Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မြသန်းတင့် - ပန်းတစ်ပွင့်၏လူသတ်ခန်း၀ထ္ထုတိုများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
မိန်ရာသီ ခါတော်ဦး
မခင်ဝေ

          တစ်လောက ခင်ဗျားနဲ့ကျုပ် ဘိုင်စကုတ်ရုံထဲမှာ အမှတ်တမဲ့ သွားတွေ့ခဲ့ကြတယ်။ ကျုပ်စိတ်ထဲမှာတော့ ကျုပ်ဟာ အင်မတန် ရင့် ကျက်လာပြီ၊ ငယ်ရွယ်နုနယ်သူတို့မှာသာ ရှိတတ်တဲ့ ချစ်သူနဲ့တွေ့ရင် ရင်တဒိတ်ဒိတ် ခုန်တတ်တဲ့ အခုန်မျိုး ကျုပ်မှာ မရှိတော့ဘူးလို့ ထင်ခဲ့ တယ်။ အေးလေ...၊ ကျုပ် ထင်မယ်ဆိုရင်လည်း ထင်စရာတွေပဲ။ ခင်ဗျားနဲ့ ကျုပ်ဟာ လေနှင် လွှင့်မှုတ်လို့ အညှာက ပြုတ်ထွက်သွားကြ တဲ့ ရွက်ဝါကလေးတွေ တဖျင့်တပါး ကွဲပြားသွားလိုက်ကြတဲ့အချိန်ကို ကပဲ တော်တော်လေးကြာခဲ့ပြီပဲ။ ခုဆိုရင် ဘာလိုလိုနဲ့ ၁၂ နှစ်ကျော်လို့ ၁၃ နှစ်ထဲကို ရောက်လာကြပြီ။

          ဒီ ၁၂ နှစ်ကျော်ကျော် အတောအတွင်းမှာ ကျုပ်မှာလည်း ဇနီး ရလို့ သားတွေ သမီးတွေနဲ့၊ ခင်ဗျားမှာလည်း သားတွေ၊ သမီးတွေ ရလို့ ကြီးလှပြီပဲ။ ခင်ဗျားနဲ့ပါလာတဲ့ ၁၂ နှစ်လောက် ကလေးမလေးဟာခင်ဗျားသမီးကလေး မဟုတ်လား။ မျက်လုံး၊ မျက်ခုံးကြည့်ရတာကတော့ ခင်ဗျားနဲ့ တူသလိုလိုပဲ။

          ဘိုင်စကုတ်ရုံထဲရောက်တော့ ခင်ဗျားက ရှေ့တန်းမှာ၊ ကျုပ်က ခင်ဗျားရဲ့ တည့်တည့်က နောက်တန်းမှာ ထိုင်မိလျက်သား ဖြစ်နေတယ်။ တကယ်ပါပဲ မခင်ဝေ၊ အဲဒီညက ဘိုင်စကုတ်ရုံထဲမှာ ခင်ဗျားသာ ရှိမှန်း သိမယ်ဆိုရင် ကျုပ် ဝင်ကြည့်ဖြစ်မှာမဟုတ်ဘူး။ ဒီနေရာတင် မကပါ ဘူးလေ..၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခင်ဗျားရှိတယ်ဆိုရင်... ကျုပ် လာ ဖြစ်မှာမဟုတ်ပါဘူး။ အမှန်ကတော့ ကျုပ်ဟာ ကျုပ်ကိုယ်ကျုပ် အထင် ကြီးတဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားကြောင့် ကျုပ် အသည်းကွဲခဲ့တဲ့ ဒဏ် ရာဟာ ပျောက်ပြီး ခင်ဗျားဟာ ကျုပ်အသည်းနှလုံးကို မစိုးမိုးနိုင်တော့ဘူး လို့ ကျုပ် ထင်ခဲ့တယ်။ နောက်တစ်ကြောင်းကလည်း ကျုပ်တို့၊ ခင်ဗျားတို့ တစ်တွေဟာ စိတ်ကူးယဉ်တဲ့အရွယ်တွေ လွန်မြောက်ကြပြီး ဘဝရဲ့ အတွေ့အကြုံတွေကို နှစ်ပေါင်း ၃၀ ကျော်ကျော် တွေ့ဆုံခဲ့ကြရပြီး ဖြစ် တဲ့အတွက် ငယ်ငယ်တုန်းကလို စိတ်ကူးတွေဟာ မလှပ၊ မနုနယ်ကြတော့ဘူးလို့ ကျုပ် ထင်ခဲ့တယ်။ တကယ်ဆိုတော့ ကျုပ် ထင်မယ်ဆို ရင်လည်း ထင်စရာပဲ။ ကျုပ်တို့တစ်တွေဟာ စိတ်ကူးယဉ်တတ်တဲ့ နုနယ် ငယ်ရွယ်ကိုကျော်ပြီး ရင့်ကျက်တဲ့၊ အကျိုးနဲ့အကြောင်းကို တွေးခေါ်တတ် တဲ့၊ အဆိုးနဲ့ အကောင်းကို ခွဲခြားသိတတ်တဲ့အရွယ်တွေ ရောက်ကြပြီ မဟုတ်လား။ တကယ်ပဲ မခင်ဝေ၊ အမှန်ကတော့ ကျုပ်တို့အသက် အရွယ်ဟာ ရှိတ်စပီးယား ပြောသလို နွေဦးကို ရောက်နေကြပြီ။ ကျုပ် တို့ရှေ့မှာ အရွယ်အားဖြင့် ငယ်မျစ်နုပျိုခြင်းဆိုတာ မရှိတော့ဘူး။ ကျုပ် တို့ဘဝရဲ့ အဆစ်အပိုင်းမှာ ဆောင်းရာသီပဲ ကျန်တော့တယ်။

          ဒါကြောင့်မို့ ကျုပ်ဟာ ငယ်ငယ်တုန်းကလို ရင်တလှပ်လှပ် မခုန် တတ်တော့ဘူးလို့ ကျုပ်ကိုယ်ကျုပ် အထင်ကြီးခဲ့တယ်။ ငါ့ဘဝဟာနွေဦးကို ရောက်ပြီ။ ဒါကြောင့်မို့ ငါဟာ အထိုက်အလျောက်တော့ ရင့် ကျက်လာပြီလို့ ကျုပ်ကိုယ်ကျုပ် ထင်ခဲ့တယ်။ ဒါပေမဲ့ မခင်ဝေေ...၊ မနေ့ညက ကျုပ်နဲ့ မခင်ဝေ ဘိုင်စကုတ်ရုံထဲမှာ တွေ့လိုက်တဲ့အခါကျတော့ ကျုပ်ကိုယ်ကျုပ် အထင်ကြီးခဲ့သမျှတွေဟာ အလကားပဲ။ မခင်ဝေ ကို မြင်လိုက်တယ်ဆိုရင်ပဲ ကျုပ်ဟာ ဟိုတုန်းကလို ရင်တဒိတ်ဒိတ် ခုန်လာတယ်။ ဟိုတုန်းကလိုပဲ ပြောမပြတတ်တဲ့ ဝေဒနာကို ခံစားလာရ တယ်။ မခင်ဝေက ကျုပ်ကို နှုတ်ဆက်မလို့ လှည့်ကြည့်တော့ မျက်လုံး ချင်းမဆိုင်မိအောင် ကျုပ်မျက်နှာကို တခြားလွှဲထားလိုက်တယ်။ အမှန်ကတော့ ကျုပ်နဲ့ မခင်ဝေတို့ရဲ့ ဇာတ်ဟာ ဒီဘဝ ဒီမျှနဲ့ပဲ စခန်းသိမ်းခဲ့ကြ ပေမဲ့ လောကဝတ်အနေနဲ့ တွေ့-ခေါ်၊ ဖြေ-မေး၊ လောကရေးအရ နှုတ်ဆက်စကားဆိုဖို့ ကောင်းတယ်မဟုတ်လား။ ဒါပေမဲ့ ကျုပ်ဟာ ခင်ဗျားကို နှုတ်မဆက်ချင်တော့ဘူး။ ကျုပ်ရင်ထဲမှာ အသည်းခိုက်အောင် နာခဲ့တဲ့ အနာဟောင်းဟာ ပြန်ပေါ်လာတယ်။ အပူရုပ်ကို ဟန်လုပ်ပြီး မဖုံးချင်တော့ဘူး။ တကယ်ကတော့ ကျုပ်ကပဲ ခင်ဗျားနဲ့ ကျုပ်တို့ နှစ်ယောက်ရဲ့ အတိတ်ဟောင်းကို ဖုံးကွယ်ပြီး လောကွတ်ပျူငှာနဲ့ စကား ဆိုသင့်တယ် မဟုတ်လား။ ဒါပေမဲ့ ဒါမျိုးတွေ ကျုပ် မလုပ်တတ်ဘူး။ မခင်ဝေ...၊ ကျုပ်ဟာ အသည်းနှလုံးထဲမှာရှိတာကိုပဲ ဖွင့်ပြောချင်တယ်။ တကယ်တော့ ကျုပ်ဟာ လောကဝတ်ကို ဘာမှနားလည်တဲ့သတ္တဝါ တစ်ယောက်မဟုတ်ဘူး၊ အရိုင်းပဲ။

          ဘိုင်စကုတ်ထဲက မင်းသမီးဟာ ခင်ဗျားနဲ့ ကျုပ်ရဲ့ အသည်းစွဲ မင်းသမီးပဲ။ ဒါကြောင့်မို့ လာဆုံကြတာလေလားလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ ၁၂ ကျော်၊ ၁၃ နှစ်လောက် ခင်ဗျားနဲ့ ကျုပ် နှစ်ယောက် ကြည့်ကြတုန်းက ဒီမင်းသမီးဟာ အသက် ၂၀ ကျော်လောက်ပဲ ရှိဦး မယ်ထင်တယ်။ ကျုပ်တို့နှစ်ယောက်ဟာ သည်တုန်းက အသက် ၂၀တောင် မပြည့်တတ်ကြသေးပါဘူး။ ခုတော့ ကျုပ်တို့တစ်တွေလည်း အရွယ်ကလေး နည်းနည်းထောက်လာကြပြီ။ ကျုပ်တို့ အသည်းစွဲ မင်းသမီးဟာလည်း ကျုပ်တို့လိုပဲ ငယ်မူငယ်သွေးတွေပျောက်လို့ အရွယ်ထောက်လာပြီ။ အင်း... ကျုပ်တို့တစ်တွေဟာ ကျုပ်တို့ဘဝရဲ့ အဆစ် အပိုင်းမှာ နွေဦးအရွယ်ကို ရောက်လာကြပြီ မခင်ဝေ...။

          တချို့ကတော့ ဒီအရွယ်ဟာ ရင့်ကျက်စပြုတဲ့အရွယ်လို့ ဆိုကြ တယ်။ ဒါကြောင့်မို့ ငယ်ငယ်တုန်းကလို ရင်တလှပ်လှပ်ခုန်တာတွေ မရှိကြတော့ဘူးလို့ ဆိုကြတယ်။ ကျုပ်လည်း အစက ဒီလိုပဲထင်ခဲ့တာ ပဲ မခင်ဝေ။ ကျုပ်တို့တစ်တွေမှာ သားရယ်၊ သမီးရယ်လို့ ရှိလာကြပြီ ဖြစ်တော့ ကျုပ်တို့ရဲ့ အသည်းနှလုံးဟာ ဒီသားတွေ၊ ဒီသမီးတွေရဲ့ အရေး ကို တွေးတောစိုးရိမ်ပြီး ခုန်ရလွန်းလို့ မောပန်းနွမ်းနယ်လှပြီ၊ တခြား အကြောင်းတွေကြောင့် ရင်တဒိတ်ဒိတ် မခုန်နိုင်တော့ဘူးလို့ ထင်ခဲ့မိ တယ်။ ဒါပေမဲ့ မခင်ဝေရေ.. တကယ်ကျတော့ ဒီလိုမဟုတ်ဘူး။ အတိတ်က ဇာတ်ကြောင်းကို ပြန်ပြောင်းသတိရစရာပေါ်လာရင် ကျုပ်တို့ အသည်းနှလုံးဟာ တဒိတ်ဒိတ်ခုန်တုန်းပဲ၊ အခုန်မရပ်သေးဘူး။ အချစ် အတွက် အသည်းနှလုံးခုန်ရခြင်းဟာ ဘယ်တော့မှ ရပ်မှာမဟုတ်တော့ ဘူးလို့ ကျုပ်ထင်တယ်။

          ကြည့်လေ... ဘိုင်စကုတ်ပြီးကြလို့ ခင်ဗျားနဲ့ကျုပ် နှစ်ယောက် သား ကိုယ့်ထိုင်ခုံက ကိုယ်ထကြတယ်။ ခင်ဗျားက ခင်ဗျားသမီးလေး လက်ကိုဆွဲလို့၊ ကျုပ်ကလည်း လက်ထဲက အခွံချည်းကျန်တဲ့ မြေပဲလှော် ထုပ်ကို လက်ထဲမှာ ယောင်ကန်းကန်းနဲ့ ကိုင်လို့။ ကျုပ်က ခင်ဗျားကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ ခင်ဗျားက မျက်လွှာကို ချထားတယ်။ ကျုပ်နဲ့ မျက်လုံးချင်းမဆိုင်ဘူး။ နောက် ကျုပ်ကလည်း ခင်ဗျားနဲ့ မျက်လုံးချင်းမဆိုင်ချင်တာနဲ့ မျက်လွှာကို ချထားလိုက်ပြန်တယ်။ ကျုပ်မျက်လွှာချထားတဲ့အချိန်များ ခင်ဗျားလည်း ကျုပ်လို ကျုပ်ဘက်ကို လှမ်းကြည့်နေမှာပဲလို့ထင်တယ်။ အမှန်ကတော့ ကျုပ်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း မဆိုင်ရဲကြဘူး။ မျက်လုံးချင်း ဆိုင်မိရင်... ကျုပ်တို့ရင်ထဲမှာရှိနေတဲ့ ဝေဒနာတွေကို ဒီမျက်လုံးတွေက ဖွင့်ပြောပြမှာကို ကြောက်နေကြတာပဲ။ ခင်ဗျားနဲ့ ကျုပ်ရှေ့မှာ လူတွေ စီတန်းထွက်နေလို့ ကုလားထိုင်နှစ်တန်းရဲ့ ကြားထဲမှာ တရွေ့ရွေ့နဲ့ ဘေး တိုက်ထွက်လာကြတယ်။ အဲဒီတုန်းက ကျုပ်ရင်ဟာ တဒိတ်ဒိတ်ခုန်နေ တယ်။ နှုတ်မဆက်ရင် ကျုပ်ဟာ ရိုင်းရာကျလေမလား၊ စိတ်သဘော ထား သေးသိမ်ရာကျလေမလားလို့ တွေးမိတယ်။ ဒါကြောင့်မို့ ခင်ဗျား ကို လောကဝတ်အရ နှုတ်ဆက်ဖို့ ကျုပ် ကြိုးစားပါတယ် မခင်ဝေ၊ တကယ်ပါပဲ။ ဒါပေမဲ့ ကျုပ်ပါးစပ်ဟာ ဆံ့ နေတယ်။ စကားတစ်လုံးမှ ထွက်မလာဘူး။ ဒီလိုနဲ့ ခင်ဗျားနဲ့ ကျုပ် အပေါက်ဝကို ရောက်လာကြ တယ်။ ဟော... ရုပ်ရှင်ရုံအပေါက်ဝမှာ ခင်ဗျားနဲ့ ကျုပ် မျက်နှာချင်း ဆိုင်မိကြပြန်ပြီ။ ခင်ဗျားက ကျုပ်ကို လှမ်းကြည့်လိုက်တယ်။ ကျုပ်က ခင်ဗျားကြည့်နေတယ်ဆိုတာကို သိတာနဲ့ ကျုပ် မျက်လွှာကို ချလိုက် တယ်။ ကျုပ်က ပြန်ကြည့်လိုက်တော့ ခင်ဗျားက မျက်လွှာပြန်ချလိုက် တယ်။ ဟုတ်တယ်... မခင်ဝေ၊ ကျုပ်တို့နှစ်ယောက်ဟာ တစ်ယောက် ကိုတစ်ယောက် မျက်လုံးချင်းမဆိုင်ရဲကြဘူး။ မျက်လုံးနှစ်စုံ ဆိုင်မိကြလို့ ရှိရင် ကျုပ်တို့ဟာ ကျုပ်တို့ရင်ထဲမှာ မျိုသိပ်ခဲ့ရတာတွေကို သည်မျက်လုံးတွေက ပြန်ပြောကြမှာ စိုးရိမ်နေကြတယ်။ တကယ်တော့လည်း ဒါဟာ စိုးရိမ်စရာပဲ။ ကျုပ်မှာလည်း သားတွေ သမီးတွေနဲ့၊ ခင်ဗျားမှာလည်း သားတွေ သမီးတွေနဲ့ဆိုတော့ ဒီအကြောင်းတွေကို ပြန်ပြီးမသစ်စေချင် တော့ဘူး မဟုတ်လား။

          ပရိသတ်တွေဟာ အပေါက်ဝမှာ ငိုင်နေတဲ့ ကျုပ်တို့နှစ်ယောက်ကိုကြည့်ပြီး ထွက်သွားကြတယ်။ ကျုပ်ကလည်း ခင်ဗျား ကျုပ်ရှေ့က ထွက်စေချင်တယ်။ ခင်ဗျားရဲ့ ကိုယ်လုံးကို ကျုပ် အားမနာ ပါးမနာ ကြည့်ပြီး လိုက်လာချင်တယ်။ ခင်ဗျားကလည်း ကျုပ်ကို ရှေ့က ထွက် စေချင်တယ်။ ပိန်ချုံးကျနေတဲ့ ကျုပ်အခြေအနေကို ခင်ဗျား အကဲခတ် ချင်ဟန်တူပါရဲ့။ ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက် ရုံပေါက်ဝမှာ ငိုင်နေကြ တယ်။ ခင်ဗျားသမီးလေးက “မေမေ လာလေ၊ လူရှင်းပြီ”လို့ ပြောတော့ မှ ခင်ဗျားဟာ ခေါင်းငုံ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ လှည့်ထွက်သွားတယ်။ အမှန်ကတော့ ဒီအချိန်ကလေးဟာ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ တစ်ခဏကလေးပါပဲ။ ဒါပေမဲ့ ကျုပ်အဖို့တော့ တစ်ကမ္ဘာကြာတယ်လို့ ထင်တယ်။

          အပြင်ရောက်တော့ မိုးဟာ သဲသဲမဲမဲကြီး ရွာချနေတယ်။ ကဲ.. မျက်လုံးချင်းမဆိုင်ရဲတဲ့သူနှစ်ယောက် တွေ့ကြပြန်ပြီ။ မိုးရွာနေလို့ ရုံထဲကထွက်လို့ မဖြစ်ပြန်ဘူး။ ကျုပ်မှာ ထီးမပါတော့ ဒီအတိုင်းပဲရပ်ရင်း ဆေးပေါ့လိပ်ကို အဓိပ္ပာယ်မရှိ ဖွာနေတယ်။ ခင်ဗျားက မိတ်ဆွေတစ် ယောက်နဲ့ ရပ်ပြီး စကားပြောနေတယ်။ ခင်ဗျားစကားထဲမှာ ခင်ဗျား မောင်တော်က ကားလာမကြိုသေးကြောင်း ညည်းသံ ကြားရတယ်။ ခဏကြာတော့ အသားဖြူဖြူ၊ ခပ်ဝဝလူတစ်ယောက် တက်လာပြီး ခင်ဗျားသမီးလေးကို လက်တွဲခေါ်တယ်။

          “ဝေရေ၊ ဆောရီးပဲကွာ၊ နည်း နည်း နောက်ကျသွားတယ်”

          လို့ တောင်းပန်သံ ကြားရတယ်။ ခင်ဗျားမောင်တော်ဟာ ခင်ဗျားကို တော်တော်ချစ်ရှာသားပဲလို့ တွေးလိုက်မိပါ တယ်။

          ခင်ဗျားတို့ ပြန်သွားတဲ့နောက် တော်တော်ကြာတဲ့အထိ မိုးမစ် သေးလို့ ကျုပ် ဘိုင်စကုတ်ရုံအောက်မှာ ရပ်နေရတယ်။ အဲဒီနေ့က ကျုပ် မဂ္ဂဇင်းတိုက်တွေကို ပန်းချီဆွဲခကလေးရမလားလို့ သွားတောင်း ဖို့ ထွက်လာခဲ့တာပဲ။ အိမ်မှာ ကျုပ်မိန်းမကလည်း နေမကောင်းဘူး၊ ကျုပ်သားအကြီးကလည်း ဖျားနေတယ်။ ဆေးဖိုးဝါးခ ဓာတ်စာဖိုးလေး တောင် မရှိလို့ ကျုပ် ဆွဲထားတဲ့ ပန်းချီခကလေးတွေများ ရလေမလားဆို ပြီး ထွက်ခဲ့တာပဲ။ ဒါပေမဲ့.. ခင်ဗျားနဲ့ တွေ့လိုက်ပြီးတဲ့နောက်မှာ ကျုပ် ဘယ်ကိုမှ မသွားချင်တော့ဘူး။ ကျုပ်ဟာ ပယောဂ အပူးခံနေရတဲ့လူလို စိတ်ထဲမှာ ရှုပ်ပွေနောက်ကျိုပြီး အိမ်ကိုပြန်လာတယ်။

          အိမ်ပြန်ရောက်တော့ ကျုပ်တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုနေတယ်။ အိပ်ရာထဲမှာ လဲနေတဲ့ ဇနီးသည်က “ပိုက်ဆံရခဲ့သလား” လို့မေးတယ်။ သမီးကလေးက “ဖေဖေ.. သမီးဖို့ ဘာဝယ်ခဲ့သလဲ”လို့ တီတီတာတာ မေးတယ်။ ကျုပ်ဟာ အိပ်ရာထဲလဲနေတဲ့ ဇနီးသည်ကိုရော၊ သမီးကိုရောအော်ဟစ်လိုက်တယ်။ အမှန်ကတော့ ကျုပ်ဟာ ကလေးကို သိပ်ချစ် တတ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျုပ်ဟာ ရိုင်းနေတယ်။ သမီးလေး ဟာ မှုန်သိုးနေတဲ့ ကျုပ်မျက်နှာကိုကြည့်ပြီး အမေ့ဆီကို ငိုပြေးတယ်။ အမေက သူ့သမီးကို ချော့နေတယ်။ ကျုပ်ဇနီးကတော့ ကျုပ်ကို ဘာမှ မပြောရှာတော့ပါဘူး။ တကယ်တော့ ကျုပ်ဟာ အပြစ်မဲ့သူကို အပြစ် သွားရှာတာပဲ။

          ကျုပ်ဟာ အဝတ်အစားတွေ မလဲမိဘဲ ကုလားထိုင်ပေါ်မှာ အရုပ် ကြိုးပြတ် ထိုင်ချလိုက်မိတယ်။ ခင်ဗျားနဲ့ ကျုပ်ရဲ့ ရင်နင့်စရာ ဘဝဇာတ် ကြောင်းကို ပြန်တွေးမိတယ်။

          မှတ်မိသေးသလား... မခင်ဝေ...။

( ၂ )

          ခင်ဗျားနဲ့ ကျုပ်ဟာ ၄၆ ခုနှစ်မှာ တက္ကသိုလ်ကို တစ်နှစ်တည်း ရောက်ကြတယ်။ ခင်ဗျားရော၊ ကျုပ်ရော ဘာသာအတူတူယူပြီး