Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - မြန်မာ့ရုပ်ရှင်ဆရာကြီးများ၏အဆိုအမိန့်များ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဦးညီပု (၁၉၀၀)

(ပထမမြန်မာရုပ်ရှင်မင်းသား)

ဦးညီပုသည် ၁၉ဝဝ၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် အဖ ဦးဘညွန့်၊ အမိဒေါ်ငြိမ်းရှင်တို့မှ ဒုတိယမြောက် သားရတနာ ဖြစ်သည်။ ဇာတိ ပြည်မြို့၊ မြန်မာအဆွေတိုက် ရန်ကုန်သို့ ပြောင်းရွှေ့လာရာမှ မိသားစုပါ ပြောင်းလာခဲ့ကြသည်။

အစိုးရဟိုက်စကူးကျောင်းတွင် ပညာသင်ကြားနေစဉ် မြန်မာ ရုပ်ရှင် တီထွင်ကြံဆရိုက်ကူးရာ ... အားတက်သရော ပါဝင်ခဲ့သည်။ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်အား လူအား၊ ငွေအားနှင့် ဉာဏ်အားပါ ကူညီစေခဲ့သည်။

မြန်မာ့ရုပ်ရှင်တွင် ပထမဆုံး မိတ်ကပ်လိမ်းခြယ်ကာ ကင်မရာ ရှေ့တွင် အမူအရာလုပ်ခဲ့သူ၊ သရုပ်ဆောင်ပြသူဖြစ်ပြီး တတိယမြောက် မိမိပါဝင်သော “တောမြိုင်စွန်းက လွမ်းအောင်ဖန်၊ ၁၉၂၃ တွင် မောင် ဘဌေး ... အမည်တွင်ကာ 'ဘဌေးဆံတောက်”ကိုလည်း ခေတ်စားစေခဲ့သည်။

တောမြိုင်စွန်းကားတွင် မင်းသားဒါရိုက်တာအဖြစ် ပထမဆုံး စလုပ်သူဖြစ်ပြီး “ကာပရက်တာအက်တာ” ပုဂ္ဂလသရုပ်ဆောင်ဟု ဆိုလောက်သော မင်းသားဦးရွှေရိုးကို စတင်ပွဲထုတ်ခဲ့သည်။ ကျောင်းသား ဘဝကပင် ဓာတ်ပုံရိုက်ခြင်း၌ ဝါသနာပါခဲ့သည်။ ရုပ်ရှင် ဓာတ်ပုံရိုက်ကျွမ်းကျင်ပြီး အသံဖမ်းခြင်း၊ သွင်းခြင်း၊ ကားတည်းဖြတ်ခြင်း၊ ကားကူး ကားဆေး၌လည်း ဝိဇ္ဇာမြောက်အောင် တတ်ကျွမ်းသည်။ “မိမိအသုံးပြုသော ပစ္စည်းကိရိယာကို မိမိဘာသာ ပြင်ဆင်တတ်ရမည်” ဟူသော " ယုံကြည်ချက်အတိုင်း ရုပ်ရှင်စက်ကိရိယာပစ္စည်းများကို ကောင်းစွာ ပြင် ဆင်တတ်လေသည်။

ဇာတ်ညွှန်းရေးရာ၌လည်း ရိုက်ညွှန်းအထိ ပီပြင်စွာရေးတတ် သည်။ မိမိတတ်ကျွမ်းသော ပညာကို ဆရာစားမချန် ပေးဝေတတ်သော ဦးညီပု၏ ရုပ်ရှင်တပည့်တပန်းများသည် ရုပ်ရှင်နယ်တွင် မနည်းတော့ပြီ။

ဓာတ်ပုံလှည့်စားချက်အမျိုးမျိုး၊ စပယ်ရှယ်အဖက်၊ အထူး ဓာတ်ပုံပြုလုပ်ချက်များကို ကောင်းစွာနိုင်နင်းသည် (စကော့မိုးရှင်း) ခေါ် ရုပ်ရှင်မှ ရုပ်သေသွားသော အထူးဓာတ်ပုံပြုလုပ်ချက်ကို (အေတီ ကယ်လ် ပရင့်တာ) ခေါ်ဣစ္ဆာသယလိုတရ ရုပ်ရှင်ကူးစက် မရှိသော် လည်း မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လုပ်ကိုင်ပေးနိုင်ခဲ့သည်။

ယခုအခါ... ယင်းဣစ္ဆာသယလိုတရ၊ ကားကူးစက်ကို ပြည် တွင်းရှိ ကိရိယာများဖြင့် စမ်းသပ်တီထွင်နေသည်။

ဦးညီပုသည် သရုပ်ဆောင်အဖြစ် ... မေတ္တာနှင့်သူရာ”၁၉၂ဝ၊ “ကျေးတောသူ မနု”၁၉၂၁၊ “တောမြိုင်စွန်းက လွမ်းအောင်ဖန်” ၁၉၂၃၊ “တစ်ခိုင်လုံးရွှေ” ၁၉၂၄၊ “မှိုင်းဝေဝေ”၁၉၂၅၊ “သမိုင်းညွန့် ပေါင်း” ၁၉၃၃၊ သရုပ်ဆောင်နှင့်ဒါရိုက်တာအဖြစ် .... “ဆုထူးပန်” ၁၉၂၉၊ ရွှေနှင်းဆီ” ၁၉၃၁၊ “ဂျပန့်ရင်သွေး” ၁၉၃၅ အသံထွက်။

ဒါရိုက်တာအဖြစ် ... “ကျားသစ်မယ်” ၁၉၂၃၊ 'ပလုတ်တုတ် တုတ် စကြာရှင်” ၁၉၂၅၊ ရွှေမင်းဝံ”၁၉၂၆၊ မြတဘက်” ၁၉၂၇၊ 'မြအေး ယဉ်'၁၉၂၇၊ 'မြိုင်နန်းစံ”၁၉၂၆၊ ချစ်သွေးညီညီ” ၁၉၃၁၊ ချစ်ရေစင်” ၁၉၃၅၊ ပန်းသစ္စာ” ၁၉၅၄။

ကြီးကြပ်သူ ဒါရိုက်တာအဖြစ် .... သံခမောက်” ၁၉၃၅၊ “စမ်းရေယဉ်” ၁၉၃၆၊ “ချစ်လူယောင်” ၁၉၃၈ (အသံထွက်)၊ “ကိုယ့်ရင်သွေး” ၁၉၅၅၊ “ချစ်သံသရာ”၁၉၅၇၊ ၅၂၈”၁၉၅၈၊ “နန်းထက်က ပန်းတစ်ခက်” ၁၉၆၃၊ “မမှောင်သောအလင်း” ၁၉၆၅၊ သမန်းကျား” ၁၉၇ဝ ... စသော ဇာတ်ကားများ ရိုက်ကူးခဲ့သည်။

ဦးညီပုသည် ရုပ်ရှင်လောကအကျိုးအတွက် အသင်းအပင်း များတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်တတ်သည်။ စစ်ကြိုခေတ် က မြန်မာပြည်ရုပ်ရှင်အသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ်အစည်း အရုံး၊ ရုပ်ရှင်ကောင်စီ ၁၉၆၈မှ၁၉၇၅ အထိ ဥက္ကဋ္ဌအဖြစ် ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ (၂၁) ဦး အကြံပေးအဖွဲ့ .. စသည်တို့တွင် ပါဝင်ခဲ့သည်။

ကျမ်းဦးစကား

မြန်မာ့ ရုပ်ရှင်သည် (၁၉၂၀) ခုနှစ်က စ၍ ပေါ်ထွန်းလာခဲ့ရာ ယခုဆိုလျှင် (၇၅) နှစ် တိုင်လေပြီ။ ရုပ်ရှင်ပညာသည်အပေါင်းတို့သည် မိမိတို့ တတ်ကျွမ်းသော ရုပ်ရှင်အနုပညာများကို လုံ့လဝီရိယ ထက်သန် စွာဖြင့် ဖော်ကျူးလာခဲ့ကြပါသည်။ တစ်ဆက်တည်းမှာပင် မိမိတို့ ဆည်း ပူးသိရှိထားသော ပညာရပ်များကို မိမိတို့၏ပတ်ဝန်းကျင် အသိုင်းအဝိုင်း | အတွင်း၌သာ လက်တွေ့အားဖြင့် သင်ကြားပေး၍ ဖြန့်ဝေနိုင်ခဲ့ရာမှ နောင်အခါ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်လုပ်ငန်းတွင်သော် လည်းကောင်း၊ ( ယခင် ရုပ်ရှင်ကောင်စီနှင့် ယခု ရုပ်ရှင်အစည်းအရုံးတွင်သော် လည်း ကောင်း စနစ်တကျသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလာနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအမှုဆောင် အဖွဲ့ သည် ရုပ်ရှင် လောကကြီး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဘက်ဘက်မှ ဆောင်ရွက် | လျက်ရှိရာ၊ ရုပ်ရှင်အနုပညာဖွံ့ ဖြိုးရေးသည်လည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်လေသည်။ ဤအစီအစဉ်အရ ရုပ်ရှင်အစည်းအရုံး ပြန်ကြားရေးမှူး များနှင့် ရုပ်ရှင်မဂ္ဂဇင်းစာတည်းအဖွဲ့ကို ဤစာအုပ် ထုတ်ဝေနိုင်ရန်တာဝန် များ ပေးအပ်ခဲ့ပါသည်။

ဤ ရုပ်ရှင်ဆရာကြီးများ၏အဆိုအမိန့်” စာအုပ်သည် ရုပ်ရှင် သင်တန်းများတွင် ပို့ချခဲ့သော သင်ခန်းစာများကို စုစည်းပြုစုထားခြင်းဖြစ်ပါသည်။ ရုပ်ရှင်သုတေသီများ၊ ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင် မျိုး ဆက်သစ်များအတွက် ဗဟုသုတဖြစ်ဖွယ်ရာ၊ ကိုးကားရည်ညွှန်းဖွယ်ရာ စာအုပ်အဖြစ် ကြိုးပမ်းထားခြင်းဖြစ်ပါသည်။ ဤစာအုပ် ဖြစ်မြောက်ရန် အတွက် သင်ခန်းစာများ စုဆောင်းပြုစုပေးသော ဗိုလ်ကြီးအုန်းရွှေ (တပ်မတော် လေ့ကျင့်ရေးရုပ်ရှင်)၊ ထိုစာမူများကို ကူညီပြုစုပေးသော စာရေး ဆရာ ဒါရိုက်တာဦးလှအောင်နှင့် စာမူများကို တည်းဖြတ်ပေးသော ဒဂုန် မြင့်စိုး (ဦးမြင့်စိုး၊ အငြိမ်းစားညွှန်ကြားရေးမှူး၊ ရုပ်ရှင်လုပ်ငန်း) တို့အား အထူးကျေးဇူးတင်ရှိပါသည်။

စာအုပ်ထုတ်ဝေရေးအဖွဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး