Skip to product information
1 of 2

Other Websites

မြသန်းတင့် - ချစ်သောယွန်းခင်ခင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်သောယွန်းခင်ခင်

          အက်စ်အက်စ်-ဘင်္ဂလားသင်္ဘောကြီးပေါ်သို့ ရောက်သည့်အခါတွင် သူမျှော်လင့် ထားသည်တို့ကို တစ်ခုမျှမတွေ့ရဟု ဖင်နီတွေးမိသည်။ စစ္စလီကျွန်းမရောက်ခင် ရာသီဥတု တော်တော်ဆိုး၏။

          ဖင်နီကိုကြည့်ရသည်မှာနာမကျန်းဖြစ်နေသော မျောက်တစ်ကောင်နှင့် တူသည်။ သူ့စိတ်ထဲတွင်လည်း ထိုအတိုင်းပင် ခံစားရ၏။ စစ္စလီကျွန်းမှ လွန်သည့်အခါတွင်မူ ဖင်နီ သည် နေခြည်ထဲသို့ထွက်လာခဲ့ကာ ချစ်စရာမိန်းမပျိုလေးတစ်ယောက် ဖြစ်နေ၏။ သို့ရာ တွင် အတွန့်အတွန့်တွေလှိုင်းထနေသည့် ဂါဝန်၊ လည်ကုပ်လေးပေါ်တွင် ဆံခွေကလေးနှစ်ခွ ချကာ ဆံပင်ကို လူကြီးဆန်ဆန်ထုံးဖွဲ့၍လူကြီးတစ်ယောက်ဟန်ပန် ပြောဆိုနေသည့်တိုင် အများကမူ သူ့ကို ကျောင်းသူလေးတစ်ယောက်နှယ်ပင် ဆက်ဆံတတ်ကြသည်။

         ဤသည်မှာလည်း အခြားကြောင့်မဟုတ်။ အက်ဂါသာကြောင့် ဖြစ်သည်။ အက်ဂါ သာသည် သူ့ထက် နှစ်နှစ်ကြီးသည့်တိုင် လူကြီးလိုမနေတတ်။ စိတ်ပျက်စရာကောင်းအောင် ကလေးဆန်သည်။ သူနှင့်အတူ အက်ဂါသာလည်း ပါမည်ဆိုကတည်းက ဖင်နီ စိတ်ပျက်လှပြီ။

          ကျောင်းတုန်းကမူ အက်ဂါသာသည် သူ့အတွက်အသုံးဝင်သည် မှန်ပါ၏။ သို့ရာ တွင် အိန္ဒိယတောင်ပိုင်းတွင် သာသနာပြုဆရာလုပ်နေသည့် သူ့ဖခင်မှာ မန္တလေးသို့ ပြောင်း ရသည့်အတွက် သူလည်း မန္တလေးသို့လိုက်မည်ဟု ပြောသည့်အခါတွင် ဖင်နီအကြီး အကျယ် စိတ်ပျက်သွားသည်။ သာသနာပြုကျောင်းရှိသည့်အတွက် သွားရုံသက်သက်ဆို လျှင် အကြောင်းမဟုတ်သေး။ ယခုမူ သူ့ဖခင်ကမန္တလေးရွှေနန်းတော်ကြီး၏လက်စွဲတော် ဖြစ်သည်ဟု သိရသည့်အခါတွင် ကိုယ်ပါရော၍မကြာခဏဆင့်ခေါ်ခံရပြီးလျှင် ဒုက္ခဟု ဖင်နီ တွေးမိနေသည်။

         မည်သို့ပင်ဖြစ်စေ မိမိနှင့်အတူ အက်ဂါသာပါလာပြီ။ လွန်လေပြီးသော ကျောင်းသူ ဘဝကအကြောင်းတွေကျောင်းနေဖက်တွေအကြောင်းကို အက်ဂါသာ စိတ်ဝင်စားဆဲ။ ဗရိုက်တန်ကျောင်းမှာနေတုန်းက အတိတ်တွေကို ရင်ခုန်စရာပစ္စုပ္ပန်ထဲသို့ ပြန်၍အသက် သွင်းနေဆဲ။

           သည်အရာတွေအားလုံးကို ဖင်နီငြီးငွေ့လှပြီးမုန်းလှပြီ။ 

           သူတို့နှစ်ယောက်ကို ကြီးကြပ်ခေါ်ဆောင်လာသည့် သာသနာပြုဆရာမ(သာ သနာပြုဆရာ၏ဇနီးလည်းမဟုတ်။ သာသနာပြုဆရာမတဲ့။)ကိုမူ သဘောကောင်းသည့် အက်ဂါသာကိုယ်တိုင်ကပင် မကြိုက်။ ဖင်နီအဖို့သော်မူ ဆိုဖွယ်မရှိတော့ပြီ။ သူ့အမည်က မစ္စစ်မာဂါထရိုက်။ အမည်က ခပ်ထောင်ထောင့်။ စိတ်လှုပ်ရှားသည့်အခါများတွင် ဖြူရော်ရော် နှာခေါင်းရှည်ကယုန်နှာခေါင်းလို ပွစိပွစိဖြစ်လျက်။ စကားကိုလည်း ရင့်ရင့်သီးသီး ပြော တတ်သည်။ ရင့်သီးလွန်းသဖြင့် သူ့ကို သတ်ချင်စိတ်ပင် ပေါက်လာသည်။

          “ဖင်နီ ... ဆောင့်ကြွားကြွား မလုပ်နဲ့နော်။ ညည်းဟာ ဘာမှနားမလည်သေးတဲ့ မိန်းကလေးတစ်ယောက်ဆိုတာသတိလည်းထားဦး၊ ဝရိုက်တန်တုန်းက ဆိုင်တစ်ဆိုင်သွား ပြီး ဝယ်ခဲ့တဲ့ပစ္စည်းကို အင်းဝဘုရင်ရဲ့ မိဖုရားခေါင်ဆီကရတဲ့ ပစ္စည်းလေး၊ ဘာလေးနဲ့ ညည်း | လျှောက်ကြွားနေတာကို ငါမသိဘူးများ မှတ်နေသလား။

           ဟင်း ... ဆိုင်က အကြွေးယူလာတဲ့ပစ္စည်းကို ညည်းပို့လို့ မတန်အရာလျှောက် ကြွားနေတယ်အေ။ ဟိုရောက်ရင် အစစအရာရာ သတိထားနေပါနော်။ ကိုယ်ကလက်ဆော့ ချင်တဲ့ အစအနလေးရှိတာကို သတိထားပြီးထိန်းပါး အင်္ဂလိပ်သွားဖြစ်ပါလျက်နဲ့ ဒီလို လိမ်တာညာတာ ကြားတာဝါတာတွေ လုပ်ရတယ်ဆိုတာ ရှက်စရာကောင်းလှတယ်။

           အေးလေ ... တကယ်ကျတော့လည်း ညည်းအပြစ်မဟုတ်ပါဘူး။ ညည်းက အင်္ဂလိပ်သွေးမှ မစစ်ပဲကိုး။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါကြောင့်မို့ ညည်းကို ဘုရားသခင်က အင်္ဂလိပ်သွေး ရောပေးလိုက်တာပေါ့။ နိုင်ငံခြားသားတွေအကြောင်းကို ညည်းလည်းသိသား ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုရောက်ရင် အနေအထိုင်ဆင်ခြင်ရမယ်နော်”

          သင်္ဘောပေါ်တွင် စိတ်ပြစရာဆို၍သူ့ကို အမျိုးကောင်းသမီးပျိုကလေးတစ်ဦးလို ၊ အရေးပေးဆက်ဆံသည့် လူငယ်ကလေးတွေ ပါလာသဖြင့်သာ တော်တော့သည်။ ယင်းတို့ မှာ အရာရှိကလေးတစ်ဦး ရန်ကုန်မှ ခပ်ဖိုင့်ဖိုင့်ကုန်သည်တစ်ဦး။ သူ့ကို ခရီ-သည်အချို့က ငါးမူးစေ့ဟု လှောင်ပြောင်ခေါ်ကြသော်လည်း ဖင်နီနှင့် အလွမ်းသင့်သည်။ သီဟိုသို့ လက် ဖက်ခြံသွားစိုက်မည့် လူငယ်နှစ်ဦးတို့ ဖြစ်ကြသည်။

           အက်စ်အက်စ် - ဘင်္ဂလားသင်္ဘောကြီး စူးအက်တူးမြောင်းထဲသို့ ဖြတ်သည့်အခါ တွင် သူတို့သည် စူးအက်တူးမြောင်း၏အကြောင်းကို ဖင်နီအား အပြိုင်အဆိုင် ရှင်းပြကြ၏။ | သူတို့ကို စောင့်ရှောက်ခေါ်လာသည့် မစ္စစ်မာဂါထရွိုက်က ပြောချင်သလို ပြောစေ သူ ဂရု မစိုက်။ သူတို့တစ်တွေအားလုံးကမူ ငဲင်နီအား ကျောင်းသူကလေးတစ်ယောက်လို သဘောမထားကြ။

           သူတို့အားလုံးကပင် ဖင်နီကိုလှသည်၊ လိမ္မာယဉ်ကျေးသည်ဟု ဆိုသည့်အခါတွင်  ဖင်နီဝမ်းသာလိုက်သည်မှာ ဆိုဖွယ်မရှိတော့ အက်ဂါသာကမူ သူတို့ကိုမကြိုက်။ နှာခေါင်း တွေနီရဲအောင် စိတ်မဆိုးသည့်အခါ၌ အက်ဂါသာသည် ကြည့်ရှုပျော်ရှိသည့်တိုင် သူသည် ဖင်နီလို မိန်းကလေးမျိုးမဟုတ်။ ညဉ့်နက်သည့်အခါတွင်မှ ဖင်နီသည် သူတို့နှင့် အက်ဂါသာ တို့အတူစီးသည့် အခန်းထဲသို့ ဝင်လာတတ်သည်။ ထိုအခါမျိုး၌ ဆင်စွယ်နှစ်လိုဖြူဖွေးသည့် ( ပါးပြင်သည် နီမြန်းလျက်၊ မျက်လုံးကတဖျပ်ဖျပ်တောက်လျက်။

          ဖင်နီသည် ရွှင်လန်းတက်ကြွနေသည်။ လွှမ်းမိုးနိုင်ခြင်း၊ လည်လည်ပတ်ပတ်ရှိ ခြင်း စသည့်ချစ်စရာကောင်းသော အရည်အသွေးများဖြင့် ရွှန်းစိုလျက်။ ထိုအရာသည် ဘဝ မဟုတ်လား။ အက်ဂါသာသည် သူ့ကိုကြည့်၍မနာလိုဝန်တိုခြင်း ဖြစ်ရသည်။ တစ်ပြိုင်နက် တည်း၌ သူ့ကို အထင်သေးခြင်းလည်း ဖြစ်မိသည်။ ။

          မှန်သည်။ သူသည် ဖင်နီလောက် ရုပ်မချော။ နှာခေါင်းကလေး အနည်းငယ်ပြား သည်ကို ကြည့်ပျော်ရှုပျော်ရှိသည်ဟု သူ့ကိုယ်သူထင်သည်။ သို့ရာတွင် ဖင်နီကမူ အကျင့် | ကောင်းသည့် မိန်းကလေးမဟုတ်ဟု သူထင်သည်။ လောကတွင် ရုပ်အဆင်းသည် အရေး မကြီး။ အချင်းသာလျှင် အရေးကြီးသည် မဟုတ်လော။ သို့ရာတွင် ဖင်နီတစ်ယောက် ဒီ လောက်ချစ်စရာကောင်းနေခြင်းကပုတရားသည်ဟုမထင်။

         စင်စစ်ဖင်နီသည် ဘာမျှလှသည်မဟုတ်။ သူ့ကိုတစ်စစီ ဆွဲဖြုတ်လိုက်လျှင် ဘယ် | နေရာကမျှ မလှတော့ မျက်နှာက ခပ်ပြားပြား နှာခေါင်းက ခပ်ပြားပြား။ ထို့ပြင် ကပြားရုပ် လည်း ပေါက်နေသေးသည်။ သို့တိုင် မိန်းမပီသခြင်းဟူသောဓာတ်တစ်မျိုးသည် ဖင်နီကိုယ် မှလှိုင်းဖြာထွက်သလို ဖြာထွက်လာကာအက်ဂါသာ၏ရွံ့တွနေသောကိုယ်ခန္ဓာကို လွှမ်းမိုး ဖုံးအုပ်သွားသည်ဟု ထင်လိုက်ရ၏။ သူ့ပါးစပ်သည် တင်းကျပ်စွာ စေ့သွားသည်ဟု အက်ဂါ သာထင်လိုက်သည်။ ဖင်နီကိုကြည့်ရသည်မှာ မသတီစရာ။ ထို့ကြောင့် အက်ဂါသာသည် ( ဒဲင်နို့ကို စက်ဆုပ်ရွံမုန်းနေသည်။

          သူတို့အခန်းလေးထဲသို့ ဖင်နီပြန်လာသည့်အခါတွင် ဖင်နီကိုယ့်မှ မွှေးကြိုင်သင်း ပျံ့နေသဖြင့် အက်ဂါသာသည် စိတ်တိုသွားသည်။

         အက်ဂါသာက လေသံခပ်ပြတ်ပြတ်နှင့် ... ။

          “ဘာဖြစ်လို့ ဒီလောက် နောက်ကျနေရတာလဲ။ မစ္စစ်မာဂါထရွိုက် မကြိုက်ဘူးဆို တာ သိလျက်သားနဲ့”

          ဖင်နီက သီချင်းကလေး တအေးအေးညည်းနေရာမှ ရပ်လိုက်ကာ မဂ္ဂစ်မာ | ဂါထရိုက်မကြိုက်လျှင်လည်း ဂရုမစိုက်ကြောင်းဖြင့် ပြောလိုက်သည်။ အလကား ကြောင် အိုမကြီး။ သည်လိုမိန်းမကြီးကို ဘယ်လိုလူမျိုးကများ လက်ထပ်ယူပါလိမ့်ဟု တွေးမိသည်။

          “မင်းလုပ်တာတွေတစ်ခုမှမဟုတ်ဘူး ဖင်နီးနည်းနည်းတော့ လွန်လွန်းပြီး ဒီအချိန် | ထိအောင် ကုန်းပတ်ပေါ်မှ ဘာလုပ်နေရတာလဲ ။

          “အိုး ... ဘာလုပ်ရမှာလဲ။ စကားပြောနေကြတာပေါ့။ သူတို့ကလည်း ပြောတယ်။ ကိုယ်ကလည်းပြောတယ်။ ဒီနေ့ညမှာ မစ္စတာဂျက်ကော့ကကိုယ့်ကို တံငါကွန်တိုင်ကိုပြ တယ်”

          "ပြချင်ရင် နေ့လယ်နေ့ခင်း အချိန်ရှိတုန်းပါလား” ဖင်နီ မအောင့်နိုင်တော့ဘဲ ရယ်လိုက်၏။

          “ဟို ...တံငါကွန်တိုင်ဆိုတာကြယ်ကိုပြောတာတဲ့။ နေ့လယ်ကြီးမှာ ဘယ့်နှယ် မြင်ရမှာလဲ”

          “အေးလေ...ကိုယ်ပြောတာမင်းနားလည်ပါတယ်။ ဂျက်ကော့လည်း နားလည်မှာ ပါ။ လူကိုကပုံမကျပန်းမကျနဲ့၊ ဝကလည်း ဝသေးတယ်”

          ဖင်နီက သူ့ကို နားမလည်သလို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ... "အဲဒါကိုယ်နဲ့ဘာဆိုင်လို့လဲ” “ဟုတ်ပါတယ်...ဟုတ်ပါတယ်၊ မဆိုင်ပါဘူး၊ ဒီလူက...”

         “အက်ဂါသာ... ဘာဖြစ်နေတာလဲဟင်။ ဘာလဲ ကိုယ်က သူနဲ့ပရာပရည်လုပ် တယ်လို့ ထင်လို့လား”

           အက်ဂါသာ၏ ပါးပြင်ဖြူဖြူသည် နီမြန်းသွား၏။ ဒုံတိုးကြီး အမေးခံလိုက်ရသဖြင့် ရှက်သွားသည်။

           ဖင်နီသည် အတန်ကြာမျှ စဉ်းစားနေ၏။ ဂျက်ကော့သည် သူ့ကိုနမ်းသွားကြောင်း အက်ဂါသာသိလျှင် သူ့ကို မုန်းတော့မည်။ သူ့ကို အက်ဂါသာမမုန်းစေချင်။ မနာလိုဝန်တိုရုံ သာဖြစ်စေချင်သည်။ ခပ်ဝဝ ဂျက်ကော့၏အနမ်းက တစ်မျိုး၊ ငယ်ငယ်ရွယ်ရွယ် သင်္ဘော အရာရှိကလေး၏အနမ်းပုံစံနှင့်မတူး သည်အကြောင်းကို အက်ဂါသာကို ဖွင့်ပြော၍မဖြစ်။ ဂျက်ကော့၏အနမ်းသည် သူ့တစ်ကိုယ်လုံးကို ပျော့ပျောင်းသွားစေသည်။ သင်္ဘောအရာရှိ လူငယ်၏အနမ်းတွင် ထိုသို့သော စွမ်းအားမရှိ။ အတွေ့အကြုံသစ်ကို တွေ့နေရသော ဖင်နီ အတွက် အရာရာသည် စိတ်ဝင်စားစရာဖြစ်နေသည်။ သို့ရာတွင် ထိုအကြောင်းကို အက်ဂါသာကို ပြန်ပြောဖို့မဆိုထားနှင့်၊ သူ့ကိုသူပင် ပြော၍မဖြစ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)