Skip to product information
1 of 3

Other Websites

မြသန်းတင့် - မာယာဘုံ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ပေတစ်ရာလမ်းမကြီးပေါ်က ထနောင်းပင်နှင့် ကတုံးဇရပ်ကလေးသို့ အေးမတို့ ရောက်တော့ နံနက်ဝေလီဝေလင်း၊ မိုးပင် စင်စင်မလင်းတတ်သေး။

          ကတုံးဇရပ်ဆိုသည့်အတိုင်း ဇရပ်က အမိုးမရှိ၊ အရွက်စိပ်စိပ်ကလေး တွေ ဖြာယှက်သည့် ထနောင်းပင်အောက်တွင် နှောသားတိုင် လေးတိုင်ထူကာ နှောသားကြမ်းပြင် ခင်းထားသည့် ဇရပ်အိုကလေးဖြစ်သည်။ ပထမတုန်းက သွပ်မိုး၊ အဖီလေးဘက်ချ အဓိကဇရပ်ကြီးဖြစ်သည်။ သို့ရာတွင် ခေတ်တွေ မည်မျှ ဖြတ်သန်းခဲ့ရသည်မသိ။ ယခုတော့ အိုမင်းဟောင်းနွမ်းနေပြီ။ အမိုးသွပ် များလည်း မရှိတော့၊ ပျဉ်ကာများလည်း မရှိတော့၊ အဖီလေးဘက်က တိုင်များ လည်း မရှိတော့။ အလယ်ကောင်က ကြမ်းခင်းထားသည့် ခင်တမ်းငုတ်တိုသာ ကျန်သည်။ အေးမ လူဖြစ်လာကတည်းက သည်ဇရပ်ကို ကတုံးဇရပ်အဖြစ် တွေ့ခဲ့ရသည်။

          ထနောင်းပင်ခြေရင်းတွင် အုတ်ရေအိုးစင်တစ်ခုရှိသည်။ အုတ်ပလ္လင် ပေါ်တွင် ဟောင်းနွမ်း၍ အရောင်အဆင်းမဲ့နေသည့် ပုခန်းကြီး အိုးနှစ်လုံး တင်ထားသည်။ အဖုံးအကာမရှိ။ ရေအိုးတစ်လုံးပေါ်တွင် ဝါးရိုးတပ် ရေမှုတ် ဟောင်းကလေးတစ်လုံး ကန့်လန့်ဖြတ် တင်ထားသည်။

          ကတုံးရပ်ရှေ့ ပေတစ်ရာရောက်တော့ ထွန်စက်က တောင်စူးစူးသို့ လှည့်၍ ရပ်သည်။ ထွန်စက်နောက်တွဲ ပက်လက်ထဲတွင် ခရီးကြုံလိုက်သူတွေ ပြည့်နေသည်။ ခံတောင်းတွေ၊ ခြင်းတောင်းတွေ၊ အိတ်တွေ အပြည့်တင်ထားသည်။ အေးမတို့ လလသသက ဝယ်ထားသည့် လယ်ထွန်စက်ဖြစ်သည်။ သူတို့ရွာဘက် တွင် လယ်မရှိ၊ ယာခင်းသာရှိသည်။ လယ်မရှိသဖြင့် လယ်ထွန်စက်က လယ် | မထွန်နိုင်။ လယ်ထွန်နိုင်၍ ယာထွန်နိုင်သလောဆိုတော့ ယာလည်း ကောင်းကောင်းထွန်၍ မဖြစ်။ အေးမတို့ ရွာတစ်ဝိုက်က ယာခင်းများထဲတွင် ထန်းတော တွေ ရှိသည်။ ထန်းပင်တွေကြားထဲတွင် ထွန်စက်မောင်းရသည်က ခက်သည်။

          အချိန်ကုန်သည်။ လယ်ထွန်စက်က ကျသည့် ဆီများက မြေသြဇာ တုံးစေသည်ဟု တောင်သူများ အယူရှိကြသည်။ ထို့ကြောင့် ယာလည်း မထွန်နိုင်။ ။

          တစ်ခုတော့ ကောင်းသည်။ သူတို့ရွာ၌ ထွန်စက်တစ်စီး ရှိသဖြင့် အသွား အလာရ လွယ်သည်။ ရွာနီးချုပ်စပ် သွားလိုလျှင် လှည်းငှားဖို့မလို၊ လယ်ထွန်စက်ဖြင့် လိုက်နိုင်သည်။ ပိုက်ဆံလည်း အကုန်သက်သာသည်၊ အချိန် လည်း မြန်သည်။ တစ်ခါတစ်ရံ ခရီးကြုံလျှင် ပုလဲ၊ ယင်းမာပင်၊ ညောင်ပင်ကြီး ဆိပ် စသည့် ယမားမြောက်ဘက်က မြို့များသို့ လိုက်နိုင်သည်။ ထို့ကြောင့် ထွန်စက်ကို အေးမတို့ရွာက သဘောကျသည်။

          “ဟေ့ အေးမ ကတုံးဇရပ်မှာ ဆင်းမယ်ဆို၊ ဘာငေးနေတာလဲ”

          လယ်ထွန်စက်မောင်းသည့် ကိုတင်ထွန်းက စက်မရပ်ဘဲ နောက်သို့ လှည့်အော်သည်။

         “ဟာတော့”

          အေးမက လျှာကလေးတစ်လစ်ထုတ်ကာ နောက်ကွဲပက်လက်နောက် မြီးမှ ခုန်ချလိုက်သည်။ လက်တစ်ဖက်ဖြင့် တင်ပါးကို ဖတ်ခါသည်။ လက်တစ် ဖက်က အဝတ်အစားထည့်သည့် ပင်း(န်)အင့် တံဆိပ်တုရိုက် အပေါစား လက်ဆွဲအိတ်ကလေးကို ဆွဲထားသည်။ တက်ထရွန် လိမ္မော်ရောင်အင်္ကျီနှင့် ထမီကို ဆင်တူဝတ်ထားသည်။ နွမ်းစပြုနေပြီ။ ။

         “ကိုတင်ထွန်းကြီး ထုံးစံအတိုင်းနော်...”

         အေးမက ပလပ်စတစ် လက်ကိုင်အိတ်ကလေးမှ ဇစ်ကိုဆွဲကာ ပြား ငါးဆယ်ထုတ်သည်။

          “ဘာထုံးစံအတိုင်းလဲ...” “လုခ ပြားငါးဆယ်ဆို တော်ရောပေါ့...” “အံမယ် နှင့်ပဲအိတ် သုံးအိတ်အတွက်” “ပဲအိတ် သုံးအိတ်က အလကား ပဲတင်းပေါ့”

          အေးမက ပြောင်စပ်စပ်ဖြင့် ပြောသည်။

          “ဘာ အလကား ပဲတင်းလဲ၊ နင်တို့ပဲကျတော့ အလကားပေးလို့လား၊ မရဘူး၊ တစ်အိတ်တစ်ကျပ်နဲ့ သုံးကျပ်ပေး၊ လုခ လျှော့လိုက်မယ်”

          လယ်ထွန်စက်သံကြောင့် ကိုတင်ထွန်းက ခပ်ကျယ်ကျယ် အော်သည်။ ကိုတင်ထွန်းက သဘောကောင်းသည်။ မထက် ဆယ်နှစ်လောက်ကြီးသည်။ လယ်ထွန်စက်မောင်းသင်တန်းဆင်းပြီး ရွာက လလသသ လယ်ထွန်စက်ကိုမောင်းနေသည်။ သူ့ အသားက နေလောင်ထားသဖြင့် ခပ်ညိုညို၊ မျက်လုံးမှေး မှေး၊ ခပ်၀၀၊ စစ်ရှပ်အင်္ကျီစိမ်းဟောင်း၊ နှစ်ခြောက်ဆယ် ချည်လုံချည်ကို ဝတ်ထားပြီး ခေါင်းပေါ်တွင် စစ်ဦးထုပ်ဟောင်းတစ်လုံး ဆောင်းထားသည်။ ကွမ်းစား သဖြင့် သွားများက မည်းနက်နေသည်။ ။

         “ဟင့်အင်း ပေးနိုင်ဘူး၊ ရော့- တစ်ကျပ်ခွဲပဲယူ၊ အိတ်တွေလဲ ချ ပေး ဦးတော့”

          အေးမက ကျပ်တန်ဟောင်းလေး တစ်ရွက်ကို နောက်ထပ် ပေးလိုက် ပြီး ထွန်စက်နောက်မြီးဘက်သို့ လှည့်လာသည်။

         “သေလိုက်ပါတော့ဗျာ၊ ပိုက်ဆံကျတော့လဲ အပြည့်မပေးဘူး၊ ပဲအိတ် တွေလဲ ထမ်းပေးရသေး၊ ဂျို နောက်ကလူတွေ ပဲအိတ်တွေ ချပေးလိုက်ကြစမ်း ဗျာ ကြာတယ်၊ ရေစကြိုရောက်အောင် သွားရမှာ၊ နောက်ကျနေလိမ့်မယ်”

          “ဘယ်အိတ်တွေလဲ” “ကုလားပဲအိတ် သုံးအိတ်၊ မြန်မြန်၊ မြန်မြန်”

          နောက်တွဲပေါ်က လူသုံးလေးဦးက ပဲအိတ်ကြီးများကို အောက်သို့ | တွန်းချလိုက်ကြသည်။ ကုလားပဲအိတ်များက နှစ်တင်းဝင်အိတ် သုံးအိတ်။ စုစုပေါင်း ခြောက်တင်းရှိသည်။

          “ဒါပဲလား” “ဟုတ်တယ်တော့၊ အဲလေ မဟုတ်ဘူးတော့

           စက်သံကြောင့် အေးမက ခပ်ကျယ်ကျယ်ပြောသည်။ သူ့စကားကို သဘောကျ၍ ထွန်စက်ပေါ်က လူများက ရယ်ကြသည်။

          “ဘာဟုတ်တယ် မဟုတ်ဘူးလဲ၊ ဘာကျန်သေးသလဲ”

          “ယိုးဒယား ပလပ်စတစ်ခြင်းတစ်လုံး၊ ပြီးတော့ အိပ်ရာလိပ်၊ အိပ်ရာ လိပ်က အရေးကြီးတယ်နော်”

           ထွန်စက်ပေါ်မှ ပလပ်စတစ်ခြင်းတောင်းအနီ တစ်လုံး ကျလာသည်။ ပလပ်စတစ်ခြင်းတောင်းထဲတွင် တိုလီမိုလီပစ္စည်းတွေ ပါသည်။ ထမင်းထည့် ထားသည့် သတ္တုလက်ဆွဲချိုင့် တစ်လုံး၊ ရေပုလင်း တစ်ပုလင်း၊ ကာတွန်းစာအုပ် နှစ်အုပ် သုံးအုပ်၊ ထန်းလျက်ထုပ် တစ်ထုပ်။ ဓာတ်ဗူး အသစ်စက်စက် တစ်လုံး။

           အိပ်ရာလိပ်က မြေကြီးပေါ်သို့ ဘုတ်ကနဲ ကျလာသည်။ မိုးကာဖျင် အဟောင်းကို ကြိုးနှင့်စည်းထားသည့် ခပ်ကျစ်ကျစ် အိပ်ရာလိပ်ကလေး။

          “ဒါပဲလား”

          “ဟုတ်ကဲ့၊ ဒါပဲ။ ကျေးဇူးပဲ ကိုတင်ထွန်းကြီး”

           အေးမက လယ်ထွန်စက်နောက်တွဲဘီးကို ကိုင်၍ ကိုတင်ထွန်းကို လှမ်းနှုတ် ဆက်သည်။ လယ်ထွန်စက်ဘီးတွင် နွားချေးတွေ ပေနေသဖြင့် ကိုင်မိသည်တွင် အေးမက မျက်နှာရှုံ့မဲ့ပြသည်။ ကိုတင်ထွန်းက ရှေ့ထိုင်ခုံမှနေ၍ သူ့ကို လှမ်း ကြည့်ရင်း ရယ်နေသည်။

           “အေးမြထွန်စက်ဘီးမှာ နွားချေးတွေ ပေနေတာ မြင်တယ် မဟုတ်

          “မြင်တာပေါ့ တော်” “အော် မြင်ရင် ကြပ်ကြပ် သတိထား”

           ကိုတင်ထွန်းက ထွန်စက်ဘီးကို မေးငေါ့ ပြသည်။ လည်လွန်းသည့်ဘီး ချေးသင့်တတ်သည်ဟု ကိုတင်ထွန်း ပြောလိုပုံရသည်။ အေးမကလည်း နား လည်လိုက်သည်။

          “မမြင်လို့ ကိုင်မိတာပေါ့တော့၊ အသေကောင်ကြီး ဟွန်း”

           အေးမက နှုတ်ခမ်းစုသည်။ ကိုတင်ထွန်းက တဟားဟား ရယ်ရင်း လယ်ထွန်စက်ကို ဂီယာသွင်းလိုက်သည်။ လယ်ထွန်စက်သည် လင်းကတော့ ပေတစ်ရာအတိုင်း တောင်စူးစူးသို့ မောင်းထွက်သည်။ထွန်စက်သံနှင့် ထွန်စက်ပေါ်မှ ရယ်သံများသည် ဖုံလုံးများထဲတွင် ပျောက်သွားသည်။ ။

          နံနက်ဆည်းဆာ နေခြည်နုနုများ ဖြာကျလာကြပြီ။ ယာမြေက နီနီ ရဲရဲ။ သစ်ပင်တွေက စိမ်းစိမ်းမြမြ။ နွေဦးလေပြေက သင်းသင်းပျံ့ပျံ့။ ထနောင်း | ပင်ပေါ်က ချိုးငှက်က တေးသံနွဲ့နွဲ့။

          ကားကြုံကို မည်မျှကြာအောင် စောင့်ရမည် မသိ။ ပခုက္ကူ ရေစကြိုဘက်မှ လာသော ခရီးသည်တင် လော်ရီကြီးများကို မမီတော့။ စောစောက ဖြတ်သွား ကြပြီ။ အရပ်ကားကို မမီလျှင် ကားကြုံကို စောင့်ရတော့မည်။ သည်လမ်းတစ် ဗိုက်တွင် “ဟီးနိုး”ဟု သူတို့အရပ်က ခေါ်သည့် သစ်ထုတ်လုပ်ရေးဌာနက ကားကြီးများ၊ “ဒေါင်း”ဟု ခေါ်ကြသည့် ကလသဖက အီဆူဇူကားကြီးများ၊ “ဂျီအမ်စီ” ဟု ခေါ်သော ဆောက်လုပ်ရေးကော်ပိုရေးရှင်းက ကားကြီးများ မကြာ ခဏ ဖြတ်တတ်သည်။ လက်ပြလျှင် ရပ်ပေးသည်။ သဘောကောင်းသည့် | ဒရိုင်ဘာနှင့် တွေ့လျှင် အလကား တင်သွားသည်။ သဘောမကောင်းလျှင်လည်း မှုတရာ မရှိ။ လက်ဖက်ရည်ဖိုးလေး နည်းနည်းပါးပါး ပေးလိုက်လျှင် လိုက်နိုင် သည်။ ရော့ပတ္တမြား ရော့နဂါး။ ဘာမျှ အားနာစရာ မလို။ ။

          အေးမက အိပ်ရာလိပ်ကို သယ်ကာ ကတုံးရပ်ပေါ်တွင် ဝင်ထိုင်သည်။

           အေးမ သည်လမ်းကို အခါခါ အခေါက်ခေါက် ရောက်ဖူးပြီ။ ဘာမျှ စိုးရိမ်ကြောင့်ကြစရာ မရှိ။ မရောက်ဘူးသည့် အရပ်သို့ ခရီးသွားရသလို သဲထိတ်ရင်ဖိုစရာ ဘာမျှ မရှိ၊ ကတုံးဇရပ်ကလေးပေါ်တွင် သူတစ်ယောက်တည်း ထိုင်နေ၍လည်း ဘာမျှ စိုးရိမ်ဖွယ်မရှိ။ သည်ကတုံးရပ်ကို အေးမအခေါက်ခေါက် ရောက်ဖူးလှပြီ။ နားဖူးလှပြီ။ သူတို့ရွာက လင်းကတော ပေတစ်ရာဟု ခေါ်သော ပခုက္ကူ -မုံရွာ ကားလမ်းမကြီးအတွင်းဘက် တဒေါ်သာသာလောက် ဝင်ရသည်။ ယင်းမာပင်၊ ညောင်ပင်ကြီး၊ ဆားထုံ၊ ဆားလင်း၊ ပုလဲ၊ မင်းတိုင် ပင်စသည့် ယမားချောင်း မြောက်ဘက်က ငါးရက်တစ်ဈေး မြို့များသို့ သွား လိုလျှင် လမ်းဆုံက ကတုံးဇရပ်ကလေးသို့ လာရသည်။ ဘယ်သွားသွား သည် ကတုံးဇရပ်ကို ထွက်၍ ကားစောင့်ရမြဲ။ ဘယ်ကပြန်ပြန် ကတုံးဇရပ်လေး တွင် ဆင်းရမြဲ။

          ကြာတော့ သူ့လက်ဖဝါးအကြောင်းကို ကောင်းကောင်းသိသလို၊ သည် ပတ်ဝန်းကျင် တစ်ဝိုက်ကိုလည်း အေးမ ကောင်းကောင်းသိနေပြီ။ ဘာမျှ ကြောက်စရာ မရှိ။

           ကားသံ ကြားရသဖြင့် အေးမ ဝမ်းသာသွားသည်။ သို့ရာတွင် သေသေ ချာချာ ကြည့်လိုက်တော့ ကားသံက တောင်ဘက်မှ မဟုတ်။ ယမားချောင်း မြောက်ဘက်ကမ်းမှ ဖြစ်သည်။ ခဏကြာတော့ လူအပြည့်တင်ထားသည့် လော်ရီ ကားတစ်စီး ယမားချောင်းထဲသို့ ဖုတ်တထောင်းထောင်းဖြင့် တအိအိ ဆင်းလာ သည်။

         အေးမက ကားဆီသို့ မျှော်ကြည့်သည်။ သူသွားရမည့် ခရီးက ယမား မြောက်ဘက်။ ယခုကားက ယမားတောင်ဘက်သို့ တက်လာသောကား ဖြစ် သည်။ အေးမနှင့် ဘာမျှမဆိုင်။ သို့ရာတွင် ရွာကလူတွေများ ပါမည်လောဟု မျှော်ကြည့်ခြင်း ဖြစ်သည်။

          ကားက ချောင်းပြင်က ကြက်သွန်ခင်းတွေကြားထဲတွင် ကွေ့ကောက် သွားသော လမ်းအတိုင်း တလှုပ်လှုပ် လာနေသည်။ သဲပြင်ကြီးထဲတွင် တို ( ၃အော်ကာ မနည်းရုန်းနေရသည်။ မနိုင်ဝန်ကို ထမ်းနေရသည့် သတ္တဝါကြီး

           တစ်ကောင် အော်သည့်နှယ် သူ့အော်သံက သနားစရာပင် ကောင်းသေးသည်။ | ရေစကြိုဖက်က လော်ရီကား ဖြစ်သည်။ သူတို့ရွာက လူတစ်ယောက်မျှ မပါ၊

          ကားဖြတ်သွားတော့ တက်ထရွန်အ တက်ထရွန်ထမီဆင်တူနှင့် ဇရပ်ငုတ်တို ပေါ်တွင် ထိုင်နေသော အေးမကို နောက်ပြောင်သွားကြသည်။

          “ခင်သန်းနုကွ၊ တင်တင်ညိုကွ”

           အေးမက နှုတ်ခမ်းစုပြီး တစ်ဖက်သို့ လှည့်နေလိုက်သည်။ ကားသံနှင့် | ရယ်သံများသည် တဖြည်းဖြည်း ဝေးသွားကြသည်။

           ကားအော်သံနှင့် ရယ်သံပျောက်တော့ ထနောင်းပင်ပေါ်က ချိုးကူသံ ပေါ်လာပြန်သည်။

           အေးမ ယမားချောင်းကို ကြည့်သည်။

          မိုးတွင်းဆိုလျှင် ယမားသည် ကြောက်စရာကောင်းသည်။ ချောင်းပြင် က ကျယ်သည်။ တချို့ နေရာများတွင် နှစ်မိုင်နီးပါးလောက် ရှိမည်။ မိုးမှန်ချိန် တွင် ကမ်းတစ်ဖက်နှင့် တစ်ဖက်ကို ပျပျမျှသာ မြင်ရသည်။ မိုးတွင်း ချောင်းကျလာချိန်၌ လှိုင်းလုံးများက မြွေဟောက်အကောင်ပေါင်းများစွာ ပါးပျဉ်းထောင် | ၍ ပြေးလာသလို တအုန်းအုန်း အော်မြည်လိမ့်ဆင်းလာတတ်သည်။ လှိုင်းထပ်၍ ကျလျှင် ရေသည် အဟုန်ပြင်းစွာ စီးကာ တွေ့သမျှကို တိုက်စားသွားသည်။ ပုံတောင်ပုံညာဘက်တွင် မိုးကြီးသည်နှင့် ချောင်းရေသည် ထန်းတဖျားသာသာမြင့်သော ကမ်းပါးစောက်တွေအထိ ပြည့်မောက်လျှံတက်ကာ ကုန်းပေါ်က လူနေအိမ်ခြေ၊ စိုက်ခင်းပျိုးခင်းတို့ကို ဖျက်ဆီးဝါးမျိုသွားသည်။ ဘောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင် လောဘတကြီးနှင့် ကျင်းထဲမှ ခုန်လှမ်း၍ ဟပ်လိုက်ပုံမျိုးနှင့် | တူသည်။ ပုံတောင်ပုံညာ ချင်းတွင်းတစ်လျှောက် စီးလာရာ လမ်းတစ်လျှောက်တွင် ချောင်းငယ်လျှိုးငယ် များစွာတို့ ပေါင်းဆုံစီးဝင်သောကြောင့် သည်မျှ | အရှိန်ပြင်းသလော မဆိုနိုင်။ ။

           ယမားကို ဖြတ်တော့မည်ဆိုလျှင် ချောင်းညာ၊ ပုံတောင် ပုံညာဘက် က မိုးရိပ်မိုးခြေကို လှမ်းကြည့်ရသည်။ ပုံတောင်ပုံညာဘက်တွင် မိုးညိုလျှင် ယမားကို ဖြတ်မကူးလေနှင့်တော့။ ချောင်းလယ်ရေစီးတွင် မျောပါမည်မှာ သေ ချာသည်။ ဖြတ်ကူးရာ နေရာတွင် မိုးသည်းနေသော်လည်း ချောင်း ရေမလာ။ သို့ရာတွင် ပုံတောင်ပုံညာတွင် မိုးညိုပြီဆိုလျှင်တော့ ချောင်းရေတွေ ဝါးလုံးထိုး စီးလိမ့်ဆင်းလာတတ်သည်။ ယမားချောင်းရေကို မည်သည့်ကားမျှ ပြေးမလွတ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)