Skip to product information
1 of 4

Other Websites

မြသန်းတင့် - နှစ်တစ်ရာစုံထောက်၀ထ္ထုတိုများ၃

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ထိုနေ့ညက လန်ဒန်တွင် အလွန်ပူအိုက်သည်။ မြို့ထဲရှိ ကျွန်တော် တို့ ပန်းချီစတူဒီယို အမိုးမှ ကောင်းကင်ပေါက်ကြီးကို ဖွင့် အိပ်ရ၏။ ကြပ် ခိုးတွေအောက်သို့ လွင့်ကျလာသည့်တိုင် လေရလျှင်တော်ပြီဟု သဘောထား ကာ အမိုးကောင်းကင်ပေါက်ကို ဖွင့်ရခြင်း ဖြစ်သည်။ လန်ဒန်မြို့ တစ်မြို့ လုံး အိုက်စပ်စပ်ကြီး ဖြစ်လျက်ရှိသဖြင့် တော်တော်နှင့် မအိပ်နိုင်ကြ၊ အစောထုတ် ညနေပိုင်း သတင်းစာများတွင် လူသတ်မှုအကြောင်း - ပါပြီး ညနေ သုံးနာရီ သတင်းစာ ရောက်လာကတည်းက ထိုအကြောင်း” ကို ကျွန်တော်ဖတ်ပြီးပြီ။ ကျွန်တော်သည် သတင်းစာကို ပျင်းပျင်းရိရိဖတ် နေ၏၊ မျက်ခွံတွေ လေးပြီး အိပ်ချင်နေသဖြင့် ပုံနှိပ်စာလုံးများသည် ဂိုးတိုး ဝါးတား ဖြစ်နေကြ၏၊

          အဖြစ်အပျက်က ထူးထူးဆန်းဆန်း မဟုတ်။ ခပ်ရိုးရိုးဟု ကျွန်တော် ထင်သည်။ တစ်ဝက်လောက် ဖတ်ပြီးသည့်အခါတွင် ကျွန်တော်သည် သတင်းစာကို အဲလဗတ်တင်ပီယန်ထံသို့ ပစ်ပေးလိုက်သည်။ အဲလဗတ် ကင်ပီယန်သည် နေ့လယ်စာစားရန် ပြန်လာရင်း အပူရှိန်ပြင်းသဖြင့် ချောင် ထဲတွင် ငြိမ်၍ ထိုင်နေသည်။ မျက်မှန်နောက်မှ သူ့မျက်လုံးများက မျက် တောင်တဖျတ်ဖျတ် ခတ်နေကြသည်။

          သတင်းစာများက ထိုလူသတ်မှုကို 'ကိုးကုတ် သေနတ်ပစ်မှု” ဟု ခေါင်းတပ်ကြသည်။ အချက်အလက်များကလည်း ရှင်းသည် ထိုနေ့ နံနက်စောစော တစ်နာရီလောက်တွင် လန်ဒန်မြို့ အရှေ့ မြောက်ပိုင်း ပက်ကေးရှင်းလမ်း တစ်လျှောက်တွင် တာဝန်ကျနေသည့် ပုလိပ် တစ်ယောက်သည် လူတစ်ယောက် ဒယီးဒယိုင်ဖြင့် လျှောက်လာကာ လမ်း ပေါ်တွင် လဲကျသွားသည်ကို မြင်လိုက်ရ၏။ ထိုညမှာ ပူအိုက်သည့်အတွက် အပူရှိန်ကြောင့် မူးမေ့လဲကျသွားခြင်း ဖြစ်သည်ဟု ထင်သဖြင့် တာဝန်ကျ ပုလိပ်သားသည် ထိုလူ၏ လည်စည်းကို ဖြုတ်ပေးပြီးနောက်သူနာတင်ကား တစ်စီးကို လှမ်းခေါ်လိုက်သည်။

          သို့ရာတွင် သူနာတင်ကား ရောက်လာသည့်အခါတွင်မူ ထိုလူမှာ အသက်မရှိတော့သည့်အတွက် အလောင်းကို ရင်ခွဲရုံသို့ယူသွား၏။ ပခုံးညှပ် ရိုးနှစ်ဖက်ကြားတွင် သေနတ်မှန်၍ သေဆုံးသွားခြင်းဖြစ်၏။ ကျည်ဆန်သည် ကိုယ်တွင်းသို့ ဝင်သွားကာ လက်ဝဲဘက် အဆုတ်ကို ဖောက်ထွက်သွား၏။ ထို့နောက် နှလုံးကို ဖြတ်သန်းသွားကာ ခန္ဓာကိုယ် ရင်ရိုးကြားထဲတွင် ညပ်နေသို့ရာတွင် ပုလိပ်မှာ ဘာသံမျှ မကြားရသဖြင့် အသံတိတ်ကိရိယာ "တပ်ထားသော သေနတ်ဖြင့် ခပ်လှမ်းလှမ်းမှ နေ၍ ပစ်ခြင်းဖြစ်သည်ဟု ယူဆစရာ ဖြစ်နေ၏။ 

          အဲလဗတ်ကင်ပီယန်သည် ထိုသတင်းကို ဖတ်နေသည့်တိုင် စိတ်ဝင် စားခြင်း မရှိလှ။ ပူလောင် အိုက်စပ်နေရသည့် အထဲတွင် အဖြစ်အပျက် ကလည်း ဘာမျှ ထူးထူးခြားခြား မရိုးကင်ပီယန်သည် ကြမ်းပေါ်တွင် ခြေ ဆင်းထိုင်ရင်း သတင်းစာကို စိတ်မပါ့တပါနှင့် ဖတ်နေသည်။

          ဒီလိုပဲ သေနေကြတာပါဗျား သိပ်မဆန်းတော့ပါဘူး” - ဟုပြောကာ အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက်မှ

          “အလို နေရာကတော့ တကယ့်နေရာပဲရံ့၊ ဗက်းရှင်းလမ်း ဆိုပါ ကလား၊ ကျရီ၊ ခင်ဗျားကော အဲဒီလမ်းကို ရောက်ဖူးသလား”

         ကျွန်တော်က သူ့အမေးကို မဖြေ။ လူတစ်ယောက် သေသွားသည့် | အတွက် စိတ်မကောင်း ဖြစ်နေသည်။

          ခဏကြာလျှင် စတန်စလားအုတ် ရောက်လာကာ ထိုအမှုနှင့် ပတ် သက်၍ အသေးစိတ်ပြောပြသည်။ အုတ်သည် ညနေလေးနာရီလောက် ကင်ပီယန်ကို လာရှာခြင်း ဖြစ်၏။ ထိုစဉ်က အုတ်မှာ စုံထောက်အစပက် တော်ဖြစ်ပြီး အရေးအကြောင်းရှိလျှင် ကင်ပီယန်ဆီသို့ လာ၍ ခိုင်ပင်လေ့ ရှိသည်။ သူတို့နှစ်ယောက် ဆက်ဆံရေးမှာ တော်တော်ထူးဆန်းသည့်ဆက် ဆံရေးဖြစ်၏။ ကင်ပီယန်သည် အပျော်တမ်းအလွတ်စုံထောက်ဖြစ်ပြီး အုတ်၊ မှာ ဝါရင့်စုံထောက်အင်စပက်တော်ကြီး ဖြစ်သည့်တိုင် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လေးစားစွာ ဆက်ဆံလေ့ရှိကြ၏။

         အက်သည် အရေးတကြီးဖြင့် ပေါက်လာ၏၊

          'ခင်ဗျားအနားတွင် ဖြစ်တဲ့အမှုပဲဗျ။ အမှုကတော့ တော်တော် ထူးဆန်းတဲ့ အမှု

ဟုဆိုကာ အုတ်သည် ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။

          " သူတို့နှစ်ယောက်သည် အပူရှိန်ကြောင့် စကားမပြောနိုင်ကြသေးဘဲ အတန်ကြာမျှ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အုတ်က

          “အမှုက အောက်တန်းစား ရာဇဝတ်မှုပါ။ လူဆိုးဂိုဏ်းချင်း ပစ် ကြ ခတ်ကြတာ ခင်ဗျားတို့ကတော့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပဲ။ ဒါပေမယ့် ကျွန်တော့် အဖို့တော့ စိတ်မဝင်စားလို့ မဖြစ်ဘူး၊ ပထမ အကြောင်းက လူသတ်သွားတယ်လို့ အစွဲခံရတဲ့သူဟာ ဒီလိုလုပ်မယ့် လူစား မျိုး မဟုတ်ဘူး ဒုတိယအကြောင်းကတော့ ကောင်မလေးနဲ့ ပတ်သက်လို့ ကျွန်တော်တွက်တာ မှားသွားတယ်။ ဒီနှစ်ချက်ကြောင့် ဒီအမှုကို ကျွန်တော် စိတ်ဝင်စားတာ ဟောဒီ ကောင်မတွေဟာ ဒီအတိုင်းချည်းပဲဗျာ။ ဘယ်တော့ မှ စိတ်မချရဘူး

          အုတ်ကကျိုးဆက်ဖင်းဆိုသည့် မိန်းကလေး တစ်ယောက် အကြောင်း - ကို ပြောပြ၏။ကျွန်တော်ကိုယ်တိုင်မှာ သူပြောသည့် မိန်းကလေးကို တစ် ခါမျှမမြင်ဖူးပါ။ ကျွန်တော်တို့ နှစ်ယောက်သည် အင်စပတ်တော်ခုဟ်ပြော သည့် စကားများကိုသာ နားထောင်နေကြသည်။ .

         အုတ်၏ အပြောအရ ဂျိုးဆက်ဖင်းဆိုသည့် မိန်းကလေးမှာ နိုဗန် ဆိုသည့် ခေါင်းတစ်ယောက်၏ အိမ်မှ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိရ၏။ခပ်ပိန်ပိန်၊ ရင်ပြားပြား၊ ဆံပင်နက်နက်,မျက်နှာရှည်ရှည်နှင့်ဖြစ် သည်။ ဝတ်စားဝတ်လျှင် အင်္ကျီများကို ဝတ်တတ်ပြီး ရွှေကြီး၊ ရွှေ လက်ဝါးကပ်တိုင်၊ ရွှေရင်ထိုး စသည်တို့ကို ဝတ်လေ့ရှိ၏ ။ အသက်မှာ နှစ် ဆယ်ခန့် ရှိလေပြီ။ ။

          ဒိုနိုပန်မှာ အသက် သုံးဆယ့်ငါးနှစ်ခန့် ရှိပြီး ထောင်လည်း ဆယ်နှစ် ကျခဲ့ဖူးသည်။ လုယက်မှုနဲ့ အောင်ဆယ်နှစ် ကျဖူးတယ်ဗျာ။ သူလွတ်လာလို့ကောင်မလေးနဲ့ တွေ့တော့ ကောင်မလေးက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ် အဲဒီကတည်းက ကောင်မလေးကို အပိုင် သိမ်းထားလိုက်တာပဲ”

          ကျွန်တော်တို့သည် သူ့စကားများကို စိတ်ဝင်စားစွာ နားထောင်နေ ကြသည်။ ထိုစဉ် အုတ်က ဂျွန်နီဂိလ်ချစ် အကြောင်းကို ဆက်ပြော၏။ ဇန်နီမှာ သေသူ၏ အမည်ဖြစ်သည်။

          သူ့အဆိုအရ ဂျွန်နီနှင့် ဂျီးဇက်ဖင်းတို့နှစ်ယောက် ချစ်နေကြ ကြောင်းဖြင့် ပြောပြသည်။

         ကျွန်တော်လည်း..ဒီလောက် စိတ်ကူးယဉ်တတ်တဲ့ လူတစ်ယောက် တော့ မဟုတ်ပါဘူးဗျာ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ကိုကြည့်ပြီး အချစ်ဆိုတာ တော်တော်တန်ခိုးစွမ်းပကားကြီးတဲ့ အရာပါလားလို့ သဘော ပေါက်သွားတယ်'

         အင်စပက်တော်အုတ်သည် စကားကို ဖြတ်၍ ပြုံးလိုက်ရင်း

          မိန်းမစိတ်များ။ ဘယ်လောက် ဆန်းကြယ်သလဲဆိုရင် သူနဲ့ကြိုက် နေတဲ့ ဂျွန်နီသေသွားတာကိုတော့ ရင်ခွဲရုံအထိအလောင်းကို လာကြည့်တယ်။ ဒါပေမယ့် ဂျွန်နီကို သတ်တဲ့ လူသတ်သမားကျတော့ အဲဒီအချိန်တုန်းက လူသတ်သမားဟာ ဒီမှာ မရှိပါဘူးလို့ ပြောပြီး လူသ်သမားကို အကော အကွယ်ပေးပြန်သဗျ၊ ထားပါလေ၊ သူ့သက်သေ ထွက်ချက်က ဒီလောက် အရေးမကြီးဘူးပဲ ထားပါ၊ ကျွန်တော်ပြောချင်တာက မိန်းမတွေ စိတ်ဆန်း ကြယ်ပုံကို ပြောတာပါ”

          ကင်ပီယန်က စိတ်ဝင်စားစ ပြုလာကာ

          အသေးစိတ်ကလေးတွေ ပြောစမ်းပါဦး၊ ကျွန်တော်တို့က ညနေ သတင်းစာကိုပဲ ဖတ်ရသေးတယ် ညနေထုတ်ထဲမှာ သိပ်စုံစုံလင်လင် မပါ အင်စပက်တော် အုတ်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်း ကြည့် လိုက်ရင်း ... - ဒီအကြောင်းကို ပြောရတာ တော်တော် စိတ်ပျက်စရာကောင်းတယ်

          အဖြစ်အပျက်က ဘာမှ မဆန်းဘူး၊ ဒါပေမယ့် မဆန်းဘဲနဲ့ ခက်နေ တယ်၊ ဒါကြောင့် ခင်ဗျားဆီကို ကျွန်တော်လာခဲ့တာ ကျွန်တော်နဲ့ အတူ သိုက်ပြီး အချင်းဖြစ်တဲ့ နေရာကို ကြည့်စေချင်တယ်၊ ကြည့်နိုင်လား .

          အပူရှိန်ပြင်းလွန်းသည့်အတွက် အားလုံး ငြိမ်သက်နေကြသည်။ အင့် စပက်တော် အုတ်သည် -မြေတစ်ချောင်းကို ကောက်ကိုင်ကာ ကိုယ်ဟန်ပြ မယ် ထိုင်လေ့ရှိသည့် ကုလားထိုင်ပေါ်တွင် ကောက်ဖြစ်ပြလိုက်၏။

          “ဟောဒါက ဗက်ကေးရှင်းလမ်းအလျားကတော့ တစ်မိုင်နီးပါး က် ရှိမယ်။ အဲဒီ လမ်းမတစ်ဝိုက်မှာ ကုန်လှောင်ရုံကြီးတွေပဲ ရှိတယ်။ ခု ကျွန်တော် ဆွဲပြတဲ့ နေရာက သဲတွေထည့်ထားတဲ့ ပုံကြီး၊ အဲဒီ သိပ္ပံ ကြီးဟာ ပုလိပ်နှစ်ကျော်ကာန်ကျတဲ့ ရပ်ကွက်နှစ်ခုကို ပိုင်းထားတဲ့ နေရာ ဗျာ သဲပုံနဲ့ ဒီဘက်မှာ ပုလိပ်တစ်ယောက် ဟိုဘက်မှာ ပုလိပ်တစ်ယောက် အဲဒီ သဲပုံးကနေပြီး လက်ဝဲဘက်ကို ဆယ်ကိုက်လောက် သွားလိုက်ရင် မီး

          သွေးကျင်းလမ်းကို ရောက်တယ်မီးသွေးကောင်းလမ်းဆိုတာက တစ်ဘက်ပိတ် | လမ်းကြားကလေး၊ လမ်းဘေး တစ်ဖက်တစ်ချက်မှာ ကုန်လှောင်ရုံကြီးတွေ နောက်ကျောရှိတယ်။ ,

          အဲဒီလမ်းထိပ်အဆုံးမှာ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင် ရှိ တယ်လက်ဖက်ရည်ဆိုင်က အလင်းဆိုင်ခင်ဗျ၊ အဲဒီနားမှာ စာပုံနှိပ်တိုက် ကြီး နှစ်တိုက်လောက်ရှိတယ်ဗျ။ အဲဒီက အလုပ်သမားတွေ လာလာပြီး လက် ဖက်ရည် သောက်တတ်ကြတယ်၊ လက်ဖက်ရည်ဆိုင်ကတော့ တရားဝင် ဗန်းပြထားတဲ့ အလုပ်ပေါ့လေ၊ အမှန်ကတော့ လက်ဖက်ရည်ဆိုင်ဟာ နိုနို ဗန်ရှုဌာနချုပ်၊ သူ့ဒုစရိုက်ဌာနချုပ်၊ ဂျိုးဇက်ဖင်းက အဲဒီဆိုင်မှာ ဆိုင်ထိုင် ရတာခင်ဗျ။ ကောင်မလေးခမျာမှာ တစ်နေ့လုံး ဆိုင်ထိုင်ရတာ ခင်ဗျ။သူ့ကို ကြည့်လိုက်ရင် အဲဒီမှာလည်းပဲ အမြဲတမ်း ငုတ်တုတ်တွေ့ရတယ်” ။

          အုတ်က စကားရပ်လိုက်၏။ ကျွန်တော်သည် သူသည့် စကား များကို နားထောင်ရင်း ပူလောင်အိုက်စပ်သည့်ညဉ့်ကိုပင် မေ့လျော့သွားကာ သူပြောသည့် ဆိုင်ထိုင်ကောင်မလေး ဂျိုးဇက်ဖင်းကို မြင်ယောင်နေသည်။

         ခဏကြာလျှင် အင်စပက်တော်အုတ်သည် စကားကို ဆက်ပြော နေသည်။

         အဲဒီ လက်ဖက်ရည်ဆိုင်မှာ အပေါ်ထပ် ထပ်ခိုးကလေး တစ်ခု ရှိ တယ်ဗျ၊ ဒုတိယ အထပ်မှာ ဆိုပါတော့၊ အဲဒီ ကျွန်တော့်တို့ မိတ်ဆွေကြီး ခိုနိုဗန်က ညနေဆိုရင် အဲဒီမှာ စခန်းချတယ်။ သူ့မှာလည်း သူ့ အပေါင်း အသင်းနဲ့ သူဆိုပါတော့လေ၊ ဒီတော့ သူ့ကို ကျွန်တော်တို့ အလစ်ဝင်ဖမ်း မှာပဲ'

' ;

          အင်စပက်တော်ဘုတ်သည် သူဆွဲထားသည့် ပုံကြမ်းကို ကြည့် ၎၏၊ ထို့နောက် သဲပုံလုပ်ထားသည့် ခုံနှင့် တစ်ပေအကွာလောက်တွင် ်လိုက်ပြီးလျှင် မြေနှင့် ဝိုင်းပြလိုက်ကာ .

         ဂျွန်နီ သေနေတဲ့ နေရာက ဒီနားမှာ ပုလိပ်က ဒီနေရာတည့်တည့် အရှိနေတယ်။ အဲဒီကနေပြီး ဂျွန်နီဟာ လမ်းဓာတ်မီးတိုင်နားရောက်တော့ ဆိုင်ဘီးယိုင်တိုင် ဖြစ်ပြီး လဲကျသွားတာကို မြင်လိုက်ရတယ်။ ဒါနဲ့ သူက ဆိုဘက်ရပ်ကွက်ထဲမှာ ရပ်နေတဲ့ ပုလိပ်ကို လှမ်းခေါ်ပြီး သူနာပြုကားတစ် ဆို ခေါ်လိုက်တယ်။ ဒီအထိတော့ ပြဿနာ ဘာမှ မရှိသေးပါဘူး။ လွယ် တယ်။ ဒါပေ့မယ့် စဉ်းစားစရာ တစ်ချက်ရှိတယ်။ ပထမတစ်ချက် စပစ် ဗိုက်တုန်းက ဒိုနိုဗန်ဟာ ဘယ်ရောက်နေသလဲ၊ ဘယ်နားကနေပြီး ပစ်တာဆိုတဲ့အချက်ပဲ၊ အဲဒီအချိန်တုန်းက လမ်းထဲမှာ ပုလိပ်နှစ်ယောက် ရှိနေ တယ်နော်။ ဒါကို ခင်ဗျား သတိထားပါ။ သေနတ်ပစ်မှု စဖြစ်တဲ့ အချိန် တုန်းက နဲထရိလမ်းက ပုလိပ်တစ်ယောက်က ကုန်လှောင်ရုံကို ပတ်ပြီး တ်တရောင် လှည့်နေတယ်။ ဒါပေမယ့် ဖိလစ်ကုတ်လမ်းက ပုလိပ်ကတော့ နားတစ်ဝိုက်မှာ ရှိနေတယ်။ အချင်းဖြစ်တဲ့ နေရာနဲ့ ကိုက်လေးဆယ် စောက်ပဲ ဝေးတယ်။ ဂျွန်နီ လဲကျသွားတာကို သူပဲ မြင်လိုက်တာပဲ။ ဒါပေ ဆို သေနတ်ပစ်သံတို့ ဘာတို့တော့ မကြားလိုက်ရဘူးတဲ့၊က်..ဒီတော့ ထွန်တော်သိချင်တာက သေနတ်ကို ဘယ်က ပစ်လိုက်တာလဲ၊ လမ်းတစ်ခုမှာလည်း ပုန်းကွယ်ရာဆိုလို့ တစ်နေရာမှ မရှိဘူး။ ဒိုနိုဗန်ဟာ လက်ဖက် ည်ဆိုင်ထဲက ဘယ်တုန်းက ထွက်လာလဲ၊ ဘယ်လို ထွက်လာခဲ့သလဲပြီး တော့ ဘယ်လိုလုပ်ပြီး လက်ဖက်ရည်ဆိုင်ထဲကို ပြန်ရောက်သွားတာလဲ။ အမ်ဘေး တစ်ဖက်တစ်ချက်မှာရှိတဲ့ ကုန်လှောင်ရုံ နံရံကြီးတွေက ကွန်ကရစ် နဲ့ အထူကြီးတွေဖူး၊ ဘေးက တွယ်ပြီးတက်လာလို့လဲ မရဘူး။ အမိုးပေါ်က ဝတ်လာဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ကုန်လှောင်ရုံ အမိုးကြီးတွေက အမြင့်ကြီးတွေ၊ လက်ဖက်ရည်ဆိုင်က အသက်ကယ်လှေကလေး လိုဖြစ် နေပြီး၊ ကုန်လှောင်ရုံကြီးတွေက ဖင်လယ်ကူးသင်္ဘောကြီးတွေလို ဆိုတော့ ဆယ့်နှယ်လုပ်ပြီး ဂျွန်နီကို သေနတ်နဲ့ ပစ်သလဲဆိုတဲ့ အချက်ပဲ။ ဒါကို ဇွန်တော် စဉ်းစားလို့ မရဘူး ။

          ဒါကတော့ သူပစ်တာ မဟုတ်ဘူးလို့ပဲတွေးစရာ ရှိတော့တာ” | ဟု ကျွန်တော်က ပြောလိုက်၏။ အုတ်သည် ကျွန်တော့်ကို သနား သလို လှမ်းကြည့်လိုက်ကာ

          နီနိုဗန်ကို ကျွန်တော် ကောင်းကောင်းသိတာပေါ့၊ အင်္ဂလိပ်လူမျိုး ထဲမှာ သေနတ်ကိုင်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ နိုဗန်ဟာ နယူးယောက်မှာ သူ့ဂိုဏ်းသားတွေနဲ့အတူ ဆောင်ငါးနှစ်ကြုံခဲ့ဖူးတယ်။ အဲဒီလို အပူတစ်ခု ကျူးလွန်ပြီးတယ်ဆိုရင် ဒီနိုဗန်ဟာ တော်တော်လေး ငြိမ်ကျသွား ပြီး ဘာမှလည်း ကောင်းကောင်းမွန်မွန် မလုပ်တော့ဘူးတဲ့။ ဂျွန်နီက သူ့ ဂိုဏ်း သားတွေထဲက တစ်ယောက်လေ၊ ဒီတုန်းမှာ ဂျွန်နီက ကောင်မလေးနဲ့ဖြစ်ရော ဖြစ်ရုံတင် မကဘူး၊ ဂိုဏ်းကိုလည်း ကလန်ကဆန် လုပ်လာတာကိုး၊ ဒီတော့ ဒိုနိုဗန်ဘက်က နေပြီး ကြည့်ရင် သူ့မှာ နှစ်ထပ်ကွမ်း အစော်ကား ခံရသလို ဖြစ်နေတာပေါ့၊ ကောင်မလေးကိုလည်း အလုခံလိုက်ရသေးတယ်။ သစ္စာဖောက်တာကိုလည်း ခံလိုက်ရသေးတယ်ဆိုတော့ နာမယ်ဆိုရင်လည်း နားစရာပေါ့"

          အုတ်က ခဏရပ်၍ ပြုံးလိုက်သည်။" '

          ဒီတော့ ဒိုနိုဗန်ဘက်ကနေပြီး ကြည့်မယ်ဆိုရင် ဂျွန်နီကို အပြတ် ရှင်းရမှာပဲ၊ မရှင်းဘဲနေလို့ မဖြစ်ဘူး၊ ခု ရှင်မလား နောင်ရှင်းမလား၊ အချိန် ကိုပဲ ရွေးရမှာပဲ၊ သူ့ဂိုဏ်းသားတွေ အားလုံးကလည်း ဂျွန်နီကို ရှင်းမယ်လို့ မျှော်လင့်နေကြတယ်။ ဒီပြင် ဂိုဏ်းတွေကလည်း ဂျွန်နီ ကိစ္စကို သူဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြတယ်။ ဒီနိုဗန်ကလည်း ဂျွန်နီဆိုတဲ့ ကောင် နောက်တစ်ခါ ဆိုင်ထဲကို လာရဲလာကြည့်၊ အဲဒီအခေါက်ဟာ ဆိုင်ကို သူနောက်ဆုံး အခေါက်လာတာ ဖြစ်ရစေ့မယ်လို့ ကြိမ်းထားတယ်။ ဒါနဲ့ မညဉ်တုန်းကတော့ ဂျွန်နီကလည်း ရောက်လာတယ်၊ ဂျွန်နီကို မြင်တော့ကောင်မလေးက မြန်မြန်ထွက်သွားဖို့ ပြောတယ်။ ဒီတွင် ဂျွန်နီလည်း လမ်း ကြားကလေးထဲက ပြန်ထွက်လာခဲ့တယ်။ လမ်းချိုးရောက်တော့ ကွေ့ပြီး လမ်းမအတိုင်း လျှောက်လာခဲ့တယ်။ အဲဒီလို လျှောက်လာတုန်းမှာ ဒီနိုဖန် က ပစ်သတ်တာပဲ။ ဒီမှာ ကင်ပီယန် တစ်ခြားနည်း ဘယ်နည်းနဲ့မဖြစ် နိုင်ဘူး၊ ဒီနည်းပဲ ဖြစ်ရမှာပဲ၊ ဆရာဝန်ကတော့ ပွဲချင်းပြီး သေတာပဲဖြစ်ရမယ်တဲ့။ သေသူဟာ ကျည်ဆန်မှန်ပြီး သုံးလေးလှမ်းအပြင် မလျှောက်နိုင် တော့ဘဲ လဲကျသွားတာတဲ့၊ နောက်ကျော တည့်တည့်ကို ကျည်ဆန်မှန်သွား တာတဲ့။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)