မြသန်းစံ - ဘုရားရှင်၏အဓိပ္ပာယ်ကိုခံစားကြည်ညိုခြင်း
ပုံရိပ်ကို မြင်ယောင်
ထင်ယောင်သလို ဖြစ်လာသောအခါ
ခံစားမှုဝေဒနာက္ခန္ဓာသည်
နိုးကြားလာတော့သည်။
ယှဉ်တွဲလျက် ပေါ်လာသည်။
ဘုရားရှင်၏အဓိပ္ပာယ်ကို ခံစားကြည်ညိုခြင်း [ ၁ ]
မြင်ကွင်းကို တိုက်ရိုက်မမြင်ရ၍သာ တော်တော့သည်။ သို့သော်.. အသံကို ကြားနေရသည့်အခိုက် အသံမှတစ်ဆင့် အာရုံထဲတွင် ပုံရိပ်တို့သည် ထင်းခနဲ... လင်းခနဲ တဖျတ်ဖျတ် ပေါ်လာသည်။ တဖျတ်ဖျတ်ပျောက်သွားသည်။ အကြားအာရုံ သည် စိတ်ထဲတွင် ပုံရိပ်တွေကို ဖော်စွမ်းနိုင်သည်အထိ အား ကောင်းလှပါလား.... ဆိုသည်ကိုလည်း သတိပြုမိသည်။
ကြားရသော “အသံ။ ။
ကြားရသော အာရုံခံကိရိယာဖြစ်သည့် 'နား'။
သည် “အသံ” နှင့် “နား”တို့ ထိတွေ့ရာတွင် ကြားသိမှု ဟူ သော အဖြစ်လေးတစ်ခု ဖြစ်ပေါ်လာသည်။ ဆက်တိုက်ကြားရ သောအခါ ကြားသိမှုဆက်တိုက် ဖြစ်လာသည်။ ထိုအခါ ရှေ့က ကြားသိမှုတွေပျက်သွားတာကို သတိမပြုရသေးခင်မှာပင် နောက်ထပ် ကြားသိမှုတွေ ဆက်တိုက်ဖြစ်လာသောအခါ ကြားသိမှုဖြစ် စဉ်ကြီးသည် တစ်ဆက်တည်းလို ထင်လာရသည်။ ထိုသို့ ထင် လာရင်းမှပင် ကြားသိမှုများသည် ဖလင်ကွက်တွေလို တစ်ကွက် ချင်း ပုံရိပ်တွေအဖြစ် ကူးပြောင်းသွားသည်။ နာမ်ခန္ဓာတစ်ပါးဖြစ်သော သညာက္ခန္ဓာက မှတ်သားပုံဖော်ပေးလိုက်ခြင်း ဖြစ်မည်။ ဖလင်ကွက်တွေကို ဆက်တိုက် အမြန်ကြည့်ရသောအခါ ပုံရိပ်တွေ သည် တစ်ဆက်တစ်စပ်တည်းလို ဖြစ်ပြီး လှုပ်ရှားလာသည်။
ပုံရိပ်ကို မြင်ယောင်၊ ထင်ယောင်သလို ဖြစ်လာသောအခါ ခံစားမှု ဝေဒနာက္ခန္ဓာသည် နိုးကြားလာတော့သည်။ သိမြင်မှု ဝိညာက္ခန္ဓာသည်လည်း ယှဉ်တွဲလျက်ပေါ်လာသည်။ သူက လက်ရှိ မြင်နေရသော ဖြစ်စဉ်ကြီးထဲမှကြိုက်တာ၊ မကြိုက်တာတွေ ရွေး ထုတ်နေ၏။ ကြိုက်လျှင် ကြိုက်သလို၊ မကြိုက်လျှင် မကြိုက်သလို ခံစားနိုင်အောင်လည်း ဝေဒနာက္ခန္ဓာကို တွန်းအားပေးနေ၏။ သညာ၊ ဝိညာဉ်၊ ဝေဒနာတို့၏ မရပ်မနား အလုပ်ရှုပ်လာမှုကြောင့် သင်္ခါရက္ခန္ဓာသည်လည်း မနေသာ။ သူက နောင်တော်ကြီးသုံးဦး ၏ ခိုင်းတာကိုအမြဲလုပ်နေရသူ ဖြစ်သည်။ ကောင်းတာ မကောင်း တာ၊ ကြိုက်တာ မကြိုက်တာ မှတ်သားသိမြင်ခံစားသမျှ သူတို့၏ အလိုကျလိုက်၍ ပြုပြင်ပြောင်းလဲပေးနေရ၏။
ဆိုရလျှင်.. ရူပက္ခန္ဓာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော “အသံ”တစ်ခု၏ နောက်ပိုင်း ဆိုင်ရာ ဆိုင်ရာတို့ အလုပ်များကြပုံ မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ရူပက္ခန္ဓာတစ်ခု ဖြစ်လိုက်သည်နှင့်နောက်ဆက်တွဲ နာမ်ခန္ဓာ လေးပါးတို့သည် လွန့်လူး နိုးထလာရ တော့သည်။ လို အားလုံးသည် တစ်ပြိုင်တည်း၊ တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာ ကြခြင်းပင်။ မြန်ဆန်လွန်း၍သာ ကျွန်တော်တို့ ခြေရာမကောက်နိုင် ကြခြင်း ဖြစ်သည်။ သည်စာရေးနေသည့်အချိန်၌သာ ခန္ဓာငါးပါး တို့၏ အလုပ်လုပ်ပုံကို ပြန်လည်တွေးဆ ရေးသားနိုင်ခြင်း ဖြစ် သည်။ အမှန်တကယ်တွင်မူ တရားတော်ကို နာကြားနေသည့် (အသံကို ကြားနေသည့်အခိုက်) တွင် ကျွန်တော်သည် ဖြစ်ပျက်ကို သတိမပြုအား၊ မရှုမှတ်အားပေ။ ဖြစ်စဉ်တန်း၏ နောက်ကွယ်မှ ပုံရိပ်တွေကိုသာ ဆက်တိုက်မြင်နေလေသည်။
ထို့ကြောင့် ကြားသိစိတ်ကြောင့် ဖြစ်ပေါ်လာသော အာရုံတွေ နှင့်ပင် ကျွန်တော့်ရင်သည် အဆမတန် နာကျင်လှပြီ။ နှလုံးသား ကို ကြမ်းတမ်းသောလက်ကြီးနှင့် ဆုပ်ကိုင်ချေမွသည်သို့ ခံစားနေရ သည်။ ရက်စက်နိုင်သူက ရက်စက်နိုင်လွန်းသလို အနစ်နာခံသူက လည်း အနစ်နာခံနိုင်လွန်းလှသည်။
ဟော... အသံကိုကြားရပြန်ပြီ... ။
“အဲဒီလို ဖခင်ဖြစ်သူ မဟာပတာပမင်းရဲ့ အမိန့်ကြောင့် သား တော်ဖြစ်သူ ဓမ္မပါလမင်းသားလေးရဲ့ လက်ကို လူသတ်သမားတို့ က ဖြတ်လိုက်ကြတယ်”
ရင်မှာ ဟာ... ခနဲဖြစ်သွားသည်။ လှိုက်မောသလို ခံစားရ သည်။
ဇာတ်ပွဲများကြည့်နေရလျှင် မမြင်မိအောင် မျက်စိစုံမှိတ်လိုက် မိပေမည်။
“စဉ်းစားကြည့်ပေါ့ ... စဉ်းစားကြည့်စမ်း.. အဲဒီအချိန် မှာ ဓမ္မပါလမင်းသားလေးဟာ အသက်ခုနစ်လ သားလေးပဲ ရှိသေးတာနော်။ ဒါပေမဲ့ ဘုရားအလောင်းတို့ရဲ့ စိတ်ဓာတ် အတိုင်း ဘဝအဆက်ဆက် ဖြည့် ရမယ့်ပါရမီကို ဆင်ခြင် ပြီးတော့ လုံးဝမငိုဘဲ နေသတဲ့။ ခန္တီပါရမီကို ရှေ့ထားပြီး သည်းခံနေသတဲ့။ စဉ်းစားကြည့်နော်။ ခုနစ်လသားလေး လက်နှစ်ဖက်လုံး အဖြတ်ခံလိုက်ရပြီ။ သွေးစိမ်းရှင်ရှင် ပန်း ထွက်နေတာ ဘယ်လောက်နာမလဲ။ ဒါကို လုံးဝ မအော်ဘူး၊ မငိုဘူး။ ဝေဒနာကို သည်းခံနေတဲ့ ဓမ္မပါလ မင်းသားလေး ရဲ့ စိတ်ဓာတ်ကို ကြည့် စမ်း၊ ဘယ်လောက် ကြီးကျယ် မြင့် မြတ်လိုက်သလဲ။ ဘယ်လောက် စွမ်းအားကြီးလိုက်သလဲ”
ဟောပြောနေသော ဆရာတော်၏အသံပင်လျှင် တုန်ခါချင် လာသည်။ စဉ်းစားကြည့်နော်.. ဆိုသည့်နေရာတွင် ပို၍တုန်ခါ လာသည်ဟု ကျွန်တော်ထင်သည်။ ဓမ္မကထိကဆရာတော်သည် ဟောပြောနေရင်းမှပင် ဆို့နစ် ကြေကွဲနေပြီလား..။
ဆရာတော်သည်လည်း ဇာတ်ကို ခင်းကျင်းနေရင်းမှပင် မှိတ် ထားသော မျက်လုံးအိမ်အစုံ၌ ပုံရိပ်တွေကို မြင်နေပေလိမ့်မည်။ ဆရာတော်သည် ငါးရာ့ငါးဆယ်နိပါတ်ထဲမှ စူဠဓမ္မပါလ ဇာတ် ကို ဟောပြောနေခြင်း ဖြစ်သည်။ ဟောပြောခဲ့သည့် အကြောင်းခံမှာ ဘုရားရှင်အား သတ်ရန်အတွက် ဒေဝဒတ္တမထေရ်၏ ကြံစည်အားထုတ်ခဲ့ခြင်းအပေါ် အမှီပြု၍ ဟောတော်မူခဲ့ခြင်း ဖြစ်သည်။
“ဒေဝဒတ်သည် ငါဘုရား၏အသက်ကို သေစိမ့်သောငှာ ယခုမှ ကြံစည်သည်မဟုတ်၊ ဟိုး အတိတ်ဘဝကလည်း လုပ်ခဲ့ ဖူးသည်သာ”
ဟု ဆိုကာ စူဠဓမ္မပါလဇာတ်ကို ဟောတော်မူခဲ့ သည်။ ။
သည်ဇာတ်လမ်း ဖြစ်တည်ရာဘဝတွင် ဒေဝဒတ်သည် မဟာ ပတာပမင်း ဖြစ်ခဲ့သည်။ ဂေါတမဘုရားရှင်သည် ဘုရားလောင်း ဘဝတစ်ခုအဖြစ် မဟာပတာပမင်း၏ သားတော် ဓမ္မပါလမင်းသား ဖြစ်ခဲ့သည်။ ဘုရားရှင်၏မိထွေးတော် မဟာပဇာပတိဂေါတမီ သည် မဟာပတာပမင်း၏ ကြင်ရာတော် စန္ဒာဒေဝီမိဖုရား ဖြစ်ခဲ့ သည်။
ဘဝ... ဘဝတွေသည် ဆန်းကြယ်လှပါတကား...။
ထို့ကြောင့် သံသရာတွင် မတော်ခဲ့ဖူးသော ဆွေမျိုးဟူ၍ မရှိ ဟု ဆိုခဲ့သည်ကိုး...။ ။
ဓမ္မပါလမင်းသား ခုနစ်လသားအရွယ်တွင် မယ်တော် စန္ဒာ ဒေဝီ မိဖုရားသည် သားငယ်နှင့် တီတီတာတာ ကစားနေခိုက်ဖြစ် သည်။ ထိုအချိန်တွင် ဘုရင်ဖြစ်သူ မဟာပတာပမင်း လာသည်ကို စန္ဒာဒေဝီမိဖုရား တွေ့မြင်သည်။ သို့သော် အရေးမကြီးဟုထင်ကာ လာ၍မကြို။ နေရာမပေးမိ။ မဟာပတာပမင်းသည် ထောင်းခနဲ ဒေါသထွက်သွားသည်။
“ငါလို ဘုရင်တစ်ပါး လာတာတောင် မထီမဲ့မြင်ပြုတဲ့
မိဖုရား... သင်းတော့လား...”