စိတ်ကူးချိုချိုစာပေ
မြတ်သိင်္ဂီကျော် - မှော်ဝင်ပန်းခြံ
Couldn't load pickup availability
မှော်ဝင်ပန်းခြံ
အခုတော့ ဘာတွေဖြစ်နေတယ်ဆိုတာ မေရီ နားလည်သွားပါ ပြီ။ ရောဂါဆိုးတစ်ခုဟာ ဒီမြို့ကလူတွေ တော်တော်များများကို သတ်နေ တာပါပဲ။ အိမ်တိုင်းလိုလိုမှာ လူတွေ သေနေကြပါတယ်။ မေရီတို့အိမ် မှာတော့ အခု သေဆုံးသွားတာက သူမရဲ့ အစေခံ ခါမလာပါပဲ။ အဲဒီနေ့ မှာ နောက်ထပ် အစေခံသုံးယောက် သေဆုံးသွားခဲ့ပါသေးတယ်။
နောက်တစ်နေ့မှာလည်း ငိုယိုအော်ဟစ်ပြီး လူတွေ အပြေးအလွှား အိမ်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေကြပါတယ်။ ဘယ်သူမျှ မေရီ အကြောင်း ထည့်မတွက်မိဘူး။ သူမက လူတွေ အော်ဟစ်သံကြောင့်
ကြောက်ရွံ့ပြီး အခန်းထဲမှာပဲ ပုန်းနေရှာတယ်။ တစ်ခါတစ်ခါ သူမ ငို တယ်။ ပြီးတော့ အိပ်ပျော်သွားပြန်ရော။
နောက်တစ်နေ့မနက် သူမ နိုးလာတဲ့အခါ တစ်အိမ်လုံး တိတ်ဆိတ် နေပါတယ်။ ရောဂါတွေ မရှိတော့ဘူးဖြစ်မယ်။ လူတွေအားလုံး နေပြန်ကောင်းသွားကြပြီ ထင်ပါရဲ့။ ဘယ်သူ ငါ့ကို ခါမလာအစား စောင့်ရှောက် မလဲ မသိ။ ဒါနဲ့ ဘာလို့ တစ်ယောက်မှ ငါ့ကို မနက်စာ လာမပို့ကြသေး ပါလိမ့်။ ထူးဆန်းတာက တစ်အိမ်လုံး တိတ်ဆိတ်နေပါရောလား” သူမ တွေးနေတယ်။
အဲဒီနောက် ခန်းမထဲက လူသံတွေ ကြားလာရပါတယ်။
“အို ... ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်သလဲဗျာ။ တော်တော်ချောတဲ့ အမျိုးသမီးကလေးပဲဗျ”
လူတစ်ယောက်က ပြောလိုက်ရဲ့ ။
“ကလေးတစ်ယောက်လည်း ရှိတယ်ဗျ။ အဲဒီမှာ မရှိဘူးလား”
နောက်တစ်ယောက်က မေးတယ်။
“ကျုပ်တို့တော့ သူမကို တစ်ခါမျှ မမြင်ဖူးဘူးဗျို့”
မိနစ်အနည်းငယ်အတွင်း တံခါးဖွင့်လိုက်တဲ့အခါ မေရီဟာ အခန်းလယ်မှာ ရပ်နေတာကို သူတို့ တွေ့လိုက်ရတော့တယ်။ အဲဒီလူ နှစ်ယောက် အံ့အားသင့်ကာ ထခုန်ပြီး နောက်ကို ဆုတ်သွားကြတယ်။
“ကျွန်မနာမည် မေရီလန်းနော့စ်ပါ။ အားလုံး နေမကောင်းဖြစ်နေ တဲ့အချိန်မှာ ကျွန်မ အိပ်ပျော်နေခဲ့တာ။ အခု ကျွန်မ ဗိုက်သိပ်ဆာတယ်”
သူမက ကျွဲမြီးတိုပြီး ပြောချလိုက်ရဲ့ ။
“ဒီကလေးမပဲပေါ့ ဗျာ၊ ဘယ်သူမျှမမြင်ဖူးတာ။ သူ့ကိုခေါ်ဖို့ သူတို့ မေ့သွားကြတာကိုး”
အသက်ကြီးသူက ဘေးလူကို ပြောလိုက်ပါတယ်။
“ဘာလို့ ကျွန်မကို မေ့သွားကြတာလဲ။ ဘာလို့ တစ်ယောက်မှ ကျွန်မကို စောင့်ရှောက်ဖို့ မလာရတာလဲ”
မေရီက ဒေါသတကြီး မေးလိုက်ရဲ့။ လူငယ်က သူမကို ဝမ်းနည်း စွာ လှမ်းကြည့်ပြီး -
“သနားစရာ ကလေးမလေးရယ် ... မင်းသိတဲ့အတိုင်းပဲ။ အိမ် တစ်အိမ်လုံးမှာ ဘယ်သူမျှ အသက်ရှင်ပြီး မကျန်ရစ်ခဲ့ဘူးကွယ့်။ ဒါ ကြောင့် မင်းဆီလာမယ့်သူ မရှိတာပေါ့ကွယ်”
လို့ ပြောလိုက်ပါတယ်။
ဒီ ထူးဆန်းတဲ့ ရုတ်တရက် အဖြစ်အပျက်ကြီးထဲမှာ သူမအမေနဲ့ အဖေ သေဆုံးသွားပြီဆိုတာ မေရီ သိရှိလိုက်ရတယ်။ တချို့ မသေသေး တဲ့ အစေခံတွေလည်း ညဘက်မှာ ထွက်ပြေးသွားခဲ့ကြပြီ။ ဘယ်သူမျှ မေရီလေးကို သတိမရဘူး။ အခုတော့ သူမ တစ်ယောက်တည်း အထီး ကျန်နေခဲ့ရတာပေါ့။ ။
မေရီဟာ သူမ မိဘတွေနဲ့လည်း လက်ပွန်းတတီး မနေခဲ့ရဘူး။ ဒါကြောင့် မိဘတွေကို မလွမ်းမိခဲ့ပါ။ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစား တယ်။ သူမ အကျင့်အတိုင်းပဲပေါ့။
“ငါ ဘယ်မှာနေရပါ့မလဲ။ ငါ့ကို အလိုလိုက်တဲ့ မိသားစုနဲ့ နေရ မယ်လို့ မျှော်လင့်တာပဲ”
သူမ အဲဒီလို တွေးမိရဲ့။
ပထမဆုံး မေရီဟာ သူ့မိဘတွေကို သိတဲ့ အင်္ဂလိပ်လူမျိုး မိသားစု ဆီ ရောက်သွားတယ်။ သူမက မသပ်မရပ်အိမ်ကြီးနဲ့ ဆူညံပွက်လော ရိုက်နေတဲ့ ကလေးတွေကို မုန်းတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ပန်းခြံ ထဲမှာ သွားဆော့လေရဲ့။
တစ်နေ့မှာ မေရီဟာ သိပ်သဘောကျတဲ့ ပန်းခြံလေးလုပ်တမ်း ကစားနေတာပေါ့။ အဲဒီအချိန်မှာ ဘာဆီးလ်ဆိုတဲ့ကောင်လေး တစ်ယောက် သူမနဲ့အတူ လာကစားတယ်။
“ထွက်သွားစမ်း၊ နှင် လာကစားစရာ မလိုဘူးတဲ့”
မေရီ ဟောက်ပစ်လိုက်တယ်။
လတ်တလောမှာ ဘာဆီးလ် ဒေါသဖြစ်သွားရဲ့ ။ နောက်တော့ သူ ရယ်မောပြီး နောက်ပြောင်ပါလေရော။ သူ မေရီ ကို ပတ်ပြီး ကခုန် တယ်။ မေရီ ပန်းအစုတ်အပြတ်တွေအကြောင်း လှောင်ပြောင်ပြီး သီချင်း ဆိုတော့တာပဲ။ အဲဒီတော့ မေရီ ပိုပြီး ဒေါသထွက်လာရော။ ဘယ်သူမျှ သူမအပေါ် ဒီလို မညှာမတာ ပြက်ရယ်မပြုဖူးဘူးလေ။
“မင်း မကြာမီ အိမ်ပြန်ရတော့မှာပါကွာ ...။ မင်းထွက်သွား မှာကို ငါတို့ အားလုံး အလွန်ဝမ်းသာနေကြတယ်ပေါ့”
“ငါလည်း ဝမ်းသာတာပဲဟ။ ဒါပေမဲ့ .. ဘယ်အိမ်ကို သွားရ မှာလဲ မသိဘူး”
မေရီက ပြန်ပြောလိုက်တယ်။
“မင်း ... တော်တော်တုံးတာပဲ။ ဒါလေးတောင် မသိဘူးလား။ မင်း အင်္ဂလန်ကို သွားရမှာလေ ...... အဲဒီမှာ မစ္စတာအာချီဘောလ် ကရေဗန်ဆိုတဲ့ မင်းဦးလေးနဲ့ နေရမှာဟ”
အခန်း (၁)
မေရီဆိုတဲ့ ကောင်မလေး
ဘယ်သူမှ မေရီ'ဆိုတဲ့ ကောင်မလေးကို ဂရုစိုက်ပုံမပေါ်ဘူး။ သူမကို အိန္ဒိယနိုင်ငံမှာ မွေးဖွားပါတယ်။ သူမအဖေက အင်္ဂလိပ်အရာရှိ တစ်ယောက်။ အမြဲ အလုပ်များနေတဲ့လူပါ။ အမေက သိပ်ချောတယ်။ ပါတီပွဲတွေမှာပဲ အချိန်ကုန်လေ့ရှိတော့ မေရီလေးကို စောင့်ရှောက်ဖို့ “မလားဆိုတဲ့ အိန္ဒိယအမျိုးသမီးကြီးတစ်ယောက်ကို ငှားထားရပါ တယ်။
မေရီဟာ ချောမောလှပတဲ့ ကောင်မလေး မဟုတ်ပါဘူး။ အမြဲ ဒေါသထွက်နေတဲ့ ပိန်သွယ်သွယ်မျက်နှာနဲ့ ဆံပင်အဝါရောင်တွေ ရှိ တယ်။ သူမဟာ ခါမလာကို အမြဲပဲ အမိန့်ပေးခိုင်းစေတာပဲ။ ခါမလာ ခမျာ လုပ်ပေးရရှာရဲ့ ။ မေရီက အခြားလူတွေအကျိုးကို မကြည့်၊ ကိုယ့်ဖို့ ကိုယ်ပဲ ကြည့်တတ်ပါတယ်။ တကယ်တော့ သူမဟာ တစ်ကိုယ်ကောင်း ဆန်ပြီး ဘာကိုမှ အလိုမကျ၊ စိတ်တိုတတ်တဲ့သူကလေးတစ်ယောက်ပါ။
မေရီ ကိုးနှစ်သမီး အရွယ်လောက်ကပေါ့။ ပူပြင်းတဲ့ နေ့တစ်နေ့ ရဲ့ မနက်ခင်းမှာ သူမ အိပ်ရာက ထလိုက်တော့ ခုတင်ဘေးမှာ ခါမလာအစား အိန္ဒိယအမျိုးသမီး အခြားအစေခံတစ်ဦး ရောက်နေတာ တွေ့ လိုက်ရပါတယ်။
“မင်း ... ဒီမှာ ဘာလာလုပ်နေတာလဲ” သူမက ခပ်ပြတ်ပြတ် မေးလိုက်ပြီး -
“အခု ထွက်သွားစမ်း၊ ပြီးတော့ .. ခါမလာကို ငါ့ဆီ ချက်ချင်း လွှတ်လိုက်”
မေရီ ပြောလိုက်တော့ အစေခံမိန်းကလေး အတော် ကြောက်ရွံ့ သွားရှာရဲ့။
“ကျွန်မ တောင်းပန်ပါတယ် မမလေးရယ် ... သူ .. သူ မလာ နိုင်တော့ပါဘူးရှင်” ။
အဲဒီနေ့မှာ တစ်ခုခုတော့ ထူးဆန်းနေပြီပဲ။ တချို့ အိမ်အစေခံ တွေဟာ ပျောက်နေကြရဲ့။ အားလုံးကိုကြည့်ရတာ ကြောက်ရွံ့တုန်လှုပ်နေ ကြတယ်။ ဒါပေမဲ့ မေရီလေးကို ဘယ်သူကမျှ ဘာမှမပြောပြကြပါဘူး။
ခါမလာကလည်း အခုချိန်ထိ ရောက်မလာသေး။ နောက်ဆုံးတော့ မေရီလည်း ပန်းခြံထဲဆင်းပြီး သစ်ပင်တစ်ပင်အောက်မှာ သူ့ဘာသာသူ ဆော့နေတော့တာပဲ။ မေရီက ပန်းခြံလေးတစ်ခြံ လုပ်တမ်းကစားနေပါ တယ်။ အနီရောင် ပန်းပွင့်ကြီးတွေ ခူးပြီး မြေကြီးထဲမှာ ထိုးစိုက်လိုက်ရဲ့။
“ခါမလာကို အမြင်ကတ်လိုက်တာ ...၊ သူ ပြန်လာရင်တော့ ငါရိုက်ဦးမှပဲ” ကိုယ့်ဟာကိုယ် ပြောနေတယ်။ ခဏကြာတော့ သူ့မအမေ အင်္ဂလိပ်အမျိုးသား လူငယ်တစ်ဦးနဲ့အတူ ပန်းခြံထဲဝင်လာတာကို လှမ်း မြင်လိုက်တယ်။ သူတို့နှစ်ဦး စကားပြောဆိုနေကြတာ နားထောင်နေတဲ့ မေရီလေးကို သတိမထားမိကြဘူး။
“အို ... အခြေအနေ အတော်လေး ဆိုးရွားနေသလားရှင်” သူမအမေက လူငယ်လေးကို စိုးရိမ်တကြီး လှမ်းမေးလိုက်ရဲ့ ။
“ဟုတ်ပါတယ်... အလွန်ဆိုးနေပါတယ်ဗျာ။ လူတွေဟာ ယင်ကောင် တွေလိုပဲ တဖြုတ်ဖြုတ် သေနေကြပြီဗျ။ ဒီမြို့မှာ ဆက်နေရင် အန္တရာယ် ရှိတယ်။ ဒါကြောင့် အစ်မတို့မိသားစု တောင်ကုန်းတွေဆီ သွားသင့်ပါ တယ်။ အဲဒီမှာ ရောဂါပိုးမွှားတွေ မရှိဘူး”
လူငယ်က အလေးအနက် ပြန်ပြောလိုက်တယ်။ -
“ဪ ... ဟုတ်တာပေါ့ ။ ကျွန်မတို့ မကြာမီ ထွက်သွားမှ ဖြစ်မယ်”
ရုတ်တရက်ဆိုသလို အိမ်ဘေး အစေခံတွေအခန်းထဲက ကျယ် လောင်တဲ့အော်သံတွေ သူတို့ ကြားလိုက်ရပါတယ်။
“ဟဲ့ ... ဘာဖြစ်ကြတာလဲ”
မေရီအမေက အလန့်တကြား အော်မေးလိုက်ရဲ့။
“ကျွန်တော့်အထင် အစ်မတို့အိမ်က အစေခံတစ်ယောက် ယောက် သေဆုံးလို့ ထင်တယ်။ ဒီအိမ်မှာ ရောဂါဖြစ်နေတာ ဘာဖြစ်လို့ ကျွန်တော့် ကို မပြောတာလဲဗျာ”









