မြေမှုန်လွင် - ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ
လမ်းမကြီးတစ်လျှောက် ကြည့်၍မဆုံးနိုင်လောက်အောင် ရှည်လျား ပြည့်ကျပ်နေသော လူစုလူဝေးကြီး။
ခွပ်ဒေါင်းတံဆိပ်ပါ ရဲရဲတောက်အလံတော်၊ ဇောက်ထိုးချိတ်ခံထား သော အလံတချို့ ၊ နီရင့်ရင့်နဖူးစည်းများ၊ ကြယ်ငါးပွင့်အားမာန်တို့နှင့်အတူ တက်ကြွချီတက်လျက်ရှိနေသည့် လူအုပ်ကြီး။
ပုပုဝိုင်းဝိုင်းမျက်နှာများ၊ ပိန်ပိန်ရှည်ရှည်ခန္ဓာများ၊ ညိုမည်းဖြူဝါ အသားအရောင်ပိုင်ရှင်များ၊ အတိုအရှည်မတူသော ဆံကေသာများ၊ ရင့်ရင့် မာမာယောက်ျားကြီးများ၊ နုနုငယ်ငယ် မိန်းမပျိုလေးများ အစရှိသဖြင့် ခုံသဏ္ဌာန်အမျိုးမျိုးကွဲပြားနေသော ထုပတိလူများ။ ။
ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်များ ကွာခြားသော်ငြား ဝိညာဉ်များမှာတော့ ထပ်တူ၊ အသားအရောင်များ မတူညီပါသော်ငြား ဦးတည်ရာပန်းတိုင် သည် ထပ်မျှ စည်းလုံးမှုများက ပင်မသွေးကြောကြီးတစ်ခုထဲ၌ တက်ညီ ဆတ်ညီ စီးဆင်းနေကြ။ ၄င်းလူအုပ်ကြီး၏ ယုံကြည်မှုများ အရောင်တင် ဆာ ထိုနေ့ ကောင်းကင်တခွင်၌ မကြုံစဖူး ထိန်ထိန်ညီလျက်။
'ဒို့အရေး ... ဒို့အရေး ... ဒို့အရေး”
ပြတ်သားမာထန်သော ဟစ်ကြွေးသံများ၊ အရပ်ရှစ်မျက်နှာတခွင် လုံး တုန်ဟည်းသွားတော် ကြွေးကြော်နေကြ ထိုမျှလောက် အဆက်မပြတ် အော်ဟစ်ကြွေးကြော်နေသော်ငြား တစ်စုံတစ်ဦးမျှ အသံတိမ် တိုးဝင်သွားခြင်း မျိုး မရှိ။ နှလုံးသားများသာ ပွင့်ပေါက်သွားပါစေ။ အသံများ မတိတ် ရ ကောင်းကင်ပေါ်သို့ လက်သီးများ ညီညီညာညာဆန့်ထုတ်လိုက်ကြ
'ဒို့အရေး ... ဒို့အရေး ... ဒို့အရေး” | စို့နေသောချွေးများကို သုတ်ပစ်ရန် သတိမရကြ။ ညောင်းညာ သောခြေလှမ်းများအတွက် အနားယူလဲလျောင်းရန် စိတ်ကူးမရှိကြ။ ခြောက် လှန့်ပစ်ခတ်မှုများအတွက် 'နောက်ပြန်လှည့်ရန် မည်သူမျှ သွေးမနည်းကြ လွတ်မြောက်မှုတစ်ခုအတွက် တက်ညီလက်ညီ ကြွေးကြော်လျက်။
“ဒို့အရေး ... ဒို့အရေး ဒို့အရေး” ဘဝဂ်ညီညီ ကြွေးကြော်သံများထဲ၌ သက်လယ်ပိုင်းအမျိုးသားကြ တစ်ဦး၏ အသံမှာလည်း စူးစူးရှရှ။ လမ်းတစ်လျှောက် လက်ခုပ်တီးအား နေကြသော မိဘပြည်သူများသည် ထိုအမျိုးသားကြီးကို စိတ်ဝင်တစာ ကြည့်ရှုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းပုဂ္ဂိုလ်၏ ပခုံးထက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ကုန်းပိုးထားသည်။
ထိုကလေးငယ်မှာလည်း ထူးထူးခြားခြားပင်။ ပင်နီတိုက်ပုံလေ ဝတ်ထားသည့်အပြင် ခွပ်ဒေါင်းတံဆိပ်ခေါင်းစည်းကိုပါ စည်းထားသေး စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက်မှာတော့ ၄င်းကလေးလေးကိုယ်တို့ ၊ ပင် လူကြီးများနည်းတူ လက်ကို ဆန့်တန်းလျက် ပါးစပ်မှ မပီတပီ၊ ကြွေးကြော်နေ၏။
“ဒို့အရေး --- ဒို့အရေး ... ဒို့အရေး”
မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံးမြင်လိုက်ရတာက ခြင်ထောင်အမိုး ကြီးကိုပါ။ (ပက်လက်အိပ်နေတာကိုး။) ပထမဆုံးကြားလိုက်ရတာက အော် တစ်ကြိမ်းမောင်းသံများ။ ဖေကြီးနဲ့ မေကြီးတို့ ရန်ဖြစ်နေပြန်ပြီကွာ။ မနက် တိုင်း ကျက်သရေရှိရှိ အေးအေးချမ်းချမ်းထရတယ်လို့ကို မရှိဘူး။
ငါ့ဘေးက မွေ့ရာပါးပါးလေးပေါ်မှာ အိပ်နေတဲ့ ညီမလေးကို စောင်းကြည့်လိုက်တယ်။ တော်ပါသေးရဲ့ ။ ဖြူဖြူနုနုခန္ဓာလေးက နှစ်နှစ် ခြက်ခြိုက် အိပ်ပျော်နေလို့။ သွေးကြောရဲရဲလေးတွေ ယှက်ဖြာနေတဲ့ ပါးမို့မို့ လေးကို နမ်းချင်လာတာနဲ့ ခြင်ထောင်ကို အသာမလိုက်တယ်။ မျက်နှာဖူးလေးကို ကြည့်ရုံပဲ ကြည့်ပြီး ခြင်ထောင်ကို ပြန်ချလိုက်တယ်။ နမ်းလိုက် ကို နိုးသွားမှဖြင့် အိပ်ရေးမဝလို့ဆိုပြီး မျက်ကွင်းဖွေးဖွေးလေးတစ်ဝိုက် ညိုမည်းသွားမှဖြင့် ဒုက္ခ။
အိမ်ရှေ့က တိုက်ပွဲခေါ်သံများ မစဲသေး။ မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီးတော့ ကြောင်အိမ်ထဲက ထမင်းကြော်ကို ထုတ်စားလိုက်တယ်။ ထမင်းပန်းကန်ကို ဆေးပြီး နေရာတကျ ပြန်ထားလိုက်တဲ့အချိန်မှပ် သံ တွေ ပြန်တိတ်သွားတယ်။ ။
ငါသိပါတယ်လေ။ ငါ့အဖေပဲ အလံဖြူပြပြီး ထွက်သွားမည်ဆို အား တကယ်တော့ ရန်ဖြစ်တယ်လို့သာ ပြောရတာပါ။ အမေကပဲ ငါ့အဖေကို လွှတ်ကောနေတာ။ ငါ့ အဖေကတော့ အခံသက်သက်။ သည် မခံနိုင်တဲ့အဆုံးကျမှသာ အခုလို အိမ်ထဲကနေ ထွက်သွားရတာ။
ငါက အလိုက်တသိနဲ့ အိမ်ဆိုင်လေးကို ပိုင်းခင်းပေးလိုက်တယ်၊ ငါတို့အိမ်ရှေ့မှာ စုံစီနဖာရောင်းတဲ့ အိမ်ဆိုင်သေးသေးလေး ဖွင့်ထားတယ်၊ သေးသေးလေးဆိုပေမယ့် အဲဒီဆိုင်ဝင်ငွေနဲ့ပဲ ငါတို့တစ်မိသားစုလုံး ရပ်တည် နေရတာ။ သိပ်တော့ ချောင်လည်လှတယ် မဟုတ်ဘူး။ တစ်ခါတလေ ငါ့အမေရဲ့ အစွမ်းအစန့် ရပ်ကွက်ထဲက တိုက်ခန်းလေးတွေ အရောင်းဆယ် ဖြစ်လို့ ပွဲရတဲ့အခါမှာတော့ စိုစိုပြည်ပြည်ရှိတာပေါ့။ ပြောလို့ပြောတော့ မဟုတ်ဘူး၊ ငါ့အမေက အဲဒီဘက်မှာတော့ အတော်အစွမ်းအစရှိတယ် ၊ တိုက်ခန်းတွေတင် မကဘူး။ ကား၊ လက်ဝတ်ရတနာတွေက အစ ဆိုက်ကာ | တို့၊ စက်ဘီးတို့အလယ် မီးပူတို့၊ ဓာတ်ဘူးတို့အဆုံး အရောင်းအဝယ်ဖြင့်အောင် အကျိုးဆောင်ပေးနိုင်တယ်။ အဆက်အသွယ်ကောင်းတာလည်း ( ပါမှာပေါ့လေ။
ဒီနေ့လည်း ငါက အိမ်ရှေ့ဆိုင်လေးကို အလိုက်တသိ ခင်းပေး ရတာက အကြောင်းရှိတယ်။ ငါ့ဖိနပ်က အတော်ဟောင်းနေပြီ။ ဖနော နေရာဆို ချိုင့် တောင်ဝင်နေတယ်။ ကျောင်းကို အဲဒီဖိနပ်ကြီး စီးသွားရ။ တော်တော်ငုပ်တယ်။ ကျောင်းကဟာတွေက ဘာအထာတွေလဲ မသိဘူး လူကိုကြည့်ရင် ခြေဆုံးခေါင်းဖျားကြည့်ကြတာ။ တက္ကသိုလ်ကျောင်းသူ ရဲ့ ထောပဲလား မသိ။
ငါ့အမေရဲ့ ဘာဆိုတဲ့အသံက ငါ့နားစည်ကို တတောက်တောက် ခေါက်သွားပြီး ခေါင်းအနံ့ပြေးလွှားလိုက်တာ ဆံပင်တွေတောင် ဂျယ်မလို ထောင်ထကုန်တယ်။
'လာပြန်ပြီလားတစ်ယောက်၊ မနက်ခင်း စောစောစီးစီး သံ ကျယ်တော့ ငါ့အပြစ်ပဲ ဖြစ်ဦးမယ်ဟင်၊ ကြားလို့မှ ကောင်းကြသေးရဲ့လား။ အဖေလုပ်တဲ့သူကလည်း အားအားယားယား နားထောင်တဲ့ သူ့ရေဒီယို ဓာတ်ခဲကုန်သွားလို့ ပိုက်ဆံပေးပါဦးတဲ့၊ သားလုပ်တဲ့သူကလည်း ဖိနပ်သစ်လိုချင်လို့ ပိုက်ဆံပေးပါဦးတဲ့ပြောမပြောလိုက်ချင်ဘူး၊ ငါ့မှာ ပိုက်ဆံ သီးတဲ့အပင်များ ရှိနေတယ်လို့ ထင်နေကြတာလားဟင်၊ အလုပ်တော့ တစ်ယောက်မှ လက်ကြောတင်းတင်းမလုပ်ချင်ကြဘူး၊ ငါလည်း ကျောပိုးအိတ်ကို အမြန်ဆွဲပြီး လှစ်ခနဲ ပြေးထွက်လိုက် တာ ကားဂိတ်ကို ဘယ်လိုကနေ ဘယ်လို ရောက်လာမှန်း' စဉ်းစားလို့ အောင် မရဘူး။
အဲဒီလိုမှ လစ်မပြေးရင်လည်း ငါ့အမေဓာတ်ပြားဟောင်းကြီးရဲ့ ဘိဒ် (Best) တွေကြားမှာ တစ်နေ့လုံး မလှုပ်နိုင်အောင် ကွိနေလိမ့်မယ်။
ကျောင်းကို ရောက်မယ့်ကားကို ဆောင့်ရင်း ကျောပိုးအိတ်ထဲက လောလီပေါ့ စံလေးကို ထုတ်ပြီး အပျင်းပြေစုပ်လိုက်တယ်။
ကွက်တိပဲ။ ကျောင်းလည်းအစရောက်။ လောလီပေါ့တံလေးလည်း | အုန်း၊ စုပ်စရာမကျန်တော့တဲ့ ပလတ်စတစ်ကော်ချောင်းလေးကို လွှင့်ပစ် မိုက်တယ်။ ကားပေါ်ကနေ ကျောင်းတော်ကြီးရဲ့ မြေပြင်ပေါ် သက်ဆင်းမိ တယ်ဆိုတာနဲ့တစ်ပြိုင်နက် အိမ်က 'စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ အားလုံးဟာ ငါလွှင့်ပစ်လိုက်တဲ့ ကော်ချောင်းလေးနဲ့အတူ ကျန်ရစ်ခဲ့ပါပြီ။
လွတ်လပ်ပေါ့ပါးတဲ့ ခြေလှမ်းများနဲ့ တက်ကြွလန်းဆန်းဖွယ် ညာ င်နှစ်တွေကို ဖြတ်သန်းဖို့ ငါ့ဝိညာဉ်က အဆင်သင့်ဖြစ်နေခဲ့ပြီ။
အိုး.. ဒဂုံတက္ကသိုလ်ရေ... ။ မင်းဟာ လွင်တီးခေါင်ပြင်ကြီးမှာ ရှိတာမှန်သော်ငြား၊ နို့စတဲ့
လေပူကြီးတွေ တိုက်ခတ်နေတာမှန်သော်ငြား၊ မြို့စွန်မြို့ ဖျားလယ်တောထဲမှာသွေ့ခြောက်နေရတာမှန်သော်ငြား၊ ဘီလူးယတစ်သိန်းစောင့်တဲ့ ဥယျာဉ်ကြီး လို စည်းကမ်းတွေတင်းကျပ်တာ မှန်သော်ငြားတက္ကသိုလ်ဟာ တက္ကသိုလ်ပါပဲ။ လတ်ဆတ်တဲ့ အနာဂတ်ပိုင်ရှင် တွေ ရှိတယ်။ နွေးထွေးယုယပေးမယ့် နှလုံးသားပိုင်ရှင်တွေ ရှိတယ်။ စာဖွဲ့မမီ အချစ်ရေးရာတွေ ရှိတယ်။
နေရောင်စူးစူးအောက်မှာ အရိပ်ရှည်ရှည်လူငယ်တွေ တက္ကသိုလ် ဆိုတဲ့ ရင်ခွင်ထဲ ရိုးရာမပျက်ခိုနားဖို့ ရောက်လာကြပါပြီ။
သဘာဝရိပ်မဟုတ်တဲ့ ရောင်စုံထီးကြီးတွေရဲ့ အရိပ်များနဲ့ ခင်းကျင်း ထားတဲ့ ကန်တင်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း ကျောင်းသားဆိုတဲ့ စပ်ကျဲကျဲအရည်ကို ခွက်ထဲင့်ပြီး သောက်လိုက်တယ်။
ဘော်ဒါတွေ တစ်ကောင်မှရောက်မလာကြသေး၊ ငါ့အမေရဲ့ အဆဲ ဘေးက ထွက်ပြေးလာရလို့ အစောကြီးရောက်နေရတာကြောင့်လည်း ပါတာ ပေါ့ လေ။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ ကျောင်းသားတစ်ယောက်အတွက် တက္ကသိုလ်မြေဟာ အထီးကျန်တယ်လို့ ရှိမှ မရှိဘဲ။ ကျောင်းသားတွေ အကုန်လုံးက ကိုယ့်ရဲ့ ကျောင်းတက်ဖော် ကျောင်းတက်ဖက်တွေပဲ မဟုတ် လား။
သိပ်မကြာဘူး။ ဘောင်းဘီကြီးကားယားကာ၊ယားနဲ့ ဘီလူးတစ် ကောင် ရောက်လာတယ်။ ပါးစပ်ကတော့ ပွစိပွစိနဲ့။
'ဘာကိစ္စနဲ့ အစောကြီးထွက်သွားတာလဲ မင်းအိမ်ကိုဝင်ခေါ်တော့ ( မင်းဘွားတော်က ထွက်သွားပြီဆိုတာနဲ့ တစ်ယောက်တည်းလိုက်လာရတာ”
ဘီလူးက သူ့ထုံးစံအတိုင်းခြေကားယား လက်ကားယားနဲ့ ပြော | နေတယ်။ ဘီလူးဆိုလို့လည်း လန့်မသွားနဲ့ဦး။ ငါ့သူငယ်ချင်း လူစစ်၏ ပါ။ ဘီလူးဆိုတာ နာမည်ပြောင်း နာမည်ရင်းက ဝင်းသူရလွင်၊ ဒါ«န် ဘော်ဒါတိုင်းက ဘီလူးလို့ပဲ ခေါ်ကြတယ်။ ဒီကောင် ဘီလူးဆိုတဲ့ နာမည် တွင်သွားပုံကလည်း ရင်နင့်စရာ။
ငါတို့တွေ ဆယ်တန်းလောက်မှာ အက်ဆစ်တို့၊ သီအိုရီတို့အရှိန်နဲ့ ဟစ်ဟော့ဂီတက မြန်မာနိုင်ငံမှာ အရှိန်ပြင်းပြင်း ပေါက်ကွဲနေတဲ့ကာလ။ လူငယ်ဆယ်ယောက်မှာ ကိုးယောက်နဲ့ တစ်ပိုင်းက ရက်ပါရူး ရူးနေကြတဲ့ အချိန်၊ (ကျန်တဲ့တစ်ပိုင်းက အောက်ပိုင်းသေနေလို့။ မဟုတ်ရင် ဆယ် လောက်စလုံး ရက်ပါ ရှူးတွေ၊)
အဲဒီထဲမှာ ဝင်းသူရလွင်က သူများထက် ထူးတယ်။ ပိုက်ဆံ လည်း တတ်နိုင်တော့ စတူဒီယိုတွေ ဘာတွေသွားပြီး အသံတွေ ဘာတွေ သွင်းလိုက်သေးတယ်။ သူ့ရဲ့ ရက်ပါနာမည်ကိုလည်း ဘိုဆန်ဆန်အဖျား ဆွတ်ပြီး W လို့ ပေးလိုက်တယ်။
အဲဒီ ဒဘယ်လူဆိုတဲ့နာမည်နဲ့ပဲ အခွေကြမ်းတွေ ဘာတွေကူးပြီး သူငယ်ချင်းတွေကို ဝေပါသေးတယ်။ ဒီကောင့်သီချင်းတွေကတော့ ဘယ် လိုနေမှန်း မသိဘူး။ ဒီကောင့်ကို ဘယ်လူ၊ ဒဘယ်လူလို့ ခေါ်ရတာထောက်နေလို့ ဘယ်လူ အယ်လူလို့ခေါ်ရင်းကနေ နောက်ဆုံးတော့ ဘီလူး ဆိုတဲ့နာမည် တွင်သွားရတော့တာပဲ။
“နောက်တစ်ခါ အဲဒီလို စောစောစီးစီးသွားမယ်ဆိုရင် ဖုန်းလေး ဘာလေး ဆက်ကွာ၊ အလကားနေရင်း မင်းအိမ်ဘက်ကို ကွေ့ပတ်ဝင် နေရတာ အလုပ်ရှုပ်တယ်ကွ” . ဘီလူးက ကျောင်းကို ကိုယ်ပိုင်ကားနဲ့ လာတဲ့ကောင်။ ဘောင်းဘီ ပုပ္ပ၊ အင်္ကျီပွပွ၊ ခြေကားယား လက်ကားယားနဲ့ ဒီကောင့်ပုံစံက ထောင့် ၊ မကျိုးဘူး။ လူမပြောနဲ့ ခွေးတောင် မြင်တာနဲ့ နားရင်းတက်ကိုက်ချင်စရာကောင်းလောက်အောင်ကို အချိုးမပြေတာ စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်။
“ရယ်မနေနဲ့ ဟေ့ကောင်၊ ငါ တကယ်ပြောတာ၊ ဒီလောက်အဝေးကြီး တစ်ယောက်တည်း ကားမောင်းလာရတာ ပျင်းဖို့ ဘယ်လောက်ကောင်း လဲ သိလား၊ နောက်တစ်ခါ ဖုန်းဆက်ဖြစ်အောင် ဆက်”
ဘီလူးက သူ့ကိုမဆိုဘဲ ထွက်သွားတာနဲ့ပတ်သက်ပြီး မကြည် ၊ မလင်ဖြစ်နေပုံရတယ်။ ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောလို့မပြီးတော့ဘူး။