Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မဝင်းမြင့် - ဘုန်းမောင်ရွှေကိုယ်

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out
Type

          နက်ပြာရောင် စကိုဒါကားကလေးသည် ရန်ကုန်မြို့မှ ထွက်ခွာ လာကာ ပဲခူးမြို့ဘက်သို့ တရိပ်ရိပ်ပြေးနေသည်။ ကားရှေ့ခန်းတွင်ကား ဒရိုင်ဘာနှင့် ယှဉ်ထိုင်လာသော ပင်စင်အငြိမ်းစား ဆရာဝန်ကြီး ဦးကျော်ဒင်ဖြစ်သည်။ ကားနောက်ခန်းတွင် ဆရာဝန်ကြီးကတော်ဒေါ်မြခိုင်နှင့် တစ်ဦးတည်းသောသမီး မသက်နွယ်တို့ဖြစ်သည်။ မသက် နွယ်မှာ အသက် ၂၀ ရှိပြီဖြစ်၏။ မသက်နွယ်၏ ရုပ်ရည်မှာ ကိုယ်လုံး ကိုယ် ထည်တောင့်တောင့်၊ အသားဖြူဖြူ၊ ပြည့်ဖြိုးကြည်လင်သော မျက်နှာနှင့် ချစ်ခင်ဖွယ်ကောင်းသော ရုပ်ရည်မျိုးပင်ဖြစ်သည်။ မသက် နွယ်၏ စိတ်သဘောထားမှာ ဖြောင့်မတ်ပြီး မိန်းကလေးပင်ဖြစ်သော် လည်း သတ္တိရှိသည်။ သူ့စိတ်မှာ မှန်သည်ဟုထင်လျှင် နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ပြုလုပ်တတ်သော သဘောရှိ၏။ သိကျွမ်းခင်မင်သူများကမူ မသက်နွယ်သည် ဇွတ်တရွတ်စိတ်ထားရှိသည်ဟု သာမန်မျှသာ မှတ် ချက်ချတတ်၏။ သို့သော် မသက်နွယ်သည် သူဆောင်ရွက်လိုသည့် အလုပ်ကို မိဘစိတ်ဆင်းရဲမှုမဖြစ်စေဘဲ သူ့ဆန္ဒလည်းပြည့်ဝစေရန် မိဘ များလည်း ကျေနပ်ကြည်ဖြူစေရန် လိမ္မာပါးနပ်စွာ ကျင့်သုံးဆောင်ရွက် တတ်လေသည်။

          ဦးကျော်ဒင်နှင့် ဒေါ်မြခိုင်မှာ ရှေးဆန်သော စိတ်ဓာတ်ရှိသည့် အပြင် ပစ္စည်းဥစ္စာကလည်း ပြည့်စုံကြွယ်ဝပြီးဖြစ်၍ တစ်ဦးတည်းသော သမီး မသက်နွယ်အား ဆယ်တန်းအောင်သောအခါ မိန်းကလေးတစ်ယောက်အဖို့ သင့်တော်လုံလောက်ပြီဟု သဘောပိုက်ပြီး မသက်နွယ်အား မိဘနှစ်ပါးနှင့် မခွဲမခွာနေစေလိုသည်။ သို့ သော် မသက်နွယ်က တက္ကသိုလ်သို့ ဆက်သွားလိုသည်။ ထိုအခါဝယ် ...။ 

          “ဖေဖေတို့ငယ်ငယ်က ဘိုးဘိုးနဲ့ ဘွားဘွားက ရှေးလူကြီးတွေပီပီ သိပ်ဆုံးမခဲ့တယ်လို့ ဖေဖေပြောဖူးတယ် ... ။ သမီး ကောင်းကောင်း မှတ်သားချင်ပါတယ်။ ဖေဖေသမီးကို ပြန်ပြောပြပါဦးနော်၊ ဘိုးဘိုးနဲ့ ဘွားဘွားစကားကို သမီးစာနဲ့ ရေးမှတ်ထားချင်လို့ပါ”

          ဟု ဖခင်အား ပြုံးချိုသောမျက်နှာဖြင့် မေးခဲ့၏။ ဘိုးဘိုးနဲ့ ဘွားဘွားဆုံးမခဲ့သည့် စကားများကို တစ်ခါက ဦးကျော်ဒင်ပြောပြဖူး သည်ကို မသက်နွယ်ကောင်းစွာ မှတ်မိပါ၏။ သို့သော် ... မေ့ချင်ဟန်ဆောင်ပြီး မသက်နွယ်ကမေးသည်ကို ဦးကျော်ဒင်ကလည်း သတိမထား ဘဲ စိတ်ရှည်လက်ရှည် ပြန်လည်ပြောပြသည်။ 

          “အေး ... ဖေဖေပြောပြမယ်သမီးရဲ့၊ တို့များအဖေအမေက ဆုံးမခဲ့တဲ့စကားက မှတ်သားလောက်ပါပေတယ်။ ဖေဖေတို့ ကျောင်း သားဘဝမှာ ပညာသင်လို့ အသက်ဆယ့်ငါးနှစ်လောက် အရွယ်ရောက် တယ်ဆိုရင်ပဲ ငါ့သား ပညာကိုကြိုးစားသင်နော်တဲ့ ... ဖေဖေတို့က ပစ္စည်းဥစ္စာ အမွေပေးခဲ့လို့ သားအဖို့တစ်သက်တာ အေးချမ်းသာယာမယ် လို့ မဆိုနိုင်ဘူးတဲ့ကွဲ ။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းဥစ္စာ ရတနာဆိုတာ ကိုယ့်အပြင်အပကပစ္စည်းမို့ ရန်သူမျိုးငါးပါးက တစ်နည်းနည်းနဲ့ဖျက် ဆီးနိုင်တယ်။ ကိုယ်တွင်းရှိ ဦးနှောက်ထဲကို ထည့်ပေးထားတဲ့ ပစ္စည်းက ရန်သူမဖျက်ဆီးနိုင်ဘူး၊ မိမိတစ်သက်တာမှာ လုံလောက်အောင်ဘုန်းမောင်ရွှေကိုယ်စားသောက်သုံးစွဲနိုင်တယ်။ ဒါကြောင့် အပြင်ပမှာရှိတဲ့ပစ္စည်းကို ပညာနဲ့ လဲပြီး သားရဲ့ ဦးနှောက်ထဲကို ထည့်ပေးနေတာ၊ ထည့်နိုင်သလောက် ကြိုးစားထည့်စမ်း သားရေလို့ တဖွဖွပြောခဲ့တယ်သမီးရဲ့.. ဖေဖေလည်း သဘောပေါက်ပြီး ပညာကြိုးစားသင်လာခဲ့တာ ဆရာဝန်ဖြစ်သွားတာ ပေါ့ လေ...”

          “အဖိုးတန်လိုက်တဲ့ ဆုံးမစကားတွေပဲ ဖေဖေရယ်... ဘိုးဘိုးနဲ့ ဘွားဘွားက ဖေ့ဖေ့ဦးနှောက်ထဲကို ရတနာအစစ်အမှန်တွေ ထည့်ပေး သလို ဖေဖေနဲ့ မေမေကလည်း သမီးဦးနှောက်ထဲထည့်ပေးပါလား..... အခု သမီးဦးနှောက်ထဲ ဘာမှမရှိဘူးဖေဖေရဲ့ ၊ အခွံသက်သက်ချည်းဖြစ် နေတယ်၊ ကိုယ်အပြင်ပမှာရှိတဲ့ ပစ္စည်းတွေက မမျှော်လင့်ဘဲ ကုန်ခန်း သွားရင် သမီးဦးနှောက်ထဲက ထုတ်စားစရာဘာမှမရှိဘူးနော်...ဖေဖေ...” မသက်နွယ်က ဝမ်းနည်းသံကလေးဖြင့်ပြန်ပြောလိုက်မှ ဦးကျော်ဒင် သဘောပေါက်ကာ အားရပါးရ ရယ်လိုက်လေသည်။

            “ကဲ.. ကဲ... သမီးသဘောပါဗျာ တက္ကသိုလ်ကိုဆက်သွားပေတော့...”

           ဦးကျော်ဒင်က ကြည်ဖြူစွာ ခွင့်ပြုလိုက်၏။

           ဤသို့ဖြင့် မသက်နွယ် တက္ကသိုလ်သို့ ရောက်သောနှစ်မှာပင် ဦးကျော်ဒင်နှင့် ဒေါ်မြခိုင်တို့မှာ ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသည့်အလျောက် မလွတ်လပ်သော လခစားအလုပ်ကို ငြီးငွေ့သည်ကတစ်ကြောင်း၊ ရှေးဆန်သော စိတ်ဓာတ်ကလည်းရှိနေ၍ ဆိတ်ငြိမ်အေးချမ်းရာမှာ ပုတီး စိပ်လိုသည်က တစ်ကြောင်းကြောင့် အလုပ်မှနုတ်ထွက်ကာ နေရာရွေး ကြသည်တွင် သွားလမ်းလာလမ်းလွယ်ကူသော ပဲခူးမြို့ကို ဦးကျော်ဒင်နှင့် ဒေါ်မြခိုင်တို့ သဘောတူဆုံးဖြတ်လိုက်ကြသည်။ ပဲခူးအနောက်ဘက် ကျောက်တိုင်ကန်ရပ်အစွန်တွင် မော်တော်ကားလမ်း အနောက်ဘက်မှ သရက်ပင် မရန်းပင်များ အဆင်သင့်ရှိပြီးသော ခြံကြီးတစ်ခြံကို ဝယ်ယူ ပြုပြင်ကာ ခိုင်ခံ့လုံခြုံသော အိမ်တစ်လုံးကို ဆောက်လုပ်နေထိုင်ကြလေ သည်။ တက္ကသိုလ်တွင်ရှိနေသော သမီးမသက်နွယ်ထံလည်း ပဲခူးသို့ ပြောင်းရွှေ့ နေထိုင်ပြီးပြီဖြစ်ကြောင်းကို ရန်ကုန်သို့သွားရင်း ဝင်ရောက် ပြောကြားခဲ့လေသည်။

         စာမေးပွဲများပြီး၍ နွေရာသီကျောင်းပိတ်ရက်တွင် ဦးကျော်ဒင်နှင့် ဒေါ်မြခိုင်တို့သည် ကိုယ်ပိုင်စကိုဒါ ကားကလေးဖြင့် သမီးအား သွား ရောက်ခေါ်ငင်လာခဲ့ကြလေသည်။ 

          မသက်နွယ်သည် သူတစ်ခါမျှ မရောက်ဘူးသေးသော ပဲခူးမြို့ တွင် မိဘများ၏ သာယာသောခြံမြေဂေဟာကို စိတ်ဇောကြီးစွာ စိတ်မှန်း ဖြင့် ထင်မြင်ရင်း ကားပေါ်မှာ တိတ်ဆိတ်စွာပင်လိုက်ပါလာခဲ့၏။

          ပဲခူးနှင့် ရန်ကုန်မှာ မော်တော်ကားစက်ကောင်းလျှင် နှစ်နာရီမျှ သာ မောင်းရသော ခရီးဖြစ်သည်အလျောက် ရန်ကုန်မှ နံနက် ၈ နာရီ လောက်တွင် ထွက်ခွာလာသော မသက်နွယ်တို့ မိသားစုသည် ကျောက် တိုင်ကန်ရှိနေအိမ်သို့ ဆယ်နာရီသာသာမျှတွင် ရောက်လာခဲ့ကြလေ သည်။

          “မသာယာဘူးလားသမီး ...”

          အိမ်ဝင်းထဲသို့ မော်တော်ကားဝင်မိလျှင် ဒေါ်မြခိုင်က မေးလိုက် ၏။

          “သာယာတယ် မေမေ၊ အသက် သဘောကျလိုက်တာ...”

           မသက်နွယ်က ကျယ်ဝန်းသောခြံကြီးကိုကားပေါ်မှ မျက်နှာလှည့် ကြည့်ရင်း နှစ်ခြိုက်စွာပြောလိုက်၏။ သမီးက သဘောကျပါသည်ဆို သဖြင့်လည်း ဦးကျော်ဒင်နှင့် ဒေါ်မြခိုင်တို့ စိတ်ချမ်းသာသွားကြလေ သည်။ အိမ်ဆင်ဝင်အောက်သို့ မော်တော်ကားရောက်ပြီး ရပ်လိုက်လျှင်ဘုန်းမောင်ရွှေကိုယ်ပင် ဒရိုင်ဘာမောင်တိုးက ကားပေါ်မှ ကပျာကသီဆင်းကာ ကားတံခါး ကိုဖွင့်ပေးလိုက်သည်။ 

          “ဆင်းသမီး ... ပစ္စည်းတွေ မောင်တိုးနဲ့ ကိုညိုကြီးတို့ သယ်လာ လိမ့်မယ်”

          ဒေါ်မြခိုင်က သမီးအားပြောလိုက်ပြီး ကားပေါ်မှ ဆင်းလိုက် သည်။

          “ဪ.. ဦးလေးညို ပါလာသလား”

          မသက်နွယ်က ကားပေါ်မှ ဆင်းရင်းအံ့အားသင့် ဝမ်းမြောက်စွာ မေးလိုက်သည်။

          “ဟာ.. ပါရမှာပေါ့သမီးရဲ့ ၊ သူ့မလည်းအားကိုးစရာ ဆွေမရှိမျိုး မရှိ၊ ဆေးရုံလာတက်စဉ်က ဖေဖေက ကြင်ကြင်နာနာ ကုသပေးတော့ကျေးဇူးတင်လို့ သစ္စာရှိရှိ ဖေဖေတို့နဲ့ လိုက်နေတာ ကြာလှမှပဲ...။ သူက တစ်သက်လုံး ဖေဖေတို့နဲ့ မခွဲဘူးလို့ ပြောတယ်ကွဲ...”

          ဦးကျော်ဒင်က ပြောပြောဆိုဆို အိမ်ထဲဝင်သွားလေသည်။ ထိုအခိုက် ဦးညိုကြီးသည် အိမ်နောက်ဘက်မှ ကပျာကသီပြေးထွက်လာ သည်။ အသက်ငါးဆယ်ခန့် ရှိနေပြီဖြစ်သော်လည်း ဦးညိုကြီးမှာ သန်မာ ဖျတ်လတ်လျက်ပင်ရှိ၏ ။ ခါးတောင်းမြှောင်အောင် ကျိုက်ထားသဖြင့် လည်း နာမည်နှင့်လိုက်အောင် ညိုသောအသားဖြင့် ပြည့်ဖြိုးနေသော ပေါင်တစ်ဖက်မှာ ကျားရုပ်၊ တစ်ဖက်မှာ နဂါးရုပ်၊ ထိုးကွင်းမှာ အထင်း သားပေါ်နေ၏။ 

          “ဦးလေးညို နေကောင်းတယ်နော်၊ မေမေတို့နဲ့မခွဲဘဲ လိုက်လာ တာ အသက်ဖြင့်ဝမ်းသာလိုက်တာ ဦးလေးညိုရယ်”

          မသက်နွယ်က ခင်မင်သောအသံဖြင့် ဝမ်းမြောက်စွာ ဆီးကြိုနှုတ် ဆက်လိုက်၏။မဝင်းမြင့် “လိုက်ရတာပေါ့ မိန်းကလေးရဲ့ ၊ နောင်ကြီးနဲ့ အစ်မကြီးတို့ ကျေးဇူးက ဆပ်လို့မှမကုန်သာ ...”

          အထက် ကျေးတောသားကြီးဖြစ်သဖြင့် သူပြောလေ့ရှိသော လေသံဖြင့် ဦးညိုကြီးက တိုတိုပင်အဖြေပေးကာ ကားပေါ်မှပစ္စည်းများကို ဒရိုင်ဘာမောင်တိုးနှင့်အတူ သယ်ချနေသည်။

          စကားအပိုအမိုမပြောတတ်ဘဲ လုပ်စရာရှိသည့် အလုပ်ကိုသာ စိတ်ဝင်စားတတ်သော ဦးညိုကြီးအား မသက်နွယ်က ခပ်ပြုံးပြုံးကြည့်နေ စဉ်.. ။

          “လာသမီး အိမ်ထဲသွားစို့၊ သမီးနေရမယ့်အခန်းက အပေါ်ထပ် မှာ မေမေလိုက်ပြမယ်ကွဲ ...”ဟုခေါ်လိုက်သဖြင့် မသက်နွယ်က မိခင်နောက်မှ အိမ်ထဲဝင် လိုက်သွားလေသည်။

          “အိမ်ကြီးက ကောင်းလည်းကောင်း၊ လုံလည်းလုံ၊ ဖေဖေနဲ့ မေမေ သိပ် စိတ်ကူးကောင်းတာပဲ၊ အခုအသက် နေရမယ့် အခန်းကလည်း အသက်စိတ်တိုင်းကျပဲ မေမေ၊ ဟိုဘက်က ဝရန်တာကလေးနဲ့ တွဲထားတော့ ဝရန်တာထွက် အေးအေးလူလူနေပြီး လေကောင်းလေသန့်ရှူ။ ဟောဟိုကလှမ်းမြင်နေရတဲ့ ကွင်းပြင်နဲ့ တောတန်းနဲ့ တောင်စွယ်တောင် ကုန်းကလေးတွေနဲ့ ရှုမျှော်ခင်းကလည်း ကြည်နူးစရာ၊ အို ... အသက် ကြည်နူးလိုက်တာမေမေရယ် ...”

         မသက်နွယ်က ကစားစရာ အသစ်ရသော ကလေးငယ်ကဲ့သို့ နှစ်ခြိုက်ဝမ်းမြောက်စွာ ပြောနေသည်။ ကြည်လင်ရွှင်လန်းနေသော သမီး ကိုကြည့်ကာ ဒေါ်မြခိုင်က ပီတိဖြစ်နေ၏။

          “မေမေ ...၊ “ဘာလဲ ... သမီး”ဘုန်းမောင်ရွှေကိုယ်

          “ဟောဟိုမှာ ... ခရမ်းရောင်တန်းကြီးဖြစ်အောင် ပွင့်နေတဲ့ ပျဉ်းမတောတန်းကလေးက ချစ်စရာမကောင်းဘူးလားမေမေ”

          မသက်နွယ်က ဝရန်တာလက်ရန်းကို မှီရပ်ကာ သာယာသော ရှုမျှော်ခင်းကို မျှော်ကြည့်နေရာမှ ခရမ်းရင့်ရောင်အဆုပ်လိုက် အခိုင် လိုက် ပင်လုံးကျွတ်ပွင့်နေသော တော်တော်ဝေးဝေးမှာရှိသည့် ပျဉ်းမပင် တောတန်းကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။

          “အေးကွဲသမီးရဲ့၊ မေမေတို့ ရောက်ခါစက မပွင့်သေးဘူး၊ စိမ့်စိမ့် ညိုညိုသစ်ပင်ကြီးတွေသာ မထင်မရှားမြင်ရတော့ ဘာပင်တွေမှန်း မသိခဲ့ ဘူး။ သမီးပြန်မလာခင် နှစ်ရက်လောက်ကမှပွင့်တာ။ အပွင့်အရောင်တွေ မြင်မှ ပျဉ်းမပင်မှန်း မေမေတို့လည်းသိတာ။ သင်္ကြန်နားနီးပြီကိုး သမီးရဲ့၊ သူတို့လည်း သဘာဝအလျောက် နှစ်သစ်ကို ကြိုကြတာပေါ့လေ...”

          ဒေါ်မြခိုင်က သမီးညွှန်ပြရာ ပျဉ်းမပင် တောတန်းကိုမျှော်ကြည့် ပြီး ပြောလိုက်သည်။

          “ညနေအေးရင် လေညင်းခံရင်း အဲဒီဘက်ကို လမ်းလျှောက်ရ အောင်နော် မေမေ ...”

          သမီးဖေဖေကို ပြောဦးလေ... မေမေတို့၊ သားအမိနှစ်ယောက် တည်းသွားလို့ မဖြစ်ဘူးသမီး၊ ခရီးကအလှမ်းသား၊ နောက်ပြီး လူသူ လည်း အဆက်ဝေးတယ်လေ ...”

          “ပြောပါမယ် မေမေ ... ဖေဖေကတော့ လိုက်ပို့မှာပါပဲ။ ဒါထက် မီးဖိုထဲမှာချက်ပြုတ်နေတဲ့ အဒေါ်ကြီးက ဘယ်ကလဲ၊ ဒီရောက်မှ မေမေတို့ ခေါ်ထားတာလား ...”

          “ဟုတ်တယ်သမီး... အနောက်တောထဲက ဝါးမရမ်းဆိုတဲ့ ရွာကပဲ၊ တစ်လ လေးဆယ်နဲ့ ငှားထားတာ၊ နာမည်က ဒေါ်ဖွားမယ်တဲ့၊ သူက အိမ်တွင်းဝေယျာဝစ္စလုပ်... မောင်တိုးက မော်တော်ကား