Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

ယမုံအေး(စမ်းချောင်း) - အဖိုးတန်ဆုံးဥစ္စာပစ္စည်းနှင့်တရုတ်ပုံပြင်လက်ရွေးစင်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဝါးဆွေးကို ချွန်၍မထက်

        

          ဟိုးရှေးရှေးတုန်းက တရုတ်ပြည် (ချွန်ချူခေတ် ဘီစီ ၇၀၀ မှ ဘီစီ ၄၇၆ ခုအတွင်း)မှာ ကြီးကျယ်မြင့်မြတ်လှတဲ့ အတွေးအခေါ်ပညာရှင်ကြီး၊ ပညာပေး ပညာရှင်ကြီး ကွန်ဖြူးရှပ်ဆိုသူ ပေါ်ပေါက်ခဲ့ပါတယ်။ ကွန်ဖြူး ရှပ်ဟာ သူရဲ့ တစ်ဘဝလုံးမှာ ပညာသွန်သင်ပြပေးမှုကိုသာ အဓိကထား လုပ်ကိုင်ခဲ့ပါတယ်။ သူ့မှာ တပည့်စုစုပေါင်း သုံးထောင်ကျော်ရှိပါတယ်။ အဲဒီအထဲက ထူးချွန်ကျောင်းသား ၇၂ ယောက် ပေါ်ထွက်ခဲ့ပါတယ်။ သိပ်မကြိုးစားကြတဲ့ တပည့်တွေလည်း ရှိပါသေးတယ်။ ကွန်ဖြူးရှပ်ဟာ ကျောင်းသားတွေအပေါ်မှာ အင်မတန် စည်းကမ်းတင်းကျပ်ပါတယ်။

          ဒီကျောင်းသားတွေထဲက ကျိုင်ယွီဆိုတဲ့ ကျောင်းသားဟာ အစစ အရာရာမှာ အချက်ကျကျနဲ့ စကားလှပအောင် ပြောဆိုတတ်တဲ့အတွက် ကွန်ဖြူးရှပ်ဟာ သူ့ကို ဉာဏ်ကောင်းထူးချွန်ပြီး ရှေ့တက်လမ်းရှိတဲ့

ကျောင်းသားလို့ ထင်မြင်မိပါတယ်။ ဒါကြောင့် ကွန်ဖြူးရှပ်ဟာ သူ့ကို အမြဲဂရုစိုက်မိသတဲ့။ နောက်ပိုင်းတော့ ကွန်ဖြူးရှပ်ဟာ ကျိုင်ယွီ အတန်းလာမတက်တာ တွေ့ ရသတဲ့။ တစ်ရက်လောက်လာတက်လိုက် ရက် အကြာကြီး ပျောက်သွားလိုက်နဲ့ ဖြစ်နေသတဲ့။ ဒါကြောင့် အခြားကျောင်း သားတွေ စေလွှတ်ပြီး ကျိုင်ယွီကို သွားရှာခိုင်းတယ်။ ကျိုင်ယွီဟာ နေ့ခင်း ကြီးတောင် အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာ အပျင်းကြီးစွာအိပ်နေသတဲ့။

          ဒါကြောင့် ကွန်ဖြူးရှပ်ဟာ ကျိုင်ယွီကို သွားတွေ့တယ်။ ပြန်လာ တဲ့အခါ ကျောင်းသားတွေကို ပြောပြတယ်။ “ယိုယွင်းဆွေးမြည့်နေတဲ့ သစ်သားတုံးကို ထွင်းထုလို့ ဘယ်လိုမှမရနိုင်ဘူး။ ညစ်ပေနေတဲ့ မြေကြီးနဲ့ နံရံကို နောက်ထပ်ထုံးသုတ် မွမ်းမံဖို့ နည်းလမ်းမရှိဘူး။ ဒီဆွေးမြည့်နေ တဲ့ သစ်သားတုံးနဲ့ ညစ်ပေနေတဲ့မြေကြီး၊ နံရံ အတူတူပါပဲ။ ဘယ်သူမဆို ပျင်းရိထိုင်းမှိုင်းလေးလံနေရင် အောင်မြင်ချင်တဲ့စိတ် ဘယ်လောက်ရှိရှိ

အောင်မြင်မှာမဟုတ်ဘူး။ ကျွန်ုပ်ဟာ ကျိုင်ယွီကို အစကတည်းက လေ့လာထားပြီးသား၊ သူဟာ စကားပြောကောင်းတယ်။ အောင်မြင်ချင် တဲ့ စိတ်ဓာတ်ရှိတယ်။ ကျွန်ုပ် သူ့ကိုမြင်တဲ့အမြင် မမှားနိုင်ဘူး။ နောက် ပိုင်း သူ့ရဲ့ အပြုအမူ၊ အပြောနဲ့အလုပ်တွေ ညီညွတ်လားဆိုတာ ကျွန်ုပ် စောင့်ကြည့်လေ့လာမယ်။ သူဟာ တကယ်တက်လမ်းရှိတဲ့ လူတစ် ယောက် ဟုတ်မဟုတ်ဆိုတာ ဒီလိုအချိန်ပေးစောင့်ကြည့်မှ ဝေဖန် ဆုံးဖြတ်လို့ရနိုင်မယ်”

          ကွန်ဖြူးရှပ်ရဲ့ ဝေဖန်ပြောဆိုမှုတွေကို ကျိုင်ယွီကြားသိသွားပြီး နောက်ပိုင်းမှာ ကျိုင်ယွီဟာ ကွန်ဖြူးရှပ်ထံလာပြီး သူ့ရဲ့ ပျင်းရိထိုင်းမှိုင်း နေတဲ့ အကျင့်ဆိုးတွေကို ပြုပြင်ကာ သူ့ရဲ့ အမှားကို ဝန်ချတောင်းပန် သတဲ့။ နောင်အနာဂတ်မှာ ကျိုင်ယွီဟာ ပညာရှိတစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ “ရှိုမူနန်သရောင်း” “ဝါးဆွေးကို ချွန်၍မထက်၊ သစ်ဆွေးကို ထွင်းရခက်” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာပါတယ်။

 

 

အဖိုးတန်ဆုံး ဥစ္စာပစ္စည်း

           ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာ လှေလှော်ပြီး အသက်မွေးတဲ့ လှေ သမားအဘိုးအိုတစ်ဦး ရှိတယ်။ တစ်နေ့ နေဝင်ခါနီး ညနေစောင်းတစ်ခု မှာ ကူးတို့ဆိပ်ကို လူလေးယောက် တစ်ပြိုင်တည်း ရောက်လာကြသတဲ့။

ပထမတစ်ဦးက အရမ်းချမ်းသာတဲ့ သူဌေးကြီးဖြစ်တယ်။ ဒုတိယ တစ်ဦးက အရာရှိဖြစ်ပြီး တတိယတစ်ဦးက သိုင်းသမား၊ စတုတ္ထတစ်ဦး က ကဗျာဆရာတစ်ယောက် ဖြစ်သတဲ့။ ဒီကူးတို့ဆိပ်မှာလည်း လှေ သမားအဘိုးအိုရဲ့ လှေကလေးတစ်စင်းသာ ရှိသတဲ့။ သူတို့ လေးဦးစလုံး က လှေသမားကြီးကို လှေစီးပြီး မြစ်ကိုဖြတ်ချင်ကြောင်း ပြောကြတယ်။

          လှေသမားကြီးက သူ့ရဲ့ မုတ်ဆိတ်ကြီးကို လက်နဲ့သပ်ရင်း “ကျွန်ုပ် ရဲ့ ဒီလှေကလေးက လူတစ်ဦးကိုသာလျှင်တင်ပြီး ဒီမြစ်ကိုဖြတ်လို့ရမယ်။ ဒါကြောင့် သင်တို့ထဲက တစ်ဦးကိုသာလျှင် လိုက်ပို့ပေးနိုင်မယ်။ သင်တို့ ရဲ့ အကြောင်းပြချက်တွေကို ကျွန်ုပ်ကိုပြောပြပါ။ အရေးကြီးဆုံးလူကို ပို့ပေးပါ့မယ်။

 

           ဒီစကားကိုကြားတော့ ပထမဆုံး အရမ်းချမ်းသာတဲ့ သူဌေးကြီးက သူ့ မှာပါလာတဲ့ အဖြူရောင်ငွေတုံးကြီး တွေကို ထုတ်ပြပြီး “ငါက ဒီမြစ်ကို ဖြတ် ကူးပြီး ဟိုဘက်ကမ်းကို အရေးတကြီး သွားစရာကိစ္စရှိတယ်။ ငါ့ကိုသာ လိုက်ပို့စမ်း ပါ။ ငါ့မှာ ရွှေ၊ ငွေတွေ အများကြီးရှိတယ်”။ အဲဒီ အချိန်မှာ အရာရှိက အားကျမခံ “သင်က ငါ့ကို ဒီမြစ် ဖြတ်ကူးနိုင်အောင် လုပ်ပေးရမယ်။ ငါက သင့်ကို ခရိုင် အရာရှိတစ်ဦးဖြစ်အောင် လုပ်ပေးနိုင်တယ်”။ သိုင်းသမား ကလည်း အလောတကြီး ဝင်ပြောတယ်။ “ငါဒီမြစ်ကို ဖြတ် ကိုဖြတ်ရမှ ဖြစ်မယ်။ ဒီလိုမှမဟုတ်ရင်” လို့ ပြောရင်း

သူ့ အတွင်းအားများ ထုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မြှောက်ပြတယ်။

          ဒါနဲ့ လှေ သမား အဘိုးအိုကကဗျာဆရာကို မေးလိုက်တယ်။ “သင်ရော၊ ပြောပါ”လို့။ ကဗျာဆရာက မျက်နှာငယ်လေးနဲ့ “ကျွန်ုပ်ကတော့ သူတို့တွေလို မချမ်းသာပါဘူး၊ ကုန်းကောက်စရာမရှိအောင် မွဲပါတယ် အဘိုးရယ်၊ ကျွန်ုပ် ဒီနေ့ ဟိုဘက် ကမ်းကို မရောက်ရင် အိမ်မှာရှိတဲ့ ဇနီးနဲ့သားသမီးတွေဟာ ကျွန်ုပ် အတွက် စိုးရိမ်ပူပန်ပြီး မျှော်နေကြပါလိမ့်မယ်” လို့ ဆိုသတဲ့။ ဒီတော့ လှေသမားကြီးက ကဗျာဆရာကို “လှေပေါ်တက်ပါ။ သင့်ရဲ့ အကြောင်း ပြချက်ဟာ အဖိုးတန်ပါတယ်” လို့ပြောရင်း ကျန်သုံးယောက်ကို လက်ပြ နှုတ်ဆက်ကာ လှေကို ကမ်းကခွာခဲ့သတဲ့။

          ကဗျာဆရာလည်း ဇဝေဇဝါနဲ့ လှေပေါ်တက်လိုက်ပြီး “အဘိုး ရယ်၊ ကျွန်တော် နားမလည်လို့ ရှင်းပြနိုင်မလား” အဘိုးအိုက သက်ပြင်း တစ်ချက်ချလိုက်ပြီး တစ်ဖက်က လှေလှော်ရင်းနဲ့ ကဗျာဆရာကို ပြော တယ်။ “သင့်ရဲ့မျက်နှာနဲ့ အမူအရာမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်နေတယ်။ သင့်ကို အကြောင်းပြချက်မေးတဲ့အခါမှာလည်း မလိမ်ညာဘဲ အမှန်ဆို တယ်။ သင့်ရဲ့ အဖြစ်မှန်ကို မလိမ်ညာဘဲ အမှန်ပြောခြင်းဟာ သင့်စိတ်ရဲ့ ဖြူစင်မှုကိုပြတာပဲ။ လူ့ဘဝမှာ အဖိုးတန်ဆုံးဥစ္စာပစ္စည်းဟာ ရွှေ၊ ငွေ၊ အာဏာ၊ လက်ရုံးရည်တို့ မဟုတ်ပါဘူး။ စိတ်ရဲ့ တကယ်ရိုးသား ဖြူစင် မှုသာလျှင် အဖိုးတန်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို မြစ်တစ်ဖက် ကမ်းကို ရောက်အောင်ပို့ပေးတာပါ”။ ဒီတော့မှ ကဗျာဆရာလည်း နားလည်သွားတော့သတဲ့။

 

Ref: China Newspaper