Skip to product information
1 of 4

Other Websites

မြသန်းတင့် - တဂိုး၏၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နှောင်ဖွဲ့တွယ်တာ

          ဥလာပူရွာကလေးသည် စာတိုက်ဗိုလ်ကြီး ပထမဆုံး အလုပ်စ ဝင် | ရသည့် ရွာကလေး ဖြစ်၏။ မထင်မရှာ သေးသိမ်သည့် ရွာငယ် ဇနပုဒ် ကလေး ဖြစ်ပါသည်။ သို့ရာတွင် ထိုရွာကလေး၏ အနီ တွင် မဲနယ်စက်ရုံ တစ်ရုံ ရှိသည်။ မဲနယ်စက်ရုံပိုင်ရှင် ဥရောပတိုက်သာ ၏ ကြိုးပမ်း အား ထုတ်မှုဖြင့် ထိုရွာကလေးတွင် စာပို့တိုက်တစ်ခု ရှိလာခြင် ဖြစ်သည်။

          စာတိုက်ဗိုလ်ကြီးမှာ ကာလကတ္တားမှ ဖြစ်လေသည်။ မြို့ကြီး ပြကြီးမှ ရွာကလေးသို့ ရောက်လာသည့်အခါတွင် စာတိုက်ဗိုလ်ကြီးသည် ကုန်းပေါ်တွင် ရောက်နေသည့် ငါးတစ်ကောင်လို ဖြစ်နေသည်။ သူ စာတိုက် လုပ်ထားသည့် | နေရာကလေးမှာ မည်းမှောင်နေသည့် သက်ငယ်မို၊ အိမ်ကလေးတစ်လုံး ဖြစ်ပြီး အနီးတွင် တောအုပ်တစ်ခုနှင့် ကျူပင်တို့ ပေါက်နေသော ရေကန် တစ်ကန်ရှိသည်။ မဲနယ် စက်ရုံ မန်နေဂျာနှင့် အလုပ်သမားများ မှာ အချိန် အားသည် ဟူ၍ မရှိ။ ထို့ပြင် သူ့လို မြို့ကြီးသား လူကြီးလူကောင် တစ်ယောက်အဖို့ အပေါင်း အဖော် လုပ်၍ ရဖွယ်လည်း မမြင်။ သို့ဆိုသဖြင့် ကာလကတ္တား မြို့ကြီးသာသည် အပေါင် အသင် မဆုံသောကြောင့်တော့ မဟုတ်ပါ။ သူ မရောက်ဖူးသည့် နှယ်စိမ် ပယ်စိမ် တွင် အထာမကျ သောကြောင့် တစ်ယောက်တည်း ဘဝင်မြင့် အထာမကျသလို ဖြစ်နေခြင်း ဖြစ်ပေသည်။

          သူ့စာတိုက်တွင် အလုပ်ရယ်လို့လည်း များများ စာ စာ မရှိပါ။ စာ တိုက်ဗိုလ်ကြီးသည် တစ်ခါတစ်ရံတွင် ကဗျာ အတိုအစကလေးတွေကို စပ် ပါသည်။ သူ့ကဗျာများမှာ ငယ်စဉ်က ကြည်နူးလွမ်းမောစရာ အကြောင်း များကို ဖွဲ့ဆိုထားသည့် ကဗျာများ ဖြစ်ပါသည်။ ပုရစ်ဖူးကလေးတွေ ရွက်နုသစ်ကလေးတွေ ဝေစ၊ သစ်ပင်များပေါ်တွင် သစ်ရွက်နုကလေး တွေ လေတိုးသဖြင့် တီးတိုး စကားဆိုသံ၊ ကောင်းကင်တွင် တိမ်တိုက်တွေ ရွက်လွင့် နေကြပုံ စသည်တို့ ဖြစ်ပါသည်။ တစ်ထောင့်တစ်ည ပုံပြင်ထဲက ဘီလူး ကြီး တစ်ကောင်က သစ်ပင်တို့ကို ဆွဲနုတ်ပစ်ပြီး ကတ္တရာစေးလမ်းကြီးတွေ မိုးထိတိုက်ကြီးတွေကို သည်နေရာတစ်ဝိုက်တွင် လာ၍ နေ့ချင်း ညချင်းဆောက်ပေးလိုက်လျှင်မူ တစ်ပိုင်းသေနေသော စာတိုက်ဗိုလ်ကြီး၏ ဘဝသည် ချက်ချင်း စိုပြည်လန်းဆန်းလာမည် ထင်ပါသည်။

          စာတိုက်ဗိုလ်ကြီး လခမှာ လွန်စွာ နည်းပါးပါသည်။ စာတိုက် ဗိုလ်ကြီးသည် ထမင်းကို ကိုယ်တိုင်ချက်ပြုတ်၏။ သို့ရာတွင် အခြား အိမ်မှု ကိစ္စတို့ကိုကား ရွာထဲမှ မိဘမဲ့ ကောင်မလေး တစ်ယောက်က လာလုပ် ပေးသည်။ လုပ်ခအဖြစ် သူ့ကို ထမင်းကျွေးရသည်။ ကောင်မလေး၏ အမည်မှာ ရာတန်းဖြစ်ပြီး အသက်မှာ ၁၂ နှစ် ၁၃ နှစ်ခန့် ရှိလေပြီ။ သူ့ ကို ယူမည့် ယောက်ျားဆို၍လည်း ရှိဟန် မတူပါ။ ။

          ညနေ သူ အနားယူသည့် အချိန်တွင် ရွာထဲရှိ နွားတင်းကုပ်များမှ မီးခိုးတို့ တလူလူ ထွက်စပြုလေပြီ။ များထဲတွင် ပုရစ်တွေ မြည်နေကြသည်။ အဝေးရွာဘက်ဆီမှ ဗုံသံ၊ ယကွင်းသံနှင့် စူးရှကျယ်လောင်သည့် သီချင်း ဆိုသံများကို ကြားရသည်။ ထိုနောက် အမှောင်ထဲတွင် တစ်ယောက်တည်း ထိုင်သည်။ သစ်ရွက်လှုပ်သံကြားလျှင် ကဗျာဆရာသည် ရင်ခုန်ချင်သလိုလို ဖြစ်ရသေးသည်။ စာတိုက်ဗိုလ်ကြီးသည် အားနည်းသော မှန်အိမ်ကလေး တစ်လုံးကို အခန်းထောင့်တွင် ထွန်းလိုက်ပြီး “ရာတန်း-ရာတန်.” ဟု အော်ခေါ် လိုက်သည်။ အခန်းပြင်ဘက်တွင် အဆင်သင့်စောင့်နေသည့် ကောင်မလေး သည် သူ့ခေါ်သံကို ကြားသည့်တိုင် တစ်ခွန်းခေါ်ရုံဖြင့် ရောက်မလာသေး။ နှစ်ခွန်းလောက်ခေါ်မှ ရောက်လာတတ်သည်။

         “လာပါပြီ၊ ဒါဒါဘာဘူး” “နင် ဘာလုပ်နေတာလဲ” “မီးမွှေးနေတယ်ရှင့်

          “နောက်မှလုပ်၊ ငါ့တမာကူအို ကို ယူခဲ့စမ်း”

          ခဏကြာလျှင် ရာတန်းသည် ပါးတွေ ဖောင်းနေအောင် တမာကူ | အိုးထဲက မီးခဲများကို တဟူးဟူး မှုတ်ရင်း ရောက်လာသည်။ စာတိုက် ဗိုလ်ကြီးသည် သူ့လက်မှ တမာကူအိုးကို လှမ်းယူရင်း အမှတ်မထင်ဖြင့်

         “ဟဲ့ ကောင်မလေး၊ နှင့်အမေကို မှတ်မိသေးလား” ဟု မေးသည်။

         ဤသည်မှာ ဇာတ်လမ်းရှည်ကြီး၏ အစ ဖြစ်သည်။ ရာတန်းသည် သူ့ဘဝ ဇာတ်လမ်းတချို့ကို မှတ်မိသည်။ အချို့ကိုမူ သတိမရတော့။ သူ့ အဖေကိုတော့ နည်းနည်း မှတ်မိသည်။ ယင်းမှာ အဖေက သူ့ကို အမေက ချစ်သည်ထက် ပိုချစ်သောကြောင့် ဖြစ်သည်။ အဖေသည် တစ်နေကုန် အလုပ် ပင်ပင်ပန်းပန်း လုပ်ပြီးလျှင် အိမ်သို့ ပြန်လာတတ်သည်။ ထိုညနေ ခင်းများကို ရာတန်း ကောင်းကောင်း မှတ်မိနေသည်။ ရာတန်းသည် စကား ပြောရင်း စာတိုက်ဗိုလ်ကြီး၏ ခြေရင်း ကြမ်းပြင်ပေါ်တွင် အသာထိုင်သည်။ သူ့မောင်ငယ်လေးအကြောင်းကို ပြောပြသည်။ မိုးတွေ သည်းထန်စွာ ရွာသည့် တစ်နေ့တွင် သူတို့ မောင်နှမ နှစ်ယောက်သည် ရေအိုင်ကလေး တစ်အိုင်အနီး တွင် ထိုင်ပြီး သစ်ကိုင်း ခြောက်ကလေးဖြင့် ငါးမျှားတမ်း ကစားနေကြသည်။ ရာတန်း ထိုအဖြစ်အပျက်ကလေးကို အခြားသော အဖြစ်အပျက်များထက် ပို၍ မှတ်မိသည်။ ထိုသို့ စကားကောင်းနေကြပြီဆိုလျှင် သူတို့သည် တော်တော်နှင့် ထမင်းမစား ဖြစ်ကြတော့။ စာတိုက်ဗိုလ်ကြီးမှာ ပျင်းသဖြင့် ထမင်းဟင်း မချက်ချင်။ ထိုအခါတွင် သူ့အတွက် ရာတန်းသည် မီးဖိုပြီး ရီမုန့် လုပ်သည်။ ထိုနောက် မနက်က ကျန်သည့် ဟင်းဖြင့် စားလိုက် ကြသည်။

          တစ်ခါတလေတွင်လည်း စာတိုက်ဗိုလ်ကြီးသည် အခန်းထောင့်ရှိ သစ်သား ခွေးခြေကလေး တစ်လုံးပေါ်တွင် ထိုင်ကာ သူ့အိမ်အကြောင်း၊ သူ့ညီလေး၊ ညီမငယ်အကြောင်း၊ သူ့အမေ အကြောင်းတို့ကို ပြောပြ တတ်သည်။ တစ်ရပ် တစ်ရွာတွင် လာနေသဖြင့် သူ့အိမ်ကို တော်တော် | လွမ်းပုံရသည်။ စာတိုက်ဗိုလ်ကြီးသည် သူ့မိသားစုကို အမြဲလိုလို သတိရ နေသည်။ သို့ရာတွင် ထိုအကြောင်းများကို မဲနယ်စက်ရုံမှ အရာရှိများကို ပြောပြခြင်း မပြုပါ။ စာမတတ် ပေမတတ် တောက သူငယ်မလေးကို ပြောပြရခြင်းမှာ အကြောင်း မဟုတ်ပါ။ စာတိုက်ဗိုလ်ကြီး၏ စကားတို့ကို နားထောင်ရဖန် များသည့်အခါတွင် ရာတန်သည် စာတိုက်ဗိုလ်ကြီး၏မိသားစုဝင်များကို သူခေါ်သလိုပင် အမေ၊ မောင်လေး၊ ညီမလေ ဟု တရင် တနှီး ခေါ်မိသည်။ သူ့စိတ်ကူ ဖြင့် သူတို့ ရုပ်ပုံများကို သူမှန်းကြည့်သည်။

          မိုးဥတု နေသာသည့် တစ်နေ့တွင် လေညင်းက တသုန်သုန်တိုက် နေသည်။ နေခြည်ထဲတွင် မြက်ခင်းတို့က စိမ်းစိုနေကြသည်။ သစ်ပင် များဆီမှ သစ်ရွက်နံ့သည် မွှေးထုံနေသည်။ လေးဘွဲ့ သော မြေကြီး၏ ထွက် သက်သည် ပူနွေးမွှေးပျံ့နေသည်။ ခေါင်းမာသည့် ငှက်တစ်ကောင်သည် ခပ်ဝေးဝေးမှ လေးတွဲတွဲ တေးသံတစ်ခုကို ထပ်ပြန်တလဲလဲ သီကျူးနေ , သည်။ စာတိုက်ဗိုလ်ကြီးမှာ အားနေသည်။ မိုးရေစိုစွတ်နေသည့် အရွက် အလက်များသည် တလက်လက်တောက်ပကာ လေထဲတွင် ကခုန်နေကြ သည်။ တိမ်တိုက်များသည် အရှုံးပေးသွားကာ ပြိုပျက်သွားသော မုန်တိုင်း / တစ်ခု၏ အကြွင်းအကျန်များသဖွယ် တစ်စစီ လွင့်မြောနေကြသည်။

          စာတိုက်ဗိုလ်ကြီးသည် ထိုရှုခင်းကို ကြည့်ရင်း ယခုနေ ချစ်သူ ခင်သူ တစ်ယောက်ယောက် ရှိလျှင် ကောင်းမှာပဲဟု စဉ်းစားနေမိလေသည်။ ခပ်လှမ်းလှမ်းမှ တေးတစ်ပုဒ်ကို အထပ်ထပ် သီဆိုနေသည့် ငှက်သည်လည်း သူ့လိုပင် ကြင်ဖော်ကို တောင့်တနေခြင်း ဖြစ်မည် ထင်သည်။ တဖျပ်ဖျပ် တုန်ယင်နေကြသော သစ်ရွက်များသည်လည်း ထိုနည်းတူပင် ရှိလိမ့်မည် ထင်သည်။ ချောင်ကျကျ ရွာကလေးတစ်ရွာရှိ လစာ နည်းနည်းသာ ရသည့် စာတိုက်ဗိုလ်ကလေးတစ်ယောက်တွင် ထိုမျှ စိတ်ကူးယဉ်သော အတွေးများ ရှိလိမ့်မည်ဟု မည်သူမျှ ထင်ကြမည် မဟုတ်ပါ။

         စာတိုက်ဗိုလ်ကြီးသည် “ရာတန်း” ဟု လှမ်းခေါ်လိုက်၏။ ရာတန်း ၊ သည် ခပ်လှမ်းလှမ်းရှိ သြဇာပင် တစ်ပင်အောက်တွင် လှဲရင်း မမှည့်သေးသော ဩဇာသီး တစ်လုံးကို စားနေသည်။ သခင်က လှမ်းခေါ်လိုက်သဖြင့် ရာတန်းသည် သူ့ထံသို့ လာ၏။

         ‘နှင့်ကို ငါ စာရေး စာဖတ် သင်ပေးမယ်လို့ စိတ်ကူးတယ်၊ ဘယ် နှယ်လဲ၊ သင်မလား' ဟု မေးသည်။

         သို့ဖြင့် ထိုနေ့ညနေ တစ်ညနေလုံး စာတိုက်ဗိုလ်ကြီးသည် ရာတန်း ကို ကကြီး ခခွေး သင်ပေးသည်။ ရက်အနည်းငယ်အကြာတွင်မူ ရာတန်းသည် စာလုံးပေါင်း၍ပင် ဖတ်တတ်လာလေပြီ။ ။

         မိုးနတ်သား၏ မိုးသီး မိုးပေါက်များကလည်း ရပ်သည်ဟူ၍ မရှိ ချောင်းများ၊ မြောင်းများ၊ ကန်များတွင် ရေတွေ ဖွေးနေလေပြီ။ နေ့ရောညပါ မိုးတွေ ရွာသံ၊ ဖားအော်သံတို့ဖြင့်သာ ဆူည်လျက် ရှိသည်။ လမ်းများမှာ ရေအောက် ရောက်ကုန်သဖြင့် ဈေးသို့ သွားလျှင် လှေဖြင့် သွားကြရသည်။

         တစ်မနက်တွင်မူ မိုးသည် အစောကြီး ရွာချလိုက်၏။ စာတိုက် ဗိုလ်ကြီး၏ တပည့်မ ရာတန်းသည် တဲတံခါးအဝတွင် ရပ်၍ အကြာကြီး စောင့်နေသည်။ အထဲမှ ခေါ်သံကို တော်တော်နှင့် မကြားရသဖြင့် ရာတန်း သည် စာအုပ်တွေ ထည့်ထားသည့် တောင်းကလေးကို ကောက်ပြီး တဲထဲသို့ အသာ ဝင်လာခဲ့သည်။ စာတိုက်ဗိုလ်ကြီးသည် သူ့ခုတင်ပေါ်တွင် အိပ်ပျော် နေသည်။ အနားယူနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရာတန်းသည် တဲပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်သည်။ ထိုစဉ် စာတိုက်ဗိုလ်ကြီးထံမှ အသံထွက်လာသည်။

         “ရာတန်း' ဟု လှမ်းခေါ်လိုက်သည်။ ရာတန်းသည် နောက်သို့ ပြန်လှည့်ကာ “ဒါဒါ ဘာဘူ အိပ်ပျော်နေသလားလို့”

         'ငါ ကောင်းကောင်း နေမကောင်းဘူး။ ငါ့နဖူးကို စမ်းကြည့်စမ်း” | ဟု လေသံ ဖျော့ဖျော့ဖြင့် ပြောသည်။

          သူ၏ ညှိုးငယ်စရာကောင်းသည့် အထီးကျန်ဘ၀။ မည်းမှောင်သည့် မိုးရာသီတွင် စာတိုက်ဗိုလ်ကြီးသည် လူတစ်ယောက်၏ ကြင်နာ ယုယမှုကို တောင့်တနေသည်။ ချစ်ချစ်တောက်ပူနေသည့် သူ့နဖူးပြင်ပေါ်သို့ လက် ကောက် ဝတ်ထားသည့် လက်ကလေးတစ်ဖက်၏ နူးညံ့သော အထိအတွေ့ကို သူ သတိရနေသည်။ စာတိုက်ဗိုလ်ကြီးသည် စိတ်မကောင်းဖြစ်ကာ သူ့ အမေနှင့် သူ့ညီမငယ်တို့ကို သတိရနေသည်။ သို့ရာတွင် သူ့ဆန္ဒသည် အချည်းအနှီး မဖြစ်ပါ။ ရာတန်းသည် ကလေးမလေး တစ်ယောက် မဟုတ် တော့ပါ။ ရာတန်းသည် အမေနေရာကို ယူကာ ဆေးဆရာကို ပြေးပင့်သည်။ သူ့ကို ဆေးတိုက်သည်။ စာတိုက်ဗိုလ်ကြီး၏ ခုတင်ဘေးတွင် တစ်ညလုံး ထိုင်စောင့်သည်။ ဓာတ်စာတို့ကို ချက်ပြုတ်ကျွေးသည်။ 'ဒါဒါဘာဘူ သက် သာရဲ့လား၊ နေကောင်းရဲ့လား” ဟု မကြာခဏ မေးသည်။

         ရက်ပေါင်းများစွာ ကြာသည့်အခါ၌ ပိန်ချုံးနေသော စာတိုက်ဗိုလ် ကြီးသည် နာလန်ထစ ပြုလာကာ အပြင်သို့ ထွက်စပြုလာသည်။ သည် ရွာကလေးတွင် ဆက်နေ၍ မဖြစ်တော့ပြီဟုလည်း ဆုံးဖြတ်လိုက်၏။ သို့ရာ တွင် သည်ရွာမှာ မနေချင်လျှင် အလုပ်ပြောင်းရွှေ့ဖို့ ကြိုးစားရလိမ့်မည်။

         စာတိုက်ဗိုလ်ကြီးသည် ထိုရွာတွင် ကျန်းမာရေးအတွက် နေထိုင်ရန် မသင့် လျော်ကြောင်း အကြောင်းပြကာ သူ့ကို တစ်နေရာသို့ ပြောင်းရွေ့ပေးရန် ကာလကတ္တားရှိ အထက်လူကြီးများထံ လျှောက်လွှာ တစ်စောင် ရေးလိုက် သည်။

          ရာတန်းမှာလည်း သူနာပြုစရာ မလိုတော့သောကြောင့် သူ့ထုံးစံ အတိုင်း စာတိုက်လုပ်ထားသည့် တဲကလေး အပြင်ဘက်တွင်သာ နေရလေသည်။ တစ်ခါတစ်ရံ စာတိုက်ဗိုလ်ကြီးကို လှမ်းကြည့်လိုက်သည့်အခါ ခုတင်ပေါ်တွင် လဲလျောင်း၍သော် လည်းကောင်း၊ ကုလားထိုင်ပေါ်တွင် ငုတ်ထုတ်ထိုင်လျက်သော် လည်းကောင်း တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသည်ကို တွေ့ရသည်။ ရာတန်းသည် သူ့ခေါ်သံကို စောင့်ဆိုင်း နေသလို စာတိုက်ဗိုလ်ကြီးသည်လည်း သူ့ပြောင်းရွှေ့မိန့်ကို စိတ်မရှည်နိုင် စွာ စောင့်ဆိုင်းလျက် ရှိ၏။ ရာတန်းသည် သူ့သခင်ခေါ်မည့် အချိန်ကို စောင့်ရင်း သူ့ပေးထားသည့် သင်ခန်းစာများကိုသာ ကျက်မှတ်လျက် ရှိ ၏။ တစ်ခါတစ်ရံတွင်လည်း စာများကို မှားဆိုမိလေ၏။ တစ်ညနေတွင်မူ သူ့သခင်က ရာတန်းကို လှမ်းခေါ်လိုက်လေသည်။ ရာတန်းသည် သူ့သခင် အနီးသို့ အပြေးအလွှားလာခဲ့ကာ 'ဒါဒါဘာဘူ၊ ကျွန်မကို ခေါ်သလား ။ “ဟုတ်တယ်၊ မနက်ဖြန် ငါ ပြောင်းရတော့မယ်” 'ဒါဒါဘာဘူ ဘယ်ကို သွားမှာလဲ” 'ငါ့အိမ်ကို ပြန်မှာပေါ့” “ဒါဒါဘာဘူ ဘယ်တော့ ပြန်လာမှာလဲ" 'ဘယ်တော့မှ ပြန်မလာတော့ဘူး”

         ရာတန်းသည် နောက်ထပ် ဘာမျှ မမေးတော့။ စာတိုက်ဗိုလ်ကြီး က နေရာ ပြောင်းခွင့်ပေးရန် လျှောက်ထားခဲ့ကြောင်း၊ အထက်မှ လူကြီး များက သူ့လျှောက်လွှာကို ပယ်ချလိုက်ကြောင်း၊ ထို့ကြောင့် အလုပ်မှ) ထွက်ပြီး အိမ်သို့ ပြန်တော့မည်ဖြစ်ကြောင်း ပြောပြသည်။

         သူတို့ နှစ်ယောက်သည် အချိန်အတန်ကြာမျှ စကားမပြောမိကြ၊ အခန်းထောင့်မှ မှန်အိမ်ကလေးသည် မှိတ်တုတ် မှိတ်တုတ် လင်းလျက်ရှိ ၏။ ဟောင်းအိုနေသော သက်ငယ် မိုးပေါက်မှ မိုးရေသည် စီးကျလာကာ အောက်တွင်ခံထားသည့် ကြွေအင်တုံထဲသို့ တစ်စက်စက် ကျနေသည်။

          ရာတန်းသည် ထိုင်ရာမှ ဖြည်းညင်းစွာ ထကာ ရိုတီးမုန့်ဖုတ်ရန် - မီးဖိုထဲသို့ ဝင်လာခဲ့သည်။ ယခင်ကလို သွက်လက်ဖျတ်လတ်ခြင်း မရှိတော့ပြီ။ မည်သည့် အတွေးမျိုး ဝင်နေသည် မသိပါ။ စာတိုက်ဗိုလ်ကြီး စားသောက်ပြီး သည့်အခါတွင် ရာတန်းသည် မေးခွန်းတစ်ခုကို ကောက်ကာငင်ကာ မေး လိုက်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)