Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မဝင်းမြင့် - ဘယ်ရပ်ဌာနေစံနေသည်မှန်း

Regular price 2,800 MMK
Regular price Sale price 2,800 MMK
Sale Sold out
Type

          နီရဲသောအရောင်ဖြင့် သွယ်လျရှည်လျားသော သော်ကပန်းခက် ကြီးများ တွဲရရွဲစီစီဖြင့် ပင်လုံးကျွတ်ဖူးပွင့်နေသော ကြီးမားသည့် သော်ကပန်းပင်များ ခြံစည်ရိုးတစ်လျှောက်ဝယ် အုပ်ဆိုင်း မှိုင်းမှောင်နေ သည့် ကျယ်ဝန်းသောခြံကြီးကား ပြည်လမ်းမကြီးဘေးဝယ် စိတ်အေး ကြည်နူးဖွယ် ကောင်းလှပေ၏။ ခြံကြီး၏ အဝင်တံခါးဝအိမ်တိုင်တွင် ပြောင်လက်တောက်ပနေသော ကြေးဝါ ဖြင့် “သော်ကမြိုင်”ခြံဟု စာလုံးဖော်ထားသော ဆိုင်းဘုတ်သည် ဝင့်ကြွားစွာရှိလေသည်။ ခြံကြီး အတွင်းမှာအရောင်မျိုးစုံ ဖူးပွင့်နေသော ပန်းပင်များ၏အလယ်တွင် ထည်ဝါစွာ တည်ရှိသော ခံ့ညားလှပသည့် နှစ်ထိပ်တိုက်ကြီး၏ဆင်ဝင်ဆောင်ထိပ် မှာလည်း“သော်ကမြိုင်ဂေဟာ” ဟူသော ငွေဖြင့်စာလုံး ဖော်ထားသည့် ဆိုင်းဘုတ်ချိတ်ထားသေးသည်။

          ဆင်စွယ်ရောင် ဆေးသုတ်ထားသော တိုက်ကြီး၏ မှန်ပြတင်း တိုင်းမှာ ပင်လယ်ရေရောင်ဖြစ်သည့် စိမ်းပြာရောင် ပိုးခန်းဆီးများ တပ်ထားသဖြင့် စိမ်းညိုဝေဆာသော သော်ကပင်ကြီးများ အလယ်မှ ဤ တိုက်ကြီးကား ရှုမြင်ရသူအဖို့ စိတ်ဘဝင်မြူးရွှင် ကြည်နူး ဖွယ်ကောင်းလှသည့် တိုက်ကြီးအတွင်းမှ ခင်းကျင်းထားသော အဖိုးတန် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်များမှာလည်း တိုက် ကြီးပိုမိုတင့်ဘယ်ရပ်ဌာနေစံလေသည့်မှန်း

တယ်အောင် ကြက်သရေဆောင်နေသည်ဖြစ်ရာ ဤတိုက် အတွင်းမှာ နေထိုင်သူများအဖို့ သောကဟူ၍မြူမျှမရှိ၊ ပကတိ အေးချမ်းကြည်နူး ဖွယ်ပင်ဟု ထင်ရပေသည်။

          သို့သော် ဤတိုက်ကြီးအတွင်းမှ အိမ်ကြီးကျွန်“မိဇာ”အဖို့ကား မအေးချမ်း မကြည်နူးနိုင်ရှာပေ။

          “သော်ကမြိုင် ဂေဟာ”ကား သူ့အဖို့ သောကတွေလှိုင်လှိုင်နေသော ငရဲပြည်တမျှ စိတ်ဆင်းရဲရရှာသည်။ မိဇာကျရသည့် မျက်ရည်များ ကြောင့်ပင် သော်ကပင်ကြီးများ သန်စွမ်းနေဟန်တူ၏။

          “ရှိခိုးပါရဲ့ ကိုကိုကြီးရယ်...ကျွန်မအားကိုးရာမဲ့တဲ့ ဒုက္ခသည်ပါ၊ ကိုကိုကြီးတို့ကို မိဘလိုပဲသတ်မှတ်ပါတယ်။ ကျွန်မကို မဖျက်ဆီးပါနဲ့..”

          ဟန်ဆောင်မှုကင်းမဲ့စွာ ရိုးသားသောအသံဖြင့် အိမ်စေမ“မိဇာ”က တောင်းပန်ရှာ၏။ မီးဖိုတံခါးပေါက်ဝတွင်ပိတ်ပြီး မားမားကြီး ရပ်နေ သော ကိုကိုကြီးကား အိမ်စေမကလေး မိဇာ၏ တောင်းပန်ချက်ကို ရွေးစေ့မျှ မကြုံချေ။ အသည်းနှလုံး ကင်းမဲ့သော ကိုကိုကြီးအဖို့ သနား ကြင်နာခြင်း၊ နှမချင်းစာနာခြင်းဆိုသည်မှာ ဖြူသည်မည်းသည်ဟု မသိနားမလည်ချေ။ ရာဂအခိုးများ ထောင်းထောင်းထွက်နေသော မျက်လုံးဖြင့် မိဇာအား ပြူးပြူးကြီး စိုက်ကြည့်နေ၏။ မိဇာသည် ထိုစကားတစ်ခွန်းကိုသာပြောပြီး ကိုကိုကြီးအား ဂရုစိုက်မနေတော့ဘဲ ထက်မြက်သော ဓားဦးချွန် တစ်ချောင်းဖြင့် လုပ်လက်စအလုပ်ဖြစ်သော ကြက်သွန်အခွံသင်ခြင်းကို ဆက်လုပ်နေသည်။ ကိုကိုကြီး၏ ဇနီးချော စန်းစန်းဝေနှင့် စန်းစန်းဝေ၏ ညီမ သန်းသန်းဆွေတို့ မြို့ထဲအလည် အပတ်ထွက်ရာမှ ပြန်လာလျှင် အဆင်သင့်ဖြစ်အောင် အချိန်မီ ချက်ပြုတ် ရပေမည်။ ထိပ်ထား သခင်မ နှစ်ယောက် ပြန်လာ၍ ထမင်းပွဲအဆင်သင့် မဖြစ်ပါက သူ့ပါးတွင်လက်ငါးချောင်းရာ ထင်တော့မည်ကို မိဇာ အတပ်မဝင်းမြင့်သိပြီးဖြစ်၏။

         “အစန်းတို့ မသိစေရပါဘူးဟာ... နင့်ကို တစ်လအစိတ်ငါထောက်ပံ့ ပါ့မယ်...”

          ထိုသို့ ပြောရင်း ကိုကိုကြီးက ရှေ့သို့တိုးလာ၏။ မိဇာသည် ကြက် သွန်သင်နေသောဓားကို မြဲမြဲကိုင်ပြီး ထိုင်နေရာမှ လျင်မြန်စွာထလိုက် ၏ ။ 

           “ရှေ့မတိုးနဲ့နော် ကိုကိုကြီး၊ ကျွန်မ ငွေကိုတန်ဖိုးမထားဘူး။ ကျွန်မကိုယ်ကျွန်မ တန်ဖိုးထားတဲ့မိန်းမ”

          လူ့ပါးစပ်က နတ်စကားထွက်သည့်နှယ် ဓားကိုကိုင်ပြီးပြောလိုက် သော မိဇာ၏ ပြန်ကြားချက်ကြောင့် ကိုကိုကြီးသည် အံ့အားလည်းသင့်၊ ဒေါသ လည်းထွက်မိသည်။ အားကိုးမဲ့သည့် တစ်ကောင်ကြွက် အစေခံ ဖြစ်၍လည်း ငွေစကြေးစကို ပြလိုက်လျှင် အလွယ်နှင့် ရလိမ့်မည်ဟု ထင်ခဲ့မိသည်မှာ မှားလေပြီ။ အစေခံ ကျွန်ဟူသောနာမည်နှင့် မတန်အောင် ဖြူစင်လှပချောမောသော မိဇာသည် ကိုယ်ဟန်အမူအရာ နွဲ့ နှောင်း ပျော့ပျောင်းသည်နှင့်အမျှ တင်းမာသောစိတ်ဓာတ်ရှိကြောင်း ကိုလည်း လက်တွေ့သိရကား ကိုကိုကြီးသည် မခံချိမခံသာ ဖြစ်နေ၏။

           “အောင်မာ ကျွန်မက လူပါးဝလို့၊ နင့်ကိုယ်က ဘယ်လောက်များ တန်ဖိုးရှိနေလို့လဲ၊ ငါကမျှမျှတတစိတ်ထားပြီး ငွေကြေးထောက်ပံ့မယ် ပြောနေတာ၊ တစ်ပြားမှမပေးတော့ကော နင်ဘာတတ်နိုင်မှာလဲ၊ ငါ့လက် ကနင်လွတ်မယ်ထင်နေသလား...”

နှမချင်းမစာ ရက်ရက်စက်စက် ပြောလိုက်သော ကိုကိုကြီး၏ စကားများသည် မိဇာ၏အသည်းကို ဆုပ်ချေသကဲ့သို့ ဖြစ်သွားလေသည်။

          “လွတ်အောင် ကြိုးစားရမှာပဲ ကိုကိုကြီး၊ ကျွန်မဟာ အစေခံ ကျွန်တစ်ယောက်ဖြစ်နေလို့ ထမင်းရှင်သခင်တွေရဲ့ ရိုက်နှက်ဆဲဆို သမျှ ဘယ်ရပ်ဌာနေစံလေသည့်မှန်း ခံနိုင်ရည်ရှိပေမယ့် ကျွန်မဘဝကိုဖျက်ဆီးမှာတော့ ခံနိုင်ရည်မရှိဘူး။ အရှက်အကြောက်ကို ထိန်းသိမ်းရမယ့် လူစိတ်တော့ထားဖို့ နားလည် ပါသေးတယ်...”

          လူစိတ်ထားဖို့ နားလည်ပါသေးတယ် ဟူသောမိဇာ၏ စကား ကြောင့် ကိုကိုကြီးသည် ပြင်းပြသော ဒေါသဟုန်-ရာဂဟုန်ဖြင့် ရှေ့တိုး ရန် ဟန်ပြင်လိုက်သည်။ "

          “သတ္တိရှိရင် ရှေ့တိုးခဲ့လေ...”

          မထူးတော့ပြီဟူသောစိတ်ဖြင့် မိဇာသည် လက်ထဲကဓားကို အား ကိုး၍ ရဲရဲတောက်ပြောလိုက်ရာ ကိုကိုကြီး တန့်သွားလေသည်။ မိမိ၏ အပျိုဘဝကို တန်ဖိုးထားပြီး ကာကွယ်လို၍ ပြောပင်ပြောလိုက်ရသော် လည်း မိဇာသည် သူ့ဘဝကို ပြန်လည်စဉ်းစားကြည့်မိရှာသည်။ အားကိုး စရာ မိဘဆွေမျိုးဟူ၍ လုံးဝမရှိသည့် တစ်ကောင်ကြွက် ငွေဝယ်ကျွန် ဘဝတွင် အကယ်၍ တစ်စုံတစ်ရာ ဖြစ်လာခဲ့သော် သူ့ဘက်မှ ဖေးမကူညီ မည့်သူ ရှိပါမည်လားဟု တွေးတောစဉ်းစားမိရှာသည်နှင့် တစ်ပြိုင်နက် အံကြိတ်ကာ တင်းထားသော မျက်နှာကိုမှ အားမနာလေရော့သလား မသိ မျက်ရည်များသည် တဖြိုင်ဖြိုင်ကျလာလေတော့သည်။ 

         ချက်ကောင်းကို စောင့်နေသော ကိုကိုကြီးကား မိဇာမျက်ရည်ကျ ၍ တစ်စက္ကန့်တွေခနဲ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ကျားအုပ်သလို လျင်မြန်စွာခုန်အုပ်ပြီး မိဇာလက်ကို လိမ်ချိုးလိုက်သဖြင့် ဓားသည် မိဇာ လက်မှ လွတ်သွားလေ၏။

          “ဘာဖြစ်နေတာလဲ ကိုကို”

          ထိုအသံနှင့် တစ်ပြိုင်နက်တည်းပင် ကိုကိုကြီးအား နောက်မှဆောင့် ဆွဲလိုက်သဖြင့် ကိုကိုကြီးသည် မိဇာကိုလွှတ်ပြီး လှည့်ကြည့်လိုက်သည်။ ခက်ထန်သောမျက်နှာဖြင့် စူးစူးဝါးဝါးကြည့်နေသော ညီဖြစ်သူ ကိုကို မဝင်းမြင့်လေးအား တွေ့လိုက်ရသဖြင့် ကိုကိုကြီးသည် ရှက်ကိုးရှက်ကန်းဖြစ်နေ လေသည်။ မိဇာသည် အသံမထွက်အောင် ကျိတ်ကာရှိုက်ရင်း ကစဉ့် ကလျားဖြစ်နေသည့် ကြက်သွန်များနှင့်ဓားကို ကောက်နေသည်။ ကိုကို လေးသည် မိဇာအားကြင်နာစွာ ကြည့်လိုက်ပြီး ဦးခေါင်းကို ခါယမ်း လိုက်၏။

          “ကိုကိုလုပ်ပုံတွေ မဟုတ်သေးဘူးနော်...၊ ပိုင်ပိုင်နိုင်နိုင် အသုံးပြု စရာ မယားတစ်ယောက်လုံး ရှိပါလျက်နဲ့၊ အို...ကျွန်တော်က အငယ် ဆိုတော့ ပြောရဆိုရတာ မကောင်းပါဘူးလေ”

          ကိုကိုလေးသည် စိတ်ပျက်စွာပြောပြီး အစ်ကိုဖြစ်သူအား ရွံရှာစွာ ကြည့်၍ မီးဖိုခန်းမှ ထွက်သွားလေသည်နှင့်တစ်ပြိုင်နက် ကိုကိုကြီးသည် မိဇာအားအံကြိတ်ပြီး ကြည့်လိုက်၏။

          “ဟင်း...ကျွန်မ၊ သတိ ကောင်းကောင်းထားနေ..၊ ဒီအိမ်မှာနေ သရွေ့ ငါ့လက်ကနင်မလွတ်ဘူး မှတ်ထား”

          ကိုကိုကြီးသည် မိဇာအား ကြိမ်းမောင်းပြီး အိမ်ရှေ့ခန်းသို့ထွက် လာခဲ့သည်။ ဧည့်ခန်းထဲမှာ ခါးထောက်ပြီး ခပ်တည်တည်ကြည့်နေသော ညီဖြစ်သူကိုကိုလေးအား မျက်နှစ်ချင်းဆိုင်ရန် မဝံ့သဖြင့် စာကြည့်ခန်းထဲ သို့ တန်းဝင်သွားလေသည်။

          ထိုနေ့မှာတနင်္ဂနွေနေ့ဖြစ်သဖြင့် ကိုကိုကြီး အုပ်ချုပ်လုပ်ကိုင်နေရ သော“ခင်အောင်မြင့်” ကုမ္ပဏီမှာပိတ်ထားသဖြင့် ကိုကိုကြီးမှာ အိမ်တွင် အနားယူရသော ရက်ဖြစ်သကဲ့သို့ ညီဖြစ်သူပြည်ထဲရေးဌာန ဝန်ကလေး ကိုကိုလေးမှာလည်း ရက်အားရနေသည်။ အိမ်ကြီးရှင်ခင်အောင်မြင့် ကုမ္ပဏီပိုင်ရှင်မကြီး ဒေါ်ခင်ကြီးနှင့် ဇနီးချော ခယ်မချော သုံးယောက်စလုံး မြို့ထဲထွက်နေခိုက် မိဇာအား အပိုင်စီးရန် အကြံကြီးကြံနေသော ကိုကိုကြီးအဖို့ ညီငယ်ကြောင့် အကြံပျက်ရသဖြင့် ထွက်သမျှ ဒေါသ ဘယ်ရပ်ဌာနေစံလေသည့်မှန်း

         “ဒီကျွန်မ..အသာတကြည် အလိုမလိုက်ဘဲ၊ လူပါးဝလို့ကွာ” ဟူသော ယူဆချက်ဖြင့် မိဇာအပေါ်သို့သာ ပုံကျနေလေသည်။

          မိဇာသည် ထမင်းပွဲပြင်နေသည်၊ လုပ်နေကျ အလုပ်ဖြစ်၍သာ လက်များက ထမင်းအုပ်၊ ထမင်းပန်းကန်၊ ဟင်းပန်းကန်၊ ရေဖန်ချိုင့်၊ ဆပ်ပြာခွက်၊ လက်သုတ်ပဝါများကို သူ့နေရာနှင့်သူ အချိုးကျစနစ်ကျ ထားသိုသွားသော်လည်း မိဇာ၏စိတ်သည် ကိုယ်တွင်းမှာမရှိဘဲ ပျံ လွင့်နေသည်။ စိတ်ထား ယုတ်မာသောကိုကိုကြီးနှင့် ယောက်ျားပီသ၍ တည်ကြည် အေးဆေးစွာနေသော ကိုကိုလေးတို့ ညီအစ်ကိုကို စိတ်တွင်း က နှိုင်းယှဉ်ကြည့်မိလိုက်သည်။ သူ၏လွန်လေပြီးသော ဘဝဖြစ်စဉ် ကိုလည်းရီဝေသော မျက်ရည်များအကြားမှ ပြန်လည်မြင်ယောင်လာပြန် သည်..။ ကြီးမားသော မျှော်လင့်ချက်၊ ရည်ရွယ်ချက်ဖြင့် ဤအိမ်ကြီး မှာ ကျွန်ခံရန် ရောက်ရှိလာသည့် နေ့မှစ၍ မိဇာသိလိုသော ရည်ရွယ်ချက် သည် မိဇာ၏နှုတ်မှ ဖွင့်ဟခွင့် မရရှာခဲ့ချေ။

         “ ဟောဒါက အိမ်ကြီးရှင် သူဌေးမကြီးဒေါ်ခင်ကြီး၊ ညည်းက မေမေကြီးလို့ ခေါ်ရမယ်၊ ဒီမမနှစ်ယောက်က-အကြီးမစန်းစန်းဝေကို မမစန်းလို့ခေါ်၊ သူ့ညီမ သန်းသန်းဆွေကို မမသန်းလို့ခေါ်၊ ကိုကိုကြီးက မမစန်းရဲ့ ယောက်ျား၊ ကိုကိုလေးက မမသန်းနဲ့ လူကြီးချင်းသဘောတူ စေ့စပ်ထားပြီးသား သူတို့လက်မထပ်ရသေးဘူး။ မမစန်းနဲ့-မမသန်းက မေမေကြီးရဲ့ တူမတွေတော်တယ်..။ မေမေကြီးမှာ ယောက်ျားလည်းမရှိ၊ သားသမီးလည်းမရှိတဲ့ မုဆိုးမကြီး... မှတ်မိရဲ့ လား”

          နောက်ဖေး တန်းလျားမှ ကားဒရိုင်ဘာ ဇနီးနှင့် ခြံစောင့်မာလီ ၏ ဇနီးတို့က အထက်ပါအတိုင်း သင်ကြားသည်ကို မိဇာကောင်းစွာမှတ် မဝင်းမြင့် သားပြီး နံနက်လေးနာရီခွဲမှ ညဆယ်နာရီအထိ၊ တစ်ခါတစ်ရံ သန်းခေါင်ကျော်သည်အထိပင် ဇယ်တောက်သလို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ် သွားရသည့် အိမ်အလုပ်အများတွင် သံသရာလည်နေတော့သည်။ မိဇာ သိလိုသည့် အကြောင်းရည်ရွယ်ချက်ကို မည်သူ့ထံစုံစမ်းရပါမည်နည်း။ သခင်များက မမေးဘဲ၊ မခိုင်းဘဲနှင့် မည်သူနှင့်မှ မိဇာသည်ပါးစပ်ကို မဖွင့်ရဟူသော တင်းကျပ်လှသည့် အိမ်ကြီးရှင်သခင်မများ အမိန့်ကိုဦး ဆွေးဆံမြည့် လိုက်နာရရှာသော မိဇာမှာ အအကြီးလို ဖြစ်နေရှာသည်။ မလိုက်နာ၍ နေဝံ့ပါမည်လော။ စန်းစန်းဝေနှင့် သန်းသန်းဆွေတို့၏ လက်များသည် ဖျတ်လတ် လျင်မြန်သည့်အပြင် ထက်မြက်စူးရှကြောင်း ကို မိဇာကိုယ်တွေ့ ခံစားဖူးသည်မှာ အကြိမ်မနည်းလှချေ။ ၎င်းတို့ အချင်းချင်း စိတ်အခန့်မသင့်ဖြစ်ပါကလည်း မိဇာပင် ဓားစာခံဖြစ်၏။

          “သူ့တူမနှစ်ယောက်က ရိုက်နှက်ဆဲဆိုနေတာ မေမေကြီးက မတားမြစ်ပေမယ့် မေမေကြီးကိုယ်တိုင်ကတော့ တစ်ခါမှငါ့ကိုမဆိုဖူး မရိုက်ဖူးရှာဘူး။ စိတ်ကောင်းရှိပါလိမ့်မယ်။ ငါသိချင်တာကို မမစန်းတို့ အလစ်မှာ မေမေကြီးကို မေးကြည့်ရင်ကောင်းမလားမသိ”

          မိဇာသည်တွေးရင်း ကိုကိုလေးကို သတိရမိပြန်၏။ ထိုအခါ ဝယ်..

          “နင့်နာမည်က မသူဇာရယ်လို့ ကြီးကြီးကျယ်ကျယ် ရှိလိုက်တာ...။ ဒီနေ့ကစပြီး ငါတို့ကမိဇာလို့ ပြောင်းလိုက်မယ်၊ နင့်နာမည်မိဇာလို့ မှတ်ထား ကြားရဲ့ လား”ဟုအိမ်ကြီးကျွန်အဖြစ် စရောက်သည့်နေ့က သခင်မ နှစ်ယောက် နာမည်ပြောင်းလိုက်သည်တွင် ကိုကိုလေးက... ။

          “သူ့နာမည်ရင်း မသူဇာပဲ ခေါ်ပေါ့၊ ခင်ဗျားတို့ကလည်း လူလူချင်း နှိမ့်ချလိုက်ကြတာ” ဟု ပြောပြီးသည်နှင့်တစ်ပြိုင်နက် သန်းသန်းဆွေတို့ ညီအစ်မက.. “မိဇာ...အခုချက်ချင်း မင်းလုပ်ရမယ့် အလုပ်ကိုပြမယ် လိုက်ခဲ့”

          ဘယ်ရပ်ဌာနေစံလေသည့်မှန်းဟုပါးစပ်ကပြောပြီး မိဇာ၏နားရွက်ကို တစ်ယောက်တစ်ဖက် ခပ်နာနာလိမ်ဆွဲပြီး မီးဖိုဆောင်ထဲ ခေါ်ခဲ့ပုံကို ပြန်လည်သတိရကာ မိဇာ သည် သူ့နားနှစ်ဖက်ကို ယောင်ယမ်း ကိုင်လိုက်မိပြီး ပါးစပ်ကိုတင်း တင်း စေ့ထားလိုက်မိ၏။

          ထိုအခိုက် ကားရောက်လာသံ ကြားလိုက်ရပြီး ဒေါ်ခင်ကြီးနှင့် သန်းသန်းဆွေတို့ ညီအစ်မ ဆူဆူညံညံနှင့် စကားပြောရင်း အိမ်ထဲသို့ ဝင်လာကြသည်တွင် မိဇာသည် ပြင်ဆင်ထားသော ထမင်းပွဲ စနစ်တကျရှိ၊ မရှိစေ့သည်၊ မစေ့ငသည်ကို ပြန်လည်စစ်ဆေးကြည့်လိုက်၏။

“မိဇာ...ထမင်းပွဲ အဆင်သင့် ဖြစ်ပြီလား” သန်းသန်းဆွေက မေးလိုက်၏ “ဟုတ်ကဲ့ မမသန်း...” မိဇာသည် လိုအပ်သမျှအဖြေကို တိုတိုပင်ဖြေလိုက်၏..။ ထိုအချိန်မှာ ကိုကိုကြီးသည် စာကြည့်ခန်းမှ ထွက်လာသည်။

          “မောင်တစ်ယောက်တည်း ပျင်းနေပြီလား...၊ စန်းတို့နည်းနည်း ကြာသွားတယ်နော်၊ ထမင်းစားပြီးပြီလားမောင်” 

          စန်းစန်းဝေက လင်တော်မောင်ထံ ပြေးသွားပြီး ကနွဲ့ကလျခါးဖက် မေးနေစဉ်မှာ ဒေါ်ခင်ကြီးနှင့် သန်းသန်းဆွေတို့က အဝတ်လဲရန် အိမ် ပေါ်တက်သွားပြီဖြစ်၏။

          “စန်းကိုမစောင့်ဘဲ မောင်တစ်ယောက်တည်း ထမင်းစားလို့ အရသာ ရှိနိုင်ပါ့မလားစန်းရယ်၊ စန်းမျက်နှာကလေးကြည့်ပြီး စားရမှ မောင်ထမင်းစားမြိန်တော့မှာပေါ့”

         မိဇာသည် ကိုကိုကြီးတို့ မောင်နှံဘက်မလှည့်ဘဲ ထမင်းစားပွဲ နားတွင် ယပ်တောင်တစ်ချောင်းနှင့် ယင်ခြောက်နေရင်းက မကြားချင် ဘဲကြားနေရသော ကိုကိုကြီး၏ အသံသည် နားထဲတွင် သံပူရည်လောင်း