Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြဒေါင်းညို - ကမ္ဘာ့လျှို့၀ှက်အသင်းများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
( က )
နိဒါန်း

          “ကြောင်လက်သည်းဝှက်” သည် ဗမာတို့၏ အစဉ်အလာစကားတစ်ရပ် ဖြစ်၏။ အရေးရှိမှ အရာပေါ်လျှင် အရေးတော်ပုံအောင်ရ၏။ “မပြီးခင် ဗမာ မမြင်စေနဲ့”ဟု စကားပုံခိုင်းချက်က လျှို့ဝှက်မှုအရသာ ဖော်ပေးပေ ၏။

          လျှို့ဝှက်မှုကြောင့် လူများစိတ်ဝင်စားတတ်လာကြ၏။ လူများသည် လျှို့ဝှက်မှုကို သိချင်၏။ လျှို့ဝှက်ချင်၏။ စိတ်ပညာရှင်များက ပဋိသန္ဓေ စိတ်ဟု ခေါ်ချင်ခေါ်ကြပေမည်။ လူတိုင်း လျှို့ဝှက်သော အရာကိစ္စ အတွင်း ဝင် “နှိုက်”လိုကြ၏။

          လျှို့ဝှက်မှ အဖိုးတန်သောအရေးများ ကြုံကြိုက်ကြပေသည်။ မျက်နှာ ကလေး ထီးနှင့်ဖုံးကာ လျှို့လျှို့ဝှက်ဝှက် မခို့တရို့ လမ်းလျှောက်သူ မိန်းမပျိုမျက်နှာကို ကာလသားများ စေ့စေ့စပ်စပ်တွေ့မြင်လိုကြ၏။ မျက်နှာဖော်ကာ မျက်နှာပြောင်လျှောက်သော မိန်းမပျိုအား လူဂရုမစိုက် ဘဲ လျစ်လျူထားလေ့ရှိ၏။ ဤကား လူမှုကိစ္စတစ်ရပ်နှင့် ဥပမာခိုင်း လိုက်သည်။

          လျှို့ဝှက်မှုသည် လူသိရှင်ကြားမှု၏ “မျက်နှာချင်းဆိုင်” လုပ်ငန်း ဖြစ်၍ လျှို့ဝှက်မှုပြုလုပ်ရခြင်းတစ်ချက်မှာ မပြီးခင် လူမသိစေချင်ခြင်း ပင်တည်း။ သို့ကြောင့် လျှို့ဝှက်သောအသင်းများသည် ရည်ရွယ်ချက်အထမမြောက်ခင် ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်ကြီး မလုပ်ကြံကြချေ။

          လျှို့ဝှက်မှုကြောင့် ရဲရင့်မှု၊ စွန့်စားမှု၊ အနစ်နာခံမှုများ မွေးဖွားလာ သည်တစ်ချက်။ လျှို့ဝှက်သောအသင်းသည် လူတို့စိတ်ကို ဆွဲငင်လိုက် ၏။ အချိန်တိုတိုနှင့် ခရီးတွင်၏။ လျှို့ဝှက်မှု မရှိလျှင် အရေးဖျက်မှု၊ အပြိုင်အဆိုင်၊ တစ်ပိုင်းတန်းလန်းကြောင့် ကဲ့ရဲ့မှု၊ တာဝန်မဲ့မှု၊ ဝါးအစည်း ပြေမှု၊ စည်းမဲ့မှု၊ စိတ်ပျံ့မှုများ မွေးဖွားလာ၏။ “လျှို့ဝှက်သော အသင်း များသည် “ပေါ်လွင်”သော အသင်းများထက် အလုပ်သွက်လက်စွာ ပြုလုပ်နိုင်၏။

          သူလျှိုအထောက်တော်အသင်းများကဲ့သို့ လျှို့ဝှက်သင်းများသည် တိုင်းပြည်ကို ကြိုးဆွဲလေ့ရှိ၏။ မင်းပြုလုပ်သူတိုင်း လျှို့ဝှက်မှုနှင့်မကင်း၊ လျှို့ဝှက်သင်း၏ ထောက်ခံချက်ရ၏။ တရုတ်ပြည် စစ်ဘုရင်ကတော် မဒမ်ချန်ကေရှိတ်သည် ဟွန်းဂ် တရုတ်စည်းလုံးရေး လျှို့ဝှက်သင်း၏

          ထောက်ခံချက်ရ၏။ တရုတ် ပထမသမ္မတဆွန်ရက်ဆင်ပင်လျှင် ဤ အသင်းဝင်ဖြစ်ခဲ့၏။ သမ္မတနိုင်ငံ ဖန်ဆင်းဖြစ်၏။

          မြန်မာရာဇဝင် စာတင်ကြည့်လော့၊ လျှို့ဝှက်သောအသင်းအပင်း အဖွဲ့ ကြောင့် မြန်မာ့ဦးစွန်း တလူလူလွင့်ခဲ့၏။ မင်းကြီးရန်နောင်၊ တပင် ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ အမရပူရ ပထမမြို့နန်းတည် မင်းတရား၊ ရွှေဘိုမင်း စသော မင်းများသည် သွေးသောက်တပ် ရဲရည် ဖက်၊ အတွင်းလူယုံကိုယ်ရံတော်များဖြင့် တိုင်းပြည်လုပ်ကြံ တက်ရောက် ခဲ့သည် မဟုတ်ပါလော၊ အရေးကြီးလျှင် သွေးနီးကြသည်မဟုတ်ပါ လော။

          ဤသည်ကိုရည်၍ “မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း”တွင် သွေး သောက် (လျှို့ဝှက်သင်း)များနှင့် စပ်လျဉ်းလျက် အောက်ပါစာများဖတ်ရှုရ၏။

          “သွေးတူ၊ သွေးနီးသူ- လူနည်းပါးသည့်အခါ သွေးတူသွေးနီးသော ပေါက်ဖော်သားချင်းမှ တစ်ပါး အခြားလူစိမ်းပါသည့်အခါ တစ်ဦး၏ လက်မောင်းကသွေးကိုဖောက်၍ တစ်ဦးသောက်ခြင်းဖြင့် ပြုမူသော သွေး တူပြီဟူ၍ အယူရှိထိုက်သူ လူတစ်စုဖွဲ့စည်းပြီးလျှင် သွေးသောက်ပြီး လူထဲက အကြီးအကဲလုပ်နိုင်သူ လူကြီးကို (၁-မေတ္တာစိတ်နှင့် အသင်း အပင်း ငယ်သားများကို သိမ်းထားနိုင်ခြင်း။ ၂-အချမ်းအပူကို သည်းခံ နိုင်ခြင်း။ ၃-ကိုယ်ကျိုးကိုယ့်စီးပွားကို ပဓာနမထား၊ ငယ်သားများစီး ပွားထွန်းကားအောင် ဆောင်ရွက်နိုင်သော သတ္တိဗျတ္တိရှိခြင်းနှင့် ၄-နာယ ကဂုဏ် ၆ ပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို) သွေးကြီး သို့မဟုတ် သွေး သောက်ကြီးတင်မြှောက်လေ့ရှိကြသည်။

          “သွေးသောက်ကြပြီးလျှင် စည်းလုံးညီညွတ်စွာ သွေးသောက်ကြီး စီမံရာ၊ နာခံကျင့်ကြံကြသူ လူစုကို သွေးသောက်စုတစ်စုခေါ်သည်။ သွေးသောက်ဆိုသောစကားကို သွေးတစ်လုံး သောက်တစ်လုံး ခွဲခြား၍ မရေးဘဲ “သွား”ဟု အတိုချုံး၍ ရေးလေ့ရှိသည်။ သွေးသောက်စုဟူသော ဝေါဟာရမှာ မြန်မာအမိန့်တော်များ၊ အမိန့်တော်ပြန်တမ်းများ၊ စော်ဘွားတင်စာတမ်း၊ စစ်တမ်းများတွင် ပါဝင်သုံးစွဲလေ့ရှိသည်။

          “ရှင်ဘုရင်လုပ်ရန် အကြံရှိသူတို့မှာ ဆိုခဲ့သည့်အတိုင်း သွေးသောက် သောအချက်ကိုပင် ရဲရည်ဖက်သည်ဟု ခေါ်သေးသည်။ ။ ဟံသာဝတီ ဆင်ဖြူများရှင် ရှင်ဘုရင်လုပ်ရန် အကြံပြုစ ၉၁၂-ခုမှာ သွေးသစ္စာ သောက်သူ လူပေါင်း ၂၈၊ အလောင်းမင်းတရား ရှင်ဘုရင်လုပ်ရန် အကြံ ပြုစ ၁၁၁၃ ခုမှာ သွေးသစ္စာသောက်သူ လူပေါင်း ၆၈၊ အမရပူရ ပထမမြို့နန်းတည်မင်းတရား ရှင်ဘုရင်လုပ်ရန် အကြံပြုစ ၁၁၄၃ ခုမှာ သွေးသစ္စာသောက်သူ လူပေါင်း ၁၂ အသီးသီးဖွဲ့စည်းကြသည်။ လူသက်သက်ဖြစ်လျှင် “ရဲရည်ဖက်ရသည်”ခေါ်ကြသည်။ မြင်းပါလျှင် “မြင်းရည်ဖက်သည်” ခေါ်ကြသည်။ သည်ကဲ့သို့ ရဲရည်ဖက်သူ၊ မြင်း ရည်ဖက်သူ လူစုအချင်းအရာကို လင်္ကာစီကုံးစပ်ဆိုထားသော ကဗျာ များလည်း များစွာရှိသည်။ “ရဲတင်းလင်္ကာ-ရဲတင်းမော်ကွန်း”ဟူ၍ ခေါ်လေ့ရှိ၏။

          “ခြောက်ကျိပ်ရှစ်လျှင်၊

          သောင်းခွင်ဇမ္ဗူ။ ယူအံ့ကြံစည်၊

          သစ္စာချည်သည်” -

          ဟူ၍ အလောင်းမင်းတရား ရဲတင်းလင်္ကာ၌ ပါ၏။

          “မြန်မာနိုင်ငံအထက်ပိုင်းကို အင်္ဂလိပ်မင်းပိုင်နယ်အတွင်း သွတ် သွင်းသိမ်းပိုက်စအခါကလည်း ဆိုခဲ့သည့်နည်းပင် အစည်းအရုံးဖွဲ့ ကာ ဖွဲ့ကာ၊ သွေးသစ္စာသောက်ကြသော မင်းလောင်းအသင်း၊ ဓားပြအသင်း များကလည်း အားကြီးပေါ်ထွက်သောအချက်လည်း မျက်မြင်လက်တွေ့ ဖြစ်တော့သည်။

          တကယ့်အဟုတ် လက်မောင်းသွေးကို သောက်၍ သွေးသောက်ဖွဲ့ လေ့ရှိသည်မှာ မြန်မာလူမျိုးတို့သာမဟုတ် တလိုင်း၊ ရှမ်း၊ ယွန်း၊ ကရင်၊ ကချင်၊ ချင်း စသော လူမျိုးများမှာလည်း ဆိုခဲ့သည့်နည်းပင် သွေးကို ဖောက်၍ သွေးသောက်သော ဓလေ့ရှိကြသည်။

          “အရေးကြီးသည့်အခါ သွေးနီးရာပါမြဲ” ဆိုသောစကားအတိုင်း တိုင်းရေးပြည်မှုပေါ်လာသည့်အခါ သွေးနီးရာလူစုခြင်း၊ တစ်နည်းအား ဖြင့် သဘောတူသူလူ ရွေးကောက်၍ သွေးသောက်ကြခြင်းများမှာ မြန်မာ သက္ကရာဇ် ၁၁၄၃ ခုနှစ်တိုင် အခိုင်အမာပေါ်လာသေးသတည်း။”

          ဖော်ပြခဲ့သည့်အတိုင်း သွေးသောက်ဖွဲ့ခြင်းသည် ပေါ်လွင်သောလုပ်ငန်းမဟုတ်။ သွေးနီးရာ ကြိတ်ကြံသောအရေးတော်ပုံဖြစ်၍ လျှို့ဝှက် မှသာ သွေးသောက်ဖွဲ့ နိုင်၏။ လျှို့ဝှက်သော အလောင်းဘုရားမြင်းရည် ဖက် ၆၈ ယောက်ကြောင့် မြန်မာနိုင်ငံ တတိယမြောက် ထင်ရှားထွက် ပေါ်လာသည် မဟုတ်ပါလော။ မြန်မာတွေ တလိုင်းလက်အောက်က လွတ်၍ ကိုယ့်မင်းကိုယ့်ချင်းနှင့် လူတန်းစေ့ နေထိုင်နိုင်သည်မဟုတ်ပါ လော။

          ရာဇဝတ်မှုသက်သက်ကျူးလွန်သော လျှို့ဝှက်သင်းများမှအပ မြောက်မြားစွာသော လျှို့ဝှက်သင်းများ၌ လူကုံထံများ ပါဝင်ကြ၏။ လျှို့ဝှက်သင်းသည် အားကြီးသူအဓမ္မသမားတို့အား တော်လှန်ဖြိုဖျက် သော အားနည်းစုလက်နက်ကြီးဖြစ်၏။

          ရာဇဝင်အစောင်စောင်၌ လျှို့ဝှက်သင်းများ ပေါ်ပုံပါရှိ၏။ လူမျိုး တိုင်း၊ နိုင်ငံတိုင်း၊ ခေတ်တိုင်း၌ လျှို့ဝှက်သင်းများပေါ်ကြ၏။ တိုင်းနိုင်ငံ ၏ လောကဓံတရားအတိုင်း၊ ငုပ်ချည်ပေါ်ချည်နှင့်နေကြ၏။

          ခေါမ၊ ရောမ၊ အီဂျစ် စသော အင်ပါယာနိုင်ငံဟောင်းကြီးများ၌ ဘာသာရေးနှင့် ပတ်သက်သော အရည်းကြီးလျှို့ဝှက်သင်းဂိုဏ်းများပေါ် ခဲ့၏။ ဗီလီနတ်ဖြင့် လှည့်စားကာ အသက်မွေးသော ရဟန်းတု၊ ရဟန်း

          ယောင် လျှို့ဝှက်သင်းများ ပေါ်ခဲ့၏။ မြန်မာပြည်ပုဂံခေတ်၌ အရည်းကြီး ရှစ်ကျိပ်ကျော်တို့သည် လျှို့ဝှက်စွာဖွဲ့စည်း၍ ပုဂံသူ-ပုဂံသားများအဆီ စား အမျိုးမျိုး အရိုးခဲလျက် ပန်းဦးလွှတ်ခိုင်း၊ နဂါးကိုးကွယ်ခြင်းများ ပြုလုပ်ခိုင်းစေခဲ့သည်မဟုတ်ပါလော။

          နတ်ထိန်း၊ နက္ခတ်ဗေဒင်ဆရာ၊ သမားဟူးရား ပုရောဟိတ် နိမိတ် ဖတ်သမား၊ အင်း အိုင် အောက်-ထက်လမ်းဆရာများသည် လျှို့ဝှက် စွာ ဂိုဏ်းထောင်၍ တရုတ်၊ ဂျပန်၊ မက္ကဆီကို၊ သိုးဆောင်းပြည်များ၌ ရှေးခေတ်မှ ယခုခေတ်တိုင် လှည့်ဖြား စားသောက်နေကြ၏။ ပါရှားပြည်က “မယ်ဂျီ” မှော်ဆရာဂိုဏ်း၊ ကုလားပြည်က ဗြဟ္မဏပုဏ္ဏားဂိုဏ်း၊ ရှေးခေတ်ဗြိတိန်က ဒရုတ်ဆဲ ရသေ့ကြီးများဂိုဏ်းတိုသည် လျှို့ဝှက်သော အစဉ်အလာသဏ္ဌာန် အဝတ်အစား အနေအထိုင်ဖြင့် သက်မွေးဝမ်းကျောင်းကြ၏။ ရှေးဟောင်းဘာသာကြီးများတိုင်း လျှို့ဝှက်စွာ သဘင် ခင်းကျင်းလေ့ရှိ၏။ သင်္ချိုင်းဟောင်း၊ အရိုးအိုး၊ ဂူအိုး၊ ချောင်ဆွေး၊တောင်ကမ်းပါးများ၌ ရှေးသရောအခါက ပေါ်ခဲ့သော လျှို့ဝှက်သင်းများ ၏ အစအန လက်ရာများကို ကျောက်စာ၊ သိုက်ဆရာတို့သည် တူးဖော် တွေ့ကြုံခဲ့ကြ၏။

          ခရစ်နှစ် ၁၁ဝဝ မှ ၁၄ဝဝ တိုင် ဥရောပတိုက် “ကြားခေတ်” ကြီး အတွင်း၌ ဘာသာရေးစစ်ပွဲများကျင်းပခဲ့၏။ ခရစ်ယာန်နှင့် မဟာ ဗေဒင်တို့ စစ်ထိုးခဲ့ကြ၏။ ဘာသာလဝါလျှို့ဝှက်သင်း “နိဗ္ဗာန်ပေါက်” သင်းများ ပေါ်ခဲ့၏။ ရောမရဟန်းမင်းအမိန့်ရ လျှို့ဝှက်သော “အင်ကွာ ဆင်ရှင်း” ရဟန်းခုံအဖွဲ့ များ ပေါ်ခဲ့၏။ ရိုမင်ကက်သလစ် ရေဖျန်းခံ မဟုတ်လျှင် ထိုခုံအဖွဲ့များက ရက်စက်စွာ သတ်ဖြတ်ရန် စီရင်ကြ၏။ ဥရောပတိုက်ရာဇဝင်၌ ထင်ရှားခဲ့၏။

          အဂ္ဂိရတ်ထွက်ရပ်ပေါက် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ၊ ရသေ့ဂိုဏ်းများ လည်း မှိုပွင့်ပမာ တိတ်တဆိတ် ကမ္ဘာအနှံ့အပြားပေါ်ခဲ့နေ၏။ ကိုယ့် အယူ ကိုယ့်အထက်ဆရာကြီးနှင့် ကိုယ့်ထင်တစ်လုံးဖြင့် အယူအဆ တူသူချင်း လျှို့ဝှက်စွာ ဂိုဏ်းထောင်ကြောင်း ကြားသိရ၏။

          ဖရီမေဆင် “ပသျှူးခေါင်းဖြတ်” အသင်းသည် ပေါ်သည်မှာ နှစ်ပရိ စ္ဆေဒကြာခဲ့ပြီး ယနေ့တိုင် ထွန်းကားနေ၏။ ကမ္ဘာပေါ်တွင် အဖွဲ့ ပေါင်း ၂၅,ဝဝဝ ရှိ၏။ အဖွဲ့ဝင် သုံးသန်းကျော်၏။ အစီအစဉ် လျှို့ဝှက်ထား၏။ သို့ရာတွင် အခမ်းအနား ခင်းကျင်းရာ၌ လျှို့ဝှက်ခြင်းကြောင့် လျှို့ဝှက် သင်းဖြစ်နေ၏။