Skip to product information
1 of 4

Other Websites

မြသန်းတင့် - သမိုင်းထဲကမန္တလေး၊မန္တလေးထဲကသမိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

၁မိုင်းထဲက မန္တလေး၊ မန္တ လေးထဲက သမိုင်း

[၁]

          မြန်မာပြည်၏ မြို့တော်ဟောင်းများသည် တကောင်းမှသည် တနင်္သာရီတိုင်း အထိ မိုင်ပေါင်း တစ်ထောင်အတွင်းတွင် ပြန့်ကျဲလျက်ရှိကာ မြန်မာပြည်၏ သမိုင်းကို သက်သေထူနေကြသည်။ ယင်းတို့အနက် မန္တလေးမှာ အသစ်ဆုံးဖြစ် သည်။ သို့တိုင် မန္တလေး၏အရိပ်အယောင်သည်လည်း အတိတ်၏ အရိပ်မျှသာ ကျန်ခဲ့လေပြီ။ မန္တလေးသည် မရှိတော့ပြီဖြစ်သော မင်းဆက်တစ်ဆက်၊ မေ့ပျောက်မှုထဲသို့ မှေးမှိန် ပျောက်ကွယ်လျက်ရှိသော တောက်ပခမ်းနားမှုနှင့် နန်းဓလေ့တို့ တည်ရှိခဲ့ရာ ထီးနန်းတစ်ဆောင်၊ ပျောက်ကွယ်တိမ်မြုပ်သွားခဲ့ ပြီဖြစ်သည့် စိတ်ဓာတ်တစ်ခုအဖြစ်သာ ကျန်ခဲ့တော့သည်။

          ရန်ကုန်တွင်မူ မျှော်မှန်းချက်များသည် စောင့်ကြိုလျက်ရှိသည့် ဇာတာ စန်းလဂ် ပွင့်လန်းချိန်အတွက် လာဆဲ၊ လာလတ္တံ့သော ကာလများဆီသို့ မျှော်ကြည့်လျက်ရှိသည်။ မန္တလေးတွင်ကား မြို့ရိုးနှင့် ပြအိုးပစ္စင်များ မည်မျှ ကြာကြာခံတော့မည်နည်း။ ရွှေပိန်းချ ရွှေနန်းတော်တိုင်လုံးကြီးများနှင့် စုလစ် မွမ်းချွန်သော ပြာဿာဒ်တို့ ဘယ်တော့မျှ ရှင်သန်တော့မည်မဟုတ်သော ဗဟိုချက်မအကြောင်းကို မည်မျှကြာအောင် ပြောဆိုနေကြဦးမည်နည်းဆိုသည့် အတွေးကိုသာ တွေးနေမိကြသည်။

         ရန်ကုန်၏ ထက်သန်၍ ရှေ့သို့ အတင်းတိုးနေသော စိတ်ဓာတ်သည် ယခုပင်လျှင် တစ်ခါက ဘုရင့်ထီးနန်းစိုက်ရာ မြို့ကြီး၏ ဖျော့တော့သော ပြိုင်ဆိုင်မှုကို စိတ်မရှည်နိုင် ဖြစ်နေပြီ။ အတိတ်က ခမ်းနားထည်ဝါမှု၏ အစိတ်အပိုင်းအချို့ကို အိန္ဒိယဘုရင်ခံချုပ်က ဂရုတစိုက် ငွေကြေးအကုန်အကျခံ၍ ပြုစုထိန်းသိမ်းနေခြင်းကို အကြေမြို့တော်က လှောင်ပြောင်သည့် သဘောပြနေပြီ။

         “ဒါတွေ လှည်းကျင်းပစ်လိုက်စမ်းပါ။ ကျွန်တော်တို့ အဖို့ကတော့ မန္တ လေးနဲ့ မန္တလေးရဲ့ ဂုဏ်ကျက်သရေဆိုတာတွေ မရှိတော့ပါဘူး။ ကျွန်တော် တို့မှာ ဒီထက်ကောင်းတာတွေကိုလုပ်ဖို့ ပိုက်ဆံလိုတယ်”ဟု စီးပွားရေးလောက မှာ အပြောအဆိုတွေ ရှိနေကြပြီ။

          သို့ဖြင့် ဘုရင်၏ မြို့တော်ကြီးဖြစ်ခဲ့သည့် မန္တလေးသည် မကြာမီ တိမ်ကောသွားပေတော့မည်။

         သို့တိုင်အောင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကမူ မန္တလေးသည် ယခုလောက်ပင် ထင်ထင်ပေါ်ပေါ် မရှိသေး။ ၁၈၅၅ ခုနှစ်တွင် ရေးခဲ့သည့် ဟင်နရီယူးလ်၏ မှတ်တမ်းကို လှန်ကြည့်လျှင် မန္တလေးအကြောင်းကို တစ်လုံး တစ်ပါဒမျှ မတွေ့ရ။ မန္တလေးတောင်၏ အောက်မှ ကွက်လပ်တွင်လည်း ဘာမှ မတွေ့ရ။ မြို့တော်ဟောင်း၏ လှပသော မြေပုံအောက်တွင်လည်း ဘာမျှ မတွေ့ရ။

          မန္တလေး၏ မူလအစကို ပြောပြရာတွင် အကျဉ်းကလေးမျှသာ ဖော်ပြ သွားခဲ့သည်။ ၁၈၅၃ ခုနှစ်၌ မြန်မာပြည်တွင် မင်းတုန်းမင်းကြီး နန်းတက်သည်။ ၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်းသည် သူ၏မြို့တော်(အမရပူရ)ကို အလွန်အမင်း ငြီးငွေ့လာခဲ့သည်။ သူ့စိတ်ထဲတွင် အမရပူရသည် နောင်တော်၏ ကံဆိုးသော အုပ်စိုးမှု၊ မိမိတိုင်းပြည်၏ အရေးနိမ့်မှုတို့ဖြင့် ဆက်စပ်နေသည်။ မင်းတုန်းမင်း သည် အစကောင်းချင်သည်။ ဂုဏ်သတင်း ကျော်ကြားလိုသည်။ ပြည်သူ

          များအား မိမိ၏ မင်းဆက်တွင် ပေါ်ပေါက်ခဲ့သော ဘေးဒုက္ခများကို မေ့ပျောက် စေလိုသည်။ ။

          ဤတွင် မင်းတုန်းမင်းသည် မြို့သစ်တစ်မြို့တည်ရန်အတွက် အိပ်မက် မက်သည်။ အတိတ်နိမိတ်ကောက်သည်။ မှူးမတ်ပညာရှိ၊ ဗေဒင်ပညာရှိတို့နှင့် တိုင်ပင်သည်။ စင်စစ်အားဖြင့် မင်းတုန်းမင်းသည် မြန်မာလူမျိုးတို့၏ အစဉ် အလာအတိုင်း လုပ်ခြင်းသာဖြစ်သည်။ မြို့သစ်တစ်မြို့သို့ ပြောင်းရွှေ့ရန် မျိုးရိုး အစဉ်အဆက်ရှိခဲ့သည့် ဆန္ဒသည် ပြင်းပြလာခဲ့သည်။

          အရှေ့တိုင်း-ရှေးကျသော အရှေ့တိုင်း၌ တစ်ပိုင်းတစ်စ လုပ်ဆောင်ချက် များကို အလေးထားလေ့ မရှိကြ။

          သို့ဖြင့် အိန္ဒိယပြည်တွင် ကြောက်မက်ဖွယ် အုံကြွမှုကြီးပေါ်ပေါက်သည့် ( နှစ်ဖြစ်သည့် ၁၈၇၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မင်းတုန်းမင်းကျေနပ်စေရန်အတွက် မန္တလေးမြို့၏ ပထမဆုံးပန္နက်ကို စတင်ချခဲ့သည်။ | လူပေါင်း တစ်သိန်းငါးသောင်းတို့သည် မင်းတုန်းမင်း၏ အလိုဆန္ဒအတိုင်း မိမိတို့အိုးအိမ်များ၊ ပတ်ဝန်းကျင် အပေါင်းအဖော်များကို စွန့်ပစ်ကာ ဟာလာ ဟင်းလင်းဖြစ်နေသော မြို့သစ်သို့ ပြောင်းရွှေ့ လာခဲ့ကြရသည်။

          မင်းတုန်းမင်းသည် မြို့သစ်တည်ရေးတွင် ကြီးကြပ်ရန်အတွက် မှူးကြီး မတ်ကြီး ငါးဦးတို့ကိုလည်းရွေးချယ်သည်။ မြို့သစ်သည် ပေ ပေါင်း (၆၆၆၆) စတုရန်းပေ ရှိရမည်။ မြို့ရိုးသည် ကုဗပေ(၁၈) ပေ အမြင့်ရှိရမည်။ မြို့ရိုး တစ်လျှောက် (၅၅၅) ပေ အကွာတိုင်းတွင် အစောင့်အကြပ်တို့အတွက် ပြအိုးများ ရှိရမည်။ မြို့ရိုးပတ်လည်တွင် တံခါး ဆယ့်နှစ်ရပ်ရှိရမည်။ တံခါးလေးရပ်မှာ အဓိကရ တံခါးကြီးများဖြစ်ပြီး နန်းတော်မှ အရပ်လေးမျက်နှာသို့ ထွက်သော | တံခါးမကြီးများ ဖြစ်သည်။ ယင်းသို့ မြို့ရိုးကို တည်ဆောက်ရာတွင် ရှေးမြန်မာ ဘုရင်တို့၏မြို့တော်များ အစဉ်အလာနှင့် ညီညွတ်အောင် အထူးဂရုပြုရသည်။ မန္တ လေး၏ ဗိသုကာမှုတွင် စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ယင်းသို့ ရှေးအစဉ်အလာကို ထိန်းသိမ်းထားခြင်းဖြစ်သည်။

           အစဉ်အလာကို ထိန်းသိမ်းသည်ဆိုရာတွင် အငြင်းထွက်စရာ အချက် အချို့ရှိသည်။ မြို့သစ်တည်မည်ဆိုသည့်အခါတွင် အမရပူရတွင် လူတွေ အထိတ် ထိတ် အလန့်လန့်ဖြစ်နေကြသည်။ မန္တလေးတွင်မူ ထိုရှေးအစဉ်အလာကို လိုက်နာကျင့်သုံးခြင်း မပြုခဲ့ဟု ဘုရင်ကိုယ်တိုင်က ထုတ်ဖော်ကြေညာခဲ့သည်။

          ယင်းတို့အစား ကျုံးထောင့်များတွင် ဆီအိုးများကို မြှုပ်နှံသည်။ ပုစ္ဆာန်းဆရာတို့၏ ကြီးကြပ်မှုဖြင့် မြို့စောင့်နတ်တို့၏နတ်ကွန်းများကို တည်သည်။ မင်းတုန်းမင်း၏

          ငြိမ်းချမ်းသော ခေတ်အစ၌ အကွပ်အမျက် အသတ်အဖြတ်တို့ မရှိ။ သို့ရာတွင် | နောင် နှစ်အနည်းငယ်ကြာသည့်အခါတွင် မင်းတုန်းမင်း၏ နန်းမွေ ဆက်ခံသူတို့သည် မင်းတုန်းမင်းကြီး၏ ရက်ရောသဘောထားကြီးမှုကို ဘေးဖယ်ခဲ့ကြသည်။ (၂၂၅) ပေ ကျယ်သော ကျုံးကြီးကို မြို့ရိုးပတ်ပတ်လည်တွင် တူးပြီး ကျုံးနှင့် မြို့ရိုးကြား စိမ်းလန်းသော မြက်ခင်းတစ်ခုကို မြှောင်၍စိုက်ထားသည်။ အမရပူရမှ နန်းတော်ဟောင်းကိုဖျက်၍ မန္တလေးသို့ ပြောင်းရွှေ့ သည်။ ရွှေပိန်းချတိုင်လုံးကြီး များ၊ ပန်းပုအပြောက် အမွမ်းများ၊ ပလ္လင်များ စသည့် မန္တလေးနန်းတော်တွင် ရှိသည့် ပစ္စည်းများသည် အမရပူရမြို့ဟောင်းမှ သယ်ယူလာသော ပစ္စည်းများ ဖြစ်ကြသည်။ နန်းတော်ကို အမြင့်ပေ ၂၀ ရှိသည့် ကျွန်းသစ်လုံးကြီးများစိုက်၍သစ်တပ်ကာရံထားပြီး မြို့ရိုးအတွင်း အုတ်စည်းရိုးတစ်ခုမှာ (၁၅) ပေ မြင့်သည်။ သစ်တပ်နှင့် အုတ်စည်းရိုးအကြားတွင် ပေ (၆၀) ကျယ်သည့် စကြံတာလမ်း တစ်ခုထားရှိသည်။

          ယခုမူ ထိုအရာများမှာ အနည်းငယ်သာ ကျန်တော့သည်။ ( ၁၈၅၇ ခုနှစ်၊ ဇွန်လတွင် ဘုရင်နှင့်တကွ မှူးမတ်အခြွေအရံတို့သည် အခမ်းအနားဖြင့် မန္တ လေးမြို့သို့ ပြောင်းရွှေ့ လာခဲ့ကြသည်။ မန္တလေးသို့ ရောက်လျှင် ဘုရင်သည် ယာယီစံနန်းတွင် စံနေသည်။ အများပြည်သူတို့အတွက် အိမ်ရာအကွက်များ ချအပ်သည်ကို ဘုရင်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲသည်။ မင်းနှင့် မှူးမတ်တို့ ပြောင်းရွှေ့ပြီးသည့်အခါတွင် သာသနာဘက်ဆိုင်ရာတို့ပြောင်းရွှေ့ကြသည်။ သာသနာပိုင် ကျောင်းထိုင်ဆရာတော်များနှင့် ရဟန်း သံဃာတော် (၅၀၀) ခန့်တို့ ဗုဒ္ဓဆင်းတု ရုပ်ပွားတော်နှင့် ပိဋကတ်သုံးပုံတို့ကို ငြမ်းစင်အထမ်းဖြင့် ထမ်းစေသည်။ ရုပ်ပွားတော်များကို ရွှေထီးရှစ်စင်းမိုးပြီး တရားတော်၊ ပိဋကတ်တော်များကို ရွှေထီးခြောက်စင်း မိုးသည်။ ဆရာတော်များ ကို ထီးဖြူလေးစင်းမိုးသည်။ သံဃာတော် အပါးငါးရာတို့အား တစ်ပါးလျှင် ထီးဖြူနှစ်စင်း မိုးသည်။ ယင်းတို့ကို ဘုရင်၊မိဖုရား၊ မယ်တော်၊ အိမ်ရှေ့မင်းသား များအားလုံးတို့နှင့် ဝန်ကြီးများက ရွေးတော်တံခါးမှ ဆီးကြိုကြရသည်။

          နန်းတော် ဆောက်လုပ်ပြီးစီးသွားသည့်အခါတွင် မင်းနှင့် မိဖုရားတို့ အဆောင်အယောင်အပြည့်အစုံဖြင့် နန်းသိမ်းပွဲ ခံကြသည်။

          သူ့စိတ်ကို အနှောင့်အယှက် ဖြစ်စေသည့် ဗြိတိသျှမီးသင်္ဘောတို့၏ အသံကို မကြားရသည့် ထိုမြို့သစ်၏ဗဟိုချက်မှနေ၍ မြန်မာပြည်တွင် ရှိခဲ့သမျှသော မင်းအပေါင်းတို့အနက် အတော်ဖြောင့်ဆုံး မင်းတစ်ပါးဖြစ်သည့် မင်းတုန်း မင်းသည် အနှစ်နှစ်ဆယ်ကျော်မျှ အုပ်စိုးခဲ့သည်။ မင်းတုန်းမင်း၏ ပေါ်လစီသည် ကြင်နာသနား၍ ငြိမ်းချမ်းသော ပေါ်လစီဖြစ်သည်။

         မင်းတုန်းမင်းသည် မိမိ၏ ဘိုးတော်၊ ဘေးတော်တို့၏ အင်ပါယာ တစ်ဝက်ကျော်မျှလောက်ကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သော အင်အားတောင့်တင်း သည့် အိမ်နီးချင်း (အောက်မြန်မာပြည် ဗြိတိသျှအစိုးရ) နှင့် သဟာယ မဟာမိတ်အဖြစ် ချစ်ကြည်စွာဆက်ဆံရန် လိုလားခဲ့သည်။ မိမိကဲ့သို့ အမြော် အမြင်ရှိပြီး ငြိမ်းချမ်းရေးကို လိုလားသည့် နန်းမွေဆက်ခံသူသာရှိခဲ့လျှင် မင်းတုန်းမင်း၏နိုင်ငံသည် နောင် မျိုးဆက်များစွာ၏ အနည်းဆုံးတစ်စိတ်တစ်ပိုင်းလွတ်လပ်ရေးကိုဖြစ်စေထိန်း သိမ်းထားနိုင်ပေလိမ့်မည်။သူ ၏ ပြည်သူများသည်လည်းတိုးတက် မှုတည်းဟူသော ခြောက်သွေ့ သည့်အရိုးကို အသက်နှင့်အသွေး အရောင်တို့ဖြင့် ဆင်ယင်ပေးနိုင်သောလူမူအမှူဆာကို ထိန်းသိမ်း ထားနိုင်ပေလိမ့်မည်။ သို့ရာတွင် စိတ်ထားခိုင်မာခြင်း မရှိသော လူငယ်တစ်ယောက်၊ သံသယ ဖြစ်ဖွယ်ကောင်းသော မျိုးရိုးရှိသလသာယောက် ၊ ပို၍ သံသယဖြစ်ဖွယ် ကောင်း သည့် ရဲစွမ်းသတ္တိကို ပိုင်ဆိုင် သည့် လူငယ်တစ်ယောက်က မင်းတုန်းမင်း၏ ထီးနန်းအမွေကို ဆက်ခံခဲ့သည်တကား။ တိုင်း ပြည်၏ ကံကြမ္မာကမိန်းမများ၏ လျှို့ဝှက်ကြံစည်မှု တွင် သားကောင်ဖြစ်ခဲ့ရသည် တကား။ ထိုမိန်းမများသည် မြို့ရိုးတံတိုင်းအတွင်းတွင် ပရိ ယာယ်ကြွယ်ကြသည့်တိုင် ပြင်ပ ကမ္ဘာကြီး၏အကြောင်းတစ်လုံး တစ်ပါဒမျှ မသိခဲ့ကြချေတကား။

          မြန်မာ့ထီးနန်းသည် အားနည်းသည်။ မြန်မာ့စိတ်ဓာတ်သည် မောက်မာ သည့်အဆင့် ရောက်သည်အထိ မာနကြီးသည်။ ဗြိတိသျှတို့လက်ထဲတွင် အမိန့် ကိုနာခံမည့်အစား အခြားသော ဥရောပနိုင်ငံကြီးတစ်ခုနှင့် မဟာမိတ်ဖွဲ့ခြင်း ဆိုသည့် အန္တရာယ်များသော ကစားနည်းကို ကစားရန် အသင့်ဖြစ်နေခဲ့သည်။

          ထိုခေတ်က အခြေအနေမျိုးတွင် ထိုသို့သော ပေါ်လစီမျိုးကို ချမှတ်ခြင်း အတွက် နိဂုံးချုပ်စရာ တစ်ချက်သာရှိတော့သည်။ ထိုနိဂုံးသည် ၁၈၈၅ ခု နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရောက်လာခဲ့သည်။ ယင်းမှာ မင်းတုန်းမင်း နတ်ရွာစံပြီး ၇ နှစ်အကြာတွင် ဖြစ်သည်။ ထိုအချိန်၌ကား သီပေါမင်းသည် ဗြိတိသျှစစ်တပ်သို့ လက်နက်ချခဲ့ရလေပြီ။ မြန်မာပြည်သည်လည်း အချုပ်အခြာအာဏာပိုင်အဖြစ်မှ ရပ်စဲသွားခဲ့ ရလေပြီ။

          လူပုဂ္ဂိုလ်အနေဖြင့်လည်း ကောင်း၊ အဖြစ်အပျက်များ အနေဖြင့်လည်းကောင်း စိတ်ဝင် စားဖွယ်တို့ ပြည့်နှက်နေသည့် ထိုသမိုင်းသည် ယခုတိုင် ကမ္ဘာ ကြီး၏မှတ်ဉာဏ်ထဲတွင် လန်းဆန်းနေဆဲ ရှိသေးသည်။ ထိုအဖြစ်အပျက်များတွင် ပါဝင်ခဲ့ သူတို့၏ နှုတ်ဖျားတွင် လတ် ဆတ်နေဆဲ ရှိသေးသည်။

          ထိုအကြောင်းကို သမိုင်း၊ ဆရာ တစ်ယောက်ထက်မက ရေးခဲ့ကြပါပြီ။ ထို့ကြောင့် ဤ နေရာတွင်ထိုသမိုင်းကို အကျယ် မရေးလိုတော့ပါ။ သို့ရာတွင် မန္တလေးမြို့ကြီးအား သမိုင်းဝင် သည့် မြို့ကြီးအဖြစ် ရေးပြရာတွင် ဇာတ်သိမ်းပိုင်း အကြောင်းကို အနည်းအကျဉ်း ရေးပြရန်လိုပါလိမ့်မည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)