Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မြတ်သက် - မာရှယ်တီးတိုး

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out
Type

          ဂျိုးဇက်ဘရော့ရဲ့ မိဘများဟာ သားသမီး ၁၇ ယောက်ရှိတာ ကြောင့် ဆင်းရဲနွမ်းပါးစွာနဲ့ပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်ခဲ့ရတာပါ။

          ကလေးတွေကို ဝဝလင်လင် ကျွေးမွေးနိုင်ခြင်းမရှိဘဲ အစား အသောက်ထည့်တဲ့ ကြောင်အိမ်ကိုပင် သော့ခတ်ထားရတဲ့အထိ ဂျိုးဇက် တို့ရဲ့ ငယ်ဘဝဟာ ဆိုးရွားလှပါတယ်။ ဆောင်းရာသီလို အစာရေစာ ရှားပါးတဲ့ကာလများမှာ ဂျုံအစား ပြောင်းဆန်ကိုပဲ သူတို့မိသားစု စား သုံးကြရတာပါ။ ပြောစမှတ်ပြုကြတာကတော့ သူတို့မောင်နှမတစ်တွေ ဟာ ဧည့်သည်စောင်သည်လာမှပဲ အစာရေစာ ဝဝလင်လင် စားကြရတာ ဖြစ်ပါတယ်။ ဧည့်သည်ရှိနေတော့ မိခင်ဖြစ်သူက တစ်စုံတစ်ရာ ဆူပူ ခြင်းမပြုဘဲ သားသမီးတွေ စိတ်ကြိုက် စားသောက်ခွင့် ပြုပါတယ်။

အဲ... ဧည့်သည်တွေ ပြန်သွားမှသာ မိခင်ဖြစ်သူရဲ့ ဆော်ပလော် တီးခြင်းကို မောင်နှမတစ်တွေ ကျောကော့အောင် ခံရပါတယ်။ 

          တီးတိုးလေးရဲ့ ငယ်ဘဝမှာ အပျော်ရွှင်ဆုံးလို့ ဆိုရမယ့် အချိန် ကတော့ ဘိုးအေကြီးဖြစ်သူထံ သွားရောက်နေထိုင်ရတဲ့ အခါများမှာပဲ ဖြစ်ပါတယ်။ သူ့အဘိုးက ဆလိုဗေးနီးယားမှာနေတာဖြစ်ပါတယ်။

          ဒါပေမဲ့ ဂျိုးဇက်ဟာ “ပျော်ရာမှာမနေရ တော်ရာမှာသာနေရ” ဆိုတဲ့ စကားအတိုင်း သူ ပျော်ပိုက်တဲ့ ဘိုးအေကြီးရဲ့ ရွာမှာ ကာလကြာရှည် နေထိုင်ရခြင်းမရှိဘဲ မိဘထံ ပြန်လာခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက တီးတိုးလေးဟာ အသက်ငါးနှစ်အရွယ်သာ ရှိသေးပြီး အဘိုးဖြစ်သူနဲ့ အတူ အိမ်မှုကိစ္စများ ကူညီလုပ်ကိုင်ပေးရတဲ့အပြင် တောရွာဘာဝ မွေး မြူထားတဲ့ ကြက်၊ ဘဲ၊ နွား၊ မြင်းများကို ထိန်းကျောင်းပေးရတာမျိုး လည်း လုပ်ရပါတယ်။ ဘိုးအေကြီးနဲ့ အတူ နေထိုင်စဉ် တီးတိုးလေး အတွက် အပျော်ဆုံးကတော့ မြင်းများနဲ့အတူ နေရတာပဲဖြစ်ပါတယ်။ တီးတိုးလေးဟာ အဲဒီအရွယ်ကတည်းက မြင်းကို ကုန်းနှီးမပါဘဲ ကျကျနန စီးနင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

          ဘိုးအေကြီး ရွာကနေ မိသားစုနေထိုင်တဲ့ရွာဆီ ပြန်ရောက်တော့ လည်း သူ့ခမျာ အေးအေးနေရတာမဟုတ်ပါဘူး။ တောသူတောင်သား မိသားစုဖြစ်တဲ့အားလျော်စွာ ဆန်ဖွပ်မောင်းထောင်း၊ မုန့်ကြိတ်တာမျိုးတွေလည်း လုပ်ရပါတယ်။ ထိုနည်းတူ မြက်ရိတ်၊ နွားကျောင်း စတာ မျိုးတွေလည်း လုပ်ရပါတယ်။

           ထိုစဉ်က ခရိုအေးရှားပြည်နယ်ရှိ လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ဟာ စာမတတ်ကြပါ။ တကယ့်ကို ဖိုးသုညများသာ ဖြစ်ကြပါတယ်။ မိဘများ ကလည်း သားသမီးတွေကို လယ်ထဲ၊ ချောင်းထဲမှာ ခိုင်းနေရတာဖြစ်တဲ့ အတွက် ကျောင်းကို မလွှတ်လိုကြပါဘူး။ ဒါ့ကြောင့် စာတတ်မြောက် သူ နည်းပါးနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တီးတိုးနဲ့ပတ်သက်ပြီး ပြော ရမယ်ဆိုရင်တော့ ဒီကလေးဟာ ပညာရေးကံကောင်းတယ်လို့ပဲ ဆိုရပါ မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘများက မရှိမဲ့ ရှိမဲ့ အနေအထားမှာကို တီးတိုးကို ပညာသင်ကြားပေးခဲ့လို့ ဖြစ်ပါတယ်။

          သူ ခုနစ်နှစ်သားအရွယ်ကတည်းက မိဘက သူ့ကို ကျောင်းပို့ခဲ့ပါတယ်။ ကျောင်းနေစမှာ သူ့အနေနဲ့ အိမ်အလုပ်၊ ယာအလုပ်တွေ ကတစ်ဖက်၊ စာသင်ရတာက တစ်ဖက်နဲ့ အနည်းငယ် အခက်အခဲ တွေ့ ခဲ့ပေမဲ့ နောင် တစ်စတစ်စနဲ့ သူ စာလိုက်နိုင်လာခဲ့ပြီး စာတော်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

          နောင်မှာ ကွန်မြူနစ်ကြီး ဖြစ်လာခဲ့ပေမဲ့ ငယ်စဉ်ဘဝမှာတော့ တီးတိုးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေး ဖြစ်ပါတယ်။ တနင်္ဂနွေ နေ့တိုင်း လူကြီးများနဲ့ အတူ ဘုရားကျောင်းကို လိုက်သွားကာ ဝတ်ပြု ခဲ့တာပါ။

          ကျောင်းနေပျော်ပြီး စာတော်နေစဉ်မှာပဲ သူ ကျောင်းထွက်ခဲ့ရပါ တယ်။ အသက် ၁၂ နှစ်သားအရွယ်မှာ ကျောင်းထွက်ခဲ့ရတာဖြစ်ပြီးတောရွာဓလေ့အတိုင်း တစ်ဝမ်းတစ်ခါးအတွက် သင့်ရာအလုပ်တစ်ခုခု ကို ဝင်လုပ်ခဲ့ရပါတယ်။ အစောပိုင်းမှာ ဦးလေးတစ်ယောက်ရဲ့ နွားတွေ ကို ထိန်းကျောင်းပေးခဲ့ရပြီး နောက်ပိုင်းမှာ စားပွဲထိုးအဖြစ် ကူးပြောင်းလုပ်ခဲ့တာပါ။

          သူ့အသက် ၁၅ နှစ်အရွယ်မှာ ဆွေမျိုးတော်စပ်သူ တပ်ကြပ်ကြီး တစ်ဦးနဲ့အတူ ဇာတိက မိုင် ၆၀ ဝေးတဲ့ ဆီဆက်မြို့ထံ လိုက်သွားခဲ့ပြီး စစ်တပ်အရာရှိများရိပ်သာမှာ စားပွဲထိုးလုပ်ခဲ့တာပါ။

          ရွာငယ်ဇနပုဒ်က လာတဲ့ လူငယ်လေးဟာ ဆီဆက်မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံတွေ၊ မီးရထားကြီးတွေ.. စတဲ့ စတဲ့ မြို့ပြရဲ့ အဆောင် အယောင်တွေကို မြင်စ တစ်ခဏမှာ တအံ့တသြနဲ့ နှစ်ခြိုက်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ငြီးငွေ့လာခဲ့ပါတယ်။

          ငြီးငွေ့လာတာမှ နိစ္စဓူဝ လုပ်ကိုင်နေရတဲ့ ပန်းကန်ဆေး၊ စားပွဲ ထိုးအလုပ်တွေအပြင် မြို့ပြရဲ့ အဆောင်အယောင်တွေကိုပါ ငြီးငွေ့ လာ ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တောကိုတော့ ပြန်မသွားတော့ဘဲ စားပွဲထိုးအလုပ်မှထွက်ကာ အလုပ်ရုံတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါ တယ်။