ်လျက် ညည်းသံ နှင့် ရှိုက်ငင်နေရသည်။

လဟာပြင်ကြီးမှ ခြေလွတ်လက်လွတ် ကျဆင်းလာရသည်ဟု ထင် မှတ်လိုက်သည့်အချိန်တွင် လျှပ်စစ်အမိခံလိုက်ရသူကဲ့သို့ တစ်ကိုယ်လုံး လှုပ်ရှားသွားလျက် အသက်ရှူရပ်နေမိသည်။

ဖြူလွသော တိမ်တိုက်ကြီးများကို အားပါးတရ ပွေ့ဖက်ဖျစ်ညှစ်ရင်း မောဟိုက်မိန်းမောနေချိန်တွင် ပြာရှိုင်းသောကောင်းကင်ပြင်ကြီးဝယ် စိန်ပွင့် ကလေးများ ဆုပ်ကြဲထားဟန်ရှိသော ကြယ်ပြောင်ကလေးများအားလုံးကို ပြတ်ပြတ်သားသားမြင်လာရပြန်သည်။

ထိုအချိန်မှစ၍ မိန်းမပျိုသည် ယောက်ျားပျို၏မျက်နှာကို စိန်းစိန်း စူးစူး အလိုလို စိုက်ကြည့်မိ၏။

ကို ရယ် ...”

မင်ရည်ထဲတွင် သဲ့သဲ့မျှပေါ်သော ယောက်ျားပျို၏မျက်နှာကို နုသော လက်ဖဝါးငယ်ဖြင့် တယုတယ ကိုင်တွယ်စမ်းသပ်ရင်း မိန်းမပျိုက ခေါ် လိုက်၏။

ယောက်ျားပျိုသည် မိန်းမပျို၏ ပြည့်ဝသောနှုတ်ခမ်းအစုံကို မထိတထိ နမ်း၍ တုံ့ပြန်သည်။ ထို့နောက် မြက်ခင်းပေါ်သို့ ခြေပစ်လက်ပစ် ပက်လက် လှန်လိုက်၏။

နက်ပြာသော ကောင်းကင်ပြင်ကြီးအတွင်း၌ စောစောက အဝါ မြင်နေ ရသော ကြယ်ပြောင်ကလေးများသည် ယောက်ျားပျိုအား မှိတ်တုတ်မှိတ် တုတ် ပြု၍စ၏။ အဝါသည် နေရာမှ လူးလဲထလိုက်ရင်း ယောက်ျားပျို၏ မျက်နှာကို အပေါ်မှစီးကြည့်လျက် ထပ်ခေါ်၏။

“ကို.....”

“ဝါ....”

ယောက်ျားပျို ခေတ္တငေးစိုက်လိုက်သော မိုးပြာကြီးအတွင်းရှိ ကြယ် ပြောင်ကလေးနှစ်လုံးသည် မိမိမျက်နှာအနီးတွင် ပြောင်းရွှေ့ လာဘိသို့ အမှောင်ထဲမှ တောက်ပထက်သန်စွာ ကြည့်နေသည်ကို မြင်ရ၏။ အနီးသို့ ကျလာသော ကြယ်ပြောင်ကလေးနှစ်ခုက နွဲ့ ချိုသောအသံကိုပြု၏။

ကို ငါ့ကိုအထင်သေးသွားပြီလား ကိုရယ် ...”

ယောက်ျားပျိုသည် အဝါ၏မျက်နှာကို မိမိမျက်နှာဆီသို့ ဆွဲယူနမ်းရှုပ် လိုက်ပြီးနောက် နေရာမှ လူးထဲထ၏။ ထို့နောက် နှစ်ယောက်အတူ ယှဉ် ထိုင်လိုက်ကြပြီးလျှင် အဝါ၏ ငယ်သောခါးကိုဆွဲယူလိုက်ကာ မိမိနှင့် ပူးကပ် ထိုင်စေ၏။

ကဲ ... ပြောစမ်းပါဦး၊ ဘာလို့ ကိုက ငါ့ကို အထင်သေးရမှာတုံး”

ဝါလေ ငါ့ကိုအထင်သေးမှာပဲ ကြောက်နေတယ်၊ ပြီးတော့ ငါ့ကို တကယ်မယူဘဲနဲ့ ပစ်သွားမှာလည်း ကြောက်တာပဲ”

ယောက်ျားပျိုသည် အဝါ၏ကျောကို တင်းကျပ်စွာ ဖျစ်ညှစ်သိုင်းဖက် ရင်း ကြည်နူးစွာရယ်လိုက်သည်။ ထို့နောက် ပါးချင်းအပ်လျက် တယုတယ ပြော၏။

“ဖြစ်ရလေ ဝါရယ်၊ ဒီမှာ ကို့မျက်နှာကို သေသေချာချာကြည့်စမ်း ...”

ယောက်ျားပျိုသည် အဝါနှင့် ပခုံးချင်းခွာလျက် မျက်နှာချင်း ဆိုင် လိုက်၏။ အဝါသည် ကြယ်ရောင်မှေးမှေးတွင် ရေးရေးမျှမြင်ရသော ယောက်ျားပျို၏မျက်နှာကို တပ်မက်ချစ်ကြည်ညိုစွာ ငေးစိုက်ကြည့်၏။

လေးလုံးသောမျက်စိတို့သည် တိတ်တိတ်ဆိတ်ဆိတ် အချင်းချင်း ငေးစိုက်ကြည့်နေကြသော်လည်း ဝမ်းတွင်းကမူ ရင်ခုန်သံချင်း စကားပြော နေကြ၏။ အတန်ကြာသော် ယောက်ျားပျိုက စကားဆက်၏။

ကို ယောက်ျားပါကွာ၊ ဝါ ကိုကိုယုံလိုက်စမ်းပါ၊ ကိုလေ ဘယ်သူ့ စကားမှ နားထောင်ဖို့မလိုဘူး။ ကိုမေမေဆိုတာကတော့ စကားထဲကို ထည့် မတွက်နဲ့ အမြဲတမ်း ကိုယ့်အလိုကို လိုက်လာခဲ့ရတာ။ အဲဒီတော့ ရှေ့နှစ်ခါ စာမေးပွဲပြီးရင် တစ်ခါတည်း အဝါတို့ဆီလိုက်ခဲ့မှာ စိတ်ချ”