Skip to product information
1 of 4

Other Websites

မြသန်းတင့် - စာရေးခြင်းအတတ်ပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာရေးဆရာဘာလဲ

          စာရေးဆရာတစ်ယောက်ရဲ့ ဘဝအစဟာ စာရေးချင်တဲ့စိတ် ဖြစ် တယ်။ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်လူတွေသို့မဟုတ်အရာဝတ္ထုတွေကို မြင်ပြီး သူတို့ ရင်ထဲမှာ ခံစားချက်တွေ ပေါ်လာကြတယ်။ ဒါမှမဟုတ်စိတ်ကူး တွေ ပေါ်လာတတ်ကြတယ်။ ဒီခံစားချက်၊ ဒီစိတ်ကူးတွေကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြသချင်လာကြတယ်။သူငယ်ငယ်တုန်းကစာရေးဆရာမာစယ်မချစ် ဟာ တစ်စုံတစ်ခုတွေ ဖုံးကွယ်နေတဲ့အလှကို ဖော်ထုတ်ချင်တယ်တဲ့။ငယ်ငယ် တုန်းက လှပတဲ့ပစ္စည်းတစ်ခုကို တခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင်တဲ့စိတ်မျိုး ပေါ်ခဲ့ တယ်တဲ့။ အဲဒီလို ဖုံးကွယ်ခံထားရတဲ့ အလှအပကို အကျဉ်းချခံထားရတဲ့ အလှ” လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းချခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက်အောင် လုပ်ပေးဖို့ စိတ်ဆန္ဒမျိုးဖြစ်တယ်ဆို တာသူ အဲဒီတုန်းကမသိခဲ့ဘူးတဲ့ ဟုတ်တာပေါ့။ အဲဒီတုန်းက ငယ်တုန်းဆိုတော့အမှန်တရားတို့ဘာတို့ဆိုတာ တွေကိုသူ ဘယ်နားလည်ဦးမလဲ။ ချုံနွယ်တွေ အောက်မှာသစ်သီးခြံတွေထဲမှာ လာဗျူးကနေခြည်ဝင်းပတွေထဲမှာအမှန်တရားရှိတယ်ဆိုတာ သူဘယ် နားလည်နိုင်ပါဦးမလဲ။ စာရေးဆရာ ဘားလ်ဇက်ကတော့ ငယ်ငယ်တုန်းက လုပ်ချင်တာအများကြီးရှိတဲ့ လူငယ်ကလေး တစ်ယောက်အဖြစ် သူ့ရုပ်ပုံကိုသူ ရေးခြယ်ပြသသွားပါတယ်။ ဗစ်တာဟူးဂိုး၊ ဘိုင်ရွန် ၊ မူဆေး၊ ဗာလေလို့ စတဲ့ ကဗျာဆရာကြီးတွေ၊ စာရေးဆရာကြီးတွေဟာ သူတို့ ငယ်ငယ်တုန်းကတည်းက ကဗျာတွေကို ရေးခဲ့ကြတယ်။ တစ်ခါတစ်ရံမှာလည်း စာရေးခြင်း | အလုပ်ဟာ နှောင်းမှ အသီးအပွင့်တွေ ဝေပြီး ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ရူဆိုး ဆိုပါတော့။ ဒါပေမယ့် ဒီလို အသက် ကြီးမှ စာရေးလာသည့်တိုင်အောင် ငယ်ငယ်တုန်းက လူမသိ သူမသိ ကျိတ်ပြီး ရေးခဲ့ကြလို့သာ နောင်မှာ စာရေးဆရာဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။ ။

           စာရေးချင်တဲ့ ဆန္ဒဟာ လူတချို့မှာသာရှိပြီး တခြားလူတချို့မှာ တော့ ဘာဖြစ်လို့ မရှိရတာလဲ။ ယေဘုယျကျတဲ့ တရားတစ်ခုအနေနဲ့ မဟုတ် သော်လည်း ပြောနိုင်တာ တစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ မိမိရဲခံစား ချက်ကို စာနဲ့ ရေးပြီး ဖော်ပြချင်တဲ့ဆန္ဒဟာ ဘဝရဲ့ အဆင်မပြေမှု၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းမပြုနိုင်တဲ့ အတွင်းပဋိပက္ခကို ကောက်ကာငင်ကာ လက်တွေ့ဖြေ ရှင်းလေ့ရှိသူများမှာတော့ အစစ်အမှန်ထဲက ရုန်းထွက်ပြီး သူ့ ခံစားချက်တွေကို စာနဲ့ ရေးပြဖို့ လိုတယ်လို့ ထင်လေ့မရှိကြပါဘူး။ ဒါကြောင့်မို့ ကမ္ဘာမှာ အတော်ဆုံးသောစာရေးဆရာများဟာ ကျန်းမာရေး ချို့တဲ့နေကြသူများ ဖြစ်နေ တယ် ထင်ပါတယ်။ (အါအာလန်ပိုး၊ မာပတ်ဖရုစ်၊ ဖလောသေး၊ ချက်ကော့ စသူတို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ထင်ပါရဲ့ စာရေးဆရာတော်တော်များများ ဟာ ငယ်ငယ်တုန်းက ဘဝဒဏ်ချက်ကို လူးလှိမ့်ခံရပြီး ရှေ့တိုးတက်ဖွံ့ဖြိုးမှုမှာ အခက်အခဲ၊ အတားအဆီးတွေကို ကြုံတွေ့ခဲ့ရသူတွေ ဖြစ်လေ့ရှိတာကို တွေ့ ရပါတယ်။ ဘာလ်ဇက်၊ ဟူးဂိုး၊ ကစ်ပလင်းနဲ့ စတင်ဒယ် စသူတို့ ဟာ ငယ်ငယ်တုန်းက စိတ်မချမ်းသာစရာကောင်းတဲ့ ကလေးဘဝကို ဖြတ် သန်းခဲ့ကြရပြီး နောင်မှာ အိမ်တွင်း ရေးအဆင်မပြေခဲ့သူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ကျတော့ သူတို့ရဲ့ အတွင်းပဋိပက္ခဟာ ဘာသာရေး သို့မဟုတ် လူမှုရေး  အကြောင်းတွေ ဖြစ်နေတတ် ကြတယ်။ (ဗော်လ်တဲယား၊ အနာတိုးဖရန့်စ်နဲ့ တော်စတွိုင်း စသည်တို့ ဖြစ်တယ်) တချို့ကျတော့လည်း သိပ်အကဲဆတ် လွန်းတဲ့ ပင်ကိုစိတ်သဘာဝကြောင့် အရာရာကို စိုးရိမ်ကြောက်လန့် နေပြီး ကိုယ့်ရင်ထဲမှာ ပဋိပက္ခတွေ ဖြစ်လာကြရာက အဲဒီပဋိပက္ခကို ထုတ်ဖော်ဖို့ စာရေးလာကြသူတွေ ဖြစ်တယ်။ (ဥပမာ မာရီမီ စသည်) ဒီလိုပြောလိုက်တဲ့ အတွက် ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ ဘ၀မှာ အဆင်မပြေ ဖြစ်ရမယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲပြောပြော နဂိုက စာရေးဖို့ အရည်အချင်းရှိပြီးသားဆိုရင် စာရေးခြင်းအလုပ်ဟာ မိမိရဲ့အတွင်း ပဋိပက္ခကို ဖြေရှင်းတဲ့ နည်းတစ်နည်းဖြစ်တယ်လို့ တော့ ကျွန်တော် ထင်တယ်။

          ဒီတော့ တချို့က ကန့်ကွက်ကောင်း ကန့်ကွက်ကြလိမ့်မယ် ။လော က မှာ ဘဝတလျှောက် အဆင်ပြေပြီး ပျော်ရွှင်နေတဲ့ စာရေးဆရာတွေ တစ်ပုံ ကြီး။ သူတို့တစ်တွေမှာ ကျန်းမာတဲ့စိတ်ဓာတ်ညီမျှမှု ရှိသားပဲလို့ ပြောကောင်း ပြောကြမယ်။ မှန်ပါတယ်။ ဒါပေမယ့် ဒီလို စိတ်ဓာတ်သဘောထား ညီမျှမှု မှန်ကန်နေတောမျိုးဟာ ရုန်းကန်ပြီးမှ ရရှိလာတာဖြစ်ပါတယ်။ ရုန်းကန်မှု မရှိဘဲ ဒီလိုစိတ်သဘောထား မှန်ကန်ညီမှု ရရှိလာခဲ့တဲ့ သာဓကမျိုးကို ကျွန်တော် တစ်ခုမှ မတွေ့ဖူးသေးပါဘူး။

          ဗစ်တာဟူးဂိုးဟာ ၁၈၇၅ ခုနှစ်မှာ အံ့သြစရာကောင်းလောက် အောင် ကျန်းမာသန်စွမ်းတဲ့ အဘိုးကြီးတစ်ဦးဖြစ်ပြီး စာရေးဆရာအဖြစ် ဂုဏ် သတင်းဟာလည်း တော်တော်ကြီးမားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ ဘဝမှာ အဆင်မပြေဖြစ်တာတွေများလှချည်ရဲ့ဆိုပြီး ညည်းတွား နေစရာအကြောင်း မရှိတော့ပါဘူး။ ဒါပေမယ့် သူ့ ငယ်စဉ်ဘဝတုန်းက ဆင်းရဲ ဒုက္ခတွေ ကြုံတွေ့ခဲ့ရတာ၊ အချစ်ရေးမှာ အဆင်မပြေဖြစ်ခဲ့ရတာ၊ သေခြင်းတရား နဲ့ နိုင်ငံရေး လောကဓံမုန်တိုင်းတွေကြောင့် စိတ်ဆင်းရဲခဲ့ရတာ၊ ဒါတွေကြောင့် စိတ်ပင်ပန်းရတာ မမေ့သင့်ပါဘူး။

          ပြင်သစ်ထီးနန်း ပြန်လည်အုပ်စိုးရေး ခေတ်ကာလတုန်းက စာရေး ဆရာ ရှာတိုဘရိုင်းယန်းဟာ သံအမတ်ကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ကြီးဖြစ်ခဲ့ဖူး တယ်။ ဒါကြောင့် တစ်ခါတုန်းကလို အလွမ်းအဆွေးကဗျာတွေကို စပ်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် ရှာတိုဘရိုင်းယန်းဟာ သူ့ရဲ့ စာပေအစွမ်းအစကို သဘောပေါက်စေပြီး အဲဒီအစွမ်းအစကို ဘယ်လို အစာကျွေးရမယ်ဆိုတာ သိ ခဲ့တဲ့အတွက် သူ့ အရင်တုန်းက ရှိခဲ့တဲ့ ရင်ထဲက ပဋိပက္ခတွေကို ဆက်လက် ရှင်သန်အောင် ဆက်လက်မွေးမြူပြီး ပဋိပက္ခသစ်တွေကိုလည်း ရှာခဲ့ပါတယ်။

           နောက်တစ်ယောက်ကတော့ ကဗျာဆရာ ပေါ ဗာလေရီပါ။ ကျွန်တော် သိသလောက် ပြောရရင် ဗာလေရီဟာ အလွန်စိတ်ဓာတ်ကြံ့ခိုင်တဲ့လူ၊ ပျော်ပျော် နေတတ်တဲ့လူပါ။ ဒါပေမယ့် အရေတွန့်တွေထင်ပြီး ရှုံ့တွနေတဲ့သူ မျက်နှာဟာ သူ ငယ်စဉ်က တွေ့ခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကို သက်သေထူပြနေပါတယ်။ ကိုယ့်ကိုယ်ကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင် လောကကြီးကိုသော်လည်းကောင်း ကျေနပ်ရောင့်ရဲနေတဲ့ စာရေးဆရာမျိုးဟာ ကျွန်တော် တွေ့ဖူး သလောက်ပြောရရင် အညံ့စားစာရေးဆရာများသာ ဖြစ်ပါတယ်။ (ဒီလိုပြောရ တဲ့အတွက် မကောင်းပါဘူးဗျာ) ဒီလိုပြောလိုက်တဲ့အတွက် စာ ကောင်း ကောင်းရေးတတ်ချင်ရင် အဆိုးမြင်ဝါဒသမား တစ်ယောက်ဖြစ်ရမယ်လို့တော့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် စာရေးဆရာ အာလိန်းပြော သလို အနုပညာသည်တစ်ဦး၌ အကောင်းမြင်ဝါဒသည် ပြင်းထန်သော တိုက်ပွဲ ဖြင့်သာ ရရှိနိုင်သောအရာဖြစ်ပေသည်လို့ ပြောချင်ပါတယ်။ ။

         ဒီတော့ စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် ပထမဦးဆုံး လိုအပ် ချက်က စာရေးချင်တဲ့စိတ်ဆန္ဒနဲ့ စာရေးဆရာဖြစ်ဖို့ ကြိုးစားအားထုတ်မှု ရှိရ လိမ့်မယ်။ ဒုတိယအချက်က ကိုယ့်မှာ ပရိသတ်ရှိရလိမ့်မယ်။ စာရေးဆရာ တစ်ယောက်အဖို့ ဘာဖြစ်လို့ ပရိသတ်လိုလဲ။ စာရေးဆရာရဲ့ ရည်ရွယ်ချက် ဟာ သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုဖို့ ဖြစ်တယ်ဆိုလို့ ရှိရင် ထုတ်ဖော်ပြော ပြီးရင် ပြီးရောပေါ့ ။ မလုံလောက်သေးဘူးလား၊ သူ့မှာ ဒီထုတ်ဖော်ပြောဆိုချက် ကို ကြားနာမယ့် သက်သေတွေလိုသေးသလား။ ဒီ မေးခွန်းကိုဖြေရရင် အများ အားဖြင့် လိုတယ်လို့ ပဲ ဖြေရလိမ့်မယ်။ အများအားဖြင့်” လို့ ပြောရတာက တခြားကြောင့်မဟုတ်ဘူး။ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို ရေး တဲ့ စာရေးဆရာတွေရှိနေလို့ပါ။

          ဥပမာအားဖြင့် စိန့်ဆိုင်မွန်နဲ့ ဆင်မျူရယ်တို့ဟာ လူထုရဲကောင်းချီး သြဘာသံကို နည်းနည်းလေးမှ အရေးထားတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ စာရေးတာဟာ သူတို့အတွက်နဲ့ သူတို့ မမြင်ဖူးတဲ့ နောင်လာနောင်သားတွေ အတွက် ရေးကြတာပါ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးကတော့ တော်တော်ရှားတယ်။

          စာရေးဆရာတိုင်းဟာ ဘယ်လောက်ပဲ နည်းသည်ဖြစ်စေ ကိုယ့် စာကိုဖတ်မယ့် | ပရိသတ်တော့ ရှိစေချင်ကြတာပါပဲ။ ဒါကလည်း သဘာဝကျပါတယ်။ စာရေး ဆရာဟာ သူနဲ့ ပတ်သက်တဲ့ အမှန်တရားကို ထုတ်ဖော်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ စာရေးတာကို၊ လောကကြီးကို ထုတ်ဖော်ပြောဆိုချင်လို့ စာရေးတာကို၊ သူရည်ရွယ်ပြီးရေးတဲ့ လူတွေဆီကို သူ့စာမရောက်ဘူးဆိုရင် သူစာရေးရတာ ဟာလည်း ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။ ကိုယ့်ကို နားလည်တဲ့ပရိသတ်၊ ကိုယ့် ကိုချစ်တဲ့ ပရိသတ်၊ ကိုယ့်ကို လေးစားကြည်ညိုတဲ့ ပရိသတ်ရှိရင် စာရေး ဆရာဟာ ကျေနပ်အားရသွားတော့တာပါပဲ။ ပြီးတော့ ကိုယ့်ရဲ့ ပဋိပက္ခတွေဟာ လည်း ကိုယ့်စာဖတ်ပရိသတ်ရဲ့ အတွင်း ပဋိပက္ခတွေနဲ့ တူနေပြီး သူ့စာကို ဖတ်တဲ့အတွက် ပရိသတ်မှာ စိတ်သက်သာရာရသွားတယ်။ စိတ်ချမ်းသာရာရ တယ်ဆိုရင် ပရိသတ်ကို ကူညီလိုက်ရပြီဆိုပြီး ပီတိတွေ နောက်ထပ် ဖြစ်ရပါ သေးတယ်။

          ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ အညီ ထိုက်ထိုက်တန်တန် ၊ လေး လေးစားစားရေးလာတဲ့ စာရေးဆရာဟာ အာဏာကိုလည်း မလိုချင်ဘူး။

          ဘုန်းတန်ခိုးကိုလည်း မလိုချင်ဘူး။ တစ်ခါတစ်လေမှာ ဖြစ်တတ်တာက ကိုယ် နဲ့ ထိုက်တန်တဲ့အတွက် သွားရင်းလာရင်း ဒီအခွင့်အရေးတွေကို ရလာတဲ့အခါ မျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ထင်ရှားကြီးကျယ်တဲ့ စာရေးဆရာ ဘော်တော်များများဟာ သူတို့ အသက်ထင်ရှားရှိချိန်မှာ ဒီအရာတွေကို ရမသွားခဲ့ကြ ပါဘူး။ ကဗျာဆရာကြီး မာလာမေဟာ လူနည်းစုကလေးက သဘောကျတဲ့ ကဗျာဆရာပဲဖြစ်ခဲ့ပါတယ်။ ကျယ်ပြန့်တဲ့ စာဖတ်ပရိသတ်တွေကြားထဲမှာ သူ့ ကို မသိခဲ့ကြပါဘူး။ ။

         စတင်ဒယ်ကတော့ “ကျွန်တော့်ဘဝမှာ ၁၈၆၀ ခုနှစ်ကျရင် စာဖတ် ပရိသတ်တွေရမှာပါ” လို့ လှောင်ပြောင်ခဲ့ဖူးပါတယ်။ ၁၉၆၀ ခုနှစ်အထိလည်း စာဖတ်ပရိသတ်တွေ ပိုလို့တောင် ရှိလာပါသေးတယ်။ ဒါပေမယ့် သူ့အသက် ထင်ရှားရှိစဉ်တုန်းကတော့ သိပ်ပြီး ပရိသတ် မရှိခဲ့ပါဘူး။ ဘော်လစတွိုင်း၊ ဘားလ်ဇက်နဲ့ ဒစ်ကင်းတို့ကတော့ သူတို့ အသက်ထင်ရှားရှိစဉ်တုန်းက သိပ် ပြီး လူကြိုက်များခဲ့ကြပါတယ်။ အောင်မြင်မှုဟာ စာရေးဆရာတစ်ယောက်အဖို့ ပိုပြီးလည်း အကျိုးမများပါဘူး။ ပိုပြီးလည်း အကျိုးမယုတ်ပါဘူး။ အောင်မြင်မှုဟာ အမှီခိုကင်းမှု၊ လွတ်လပ်မှု ပိုရစေတဲ့အတွက် လိုအပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအောင်မြင်မှုဟာ အရှုပ်တော်ပုံတွေကြောင့် နာမည်ကြီးလာတာ မျိုး၊ အောက်တန်းကျတဲ့ နည်းမျိုး၊ ကြော်ငြာတွေ အကြီးအကျယ်ကြော်ငြာလို့ နာမည်ကြီးလာတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့ ။ အချို့သော စာပေဆုများကို လူထုက အထင်ကြီး စိတ်ဝင်စားနေတာဟာ သိပ်အကျိုးကျေးဇူးမရှိလှပါဘူး။

          အထူးသဖြင့် ဆုရရှိသူ တွေအတွက် အကျိုးမများလှပါဘူး။ တစ်ခါတစ်လေမှာ ဒီဆုတွေကြောင့် ရုတ်တရက် နာမည်ပျက်သွားပြီး အရှိန်အဝါတောင် ကျသွား တတ်ပါသေးတယ်။ ဆုတွေမရသည့်တိုင်အောင်လည်း သူတို့ဟာ သူတို့ဂုဏ် သတင်းနဲ့ ထိုက်တန်တယ်ဆိုတာကို ပြနိုင်ပြီးသားပါ။ သူတို့ အပေါ်မှာထား ရှိတဲ့ ပရိသတ်ရဲ့ မျှော်လင့်ချက်တွေကို တုန့်ပြန်နိုင်တဲ့ အရည်အချင်းရှိပြီးသားပါ။ ဒါပေမယ့် အောင်မြင်မှုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးတွေ ထားခဲ့တဲ့ အတွက် နာမည်ကျသွားတဲ့အခါမှာ သူ့ရဲဆုံးရှုံးမှုဟာ ပိုလို့တောင် ကြီးမားပြီး အကျနာတတ်ပါသေးတယ်။

          အတော်အတန် နာမည်ကြီးတဲ့ စာရေးဆရာတစ်ယောက်ဟာ စာရေးဆရာအဖြစ် အသက်မွေးရင်း အပိုအလုပ်အကိုင်တွေကိုလည်း တွေ့ရ တတ်ပါသေးတယ်။ ဥပမာ သတင်းစာတွေထဲမှာ ဆောင်းပါးရေးတာ၊ စာပေ ပို့ချချက်တွေ လုပ်တာ၊ ရေဒီယိုတို့ ၊ ရုပ်မြင်သံကြားတို့ က စကားပြောတာ စတဲ့အလုပ်တွေ ဖြစ်ပါတယ်။ ဒီလိုအလုပ်တွေအပေါ်မှာ စာရေးဆရာဟာဘယ်လို သဘောထားမလဲ။ အထူးသဖြင့် ကိုယ်ကလည်း ငယ်တုန်းရွယ်တုန်း၊ ဒီလိုအခွင့်အရေးမျိုးကို ငြင်းလိုက်မယ်ဆိုရင် ဘဝမြင့်လိုက်တာလို့ ထင်ချင် ထင်သွားနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း မပြောရဲလို့ မပြောတတ်လို့ ထင်ချင် သလို ထင်သွားနိုင်တယ်။ တချို့စာရေးဆရာတွေဟာ ဒီလို လူထုနဲ့ ဆက် သွယ်တာမျိုးကို သိပ်ဝါသနာမပါကြဘူး။ ဒါပေမယ့် စာရေးဆရာ တော်တော် များများကတော့ ဒီလို လူထုလုပ်ငန်းတွေမှာ ဝါသနာ ပါတတ်ကြပါတယ်။ ဒါကြောင့်မို့ ကိုယ့်ထင်မြင်ယူဆချက်ကို ပရိသတ်အများ ရှေ့မှာ ထုတ်ဖော် ပြောဆိုပြီး ပရိသတ်ကို လွှမ်းမိုးနိုင်မယ်ဆိုရင် ဘာဖြစ်လို့ ဒီလိုလုပ်ငန်းမျိုးကို ငြင်းပယ်ရမှာလဲ။ မငြင်းပယ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်။ ကဗျာဆရာ ဗာလေရီဟာ သူ့ကိုလာဖိတ်တဲ့ ဒီလိုလုပ်ငန်းမျိုးကို ဘယ်တော့မှ အထင်သေး လေ့မရှိပါဘူး။ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ သူ့ကိုလာပြီး ရေးခိုင်း ရင် ဝမ်းမြောက်ဝမ်းသာ ရေးပေးလိုက်တာချည်းပဲ။ သူ့ရဲ့ အချို့သော ဆောင်း ပါးကောင်းများဟာ ဒီလိုလာပြီး အရေးခိုင်းလို့ ရေးပေးလိုက်တာချည်းပဲ ဖြစ် တယ်။ ဥပမာအားဖြင့် မွန်တက်စက္ကူ ဆောင်းပါးပေါင်းချုပ် နိဒါန်းဆိုရင် တော် တော်ကောင်းတဲ့ နိုင်ငံရေး ဆောင်းပါးတစ်စောင်ဖြစ်ပါတယ်။

          ဗစ်တာဟူးဂိုးရဲ့ အကောင်းဆုံး အမျိုးသားရေးနဲ့ နိုင်ငံတကာရေး တို့နဲ့ ပတ်သက်တဲ့ ကဗျာပေါင်းများစွာဟာလည်း အလားတူ အရေးခိုင်းလို့ ရေးလိုက်ရတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စာရေးဆရာဟာ ကိုယ့်ရဲမူ အလုပ်ဖြစ်တဲ့ စာရေးခြင်းအလုပ်ကို အပျက်ခံပြီး ဒီလို ဘေးပေါက်အလုပ် တွေကိုချည်း လိုက်လုပ်နေလို့တော့ မဖြစ်ဘူးပေါ့။ သူ့အလုပ်က သူ ခံစားနေရ တဲ့အကြောင်းတွေကို ရေးချဖို့ပဲ မဟုတ်လား။ အထူးသဖြင့် ကျွန်တော်တို့ ပြင်သစ်မှာဆိုရင် စာရေးဆရာတွေဟာ အစိုးရဝန်ထမ်းတွေရင်လည်း ဖြစ်ပါ တယ်။ ဒါမှမဟုတ်ရင်လည်း အတိုက်အခံ နိုင်ငံရေးအသင်းအဖွဲ့တွေထဲမှာရင် လည်း ပါလေ့ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီက စာရေးဆရာတွေ အဖို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တတ်နိုင်သမျှ ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဒီနည်းအားဖြင့် အခြားတိုင်းပြည်က စာရေးဆရာတွေထက် လူထုလုပ်ငန်းတွေ ထဲမှာ ပါဝင်လေ့ရှိကြတယ်။

          စာရေးဆရာတစ်ယောက်ဟာ ရုပ်ဝတ္ထုအရ အောင်မြင်မှုရဖို့ အဓိက ထားသင့်သလား၊ ဒီရည်ရွယ်ချက်နဲ့ ကော စာရေးသင်သလား၊ တစ်နည်းပြောရ ရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် သဘောထားပြီး စာရေး ဆရာ လုပ်သင့်သလား၊ စာရေးဆရာ တော်တော်များများဟာ သူ့ကိုယ်သူ | ရပ်တည်ဖို့ နဲ့ သူ့မိသားစု ရပ်တည်ဖို့ အတွက် စာရေးရတယ်ဆိုတာ မှန်ပါ တယ်။ အချို့သော အနည်းစု စာရေးဆရာများဟာလည်း စာရေးခြင်းဖြင့် | ချမ်းသာသွားကြတယ်ဆိုတာ မှန်ပါတယ်။ ဥပမာ ဟူးဂိုး၊ ဗားနစ်ရှော့နဲ့ အမေ ရိကန် စာရေးဆရာတွေ၊ ပြင်သစ် ပြဇာတ်ရေးဆရာတွေဟာ ချမ်းသာသွားကြ တာပါပဲ။

          ဒီနေ့ဆိုရင် အရင်ကထက်တောင် ချမ်းသာဖို့ ပိုပြီးလွယ်နေသေး တယ်။ စာဖတ်ပရိသတ်ကလည်း များလာ၊ နိုင်ငံတကာနှင့် ချီပြီး ထုတ်ဝေရတဲ့ | အပြင် စာတတ်သူဦးရေကလည်း များလာတဲ့အပြင် အရင်ကထက် ပိုပြီး ချမ်း သာဖို့ အခွင့်အလမ်းတွေ များလာပါတယ်။ ဒါပေမယ့် ကားလ်ဇက်နဲ့ ဒူးမားစ် တို့ဟာ အောင်မြင်မှုတွေကို ရခဲ့ကြသည့်တိုင် သူတို့မှာ ချမ်းသာတယ်လို့ မရှိဘဲ မကြာခဏဆိုသလို ငွေလိုနေကြတာပါပဲ။ ဒါကြောင့်မို့ သူတို့ဟာ စာတွေကို အများကြီးရေးခဲ့ကြရပါတယ်။ စာတွေ အများကြီးရေးတာဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာများဟာ စာတွေ ဘယ်လောက်ပဲ မရပ်မနား ထုတ်လုပ်နေစေကာမူ စာကောင်းပေမွန်တွေကို ထုတ်လုပ်နိုင်နေတာပါပဲ။ ဘားလ်ဇက်ဟာ ဝမ်းကွဲညီမ ဘက်တီနဲ့ ဝမ်းကွဲညီ ပွန်းဆိုတဲ့ ဝတ္ထုတွေကို ငွေလိုလို့ ရေးခဲ့တာပါပဲ။ ဒါပေမယ့် ငွေလိုလို့ ရေးတဲ့ အတွက် ဒီစာအုပ်တွေဟာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ အင်္ဂလိပ်တွေ ကတော့ ဒီလိုစာရေးရတာမျိုးကို ခွင်ပေါ်မှာ အိုးဆူနေအောင် (ထမင်းအိုး မှန် မှန်တည်နိုင်အောင်) လို့ လုပ်ရ တယ်လို့ သုံးလေ့ရှိကြပါတယ်။ ဒါကြောင့်မို့ အဲဒီလိုစာမျိုးကိုလည်း “အိုး ဆူအောင်လုပ်တဲ့စာ”လို့ ပြောလေ့ရှိကြပါတယ်။

          ဒါပေမယ့် ထမင်းကို ဆူစေ တဲ့မီးတောက်ဟာ စိတ်ဓာတ်ကိုလည်း ဘာဖြစ်လို့ ဆူဝေအောင် မလုပ်နိုင်ရမှာလဲ။ ဒါပေမယ့် စာရေးဆရာတစ်ယောက်အဖို့ အာဏာတို့၊ ဘုန်းတန်ခိုးတို့၊ ငွေတို့ ဆိုတာဟာ သာမညတွေပါ။ ပါးစပ်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်တိုင် လေးနက်တဲ့ဒဿနမရှိတဲ့ လူတစ်ယောက် စာ ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒါဟာ မှန်တယ်။ ဘဝ အနေနိမ့်ကျတဲ့ လူအတွက်ပဲဖြစ်ဖြစ် မှန်တယ်။

           စာရေးဆရာမ ဂျော့ဆင်း ရဲဘဝဟာ ကျွန်တော်တို့ဘဝလိုပဲ စိတ် | ပျက်စရာကောင်းတဲ့ဘဝ၊ အကွေ့အကောက်များတဲ့ ဘဝ၊ ရွက်ကြမ်းရေကျ °ဘဝပါပဲ၊ ဒါပေမယ့် သူ့ရဲ့ ကွန် ဆူလို” ဝတ္ထုထဲမှာတော့ သူက မိန်းမတိုင်း အတုခိုးလောက်တဲ့ ယောက်ျားတိုင်း နားလည်မြတ်နိုးလောက်တဲ့ မိန်းမစိတ်ကို အသေးစိတ် ခြယ်မှုန်းပြသ နိုင်ခဲ့ပါတယ်။ ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာ ဆိုတာ တန်ဖိုးတွေကို လေးစားသူဖြစ်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ငန်းဟာ | ဘဝကို အတွေးအခေါ်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကိုရအောင် မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ နေရာမှာ အတွေးအခေါ်ကို ပုံပန်းသဏ္ဍာန်ပေါ်အောင် ဖော်ရပါတယ်။ ဒီလုပ်ငန်းကိုလုပ်ဖို့ ငြင်းဆိုခဲ့ရင် စာရေးဆရာဟာ ကျွမ်းကျင်တဲ့ မျက်လှည့်ဆရာတစ်ယောက်မျှသာ ဖြစ်နေပြီး စကားလုံးတွေနဲ့ ကစားနေသူ တစ်ဦးပဲ ဖြစ်နေမှာပါပဲ။ ဒါကြောင့် သူ့ကို ရေးဖော်စာရေးဆရာတွေက လေးစား ကောင်း လေးစားကြမှာဖြစ်သော်လည်း သူ့စာအုပ်တွေကိုတော့ ဘယ်သူကမှ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာရေးဆရာဟာ အထက်ပါ လုပ် ငန်းတာဝန်ကို ကျေပြွန်ခဲ့မယ် ဆိုရင်တော့ သူ စာရေးရတာကို ပျော်နေမှာပါပဲ။ ဒီလိုလုပ်ခဲ့ရင် စာရေးဆရာဟာ သူထင်ဟပ်ပြတဲ့ ကမ္ဘာလောကကြီးမှာ ချီးမြှင့် မြှောက်စားခြင်း ခံရပြီး သူ့ခေတ်ရဲ့ ပဲ့တင်သံကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ လူတွေကို သူတို့ရဲ့ စနစ်ကျတဲ့၊ မှန်ကန်တဲ့ ရုပ်ပုံလွှာတွေကို ရေးပြခြင်း ဖြင့် ကမ္ဘာလောကကြီးကို ပုံသွင်းဖန်တီးရာမှာ ပါဝင်ကူညီမှာဖြစ်ပါတယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)