မြသန်းစံ - ကျွန်တော်မကောင်းဘူး
ကျွန်တော် မကောင်းဘူး
ဒီနေ့နံနက်စောစောဟာ ခါတိုင်းနေ့တွေနဲ့မတူဘူး။
ကားပေါ်က ဆင်းလာတာနဲ့ လေအတိုက်ကြမ်းနေတာကို သတိထားမိနေတယ်။ ဓာတ်လှေကားစီးပြီး အပေါ်ရောက်ပြန် တော့လည်း ဓာတ်လှေကား တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း လေတွေ ခပ်ကြမ်းကြမ်းတိုက်နေတာက တော်တော်သိသာနေ တယ်။ သစ်ပင်ကြီးတွေက ဓာတ်လှေကားစောင်းတန်းရဲ့ တစ် ဖက်တစ်ချက်မှာဆိုတော့ လေတိုးလို့ သစ်ရွက်အချင်းချင်း ရိုက်ခတ်သံတွေဟာ ပတ်ဝန်းကျင်ကို လွှမ်းမိုးနေတယ်။
သစ်ရွက်လေတိုးသံတွေဟာ တရှူးရှူး၊ တရှဲရှဲနဲ့ အဆက် မပြတ်ဆိုတော့ မိုးရွာနေပြီလို့တောင် ထင်ရတယ်။ ဒါပေမဲ့ စောင်း တန်းထိပ်ဝရောက်လို့ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချမိမှပဲ မိုး မရွာပါလားဆိုတာ သိလိုက်ရတယ်။
စောင်းတန်းဘေးအကာ သံပန်းတွေကိုကျော်ပြီး ရန်ကုန်မြို့ ကြီးကို လှမ်းကြည့်လိုက်တဲ့အခါ အတော် အိပ်မောကျနေပုံပါပဲ။ နောက် ၃-၄ နာရီလောက်ကြာရင်တော့ နေရောင်တဝင်းဝင်း အောက်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူးလွန့် ရုန်းထလာကြဦး တော့မှာပါလားဆိုတာကိုလည်း တွေးလိုက်မိပါသေးတယ်။
ချမ်းသာကြီးတန်ဆောင်းဘေးက ရင်ပြင်တော်သွားရာလမ်း အတိုင်း လျှောက်လာမိတဲ့အခါ အောင်မြေပရိဝုဏ်ကို ရောက်တာ နဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ တင့် တယ် သပ္ပာယ်စွာ ဆီးကြိုနေပါတယ်။ အေးချမ်းမှုကိုလည်း အယုတ်၊ အလတ်၊ အမြတ်မရွေး မျှဝေပေးနေပါတယ်။
နံနက် ၄ နာရီခွဲဆိုတော့ အောင်မြေပရိဝုဏ်ထဲမှာတောင် ဘုရားဖူးတွေ သိပ်မရောက်ကြသေးပါဘူး။ ပါဠိတော်တွေ ရွတ် ဆိုနေတဲ့ သံဃာတော်တစ်ပါးအပါအဝင် ဘုရားဖူးငါးယောက် လောက်ပဲ ရှိနေကြသေးတာ။ ကျယ်ပြန့်ပြောင်လက်နေတဲ့ အောင် မြေရင်ပြင်တော်ပေါ်မှာ ပုဆစ်တုပ်ထိုင်ရင်းက မှောင်ပိန်းနေတဲ့ မိုးသားပြင်နောက်ခံရဲ့ ရှေ့မှာ လင်းလင်းထင်းထင်း ဝင်းဝင်းပပရှိနေတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကြည်ညိုသဒ္ဓါစိတ်အပြည့် နဲ့ ဝပ်တွားကန်တော့လိုက်ပါတယ်။
လက်အုပ်ချီပြီး ဘုရားစာတွေရွတ်နေမိတဲ့အခါ မျက်စိနဲ့မြင် နေရတဲ့ ရွှေတိဂုံစေတီဆိုတဲ့ အဆင်းရဲ့ နောက်ကွယ်တွင် သည် ကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးတဲ့ ဘုရားရှင်လေးဆူရဲ့ ဓာတ်တော်၊ မွေတော်တွေ ကိန်းဝပ်နေပါလားဆိုတာကိုလည်း နှလုံးသွင်းနေမိပါ တယ်။
စိတ်ထဲမှာ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင်လေးဆူရဲ့ ရှေ့တော်မှောက်မှာ ပုဆစ်တုပ်ထိုင်နေရသလိုပါပဲ။ ဘုရားရှင် လေးဆူက ကိုယ့်ကို မဟာကရုဏာ မျက်လုံးအစုံတွေနဲ့ ငုံ့ကြည့် တော်မူနေကြသလိုမျိုး ခံစားနေရပါတယ်။
ဪ ... ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်တွေ အဆူဆူ ပွင့် တော်မူခဲ့ကြပါလျက် ကိုယ်ဟာ ဘာဖြစ်လို့ သံသရာထဲမှာ ကျန် ရစ်ပြီး ဖြစ်နေခဲ့ရသလဲဆိုတာ တွေးကြည့်မိတော့ ကိုယ့်ရဲ့ မိုက်ကြွေ၊ မိုက်ပြစ်တွေ ဘယ်လောက်များခဲ့သလဲဆိုတဲ့ အဖြေဟာ အထင်းသားပေါ်နေပါတယ်။
ဒါတောင်မှ အခုအချိန်အထိ စိတ်ဟာ မိုက်ချင်ချင်ဖြစ်နေ တုန်း၊ အကြွေးတွေ ထပ်ယူချင်နေတုန်း၊ အပြစ်တွေ ထပ်ယူချင် နေတုန်းပါပဲ။ ကိုယ့်သန္တာန်မှာ အဝိဇ္ဇာနဲ့တဏှာဓာတ်ကြီး သိသိ သာသာ အမြစ်တွယ်နေပါလျက်နဲ့ ပြတ်အောင် မဖြတ်နိုင်သေး တာကလည်း ကိုယ့်ရဲ့ ညံ့ဖျင်းချက်ပါပဲ။
စားဝတ်နေရေးအကြောင်းပြ၊ သားရေးသမီးရေး အကြောင်း ပြ၊ လူမှုရေး၊ စီးပွားရေးအကြောင်းပြုပြီး ဆင်ခြေဆင်လက်အမျိုး မျိုးနဲ့ ကိုယ့်စိတ်သန္တာန်ထဲမှာ နေရာယူမြဲ နေရာယူနေတတ်တဲ့ တဏှာရဲ့ သတ္တိဟာ အတော့်ကို ကြီးမားပါလားဆိုတာကိုလည်း ရိပ်မိနေပါတယ်။
အားထုတ်လက်စ သတိပဋ္ဌာန်တရားကလည်း အချိန်ပြည့် ခွန်အားမကောင်းသေးတော့ တဏှာရဲ့ ဗိုလ်ကျလွှမ်းမိုးတာကို ခံနေရဆဲပါပဲ။ “ကိုယ်နှင့်အသက်၊ မငဲ့ကွက်၊ ရက်စက်နိုင်ရမည်” ဆိုတဲ့ ဆောင်ပုဒ်အဓိဋ္ဌာန်ကို ပါးစပ်က ဆိုနေပေမဲ့ ရင်ထဲကို စည်းစည်းပိုင်ပိုင် ရောက်မလာသေးတာကတော့ သေချာပါတယ်။
တဏှာနဲ့ အဝိဇ္ဇာကို ချော့သိပ်ပြီး နေခွင့်ပေးထားသရွေ့ သတ္တဝါအားလုံးရဲ့ စိတ်သန္တာန်မှန်သမျှ ငြိမ်းချမ်းမှုအဆုံးကို ရကြ မှာမဟုတ်ပါလားဆိုတာကိုလည်း ဆင်ခြင်နေမိပါတယ်။ ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတွေဟာ ကိုယ်တော်တိုင်ငြိမ်းအေးမှုအဆုံး ပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့ကြသလို ဝေနေယျတွေကိုလည်း မဟာကရုဏာရှေ့ထားပြီး ငြိမ်းအေးမှုတွေ ပေးဝေခဲ့ကြတာချည်း ပါပဲ။ ဒါပေမဲ့ ဝေနေယျတွေခမျာ ကိလေသာထူပြောကြလွန်း တော့ ပေးကား ပေး၏၊ မရကြသူတွေ များလှပါတယ်။
ဒါကြောင့်မို့လည်း အနီးဆုံးဘုရားရှင်ဖြစ်တဲ့ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တော်တိုင် သယမ္ဘူ ဉာဏ်နဲ့ သိမြင်ခဲ့တဲ့ တရားတော်တွေရဲ့ လေးနက် နက်ရှိုင်းပုံတွေကိုဆင်ခြင်မိတဲ့အခါ တရားတော်ရဲ့ တန်ဖိုးကို အလေးထားလွန်းတဲ့ စိတ်ကြောင့် တရားမဟောချင်ဘူးဆိုတဲ့ စိတ်ကူးလေးတောင်မှ ဖြစ်မိခဲ့ကြောင်း ဗုဒ္ဓဝင်ထဲမှာ စာအဖြစ် တွေ့ခဲ့ရတာပေါ့ ။
နောက်တော့မှ သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထား တောင်းပန်လို့ တရားဟောဖြစ်ခဲ့တယ်ဆိုပြီး စာထဲမှာ တွေ့ခဲ့ရ တာပါ။ ဒါကလည်း ဓမ္မနိယာမအပေါ်မှာ ကိုယ့်ဉာဏ်နဲ့ခန့်မှန်း လို့မရနိုင်တဲ့ အချိတ်အဆက်တွေ ရှိနေပါလိမ့်မယ်။
ဒီနေရာမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေတောင်မှ အနည်းဆုံး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ပြီးမှ တိုက်ထုတ်အောင်နိုင်ခဲ့တဲ့ တဏှာရဲ့ သတ္တိဟာ ပေါ့သေးသေး မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ဘုရားအလောင်းတော် တွေခမျာ ဝေနေယျတွေအတွက် ဘုရားဖြစ်ဖို့ ကြိုးစားရတာက တစ်ဖက်၊ တဏှာလက်သမားကိုမြင်အောင် ကြိုးစားရတာက တစ်ဖက်၊ အဝိဇ္ဇာနဲ့တဏှာကို တွန်းလှန်ဖြိုဖျက်ဖို့ နည်းလမ်းရှာ ရတာကတစ်ဖက်၊ ပြီးရင် ကိုယ် အောင်မြင်ပေါက်မြောက် ခရီး ရောက်ခဲ့သလို ဝေနေယျတွေ အေးချမ်းစေဖို့ ကိုယ်တွေ့ခဲ့တဲ့ နည်း လမ်းကို မျှဝေပေးရတာကတစ်ဖက်နဲ့ တကယ့်ကို အလုပ်များလှ ပါတယ်။
ကိုယ့်မှာက ဘုရားအလောင်းတော်တွေလောက် မပင်ပန်း၊ မဆင်းရဲရပါဘဲ ဘုရားရှင် အမွေပေးခဲ့တဲ့ တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသော လမ်းမပေါ် လက်တင်ကလေး အဆင်သင့် လျှောက်နိုင်ပါလျက်နဲ့ ဘာကြောင့် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေရသလဲဆိုတာ တော်တော့်ကို စဉ်းစားရခက်လှပါရဲ့ ။
တကယ်ဆိုရင် တစ်ပါးပြီးတစ်ပါး ပရိနိဗ္ဗာန် စံဝင်တော်မူ သွားခဲ့ကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေရဲ့ ကျန်ရစ်ခဲ့တဲ့ ဓာတ်တော်မွေတော်တွေ ကိန်းအောင်းရာ စေတီတော်ကြီးရှေ့မှာ ပုဆစ်တုပ်၊ ဒူးတုပ်ပြီး လက်အုပ်ချီမိုး ရှိခိုးနေရတာကိုက ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတွေအပေါ် အားနာဖို့ကောင်းလှပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေရဲ့ အဆုံးအမစကား နား မထောင်ခဲ့လို့ သံသရာကျန်ရစ်ကြီးဘဝနဲ့ နေနေရတာကိုက ရှက် စရာကောင်းလှပါတယ်။
“မင်း ဒီလိုပဲ... ဘုရားရှင်တွေရဲ့ ဓာတ်တော်၊ မွေတော်တွေ ဌာပနာထားတဲ့ စေတီတော်မြတ်တွေရှေ့မှာ နောက်ထပ် ဘဝ သံသရာတွေ ပွေ့ပိုက်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ဆုတွေတောင်း နေဦးမှာလား။ ဘဝသံသရာ ရထားကြီးစီးပြီး ဘုရားအဆူဆူ နား ငြီးအောင် ဒုက္ခထဲက ဒုက္ခတွေရဖို့ ထပ်ပြီး ဆုတောင်းနေဦးမှာလား။ အခုအချိန်ထိ မင်းရဲ့ ဆုတောင်းနဲ့ အလိုဆန္ဒတွေက မပြည့် နိုင်သေးဘူးလား”ဘယ်ကဘယ်လို ထွက်လာတဲ့ စကားသံတွေလည်းမသိ။ ရင်ထဲမှာ တလိပ်လိပ်နဲ့ တက်လာလိုက်ကြတာ။ ဟော... ဟိုး အမြင့်က ထီးတော်အပေါ်မှာ ဆည်းလည်းလှုပ်ခတ်သံတွေ ခပ် ပြင်းပြင်း ပေါ်ထွက်လာရဲ့။ လေကြမ်းက မွှေးလာပြန်ပါပြီ။
တချွင်ချွင်၊ တချွမ်ချွမ် ဆည်းလည်းသံတွေဟာ တိတ်ဆိတ် နေတဲ့ ဘုရားရင်ပြင်တော်ပေါ်ကို လွှမ်းမိုးဖြန့်ကြက်လာတယ်။ လေ ဘယ်လောက်ကြမ်းသလဲမသိဘူး။ ဆည်းလည်းချင်းတိုက်ခတ်သံ တွေဟာ တော်တော့်ကို ကျယ်လောင်လာတယ်။ မရပ်မနားပါပဲ...
ဪ... လေဟာ ကိုယ်ပိုင်တာမှ မဟုတ်တာ။ ကြမ်းချင်တဲ့ အချိန် ကြမ်းမယ်။ ပြေချိန်တဲ့အချိန် ပြေမယ်။ ပြီးရင် လုံးဝမတိုက် ခတ်ပါဘဲ ရပ်ချင်လည်း ရပ်နေလိမ့်မယ်။ လေနုအေး၊လေနီကြမ်း၊ အခေါ်အဝေါ်တွေ ဘယ်လိုပြောင်းပြောင်း ဝါယောရဲ့ လှုပ်ရှားထောက်ကန်သတ္တိကတော့ အပြင်မှာလည်း ပြနေမှာပဲ။ ကိုယ် အတွင်းမှာလည်း ပြနေမှာပါပဲ။
သည်ဝါယောကို အမှီပြုပြီးတော့ ထွက်လေ၊ ၀င်လေကစလို့ တရားရှုမှတ်တဲ့အလုပ်ကို လုပ်ရဦးမှာပါပဲ။ “ဘူတံ ဘူတတော ပဿတိ” ဆိုတဲ့အတိုင်း ထင်ရှားရာကစပြီး ရှုမှတ်ရင်းနဲ့ ရုပ်တရား ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဝါယောဓာတ်ကို ရှုမှတ်ရင်းက ဘယ်အရာမှ ကိုယ်မပိုင်ကြောင်း ဉာဏ်သွင်းရတော့မှာ...။
အတိတ်မှာ ရှူရှိုက်ခဲ့တဲ့ “လေ” ပစ္စုပ္ပန်မှာ ရှူရှိုက်နေဆဲ “လေ ။ အနာဂတ်မှာ ရှူရှိုက်လိုက်ဦးမယ့် ‘လေ။ ဒါတွေအားလုံး ကိုယ်မပိုင်။ ။
ကိုယ်တွင်းမှာရှိနေတဲ့ “လေ” ကိုယ်ပမှာရှိနေတဲ့ ‘လေ။ ဒါ တွေအားလုံး ကိုယ်မပိုင်။
ကြမ်းတမ်းတဲ့ ‘လေ၊ နူးညံ့တဲ့ “လေ”၊ ဒါတွေလည်း ကိုယ်မဟုတ်။ ကိုယ်နဲ့မဆိုင်၊ ကိုယ်မပိုင်။
ကောင်းတဲ့ ‘လေ၊ ဆိုးတဲ့ ‘လေ၊ ဒါတွေလည်း ကိုယ်က ကောင်းချင်၍မရ၊ ဆိုးချင်၍မရ။ သူ့သဘော သူ့သဘာဝ။
အနီးမှာရှိတဲ့ ‘လေ” အဝေးမှာရှိတဲ့ ‘လေ။ ဒါတွေလည်း ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်။
လေတစ်ခုတည်းလား၊ မဟုတ်။ မြေ၊ ရေ၊ မီး... ကျန်တဲ့ ဓာတ်ကြီးသုံးပါးလည်း ထို့အတူ၊ ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်၊ ကိုယ် က လွှမ်းမိုး၍မရ။ ကိုယ်ဖြစ်ချင်သလို ဖြစ်၍မရ။
ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောရုပ်ဓာတ်ကြီးလေးပါး စလုံးဟာ ငါ ပိုင်ဆိုင်ခြင်းမဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်။
ရုပ်တစ်ခုကို ဉာဏ်သက်ဝင်နိုင်ရင်ပဲ ရုပ်နဲ့ယှဉ်ဖော်ယှဉ်ဖက် လက်တွဲဖော်၊ လက်တွဲဖက်၊ ဖြစ်ဖော်ဖြစ်ဖက်၊ ပျက်ဖော်ပျက်ဖက်၊ နာမ်ဓာတ်ကိုလည်း သိမြင်ပြီး ရုပ်နာမ်ချုပ်ဆုံး နိဗ္ဗာန်ရောက်တဲ့ အထိ ခရီးတွင်ပေလိမ့်မယ်။
ထီးတော်ထက်မှာ ချိတ်ဆွဲထားတဲ့ ဆည်းလည်းတွေကို ခပ် ကြမ်းကြမ်း တိုးဝှေ့နေတဲ့ အဝေးအမြင့်ဆီက လေကြမ်း၊ ကိုယ့် ကိုယ်ပက လေကြမ်းကို လှမ်းအာရုံပြုရင်းက ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အနတ္တလက္ခဏသုတ်ထဲက ဟောမိန့်မှာကြား ချက်တွေဟာ ရင်ထဲကို စီးဝင်လာပါတော့တယ်။
ငါ ပိုင်မဟုတ် (This does not belong to me)
ငါ မဟုတ် (This am I not)