Skip to product information
1 of 2

Other Websites

မြသန်းတင့် - ဧကရီဖွားစော

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ပုပ္ပားတောင် တောင်ခြေရင်းရှိ ကမ်းဖြူရွာတွင် တောင်သူကြီး တစ်ဦးရှိ၏။ တစ်ညနေ၌ တောင်သူကြီးသည် စပယ်၍၊ မြတ်လေးရုံတို့ဖြင့် ဝေဆာလျက် ရှိသော သူခြေတွင် တွင်ထိုင်၍ ပလွေမှုတ်လျက်ရှိသည်။ ပလွေမှုတ်ရင်း သူ့မျက်လုံးများသည် ရှေ့တွင် မှိုင် ညှိ လျက်ရှိသည့် ပုပ္ပားတောင်ကြီးဆီသို့ ရောက်သွားကြသည်။ တစ်ခါတစ်ခါတွင်လည်း သူ့မျက်လုံးများ သည် ၊ တဝန်းတလျားကြီး ရှိနေသည် လွင်ပြင်ကျယ်ကြီးကို ကျော်ကာ အရှိ ရွှေမြို့တော်ဆီသို့ ရောက်သွားတတ်ကြသည်။

          ပုပ္ပားတောင်ကား မြန်မာနိုင်ငံအလယ်ပိုင်းတွင် အထိ တည် ရှိနေ သည့် တောင်ထိပ်ဖြစ်၏။ မြင်မားမတ်စောက်သယောင် ထင်ရ၏။ တစ်ခါတစ်ရံတွင် တောင်ထိပ်၌ တိမ်စတိမ်မျှင်တို့ ဝဲနေသည်ကို မြင်ရ တတ်သည်။ မီးတောင်ဟောင်းဖြစ်သည့်အတွက် တစ်ခါတုန်းကဆိုလျှင် တောင်ထိပ်တွင် မီးညွန်မီးလျှံတို့သည် ယခု တိမ်တိုက်ဝဲသည်နှယ် ဝဲနေ ကြလိမ့်မည်။ တစ်ခါတစ်ရံတွင်လည်း ပုပ္ပားတောင်သည် ဦးချိုကြီးတစ် ချောင်းသဖွယ် တွန့်လိမ်ကွေးကောက်ကာ ပြာလဲ့သည့် ကောင်းကင်ထဲသို့ ထို ဝင်လျက်ရှိသည်။ ဦးချိုရစ်များ သည် သူ့ကို တေ ဂီတဖြင့် ဖြေဖျော် နေသကဲ့သို့ ထင်ရ၏။ ထိုအခါမျိုး၌ တောင်သူကြီးသည် မိုးယံထက်သို့ | လွင့်မျောသွားသည့်နှယ် ခံစားရ၏။ မြေပြင်တစ်ဝှမ်းလုံးကို မြင်ရသည် နှယ်လည်း အောက်မေ့မိမည်။ ။

          အနောက်ဘက်သို့ မျှော်ကြည့်လိုက်လျှင် ရာဝတီမြစ်ကြီး ရစ်ခွေ စီးဆင်းလျက်ရှိသည့် ပုဂံရွှေမြို့တော်ကြီးကို မြင်နိုင်သည်။ လင်းလင်း ချင်းချင်းရှိသည့်အခါများတွင် မိုးသို့လုနေကြသည် ပြာသာဒ် အဆောင်ဆောင်တို့၏ စုလစ်မွန်းချွန်များ၊ တန်ဆောင် အမိုးများနှင့် သိမ်တော်ကြီး ၏ အမိုးများ၊ ဘုန်းကြီးကျောင်းများ နှင့် ဆင်ကျုံတို့၏အမိုးများကို မြင်ရ တတ်သည်။ အနီရောင်အုတ်တံတိုင်းများ နောက်တွင် ရွှေရောင်တဖျပ်ဖျပ်နှင့် ထိုအရာများကို မြင်သည့်အခါများတွင်လည် ကောင်၊ ပဒုမ္မာကြာပန် တို့ ၊ ပွင့်ဝေရာ ကျုံးပေါ်မှ တံတားဖြူဖြူဖွေးဖွေးများကို မြင်ယောင်သည့်အခါ များ တွင်လည်းကောင်း၊ ဘုန်းတော်ကြီး သောဘုရား စိုးစံတော်မူရာ နန်းမ နန်ဆောင်တိုမှ အပြောက်အမွမ်များကို မြင်ရသည့်အခါတွင်လည်းကောင်းတောင်သူကြီး သည် တောင်ခြေမှ သူ ရွာကလေးကိုမေ့ကာ ပေါက္ကံ ရွှေပြည်တော်လမ်းကြီးများပေါ်သို့ ရောက်သွားကာ ရွှေရောင်ပြိုးပြက်သည် စမုတ်ဆောင်ရိပ်တွင် နားခိုနေတတ်သည်။ ။

          သို့ရာတွင် တောင်သူကြီးသည် သူ၏သမီးငယ် လမ်းလျှောက်သင် သည်ကို ကြည်၍လည်း ကြည်နူးခြင်းဖြစ်ရသည်။ သူကိုယ်တိုင် စပ်ခဲ့သည့် စာတိုကလေးတစ်ပုဒ်ထဲမှ စကားအတိုင်းပြောရလျှင် သူ သမီးငယ် ဖဝါး ခြေသင်သွားသည်ကို ကြည့်၍လည်း ပျော်ရသည်။ မှောင်ရီရီတညနေ စပယ်ချုံအနီး တွင် ထိုင်နေစဉ် နတ်သူငယ်ကလေးတစ်ပါးလို လှသည် သူ့သမီငယ်သည် အဝတ်ဗလာဖြင့် သူ့ ထံသို့ ခြေကလေး မခိုင့်တခိုင်ဖြင့် တတောက်တောက် ပြေးလာ၏။ တောင်သူကြီးသည် သမီးငယ်ကို ကောက်ယူပွေ့ချီလိုက်ပြီးနောက် နမ်းရှုပ်လျက်ရှိသည်။

          “မနက်ဖြန်မှာ အဘ ယာထွန်သွားမယ်။ သမီး အဘနဲ့လိုက်ခဲ့နော်” ဟု ပြော၏။

          နောက်တစ်နေ့ မနက်စောစောတွင် တောင်သူကြီးသည် နွားနှစ် ၊ ကောင်ကို လှည်း တွင်တပ်လျက် သမီးငယ်နှင့်အတူ လှည်ဖြင့် သူတို့ ယာရှိရာတောသို့ ထွက်လာခဲ့ကြသည်။ ယာခင်းသို့ရောက်လျှင် သမီးငယ်ကို မန်ကျည်းပင်အောက် မြေတလင်းသန့်သန့်ရှိ ဖျာတစ်ချပ်ပေါ်တွင် သိပ်ခဲ့ သည်။ ထိုနောက် နွားနှစ်ကောင်ကို ထွန်တုံးတွင် ပြောင်းတပ်ကာ ယာထဲသို့ ဆင်းခဲ့သည်။

          သူ အဖို့ ယာထွန်ခြင်းဟူသည် မြေကို ဆွခြင်းသက်သက်မျှသာ မဟုတ်။ ခြေထောက်ဖြင့် မြေကြီးကို နင်းလိုက်၍ သူခြေချောင်းများကို ရွှံ့ထဲသို့ ထိုးလိုက်သည်နှင့် မဟာပထဝီမြေကြီးသည် ဆူပွက်နေသည့်နှယ် သူ ခံစားရသည်။ ကိုယ်အသွေးကိုယ့်အသား ဖြစ်လာမည့် မြေကြီး၏ နှလုံးခုန်သံကို ထိတွေ့ လိုက်ရသည်။ ထို့ကြောင့် ယာထဲသို့စ၍ ဆင်းသည့် နေ့တွင် သူသည် ယာခရို တွင် ဒူးထောက်ထိုင်ချကာ ရွှံ တစ်ဆုပ်ကိုကောက်ကိုင်လိုက်ပြီး လက်နှင့်နယ်သည်။ သို့ဖြင့် သူ ကိုယ်သူ မြေကြီးနှင့် တစ်သားတည်း ဖြစ်အောင် လုပ်သည်။

          ထိုနေ့က တောင်သူကြီးက လမိုင်းနတ်ကို ပူဇော်နေစဉ် သူ နွား နှစ်ကောင်သည်လည်း မြေကြီး၏ အငွေ့ အသက်ကို ခံစားမိကြသည့်နှယ် ခေါင်းကိုငုံကာ တိတ်ဆိတ်နေကြသည်။ သူနှင့် ရွှခဲတို့ အချင်းချင်း ဆက်သွယ်ဓာတ်ကူး မိပြီဆိုသည့်အချိန်လောက်ကျမှ တောင်သူကြီးသည် ထိုင်ရာမှထကာ လက်ထဲက နဖားကြို ကို လှုပ်ရမ်းလိုက်၏။ ထိုနောက် သခင်နှင့် သူ နွားနှစ်ကောင်သည် ထွန်ရေငင်ကြသည်။

          တောင်သူကြီးသည် သူ့နွားနှစ်ကောင်ကို တဟဲဟဲမောင်ရင်း ယာခင်း ဟိုဘက်ထိပ် သည်ဘက်ထိပ်ကို ခေါက်တုံ့ခေါက်ပြန် ကူ လျက် ရှိ၏။ သမီးငယ်ကမူ မန်ကျည် ပင်ရိပ်တွင် အိပ်ပျော်နေဆဲ။ ။

          တောင်သူကြီးသည် သမီငယ်ကို မေ့နေပြီ။ ပိန်ချုံ သည် သူ မျက်နှာ သည် ယာထွန်သည်ကိစ္စကိုသာ အာရုံစိုက်လျက်ရှိ၏။ သူလျှောက်နေပုံက ဈာန်သမာပတ်ကို ၀င်စားနေသူတစ်ဦးနှယ် သူ့ အလုပ်တွင် အာရုံဝင်စားလျက် ရှိသဖြင့် အဆိပ်အပြင်းဆုံးဆိုသည့် ငန်းမြွေကြီးတစ်ကောင် တောထဲမှ ထွက်လာကာ သူ့ သမီးငယ်အနီးသို့ ရောက်လာသည်ကိုပင် သတိမထား လိုက်မိ။ ငန်းမြွေကြီးသည် တရွေ့ရွေ့ ရှေ့သို့တိုးလာခဲ့ပြီးနောက် ကလေး ငယ်အနီးသို့ရောက်လျှင် ဘေးတွင် ရစ်ခွေလိုက်ပြီး အပေါ်တွင် ပါးပျဉ်းကြီး မိုးထားလိုက်သည်။ သို့ဖြင့် မြွေငန်းကြီးသည် ကလေးငယ်၏မျက်နှာပေါ်တွင် ပါးပျဉ်းကြီးတဝဲဝဲဖြင့် ရှိနေသည်။ သို့ရာတွင် ကလေးငယ်ကိုမူ မထိချေ။

          တောင်သူကြီးသည် ယာခရို တစ်ဖက်ထိပ်သို့ ရောက်သည့်အခါတွင် ထွန်ကို ပြန်လှည့်လိုက်၏။ တစ်ဖက်ယာခရိုးပေါ်တွင် ပါးပျဉ်းကြီးထောင်နေသည့် မြွေငန်းကြီးကို မြင်လိုက်ရသည်။ ပါးပျဉ် ကြီးထောင် ပုံက ရသေ့ရဟန်းတစ်ပါးလို ဣန္ဒြေကြီးသည်။ ကလေးငယ်ကို အန္တရယ်ပြုမည်ပုံမပေါ်။ ထူးတော့ထူးဆန်းသည်။ သို့ရာတွင် တောင်သူကြီး ထိတ်လန့်နေပြီ။ ကလေးငယ် နိုးလာ၍ လှုပ်လိုက်လျှင် တစ်ချက်တည် နှင့် အသေပေါက်သတ်ပစ်လိုက်နိုင်သည်။

          တောင်သူကြီးသည် မြွေငန်းကြီး ကိုမောင်ရန် ယာထဲမှ ပြေးတက် လာခဲ့သည်။ မြွေငန်းကြီးသည် ခြေသံကို ကြာ သည်၌ ကြာပွတ်တစ်ချောင်း ကို ဝှေ့ရမ် လိုက်သည့်နှယ် ချုံကြာ သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

          သူသည် ကလေးငယ်ကို ပွေ့ချီလိုက်ပြီး တစ်ကိုယ်လုံး အနှံ့အပြား လျှောက်ကြည့်သည်။ ဘာမျှမဖြစ်။ ကလေးက သူအဖေကိုကြည့်ကာ ပြုံး၍ပင် ပြလိုက်သေးသည်။ ကလေးကို ကြည့်ရသည်က ပျော်ရွှင် လန်းဆန်းလျက်။ ။

          အဖြစ်အပျက်က တော်တော်တော့ ထူးဆန်းသည်။ မြွေတစ် ကောင် ပါးပျဉ်းထောင်နေသည်ကို သူ တစ်ခါမျှ မမြင်စဖူး။ ယာထွန်ရ သည်ကိုလည်း စိတ်မဝင်စားနိုင်တော့။ မန်ကျည်းပင်ရိပ်တွင် ကလေးငယ်ကို ထား၍ ဆက်ထွန်နေစဉ် နောက်ထပ် အန္တရာယ်ဖြစ်လာလျှင် မည်သို့ရှိမည် နည်း။ တောင်သူကြီးသည် နွားများကို ထွန်မှဖြတ်ကာ ရွာသို့ ပြန်လာ ခဲ့သည်။

         အိမ်ပြန်ရောက်လျှင် ဖြစ်ပျက်သမျှကို ဇနီးသည်အား အသေးစိတ် ပြောပြသည်။

          “ဒီလိုဆို ဆရာတော်ကြီးဆီကိုသွားပြီး မေးရ မကောင်းဘူးလား” ဟု အိမ်သူက အကြံပေးသည်။

          ထိုနေ့ညနေတွင် သူတို့လင်မယားသည် ဘုန်းကြီးကျောင်းသို့ လာခဲ့ကြသည်။ လှူဖွယ်သစ်သီးနှင့် ပန်းခိုင်များကိုလည်း ယူခဲ့ကြ၏။ ရွာမှထွက်၍ စည် ရို တံခါးကို ကျော်မိလျှင် ကြာပွင့်တွေ ဝေနေသည် ရေကန်တစ်ကန်ကို မြင်ရသည်။ ကန်တစ်ကန်လုံး ကြာပွင့်တွေ ဖွေးဖွေး လှုပ်အောင် ပွင်ကြသဖြင့် ရေကိုပင် မမြင်ရ။ ရေကန်ဘေး ဘုန်းကြီး ကျောင်းက တောကျောင်းတို့ထုံးစံ ပျဉ်ကာသက်ကယ်မိုးလျက်။ 

          တောင်သူကြီးလင်မယားသည် လှေကားအတိုင်း ကျောင်းပေါ်သို့ တက်လာခဲ့ကြသည်။ ကျောင်းပေါ်တွင် ဆရာတော်ကြီးကို တစ်ပါးတည်းတွေ့ရ၏။ ဆရာတော်ကြီးက အိုမင်းလှပြီ။ ဆရာတော်ကြီး ကို လှူဖွယ် ၊ ဝတ္ထုတို့ လှူဒါန်းပြီးနောက် အဖြစ်အပျက်ကို လျှောက်တင်သည်။ ဆရာ တော်ကြီးက သေချာစွာ နားထောင်၏။

          “အင်း ဒကာကြီး တို့ ဒကာမကြီးတို့ ပြောတဲ့အတိုင်း ဆိုရင်တော့ တော်တော်ကို အံသြစရာကောင်းပေတာပဲ။ ဒီလိုဇနပုဒ်ကလေးမှာ ဒီအဖြစ်မျိုး ဖြစ်တယ်ဆိုတာ အင်မတန့်ကို ထူးကဲတာပဲ။ နေစမ်းပါဦး ဒကာကြီးရဲ။ ဒကာကြီးလျှောက်တဲ့အတိုင်း အမှန်ပဲလား။တောင်သူကြီး က အမှန်အတိုင်းဖြစ်ကြောင်း၊ ဆရာတော်ကြီး အား လိမ်လည်လျှောက်တင်ခြင်း မပြုရဲပါ ကြောင်းဖြင့် လျှောက်၏။

          "ဒီအတိုင်းဆိုရင်တော့ ဒကာကြီးရဲ့သမီးဟာ ကောင် စာ မယ့် လက္ခဏာပဲဗျ။ ဗေဒင်ကျမ်းရိုးအတိုင်း ကြည့်လိုက်ရင်လည်း ဒီအတိုင်းပဲ ထွက်လာမှာပဲ။ အဖြစ်အပျက်ကတော့ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စပဲ။ ပုဗ္ဗနိမိတ် ထူးတယ်လို့ ဆိုရပေမှာပေါ့။ ငန်းမြွေဆိုတာ မြွေတွေထဲမှာတော့ အဆိုးဆုံးပဲဗျ။ မြွေဘုရင်ဆိုပါစို့။ ဒီမြွေငန်း မျိုးဟာ လူတစ်ယောက်ဆီကိုလာပြီး ဦးခိုက်တယ်ဆိုရင် အဲဒီလူဟာ မင်းဖြစ်ဖို့ သေချာပြီ။ ခု ဒကာကြီးသမီးဖြစ်သလို ငန်းမြွေများက ပါးပျဉ်းနဲ့ ကာကွယ်ထားတာမျိုး ဆိုရင်လည်း အဲ-အဲဒီသူငယ်မဟာ မိဖုရားဖြစ်ဖို့ သေချာပြီ။ မြေကြီးကို လက်နဲ့ပုတ်ရင် လွဲချင်လွဲမယ်။ ခုဟာကတော့ ဘယ့်နှယ်လုပ်မှ မလွဲနိုင်ဘူး”

          တောင်သူကြီးမှာ သူ့ဇနီးလောက် အံ့သြခြင်း မဖြစ်မိချေ။ ညနေ ခင်း ပန်းခြံတွင်းသို့ဆင်း၍ ပလွေမှုတ်စဉ် တစ်ခါတစ်ရံ သူ့သမီးငယ် ရွှေမြို့တော်သို့ ရောက်လျှင် မည်မျှ ကောင်းလေမည်နည်းဟု တစ်ခါတစ်ရံ စိတ်ကူးယဉ်ခဲ့ဖူးသည်။ နီကြန်ကြန်မြို့ ရှိ များကို အိပ်မက်မက်ခဲ့ဖူးသည်။ ဆရာတော်ဘုရား ဟောကြားလိုက်သည် ဟောကိန်းသည် သူ့အဖို့ အသစ်အဆန်းမဟုတ်။ သူ မျှော်မှန်းချက်ကို အတည်ပြုလိုက်ခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် တောင်သူကြီး၏ ဇနီးကား အအားသင့်၍မဆုံး။ ဆရာတော်ဘုရား၏ဟောကိန်းကို ကြားလိုက်ရသည်တခဏတွင် “ဟော တော့၊ မိဖုရားတဲ့” ဟုပင် ယောင်ယမ်း၍ အော်မိသည်။

          အိမ်ပြန်လာကြသည့်အခါတွင် အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြောပြခြင်းမပြုမိ။ သမီးငယ်ကို မိဖုရာ အလောင်းအလျာနှင့်အညီ ပြုစု မွေးမြူရန် စိတ်ကူးလာခဲ့ကြသည်။ တောင်သူကြီး မှာ ရွာတွင် ငွေကြေး ပြည်စုသူတစ်ဦးဖြစ်သည့်အလျောက် သမီးငယ်ကို အမျိုးကောင်းသမီး ပီသအောင် မွေးမြူနိုင်သည့် ငွေကြေးအင်အားနှင့်လည်း ပြည့်စုံသည်။

           တောင်သူကြီးသည် သမီးငယ်ကို အစောဟု အမည်ပေးကာ အထိန်းအယ များနှင့်ထားသည်။ ကြီးပြင်လာသည့်အခါတွင် စာပေတိုကိုလည်း သင်ကြား ပေ၏။ ပွဲတော်များတွင် သမီးငယ်ကို ဝတ်ကောင် စာလှများဖြင့်လည်း ဆင်ယင်ပေး၏။ သမီးငယ်၏ အနာဂတ်သည် ထူးခြားကောင် မွန်လိမ့် မည်ဟုလည်း သမီးငယ်ကို ပြောထားနှင့်သည်။ သို့ဖြင့် မိန်းမငယ်သည် ဣဖြင့် ပြည့်စုံသည့် မိန်းမငယ်တစ်ဦး ဖြစ်လာခဲ့သည်။ လှပတင့်တယ် ခြင်း၊ ဣသိက္ခာနှင့် ပြည့်စုံခြင်း၊ စိတ်သဘောကောင်ခြင်း စသည် တို့ကြောင့် ထိုမိန်းမငယ်သည် ကျော်စောထင်ရှား၏။

          ထိုအဖြစ်အပျက်များ ဖြစ်ပွားချိန်တွင် ပုဂံပြည်၌ အတွေးအခေါ်၊ အဘိဓမ္မာတွင် ဝါသနာထုံသည့် ကျစွာမည်သောမင်းသည် မောင်းမမိဿ များအား ပြညွှန်းရန်အတွက် အဘိဓမ္မာ ဋီကာကျမ်းတစ်စောင်ကိုလည်း ရေးခဲ့လေသည်။

          အစော အသက်တစ်ဆယ့်နှစ်နှစ်အရွယ်သို့ ရောက်ချိန်တွင် ထိုမင်းကို သားတော်ဥဇနာ ဆက်ခံ၏။ ဥဇနာကား အဖေတူသားမဟုတ်။ အပျော် အပါး၊ အရွှင်အမြူ၌ ဝါသနာထုံသော မင်းပျိုမင်းလွင်တစ်ပါး ဖြစ်လေသည်။

           ဥဇနာသည် အပျော်အပါးတွင် ဝါသနာထုံသည့်မင်း ဖြစ်သည်။ အိမ်ရှေ့ ဥပရာဇာတစ်ဦးအနေဖြင့် နန်းတော်ဝန်းကျင် အဆောင်အယောင်တို့သည် သူ့အတွက် ကျဉ်းကျပ်၍ ငြီးငွေ့ဖွယ်ကောင်းနေသည်။ ထို့ကြောင့် ဥဇနာ သည် မကြာခဏ တိုင်းခန်းလှည့်လည်လေ့ ရှိသည်။ ခမည်းတော် ကျစွာမင်းကြီးကား ပညာရှိမင်း ဖြစ်၏။ သူ၏ဋီကာကျမ်းသည် လေးနက်၍ ဉာဏ်အရာနှင့် ပြည့်စုံ၏။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ဘုံ၊ ပုဂ္ဂိုလ်တို့

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)