Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မြတ်သက် - အမေရိကန်သမ္မတ၄၆ဦး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

၁။ ဂျော့ဝါရှင်တန် (၁၇၈၉ - ၁၇၉၇)

          အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီး ဖြစ်သော ဂျော့ဝါရှင်တန်ကို ၁၇၃၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဝိတ်ဖီးနေအိမ် ပုပ်ခရိအရပ်ဒေသ ဝက်စ်မိုး လင်းကောင်တီ ဗာဂျီးနီးယားပြည်နယ်တွင် ဖွားမြင်ခဲ့ သည်။ ဖခင်မှာ သြဂတ်စတင်းဝါရှင်တန်ဖြစ်ပြီး မိခင်မှာ မေရီဘောဝါရှင်တန်ဖြစ်သည်။ ဖရက်ဒရစ်ဘတ်အနီးရှိ ယာခင်းတစ်ခု၌ ကြီးပြင်းခဲ့ရပြီး ဝါရှင်တန် အသက် ၁၁ နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။ သင်္ချာနှင့် မြေတိုင်းပညာကို သင်ယူခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင်အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ လောရင့်နှင့်အတူ သွား ရောက်နေထိုင်ခဲ့သည်။ လောရင့်မှာ ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းတာဝန်ယူဆောက်လုပ်ခဲ့သည့် ထင်ရှားသော အဆောက်အအုံမှာ မောင့်ဗာနွန် (Mount Vernon) ဖြစ်သည်။ မောင့်ဗာနွန်မှာ နောက်ပိုင်းတွင် ဝါရှင် တန်တောက်လျှောက်နေထိုင်ခဲ့သည့် စံအိမ်ကြီးဖြစ်သည်။ အစ်ကိုနှင့်အတူနေထိုင်ရင်း ရှီနန်ဒိုတောင်ကြားဒေသရှိလော့ဒ်ဖဲယားဖက်စ်ပိုင် မြေယာများကို စနစ်တကျတိုင်းထွာ မှတ်တမ်းတင်ခဲ့သည်။ အစ်ကိုဖြစ်သူ လောရင့်နှင့်အတူပင် ဘာဘေဒိုးကျွန်းစု၊ အနောက်အင်ဒီးစ်ကျွန်းစုများသို့ သွား ရောက်ခဲ့ပြီး အဆိုပါဒေသများ၌နေထိုင်စဉ် ကျောက်ရောဂါ ကူးစက်ခံခဲ့ရသည်။ ၁၇၅၂ ခုနှစ်တွင် လောရင့် အဆုတ် ရောဂါဖြင့် ကွယ်လွန်သောအခါ အစ်ကိုဖြစ်သူကျန်ရစ်ခဲ့ သည့်အမွေကို ဝါရှင်တန် ဆက်ခံရရှိခဲ့သည်။

          ၁၇၅၃ ခုနှစ်တွင် ဝါရှင်တန်၏စစ်မှုထမ်းဘဝ စတင်ခဲ့ သည်။ ထိုစဉ်က ဗာဂျီးနီးယားပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူးဖြစ်သူ ရောဘတ်ဒင်းဝစ်ဒိုင်းက စစ်ရေးတာဝန်ပေး အပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအချိန်တွင် ပြင်သစ်နှင့် အင်္ဂလိပ်တို့ ဗာဂျီးနီးယားနယ်အနောက်ပိုင်း၌ နယ်မြေလုနေ ကြချိန်ဖြစ်သည်။ ဝါရှင်တန်ဦးဆောင်သည့်တပ်များနှင့် ပြင်သစ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၇၅၄ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ဝါရှင်တန်၏တပ်ဖွဲ့ဝင်များ သည့် နက်ဆက်စီတီခံတပ် (Fort Necessity) ရန်သူ့ လက်သို့ ကျရောက်ခဲ့သည်။ သို့အတွက် ဗြိတိသျှဗိုလ်ချုပ် ကြီး အက်ဒွပ်ဘရက်ဒေါ့ စစ်ကူအဖြစ် ရောက်ရှိလာကာ ဝါရှင်တန်က ၎င်း၏လက်ထောက်အဖြစ် ဆောင်ရွက်ပြီး ပြင်သစ်တို့ကို တိုက်ခိုက်ခဲ့သော်လည်း ဘရက်ဒေါ့ ကိုယ်တိုင် ကျဆုံးကာ ထပ်မံအရေးနိမ့်ခဲ့ရပြန်သည်။ ၁၇၅၈ ခုနှစ်တွင် ပြင်သစ်ခံတပ် ဒူးကွေးကို ဝါရှင်တန် ခေါင်းဆောင် ၍ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

          မုဆိုးမတစ်ဦးဖြစ်သော မာသာဒန်းဒရစ်ကပ်စ်တစ်နှင့် လက်ထပ်ခဲ့ပြီးနောက် ဂျော့ဝါရှင်တန်သည် ၁၇၅၉ ခုနှစ် တွင် မောင့်ဗာနွန်စံအိမ်၌နေထိုင်ကာ လုပ်ငန်းကိစ္စရပ်များ ကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ မူလက ဝါရှင်တန်သည်

 

          လွတ်လပ်ရေးလိုလားသူတစ်ဦးမဟုတ်သော်လည်း နောက် ပိုင်းတွင် ဗြိတိသျှကိုလိုနီအုပ်စိုးသူများ၏ ဖိနှိပ်အုပ်ချုပ် မှုများကို မနှစ်မြို့ဖြစ်လာကာ လွတ်လပ်ရေးတိုက်ပွဲမတိုင်မီ ဗာဂျီးနီးယားတပ်ဖွဲ့ ကို ဦးစီးကွပ်ကဲခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲကာလ ၁၇၇၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ကွန်တီ နင်တယ်တပ်မတော်၏ဦးစီးချုပ်အဖြစ် ကွန်တီနင်တယ်ကွန် ဂရက်၏ တာဝန်ပေးအပ်ခြင်းကို ခံယူခဲ့ရသည်။ ။

          လွတ်လပ်ရေးတိုက်ပွဲတွင် ဗြိတိသျှတို့အပေါ် အမေရိ ကန် အနိုင်ရခဲ့ခြင်းမှာ အဓိကအားဖြင့် ဂျော့ဝါရှင်တန်၏ ဦးစီးခေါင်းဆောင်မှုကြောင့်ဖြစ်သည်။ အတွေ့အကြုံကြွယ်ဝ ခြင်း၊ စည်းကမ်းထိန်းသိမ်းမှုကောင်းမွန်ခြင်းနှင့် ကိုယ်စိတ် နှစ်ပါးကြံ့ခိုင်ခြင်းများတို့က အကွဲကွဲအပြားပြားဖြစ်နေသော လွတ်လပ်ရေးတိုက်ပွဲဝင်တပ်ဖွဲ့ များကို စုစည်းညီညွတ်မှုရရှိ စေခဲ့သည်။ ဗြိတိသျှတို့ကို အနိုင်ရရှိခဲ့ပြီးနောက် ဂျော့ဝါ ရှင်တန်သည် ပြည်နယ်များအကြား တန်းတူညီမျှသော အာဏာခွဲဝေမှုရရှိစေသည့် ဖက်ဒရယ်အစိုးရ (Federal Government) တည်ထောင်ရေးကို လိုလားခဲ့သည်။ ၁၇၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံကျင်းပခဲ့ရာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင် ရေးအတွက် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သည်။

          ဂျော့ဝါရှင်တန်၏အရည်အချင်း၊ ဇွဲသတ္တိနှင့် မဆုတ်မနစ် ကြံ့ကြံ့ခိုင်ခိုင်ဆောင်ရွက်နိုင်မှုများကြောင့် ၎င်းအား အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသောသမ္မတကြီး အဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခဲ့ကာ ၁၇၈၉ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ သည်။ သမ္မတသက်တမ်းနှစ်ကြိမ်ဆက် (၁၇၈၉ မှ ၁၇၉၇ အထိ) တာဝန်ယူဆောင်ရွက်ခဲ့ပြီး သုံးကြိမ်သက်တမ်း အတွက်လည်း တာဝန်ယူဆောင်ရွက်ပါရန် အားလုံးက ဝိုင်းဝန်းပန်ကြားခဲ့သည်ကို ငြင်းဆိုခဲ့သည်။ သမ္မတတာဝန်မှ အနားယူခဲ့ပြီးနောက် ယခင်ကအတိုင်း မြင်းတစ်စီးဖြင့် ၎င်းပိုင် ဥယျာဉ်ခြံမြေများအတွင်း လှည့်လည်ကြည့်ရှုသွား လာရင်း နှင်းဒဏ် မိုးဒဏ်များကြောင့် အအေးမိဖျားနာပြီး လည်ချောင်းနာရောဂါစွဲကပ်ကာ ၁၇၉၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ဂျော့ဝါရှင်တန်မှာ မြေယာ ကို တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်ရာ ၎င်းကွယ်လွန်ချိန်တွင် ဗာဂျီးနီးယား၌ မြေဧက ၇ဝ,ဝဝဝ နှင့် အနောက်ဗာဂျီးနီး ယားတွင် မြေဧက ၄ဝ,ဝဝဝ ကျန်ရစ်ခဲ့သည်။