Skip to product information
1 of 4

Other Websites

မြသန်းတင့် - သိပ္ပံပညာယစ်ပုလ္လင်နှင့်အခြားအနာဂတ်ဆန်းကြယ်သိပ္ပံ၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အိမ်ကြီးမာယာ

           သူတို့သည် ဘယ်တော့မှ အိမ်ပြင်ထွက်လေ့ မရှိကြ။ သူတို့အထဲတွင် အစောဆုံးအိပ်ရာထသူမှာ ဟာလေဖြစ်သည်။ ဟာလေ သည် အိပ်ရာမှ နိုးသည်နှင့် အိပ်ရာဝင် ဝတ်သည့် ဝတ်စုံဖြင့်ပင် အဆောက် အအုံထဲသို့ လျှောက်သွားတတ်၏။ နေ့တိုင်းဆိုသလိုပင် အပူရှိန်ကလည်း မပြင်းလှ။ ထို့နောက် ဟာလေသည် ကယ်ဗင်ကို အိပ်ရာမှ နိုး၏ ။ ကယ်ဗင်မှာ ရုပ်ရည်ချောမောခံ့ညားသူ ဖြစ်၏။ သူ့ကိုကြည့်ရသည်မှာ အရည်အချင်းရှိသူ လူတော်လူကောင်းများကို အုပ်ချုပ်ရုံသာအုပ်ချုပ်တတ်ပြီး အသုံးမချတတ် သည့်လူစားနှင့် တူသည်။ သူသည် ဟာလေ သွားချင်ရာသို့ အဖော်အဖြစ်လိုက် တတ်၏။

          မျက်လုံးပြာပြာ၊ ဆံပင်နက်နက်နှင့် ဒက်ပယ်ဆိုသည့်မိန်းမပျိုမှာ အအိပ် ဆတ်သူ ဖြစ်သည်။ သူ့တို့နှစ်ယောက်စကားပြောသံကို ကြားလျှင် ဒက်ပယ် သည် အိပ်ရာမှနိုးလာတတ်၏။ သူနိုးသည်နှင့် အိပ်ရာမှလူးလဲထကာ မေကို သွားနှိုးတတ်သည်။ သူတို့နှစ်ယောက်သည် အောက်ထပ်သို့အတူဆင်းလာကာ စားသောက်ဖွယ်ရာတို့ကို ချက်ပြုတ်ကြ၏။ သူတို့ချက်ပြုတ်ပြီဆိုတော့မှ အ ခြားအိမ်သားနှစ်ဦးဖြစ်သည့် ဂျက်ဂါနှင့် ပိယက်တို့ အိပ်ရာကထကြသည်။

          ဤသည်မှာ သူတို့၏ နေ့စဉ်”ဇယားဖြစ်၏။ အရုဏ်ခြည်တို့ ဘာတို့ကို မြင်ရ၍မဟုတ်။ အချိန်တန် အိပ်ရေးဝပြီး နိုးလာကြသောကြောင့် ဖြစ်၏။ သူတို့ သည် နေ့လယ်တွင်လည်း တစ်နေ့လုံး လှုပ်ရှားခြင်းမပြုကြ။ သို့ရာတွင် အချိန်တန်၍ အိပ်ရာထဲသို့ ဝင်အိပ်လိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြ သည်သာ ဖြစ်၏။

          သူတို့အဖို့ စိတ်ဝင်စားစရာအချိန်ဆို၍ စတိုခန်းကို ဖွင့်လိုက်သည့်အချိန် ကလေးသာလျှင် ရှိ၏။ စတိုခန်းမှာ မီးဖိုနှင့် အိပ်ခန်းကြားရှိအခန်းငယ်က လေးတစ်ခု ဖြစ်၏။ နံရံပေါ်တွင် စင်တစ်ခုရှိပြီး စင်ပေါ်တွင်မူ သူတို့အသက် ရှင်ရေးအတွက် အရေးကြီးသည့်ပစ္စည်းများ ရှိ၏။ သူတို့၏ “ရိက္ခာ” များသည် ထိုစင်ပေါ်သို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့သည် ထိုစတိုခန်းတံခါးကို နောက် ဆုံးမှပိတ်ကြ၏။ မနက်လင်းသည်နှင့် သူတို့၏ပစ္စည်းများဖြစ်သော ရိက္ခာ၊ အဝတ်အထည်နှင့် အဝတ်လျှော်စက်တို့သည် ထိုစင်ပေါ်တွင် အဆင်သင့်ဖြစ် နေကြ၏။ ဤသည်မှာ သူတို့လက်ခံထားသော အသက်ရှင်ရေးပစ္စည်းများ ဖြစ်၏။ ထိုပစ္စည်းများ ဘယ်ကဘယ်လိုရောက်နေသည်ကို ဘာမျှမေးခွန်း ထုတ်ခြင်း မပြုကြ။

          တစ်နေ့မနက်တွင် ဒက်ပယ်နှင့် မေတို့သည် အမျိုးသားလေးယောက် ဆင်းမလာမီကတည်းကပင် အစားအသောက်များကို ချက်ပြုတ်ပြင်ဆင်ပြီးကြ လေပြီ။ ဒက်ပယ်ကမူ ကျယ်ပြန့်လှသည် လှေကားကြီးခြေရင်းသို့သွားကာ ပိယက်ကို ခေါ်နေသည်။ သူတို့အားလုံးသည် စုံညီမှ စတိုခန်းတံခါးကို ဖွင့်ချင် သဖြင့် ခေါ်ခြင်းဖြစ်၏။ စတိုခန်းတံခါးကို လူစုံမှဖွင့်ခြင်းမှာ အခမ်းအနား၊ အဆောင်အယောင်ကြောင့်မဟုတ်၊ သူတို့မိန်းမသားတွေချည်း ထိုအခန်းကို မဖွင့်ရဲသောကြောင့်ပင် ဖြစ်၏။ အခန်းထဲတွင် ...။

         “ကိုယ်လည်း ဆေးလိပ်သောက်စရာမရှိတော့ဘူး၊ ဆေးလိပ်လိုချင် တယ်” ဟု ဟာလေက အခန်းတံခါးဖွင့်ရင်း ပြော၏။

         သူတို့အားလုံးသည် နံရံတွင်ကပ်ထားသည့် စင်ဆီသို့ လျှောက်လာခဲ့ကြ ၏။ စင်ပေါ်တွင် ဘာမျှမရှိ။ ဟာလာဟင်းလင်း။

         “ဟင် ... စားစရာ သောက်စရာဆိုလို့ ဘာမှမရှိပါလား၊ မေတို့တော့ ဒီနေ့ အငတ်နေရတော့မယ် ထင်တယ်” ဟု မေက ရေခံခါးစည်းဝတ်ကို ပတ် ထားရင်းမှ ခါးထောက်၍ပြော၏။

         သူတို့ ဤသို့ဖြစ်သည်မှာ သည်တစ်ကြိမ်မကတော့။ တစ်ခါတုန်းကဆို လျှင် (တစ်ခါတုန်းကဆိုသည်မှာ မည်မျှကြာပြီဟု မခန့်မှန်းနိုင်) သူတို့တွင်အချိန်၊ နာရီတို့ကို မသိနိုင်ကြ။ ထိုစင်ကလေးပေါ်တွင် သုံးရက်လုံးလုံး အစာ ရောက်မလာသဖြင့် သူတို့တစ်တွေ ငုတ်တုတ်ထိုင်ငတ်ခဲ့ကြဖူးသည်။

         “ကိုယ်တို့ကတော့ အငတ်မခံနိုင်ဘူး ဆရာ၊ မေ့အသားကိုပဲ စားရမှာပဲ” ဟု ပိယက်က အရွှန်းဖောက်လိုက်သဖြင့် သူတို့အားလုံး ရယ်ကြရသေးသည်။ ပိယက်မှာ ရယ်စရာမောစရာကို ပြောခဲဘိခြင်း၊ ခပ်အေးအေးခပ်ကုပ်ကုပ် နေတတ်သူဖြစ်သည့်အတွက် သူ့ပြက်လုံးသည် ရှားပါးသည့်အဖိုးတန်ရတနာ တစ်ခု ဖြစ်နေသည်။

         စင်ပေါ်တွင် အထုပ်နှစ်ထုပ်သာ ရှိ၏။ တစ်ထုပ်မှာ ဟာလေ၏ ဆေးတံ သောက် ဆေးမှုန့်ထုပ်ဖြစ်ပြီး နောက်တစ်ထုပ်မှာ ဖဲထုပ်ဖြစ်၏။ ဟာလေသည် သူ့ဆေးတံသောက်ဆေးမှုန့်ထုပ်ကို အိတ်ထဲသို့ ထည့်လိုက်ပြီး ဖဲထုပ်ကို ဖောက်လိုက်ကာ ယပ်တောင်သဖွယ်ဖြစ်အောင်ဖြန့်ရင်း အခြားသူများထံ ကမ်း ပေးလိုက်သည်။

        “ဘယ်သူ ဖဲချတတ်သလဲ” “ဘာလဲ၊ ပိုကာလား” “ကိုယ်တို့ကတော့ ကင်နစ္စတာကို ကစားတတ်တယ်” ဟု ဂျက်ဂါက ပြော၏။ “ကိုယ်ကတော့ ရမ်ဂျင်မီ ကစားတတ်တယ်”

        “နောက်တော့ ကစားတာပေါ့၊ ညနေဆိုရင် အပျင်းပြေတာပေါ့” ဟု ကယ်ဗင်က ပြောသည်။

         ဖဲကစားခြင်းသည် သူတို့အဖို့ စိန်ခေါ်သည်နှင့်တူ၏။ ဖဲကစားလျှင် စားပွဲ ဝိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ကစားတော့မည်။

         သူတို့ အားလုံးကို တစ်ယောက်တခြားစီ ကွဲပြားသွားအောင် လုပ်မည့်အ ကြောင်းမရှိ။ သို့ရာတွင် သူတို့အားလုံးကို အမြဲစုစည်းနေအောင်လုပ်သည့် အကြောင်းလည်းမရှိ။ စတိုခန်းတံခါးဖွင့်သည့်ကိစ္စလေးတစ်ခုသာလျှင် သူတို့ အားလုံးရှိဖို့လိုသည်။ ကျန်အချိန်များတွင်မူ တစ်ယောက်တခြားစီနေနိုင်ကြ သည်သာ။ ဂျက်ဂါသည် အောက်ထပ်တွင် လျှပ်စစ်ဖုန်သုတ်စက်ကို ကြီးကြပ် ရသည်။ သူဖုန်သုတ်ရသည့်နေရာမှာ ဘယ်တော့မျှဖွင့်မရသည့် အိမ်ရှေ့ တံခါးမကြီးအနီးတွင် ဖြစ်၏။ တံခါးမှာ ညစ်ပတ်နေလေပြီ။ သို့ရာတွင် သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ပတ်သည်ဖြစ်စေ မနက်လင်းလျှင် ဖုန်သုတ်ရသည် သာ။ အမျိုးသမီးနှစ်ယောက်မှာ ရိက္ခာခွဲတမ်းနှင့်ပတ်သက်၍ ဆွေးနွေးနေကြပြီး ကိစ္စပြီးသည်နှင့် တစ်ယောက်တကွဲစီဖြစ်သွားကြကာ ကိုယ့်အလုပ်ကို ကောက် လုပ်နေကြရသည်။ ဟာလေနှင့် ကယ်ဗင်တို့ကလည်း တစ်ယောက်တခြားစီ ကိုယ့်အလုပ်ရှိရာသို့ ထွက်သွားကြသည်။

         အိမ်ကြီးကလည်း တော်တော်စုတ်ချာသည့်အိမ်ကြီး ဖြစ်သည်။ ပြတင်း ပေါက်ကလည်း သိပ်မရှိ၊ ရှိသည့်ပြတင်းပေါက်တွေကလည်း ဖွင့်လေ့မရှိသ ဖြင့် အိမ်ထဲတွင် အလင်းရောင်မရဘဲ မှောင်နေတော့သည်။ နေရာတကာတွင် အမှောင်ထုကြီးစိုးလျက်။ စတိုခန်းထဲသို့ တစ်ယောက်ယောက်ဝင်သွားသည်နှင့် တစ်နေရာမှ အလင်းရောင်တစ်ခုသည် ထိုသူနောက်သို့ လိုက်လာတတ်သည်။ အခန်းထဲတွင် ပရိဘောဂတွေအပြည့်။ သို့ရာတွင် ပရိဘောဂများသည် တစ်ခု နှင့် တစ်ခု ဘာမျှမဆိုင်။ အခန်းထဲတွင် အဓိပ္ပာယ်မရှိရောက်နေသည့်နှယ် ရှိ ၏။ ရည်ရွယ်ချက်မဲ့သောလူများနေသည့်အခန်းသည်လည်း ထိုလူများကဲ့သို့ ပင် ရည်ရွယ်ချက်ကင်းမဲ့လျက်ရှိ၏။ | အပေါ်ထပ်တွင်လည်းကောင်း၊ အောက်ထပ်တွင်လည်းကောင်း၊ ထပ်ခိုး များတွင်လည်းကောင်း ပုံစံမရှိ။ အခန်းနှင့် စင်္ကာများသည်လည်း ဝင်္ကပါကဲ့သို့ ကောက်ကွေ့ ရှုပ်ထွေးလျက်။ မြင်နေကျဖြစ်၍သာ တော်တော့သည်။ အချိန်ရှိသ ရွေ့ ထိုအထဲတွင်နေရသည့်အခါမြင်နေကျဖြစ်ပြီး ရိုးနေသည်။ ။

         ဟာလေသည် အိပ်ကပ်ထဲတွင် လက်နှစ်ဖက်စုံနှိုက်ကာ လမ်းလျှောက် ခြင်းဖြင့် အချိန်ကုန်၏။ တစ်နေရာသို့ အရောက်တွင် ဒက်ပယ်နှင့်ဆုံမိကြ၏။ ဒက်ပယ်သည် ကျက်သရေရှိစွာ ငုံကာပုံကြမ်းစာအုပ်တစ်အုပ်ထဲတွင် အရုပ် ရေးနေသည်။ နံရံတွင် ချိတ်ဆွဲထားသည် ပန်းချီကားချပ်တစ်ခုကိုကူး၍ ရေးဆွဲ နေခြင်းဖြစ်ပြီး သူထိုင်နေသောအခန်း၏ ပုံဖြစ်၏။ သူတို့နှင့် စကားအနည်း ငယ်ပြောဆိုပြီး ဟာလေသည် ဆက်လက်ထွက်ခွာလာခဲ့၏။ ,

         ပင့်ကူအိမ်ထောင့်တစ်ထောင့်တွင် ပင့်ကူတစ်ကောင်တွယ်နေသည့်နှယ် သူ့စိတ်ထဲတွင်လည်း တစ်စုံတစ်ရာငြိတွယ်လျက်ရှိ၏။ စန္ဒရားခန်းဆောကု အမည်ပေးထားသော အခန်းထဲသို့ဝင်လာခဲ့သည့်အခါ၌ကား သူ့စိတ်ထဲတွင် စိတ်ညစ်နေသည့်အကြောင်းအရာကို ဟာလေ သဘောပေါက်လာသည်။ အမှောင်မှေးမှိန်၍ သူ့နောက်သို့ အလင်းလိုက်လာသည်နှင့် ဟာလေသည် အခန်း ပတ်လည်ကို လှမ်းကြည့်လိုက်ရာ စန္ဒရားကြီးကို မြင်ရ၏။ ထူးဆန်းသော အရာဝတ္ထုများသည် အိမ်နံရံပေါ်တွင်ကပ်ထားသော စင်ပေါ်သို့ ရောက်ရှိလာ ကြကာ ထိုပစ္စည်းများကို အိမ်ရှိလူအားလုံးကို ခွဲဝေပေးလိုက်ကြ၏။ ယခု ထိုပစ္စည်းများအနက် တစ်ခုသည် စန္ဒရားပေါ်သို့ ရောက်နေ၏။

         ထိုပစ္စည်းမှာ အမြင့်နှစ်ပေရှိပြီး ငုတ်တုတ်ထိုင်နေသောအရုပ်တစ်ခုဖြစ်ပြီး နှာခေါင်းပြားပြား၊ လက်လေးဖက်နှင့်ဖြစ်၏။ ထိုပစ္စည်းသည် မည်သည့်ပစ္စည်း ဖြစ်ကြောင်းကို ဟာလေကောင်းကောင်းသိ၏။ ထိုပစ္စည်းမှာ မြေပြင်မှ ဝေဟင် သွား ဒုံးပျံတစ်စင်းဖြစ်ပြီး ပင်မအာကာသယာဉ်ကြီးမှာ အခြား ဂြိုဟ်များပေါ်သို့ ကူးသန်းပေးပို့နေသည့် အာကာသကူးတို့ယာဉ်ငယ်များ၏ ပုံစံငယ်ဖြစ်၏။

         မည်သည့်အရာပင်ဖြစ်စေ ထိုအရာကိုကြည့်ရသည်မှာ အရုပ်ဆိုး၏။ အကျည်းတန်၏။ သူက လက်ချောင်းကလေးနှင့်တို့ထိသည်ဟု ထင်လိုက်ရုံ ကလေးဖြင့်ပင် ထိုအရာသည် ဟိုမှသည်မှ ရွေ့လျားနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ထိုအရာကို လက်နှင့်ထိ၍မမိ။ ထိမည်လုပ်လိုက်တိုင်း ထိုအရာ သည် ရွေ့လျားနေ၏။ ထိုပစ္စည်းအကြောင်းကို တစ်ယောက်ယောက်နှင့် ပြော ဆို ဆွေးနွေးခြင်းပြုလျှင် ထိုအရာသည် တခြားနေရာသို့ လွင့်ပါသွားမည်လား မဆိုနိုင်။ ထိုပစ္စည်းကို ကြည့်ရသည်ကပင် စိတ်မသက်သာစရာ။ ကြောက်စ ရာကောင်းသည့်တိုင် ကိုင်တွယ်ကြည့်ချင်သည့်စိတ်ကို ဖြစ်ပေါ်စေသည်။

          ထိုအရာကြီးကို တို့ထိမည်ကြံလိုက်တိုင်း ထိုအရာကြီးက လှုပ်ရှားနေ ခြင်းသည် စတိုခန်းထဲတွင် စန္ဒရားကြီး ဘွားခနဲရောက်ရှိလာစဉ်ကထက်ပင် ဟာလေ အံ့သြခြင်း ဖြစ်ရသည်။ ဟာလေသည် ထိုပစ္စည်းကို မျက်တောင်မ မတ်စိုက်ကြည့်ရင်း စန္ဒရားတီးသည့်ခုံတွင် ဝင်ထိုင်လိုက်၏။ သို့ ထိုင်ရင်း သူ့ စိတ်ထဲတွင်ရှိနေသည့် တစ်စုံတစ်ရာကို ထုတ်ယူရန် အာရုံစိုက်သည်။ အာကာ သယာဉ်နှင့် ပတ်သက်သည်တို့ကို အာရုံစိုက်ကြည့်သည်။ ။

        ထိုပစ္စည်းကြီးကို ကိုင်မိလျှင်၊ ထိုပစ္စည်းကြီးကို ရဲရဲရင်ဆိုင်ရဲသည်ဆိုလျှင် မိမိသည် သတ်သတ်မှတ်မှတ် တစ်စုံတစ်ရာကို လုပ်နိုင်လိမ့်မည်။ သို့ရာတွင် ခက်သည်က ထိုအရာကြီးကို သူ အာရုံစိုက်၍ မရမချင်း သူဖြစ်စေချင်၊ သူလို ချင်သော အရာသည် မည်သည့်အရာဟု မပြောနိုင်ခြင်းဖြစ်သည်။ သူ့နောက်မှ ခြေသံကြားရသည်။ ဟာလေသည် လှည့်မကြည့်ဘဲ စန္ဒ ရားအဖုံးကို လှန့်လိုက်ကာ လက်ကို ခလုတ်များပေါ်သို့ တင်လိုက်၏။ ထိုအခါ ကျမှ သူ့နောက်သို့ အမှတ်မထင်လှည့်ကြည့်လိုက်၏။ အင်္ကျီအိတ်ထဲတွင် လက်ကိုစုံနှိုက်၍ ရပ်နေသော ကယ်ဗင်ကိုတွေ့ရသည်။ သူ့ကို ကြည့်ရသည်မှာ သက်သောင့်သက်သာ၊ တောင့်တောင့်တင်းတင်း။

         “အခန်းထဲမှာ မီးရောင်မြင်တာနဲ့ တစ်ယောက်ယောက်ရှိမှာပဲဆိုပြီး ဝင် - လာတာ” ဟု ကယ်ဗင်က ပြောသည်။ ။

         “ဟုတ်တယ်ဗျ၊ စန္ဒရားတီးမလားလို့ စိတ်ကူးရတာနဲ့ ဝင်လာတာ” ဟု ဟာလေက ပြုံး၍ပြောသည်။ သူ့စိတ်ထဲတွင် ဆွေးနွေးနေချင်သည့်အကြောင်း ကိုမူ ကယ်ဗင်ကဲ့သို့ ရင်းနှီးသူမျိုးကိုပင် ပြော၍မဖြစ်သေး။ ထိုအရာသည် ဆွေးနွေးတော့မည်ဆိုလျှင် အပူအပင်အကြောင့်အကြကင်းသော သာမန်လူ သားတစ်ယောက်လိုစိတ်မျိုးကိုထားနိုင်မှ ဆွေးနွေး၍ရလိမ့်မည်။ ထိုသို့ ဆွေး တွေးကြည့်လိုက်သည့်အခါ၌ ဟာလေတွင် စိုးရိမ်ကြောင့်ကြစရာတွေ တစ်ပုံ တစ်ပင်။

          ဟာလေသည် စိတ်သက်သာရာရသွားကာ စန္ဒရားခလုတ်များကို လက် ဖြင့် အသာတို့ထိလိုက်၏။ ဟာလေသည် 'စန္ဒရားကောင်းကောင်းတီးတတ် သည်။ သူသာမဟုတ်၊ သူတို့အားလုံး စန္ဒရားကို ကောင်းစွာတီးတတ်ကြ၏။ ဒက်ပယ်၊ မေနှင့် ပိယက်တို့အားလုံးပင် စန္ဒရားဆင်တတ်ရုံမျှမက ကောင်းစွာ တီးနိုင်ကြသည်။ သဘာဝကျ မကျတော့မသိ။ ဟာလေသည် ကယ်ဗင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ကိုယ်ကာယတောင့်တင်းသည့် ကယ်ဗင်သည် စန္ဒရားကို မှီ၍ရပ် •၀ည်။ စောစောက အရုပ်ကြီးကို ကျောပေးလျက်။ ဘာကို မျှ ဂရုမစိုက်သည့်နှယ်။ သူ့မျက်နှာပေါ်တွင် ချစ်စဖွယ်ချိုသာသောအမူအရာမှ လွဲ၍ တခြားမည်သည့်အမူအရာမျှမရှိ။ သူတို့အားလုံးသည် ချစ်စရာကောင်းကြ သူတို့ခြောက်ယောက်သည် ဖြစ်သလိုချက်ပြုတ်ထားသည့် နေ့လယ်စာ ကိုစားရန် စားပွဲတွင်ထိုင်မိကြ၏။ ရယ်ရယ်မောမောနှင့် စကားပြောကြ၏။ 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)