Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မြသန်းတင့် - လက်ဖက်ရည်ဆိုင်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

(၁)

ရန်ကုန်မြို့မှာ လက်ဖက်ရည်ဆိုင်တွေ ဘယ် လောက်ရှိသလဲ မဆိုနိုင်ဘူး။ မြန်မာတစ်နိုင်ငံလုံးဆိုရင် တော့ မပြောနဲ့တော့၊ သိန်းသန်းချီပြီး ရှိမယ်ထင်တယ်။

ခုခေတ် ပိုများလာတယ်။ “လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေအမှန် ရောက်ပါလိမ့်၊ ကြံသလောက်ပြီးတဲ့ရေ” လို့ မန္တလေးခေတ် ဆရာ တစ်ဦးက ဆိုဖူးတယ်။ လက်ဖက်ရည်အဖန်သောက် ရင် ကျက်သရေရှိမယ်တဲ့၊ အကြံဉာဏ်အောင်မယ်တဲ့။ သူက အဲဒီလို ညွှန်းတယ်။ လက်ဖက်ရည်အချို

သောက်ရင်တော့ အကြံဉာဏ်တွေ သည့်ထက်ပိုထွက် ပြီး သည့်ထက်အောင်မြင်မလားလို့ စိတ်ရူးပေါက် ပေါက်နဲ့ လျှောက်တွေးမိတယ်။

ဟုတ်ချင် ဟုတ်မလား မသိဘူး။ ဘာဖြစ်လို့လဲဆို တော့ လက်ဖက်ရည်ဆိုင်မှာ လူတွေ ကြိတ်ကြိတ်တိုး စည်နေတာကိုး။ ကား အရောင်းအဝယ်၊ ကျောက် အရောင်းအဝယ်၊ အိမ် အရောင်းအဝယ်၊ မြေ အရောင်း အဝယ်၊ အတင်းအဖျင်း အရောင်းအဝယ်၊ သတင်း ပလင်း အရောင်းအဝယ်၊ ကုန်အရောင်းအဝယ်တွေက လက်ဖက်ရည်ဆိုင်မှာ ဖြစ်တတ်ကြတာကိုး။

တရုတ်စာရေးဆရာကြီး လောရှေက “လက်ဖက် ရည်ဆိုင်”ဆိုတဲ့ ပြဇာတ်ရှည်ရှည်ကြီးတစ်ပုဒ် ရေးဖူး တယ်။ သူ့ပြဇာတ်ရဲ့ နောက်ခံက ပီကင်းမြို့ရဲ့ လမ်းမ ကြီးတစ်ခုက လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်၊ ခေတ်က တရုတ်ပြည်နောက်ဆုံး မန်ချူးမင်းဆက်ခေတ်၊ အဲဒီ ခေတ်က လက်ဖက်ရည်ဆိုင်ရဲ့ ရှုခင်းကို ပြသွားတယ်။

နောက်တော့ မန်ချူးမင်းဆက် ပြုတ်ကျသွားပြီး တစ်နယ်တစ်မင်းစိုးမိုးနေတဲ့ စစ်ဘုရင်ကြီးတွေရဲ့ခေတ်၊ ခေတ်ကြီးပြောင်းသွားပေမဲ့ လက်ဖက်ရည်ဆိုင်ကြီးက တော့ ကျန်နေတယ်။

အဲဒီခေတ်က လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရတဲ့ ရှုခင်းကို ရေးပြသွားတယ်။ နောက်တော့ ကူမင်တန် အုပ်စိုးတဲ့ခေတ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာ ကူမင် တန်ခေတ်က တွေ့ရတဲ့ရှုခင်းကို ရေးပြသွားတယ်။

လက်ဖက်ရည်ဆိုင်ကတော့ မပြောင်းဘူး။ သည် လက်ဖက်ရည်ဆိုင်ပဲ။ အနှစ်ငါးဆယ်လောက်ကြာတဲ့ ခေတ်ကြီးသုံးခေတ်အတွင်း လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရတဲ့ ရှုခင်းတွေ၊ ဇာတ်လမ်းတွေကို ရေးပြသွား တယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို နောက်ခံပြုပြီး တရုတ်ပြည်ရဲ့ ခေတ်ကြီးသုံးခေတ်ကို ရေးပြသွားတာ ပါ။ ဒါကြောင့် လောရှေရဲ့ “လက်ဖက်ရည်ဆိုင်” ဟာ တရုတ်ပြည်ရဲ့ ခေတ်ကြီးသုံးခေတ်သမိုင်းကို ရေးပြ သွားတဲ့ မှတ်တမ်းကြီးတစ်ခုလို့ ဆိုကြတယ်။

ကျွန်တော့် လက်ဖက်ရည်ဆိုင်ကတော့ မှတ်တမ်း မဟုတ်ပါဘူး။ ကျွန်တော်တို့မြို့ရဲ့ လက်ဖက်ရည်ဆိုင် ကလေးအကြောင်းပါ။

ကျွန်တော်တို့မြို့က လက်ဖက်ရည်အကြောင်းကို မပြောခင် ကျွန်တော်တို့မြို့အကြောင်းကို ပြောရဦး မယ်။

ကျွန်တော်တို့မြို့က အလွန်ချောင်ကျတဲ့ မြို့ ကလေး။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းနဲ့ မီး ရထားလမ်းကြီး ခရီးတစ်ဝက်ကျော်ကျော်လောက်ရောက်ရင် မြို့လတ်တစ်မြို့ကို ရောက်တယ်။ အဲဒီမှာ ရထားပြောင်းစီးရတယ်။ ရှစ်နာရီလောက်စီးရင် ရထား လမ်းဆုံးမြို့ဖြစ်တဲ့ မြို့ကြီးတစ်မြို့ကို ရောက်တယ်။

အဲဒီမြို့ကြီးကနေ ကူးတို့သင်္ဘောနဲ့ သုံးလေးနာရီလောက် ကူးရတယ်။ အဲသည်မြို့ကြီးကိုရောက်ရင် မိုးချုပ်သွားပြီ။ ကျွန်တော်တို့မြို့ကလေးကို ဆက်သွား လို့မရတော့ဘူး။ အဲသည်မြို့ကြီးမှာ ညအိပ် နောက် တစ်နေ့ ညနေပိုင်းကျမှ ကျွန်တော်တို့မြို့ကလေးကို ဘတ်စ်ကား နှစ်နာရီလောက် စီးရတယ်။ ညနေပိုင်း လို့ ပြောတာက တခြားကြောင့်မဟုတ်ဘူး။ ကျွန်တော် တို့မြို့ကလေးကို မနက်ပိုင်းမှာ ထွက်တဲ့ကား မရှိဘူး။ မြို့ကလေးက ဘတ်စ်ကားတွေက မနက်ထွက်လာပြီး ညနေပိုင်းကျမှ ပြန်ဝင်ကြတာ။

ဒါကြောင့်မို့ ညနေပိုင်းထိအောင် စောင့်ရတယ်။ ကျွန်တော်တို့မြို့ကလေးကို ညနေမိုးချုပ်မှ ရောက် တယ်။ ကျွန်တော်တို့မြို့ကလေးကို ရန်ကုန်ကသွားရင် နှစ်ညအိပ်နဲ့ တစ်နေ့ခရီး သွားရတယ်။

ကျွန်တော်ပြောတဲ့ခရီးစဉ်က ရှုပ်သွားပြီမဟုတ် လား၊ ဟုတ်တယ်၊ ကျွန်တော်တို့ မြို့ကလေးက အဲသည်လောက် ချောင်ကျတယ်။ လန်ဒန်နဲ့ လော့အိန် ဂျယ်လိစ်၊ ပါရီနဲ့ ပီကင်း၊ အဘာဒင်းနဲ့ အေသင်တို့ကို သွားရတာ သည်လောက် ခရီးအဆင့် မများဘူး။ သည်လောက် ယာဉ်အတန်တန် မစီးရဘူး။ အဲသည် လောက်မြသန်းတင့် ရည်ဆိုင်တစ်ဆိုင်လောက်တော့ ရှိတယ်။

အစကတော့ လက်ဖက်ရည်ဆိုင် မရှိဘူး။ နောက် တော့ ကျွန်တော်တို့ဆီမှာ မြို့အုပ်ရုံးရှိတော့ စာရေး စာချီတွေ၊ အမှုသည်တွေ ရှိလာတယ်။ အမှုသည်တွေ က တချို့လည်း ကျွန်တော်တို့မြို့ပေါ်က၊ တချို့က လည်း တောက၊ တောကဆိုတော့ မြေမှုလည်းရှိတယ်။ ရိုက်မှု၊ ဓားထိုးမှု၊ လူသတ်မှု၊ နွားခိုးမှု၊ လုယက်မှုစတဲ့ ရာဇဝတ်မှုတွေလည်း ရှိတယ်။

ရုံးဝင်းထဲမှာ သက်သေတွေ၊ အမှုသည်တွေ နား နေဖို့အတွက် သက်သေတဲလို့ခေါ်တဲ့ အဆောက်အအုံ လေးတစ်ခု ရှိတယ်။ ။

တောကလာတဲ့ အမှုသည်တွေ၊ သက်သေတွေ ဟာ လှည်းကိုချွတ်ပြီး အဲဒီတဲကလေးမှာ နားနေပြီး အဲသည်နားမှာပဲ ချက်ပြုတ်စားကြတယ်။ နောက်တော့ သက်သေတဲကလေး မီးလောင်သွားတယ်။ အမှုသည် တွေ၊ သက်သေတွေ နားခိုစရာ မရှိတော့ဘူး။ သည် တွင် ရုံးဘေးမှာ လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင် ပေါ်လာတယ်။ အဲဒါ ကျွန်တော်တို့မြို့ရဲ့ ပထမဆုံး လက်ဖက်ရည်ဆိုင်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဦးအောင်ရှုတဲ့၊ ဦးအောင်ရှုက အရပ်က ခပ်ညှက် ညှက်။ လူကလည်း ပိန်ပိန်ကလေးရယ်။ ကျွန်တော့် ချောင်ကျတဲ့ မြို့ကလေးမှာတောင်

အထင်တော့ တရုတ်သွေးပါတယ် ထင်တာပဲ။ နာမည် ကလည်း တရုတ်နာမည်နဲ့တူတယ်။ အသားဖြူတော့ လူကလည်း တရုတ်နဲ့တူတယ်။ ကျွန်တော်တို့မြို့ဇာတိ မဟုတ်ဘူး။ ကျွန်တော်တို့ မြို့က ဒေါ်ဖွားမိနဲ့ အကြောင်းပါပြီး ကျွန်တော်တို့မြို့မှာပဲ အခြေချနေတာ။ ဦးအောင်ရှုက အမြဲတမ်းလိုလို ပန်းနာရင်ကျပ် ဖြစ်နေတတ်တယ်။ နွေဆိုရင်လည်း နွေမို့လို့ ပန်းနာထ တယ်။ ဆောင်းဆိုရင်လည်း ဆောင်းမို့လို့ သူ ရောဂါ ထတယ်။ မိုးတွင်းမှာတော့ သူ့ရောဂါက သက်သာ တယ်။ အညာဆိုတော့ မိုးက ကောင်းကောင်းမရွာဘူး။ နေကလည်း နွေလောက် မပူဘူး။ ဆောင်းလောက် လည်း မအေးဘူး။ သည်တော့ သူ့ရောဂါက အညာ မိုးတွင်းနဲ့ဆိုရင် အတော်ပဲ။ ကျန်တဲ့အချိန်တွေမှာတော့ ကုတ်အင်္ကျီကြီးနဲ့ ခေါင်းမှာ ကတ်ဦးထုပ်ကလေးနဲ့ ခြေမှာ ခြေအိတ်ကို ဝတ်နေရတာပဲ။ ။

ဦးအောင်ရှုနဲ့ ဒေါ်ဖွားမိမှာ သားသမီး မရဘူး။ သူတို့လင်မယားနှစ်ယောက်ပဲ ရှိတော့ ချောင်ချောင် လည်လည် ရှိတယ်။

သက်သေတဲကလေး မီးလောင်သွားတော့ တော ကလာတဲ့ အမှုသည်တွေ ဒုက္ခရောက်ကြတယ်။ သက် သော်ကို မီးလောင်ထားတော့ ရုံးကလည်း ရုံးဝင်းထဲမှာ မီးမဖိုရလို့ အမိန့်ထုတ်ထား၊ အမှုသည်တွေ၊ သက် သေတွေမှာ လက်ဖက်ရည်အဖန်ကလေး သောက်ချင် လို့မှ ရေနွေးမရှိဘူး။ အနီးတစ်ဝိုက်မှာ တမာပင်တို့၊ မန်ကျည်းပင်တို့ စတဲ့ အရိပ်ရတဲ့သစ်ပင်တွေတော့ ရှိပါ ရဲ့။ ဒါပေမဲ့ မြို့အုပ်ရုံးက မြို့လယ်ကောင်မှာ ရှိတာဆိုတော့ အဲ.. သက်သေတဲကလေး မီးလောင်ပြီးကတည်း က အနီးအနားတစ်ဝိုက်က သစ်ပင်တွေအောက်မှာ လည်း မီးမဖိုရဘူး။ အမှုသည်တွေ၊ ဈေးသွားဈေးလာ တွေ ထမင်းမချက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။

သည်တော့ အမှုသည်တွေ၊ ဈေးသွားဈေးလာတွေ ရေနွေးကလေးသောက်ချင်လို့မှ ရေနွေးကျိုစရာ မရှိ ဘူး။ လက်ဖက်ရည်အဖန်ကလေး သောက်ချင်လို့မှ အဖန်အိုး ကျိုစရာမရှိ။ ရေနွေးကို မကျိုရတဲ့ထဲမှာ ဈေး သွားဈေးလာတွေလည်း ပါတယ်။ ဈေးသွားဈေးလာ ဆိုတာ အခြားမဟုတ်ဘူး။ ကျွန်တော်တို့မြို့ကလေးကို ဈေးရောင်းလာကြသူတွေ၊ ဈေးဝယ်လာကြသူတွေကို ပြောတာ။ ကျွန်တော်တို့မြို့မှာ နေ့တိုင်း ဈေးမရှိဘူး။ ငါးရက်ဈေးရှိတယ်။ ဈေးဖိတ်နေ့ဆိုရင် မြို့ကလေးကို ဆယ့်လေးငါးမိုင်ခရီးအထိ ကျွန်တော်တို့မြို့က ငါးရက် ဈေးကလေးကိုလာပြီး ဈေးရောင်းကြတယ်။

လှည်းတန်းကြီးတွေ တအီအီနဲ့ပေါ့။ လှည်းတွေ