Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ယူရီပိုင် - နိုဘယ်ငြိမ်းချမ်းရေးဆု

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
နိုဘယ်ဆု ပေါ်ပေါက်လာခြင်း

           နိုဘယ်ဆု အမျိုးအစား ငါးမျိုးတွင် နိုဘယ်ငြိမ်းချမ်းရေးဆုသည် တစ်ခု အပါအဝင်ဖြစ်သည်။ ဆွီဒင်နိုင်ငံမှ စက်မှုလုပ်ငန်းရှင်၊ တီထွင်ရှင် နှင့် လက်နက်ခဲယမ်းမီး ကျောက်ထုတ်လုပ်သူ အဲလ်ဖရက်နိုဘယ် (Alfred Nobek) က ထူထောင်ပေးခဲ့သည့်ဆုကြီး ဖြစ်သည်။ “နိုင်ငံများ အကြား သဟာယစိတ်ဓာတ်အတွက် တည်ရှိနေသည့် စစ်တပ်အင်အား ဖျက်သိမ်းခြင်း သို့မဟုတ် လျှော့ချခြင်းနှင့် ငြိမ်းချမ်းရေးညီလာခံများ ကျင်းပခြင်းနှင့် မြှင့်တင်ခြင်းတို့အတွက် အကောင်းဆုံး လုပ်ကိုင် ပြီးစီးခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း” ပြုသူကို နှစ်အလိုက် ချီးမြှင့်ပေးခဲ့သည်မှာ ၁၉ဝ၁ ခုနှစ် ကတည်းက ဖြစ်သည်။

          အဲလ်ဖရက် နိုဘယ်၏ သေတမ်းစာအလိုအရ ဆုချီးမြှင့်ရမည့် သူကို နော်ဝေနိုဘယ်ကော်မတီမှ ရွေးချယ်ပေးသည်။ အဆိုပါ ကော်မတီ တွင် အဖွဲ့ဝင် ၅ဦး ပါဝင်ပြီး ၎င်းတို့ကို နော်ဝေပါလီမန်မှ ရွေးချယ်ခန့်

အပ်ပေးသည်။ ၁၉၉၀ ခုနှစ်မှစ၍ ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို ဒီဇင်ဘာလ ၁၀ ရက်၌ အော်စလို မြို့တော်ခန်းမတွင် နှစ်စဉ်ကျင်းပပေး ခဲ့သည်။ ရှေးယခင်က ၁၉၀၁ ခုနှစ်မှ ၁၉၀၄ ခုနှစ်အထိ ပါလီမန်၌ လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ နော်ဝေးနိုဘယ် အင်စတီကျူးတွင် လည်းကောင်း၊ ၁၉၄၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိအော်စလိုတက္ကသိုလ် ဥပဒေမဟာဌာနတွင်လည်းကောင်း ဆုချီးမြှင့်သည့် အခမ်းအနားများ ကျင်းပခဲ့သည်။

 

ဝိဝါဒကွဲပြားနေခြင်း

          နိုဘယ်ငြိမ်းချမ်းရေးဆုကြီးသည် နိုင်ငံရေးသဘောသဘာဝ ဖြစ်နေ သဖြင့် ဆုကြီး၏ သမိုင်းတစ်လျှောက် ဝိဝါဒကွဲပြားကာ အငြင်းပွားမှုများ အမြဲလိုလို ရှိနေစေပေသည်။ ၁၈၉၆ ခုနှစ်၌ အဲလ်ဖရက် နိုဘယ် ကွယ် လွန်ခဲ့ပြီး ငြိမ်းချမ်းရေးဆုကြီး ရွေးချယ်ရန်အတွက် ရှင်းလင်းတင်ပြချက် မထားရစ်ခဲ့ချေ။ သူသည် စက်မှုပညာရှင်တစ်ဦးဖြစ်ပြီး ဓာတုအင်ဂျင် နီယာတစ်ဦးအဖြစ် လေ့ကျင့်သင်ယူခဲ့သူဖြစ်သဖြင့် ဓာတုဗေဒနှင့် ရူပ

ဗေဒတို့အတွက် ဆုချီးမြှင့်ပေးလိုခြင်းမှာ သူတတ်လက်ပညာအတွက် ဆုပေးခြင်းဖြစ်သဖြင့် ရှင်းလင်းမြင်သာသည်။ ငြိမ်းချမ်းရေးအတွက်မှာမူ အကြောင်းပြချက် ရှင်းလင်းမြင်သာခြင်း မရှိချေ။ အဘယ်ကြောင့် ဤဆု အမျိုးအစားကို သူထည့်သွင်းခဲ့ရသနည်း။

          ဖြစ်နိုင်သည့် အချက်တစ်ခုမှာ နိုဘယ်သည် ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ Bertha von Suttner နှင့် ခင်မင်ရင်းနှီးခဲ့ကြပြီး ၎င်း၏ သြဇာသက်ရောက်မှုကြောင့် ငြိမ်းချမ်းရေးဆုကြီးကို ထည့်သွင်း သတ်မှတ်ရန် နိုဘယ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဟန်တူပေသည်။ နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ နိုဘယ်၏ အဓိကလုပ်ငန်းမှာ ဖျက်ဆီးခြင်းသာမက သက်ရှိများကိုပါ သေကြေစေသည့် ဒိုင်းနမိုက်များ ထုတ်လုပ် ခြင်းဖြစ်ပေရာ ထိုသို့ စစ်လက်နက်ထုတ်ခြင်းကိုပြန်ချေဖျက်ပေးသည့် အနေဖြင့် ငြိမ်းချမ်းရေးဆုကြီးကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြသည်။

          နိုဘယ်သည် ဆွီဒင်နိုင်ငံသား ဖြစ်သော်လည်း ငြိမ်းချမ်းရေးဆု ကြီးကို နော်ဝေတို့၏လက်ထဲ ဝကွက်အပ်ထားသည်မှာလည်း မည်သည့် အကြောင်းကြောင့်မှန်း မသိကြရချေ။ သို့လောသို့လော တွေးဆပြောဆို ကြခြင်းများသာရှိပြီး ခိုင်ခိုင်လုံလုံ မရှိလှချေ။

 

 

ဆုချီးမြှင့်ရန် လျာထားသည့်စာရင်း လုပ်ထုံးလုပ်နည်း

          နှစ်စဉ်နှစ်တိုင်း နော်ဝေနိုဘယ်ကော်မတီသည် နိုဘယ်ငြိမ်း ချမ်းရေးဆု ချီးမြှင့်နိုင်ရန်အတွက် အမည်တင်သွင်းရန် တောင်းခံခြင်းများ ပြုသည်။ မည်သူမည်ဝါတို့ တင်သွင်းနိုင်သည်ဟူသော သတ်မှတ်ချက် များကို နိုဘယ်ဖောင်ဒေးရှင်းမှ ချမှတ်ပေး သည်။ သို့ဖြစ်ရာ အမည်စာရင်း တင်သွင်းနိုင်ကြသည့်သူတို့မှာ

        -  နို င်ငံအဆင့်အဖွဲ့ အစည်းများနှင့် အစိုးရများ၊ Inter-Parliametary Union အဖွဲ့ဝင်များ

        -  နယ်သာလန်နိုင်ငံ မြို့တော်ရှိ Permanent Court of Arbitration နှင့် International Court of  Justice အဖွဲ့ဝင်များ   

        -   Institut de Droit International အဖွဲ့ဝင်များ

        -  တက္ကသိုလ်များတွင် လုပ်ကိုင်လျက်ရှိကြသည့် သမိုင်း၊ လူမှုသိပ္ပံ၊ ဒဿန၊ ဥပဒေ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုဆိုင်ရာပညာ ပါမောက္ခများ၊ တက္ကသိုလ် အကြီးအကဲများ၊ ငြိမ်းချမ်းရေး သုတေ

သနဌာနကြီးမှူးများ၊ နိုင်ငံတကာရေးရာဌာနကြီးမှူးများ 

        -  နိုဘယ် ငြိမ်းချမ်းရေးဆုရှင်များ၊ အကယ်၍ ဆုရှင်သည် အဖွဲ့ အစည်းဖြစ်နေပါက ၎င်းအဖွဲ့အစည်း၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ

        -  နော်ဝေ နိုဘယ်ကော်မတီ၏ လက်ရှိနှင့် ယခင်က အဖွဲ့ဝင်များ

        -  Norwegian Nobel Institute ၏ယခင်ကအမြဲတမ်းအကြံပေးလုပ်ကိုင်ခဲ့သူများ

        -  အမည်စာရင်းအတွက် ရရှိသည့် ပုဂ္ဂိုလ်ဦးရေစံချိန်များကို ကြည့် မည်ဆိုပါက ၂၀၀၉ ခုနှစ်တွင် လျာထားစာရင်းဝင် ၂၀၅ ဦးဖြင့် စံချိန်သစ် တင်ခဲ့သည်။ ထိုစံချိန်ကို နောက်တစ်နှစ် ၂၀၁၀ ခုနှစ်၌ ၂၃၇ ဦးဖြင့် စံချိန်ချိုးလိုက်သည်။ နောက်တစ်နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ်၌ ၂၄၁ ဦးဖြင့် စံချိန်ထပ်ချိုးလိုက်ပြန်သည်ကို တွေ့ရသည်။

 

 လျာထားအမည်စာရင်း လျှို့ဝှက်ထားခြင်း

           နိုဘယ်ငြိမ်းချမ်းရေးဆု ပေးဖို့ အလားအလာရှိသည့် လျာထား အမည်စာရင်းကို နှစ်ပေါင်း ငါးဆယ်တိုင်တိုင် လျှို့ဝှက်ထားသည်။ သို့ဖြစ်ရာ နှစ်ပေါင်း ငါးဆယ်ပြည့်ပြီးမှသာ လျာထားအမည်စာရင်းကို လူအများသိခွင့်ရရှိသည်။ ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်အတွက် လျာထား အမည်စာရင်းကို နောက်ထပ် နှစ်ပေါင်းငါးဆယ် ကြာမြင့်ပြီးချိန် ဖြစ်သည့် ၂၀၁၂ ခုနှစ်ကျမှ လူအများသိခွင့်ရကြပေသည်။ နိုဘယ်ဖောင်ဒေးရှင်း သည် ဆုချီးမြှင့်ရန် ဆုရှင်ကို ရွေးချယ်သတ်မှတ်ရာ၌ အမည်တင်သွင်း သည့်သူများ၏ စာရင်း၊ အဆုံးအဖြတ်ပြုရန်စဉ်းစားပုံ၊ မေးမြန်းစုံစမ်းခြင်း စသည်တို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို နှစ်ပေါင်း ၅ဝ တိုင်တိုင် ဖွင့်ဟပြောကြားခြင်း မပြုချေ။ တစ်စွန်းတစ်စ ပေါက်ကြား ခြင်းရှိမည်ဖြစ်သော်လည်း တရားဝင် မဖြစ်ချေ။

 

ရွေးချယ်ပုံ အဆင့်ဆင့်

          ဆုချီးမြှင့်ရန် လျာထားစာရင်းတွင် ပါဝင်သည့်သူတို့ကို နိုဘယ် ကော်မတီက အစည်းအဝေးများ ထိုင်ပြီး ဆန်ကာတင်စာရင်းကို ရွေးချယ် သတ်မှတ်ပေးသည်။ ထိုဆန်ကာတင်စာရင်းကို နိုဘယ် အင်စတီကျု၏ အမြဲတမ်းအကြံပေးတို့က စဉ်းစားပေးကြသည်။ ထိုအကြံပေးအဖွဲ့တွင် ဆုပေးသည့်ကိစ္စရပ်အပေါ် ကျွမ်းကျင်သူများ ပါဝင်ကြသည်။ အကြံပေး အဖွဲ့က လအတန်ကြာအချိန်ယူ ဆောင်ရွက်ပေးပြီးသောအခါ အစီရင်ခံစာကို နိုဘယ်ကော်မတီထံ တင်သွင်းသည်။ ကော်မတီသည် ဆုံးဖြတ် ချက်ပေးသူတို့ကို အမည်မဖော်ထုတ်ဘဲ ရရှိရန် ကြိုးပမ်းမည်ဖြစ်သော် လည်း ထိုသို့မဖြစ်နိုင်သည့်အခါများလည်းရှိမည် ဖြစ်သည်။ နိုဘယ် ကော်မတီသည် စက်တင်ဘာလလယ်တွင် အပြီးသတ် ရွေးချယ်မှုကို ဆောင်ရွက်သည်။ သို့သော် နောက်ဆုံးဘိတ် ဆုံးဖြတ်ချက်ကို အောက် တိုဘာလဆန်း၌ တရားဝင် ကြေညာခြင်းမပြုခင် ကျင်းပသည့် နောက် ဘိတ်ဆုံး အစည်းအဝေးကျမှ ဆုံးဖြတ်ချက် ချလေ့ရှိသည်။

 

နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း

          နော်ဝေနိုဘယ်ကော်မတီ ဥက္ကဋ္ဌက ငြိမ်းချမ်းရေး နိုဘယ်ဆုကို နော်ဝေဘုရင်ရှေ့မှောက်၌ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်တွင် ချီးမြှင့်ပေး သည်။ ထိုရက်သည် အဲလ်ဖရက်နိုဘယ်ကွယ်လွန်ခဲ့သည့် နှစ်ပတ်လည် နေ့ ဖြစ်သည်။ နိုဘယ်ဆု ၅ မျိုးရှိသည့်အနက် ဤဆုတစ်ခုတည်းသာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတွင် မချီးမြှင့်ခြင်း ဖြစ်သည်။ ဆုရှင်သည် ဒီပလိုမာတစ်စောင်၊ ရွှေတံဆိပ်တစ်ခုနှင့် ဆုကြေးအတည် ပြုပေးထား သည့် စာရွက်စာတမ်းတို့ကို ရရှိသည်။ ၂၀၁၃ ခုနှစ်၌ ချီးမြှင့်ခဲ့သည့် ဆုကြေးမှာ အမေရိကန်ဒေါ်လာ တစ်သန်းခွဲနီးပါး ဖြစ်သည်။

 

ဝေဖန်မှုများ

          နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် လတ်တလော လက်ငင်းအထမြောက်ခြင်းများကိုသာ ချီးမြှင့်နေခြင်းဖြစ်သည်ဟု ခံစားမိကြောင်း ဝေဖန်မှုများ ရှိနေသည်။ အထမမြောက်သေးလျှင်လည်း နောက်မဆုတ် ဘဲ ဆက်လုပ်စေရန်အတွက် အားပေးသည့်အနေဖြင့် ဆုချီးမြှင့်ခြင်းများ လည်း ရှိခဲ့ပေသည်။ ကျယ်ပြန့်သည့်အရေးကိစ္စဖြစ်သည့် ငြိမ်ချမ်းရေးဆု အတွက် လူနည်းစုဖြင့်သာ အဆုံးအဖြတ်ပြုခြင်းသည် အမှားအယွင်း ရှိတတ်သည်ဟုလည်း ထောက်ပြကြသည်။                         

             နောက်ထပ် ထောက်ပြချက်တစ်ခုမှာ နော်ဝေနိုဘယ်ကော်မတီ သည် အဖွဲ့ဝင်များ ထားရှိရာ၌ ပညာရှင်များနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများကို ထားရှိသင့်သည်။ ယခု အငြိမ်းစား ပါလီမန်အမတ် များ ပါဝင်နေကြသည်။ သို့ဖြစ်ရာ အမြင်မကျယ်နိုင်တော့ချေ။ နော်ဝေး မှာ ထင်ရှားသည့် သမိုင်းပညာရှင် Oivind Stenersen က နော်ဝေ သည်ဆုကြီးကို နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ များ၊ စီးပွားရေးအကျိုးများအတွက် ကိရိယာတစ်ခုအဖြစ် သုံးစွဲနေ သည်ဟု ဝေဖန်ခဲ့သည်။

          နိုဘယ်၏ မြေးဖြစ်သူ Michael Nobel ကလည်း ဆုရှင်ရွေးချယ်ပုံ သည် နိုင်ငံရေးသက်သက်ဖြစ်နေပြီး အဘိုးဖြစ်သူ နိုဘယ်၏ ဆန္ဒနှင့် ကိုက်ညီမှု ရှိချင်မှ ရှိသည်ဟု ဝေဖန်ခဲ့ပေသည်။

          ဗီယက်နမ်မှ ခေါင်းဆောင် လီဒတ်သိုနှင့် အမေရိကန်မှ နိုင်ငံခြား ရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခဲ့ကြရာ၌ သဘောထားကွဲလွဲမှု ကော်မတီအဖွဲ့ဝင်နှစ်ဦး