Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မြတ်သက် - တရုတ်အမျိုးသားခေါင်းဆောင်ကြီးဆွန်ယက်ဆင်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

          ကြီးမြတ်တဲ့ တရုတ်အမျိုးသားခေါင်းဆောင်ကြီးနဲ့ တော်လှန်ရေးသမားကြီး ဆွန်ယက်ဆင်ကို ၁၂ နိုဝင်ဘာ၊ ၁၈၆၆ မှာ ဆင်းရဲတဲ့ လယ်သမားမိသားစုက ဖွားမြင်ခဲ့ပါ တယ်။ ကွမ်တုန်ပြည်နယ်၊ စုဟုန်ကျေးရွာမှာ ဖွားမြင်ခဲ့တာ ပါ။ ဒါပေမဲ့ ဆွန်ယက်ဆင် ပညာသင်ကြားရေးအတွက် တစ်ခု ကံကောင်းခဲ့တာက ဟာဝိုင်ယီကို ပြောင်းရွှေ့သွားခဲ့ တဲ့ အစ်ကိုဖြစ်သူရဲ့ ကူညီထောက်ပံ့မှု ရခဲ့ခြင်းပဲ ဖြစ်ပါ တယ်။ အစ်ကိုဖြစ်သူရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆွန်ယက်ဆင် ဟာ ဟိုနိုလူလူမှာ ပညာသင်ကြားခဲ့ပြီး ဟောင်ကောင် ကောလိပ်က ဆေးပညာဘွဲ့ ရခဲ့ပါတယ်။

          ဆွန်ယက်ဆင် မွေးဖွားကြီးပြင်းကာ ပညာသင်ကြား ခဲ့ရတဲ့ အဲဒီအချိန်ကာလ၊ ၁၉ ရာစု နှောင်းပိုင်းကာလမှာ တရုတ်ပြည်ဟာ ခေတ်မမီ ခေတ်နောက်ကျတဲ့ တိုင်းပြည် တစ်ပြည်ဖြစ်ပြီး ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံ ဖြစ်ပါတယ်။ ထိုနည်းတူပဲ နိုင်ငံကို တိုင်းတစ်ပါးသား မန်ချူး ချင်မင်းဆက် (၁၆၄၄-၁၉၁၁) တွေ အုပ်စိုးနေတာပါ။

          ရလေ လိုလေ အိုတစ္ဆေနဲ့ လောဘဇောတိုက်နေတဲ့ မန်ချူး-တရုတ်မြေပိုင်ရှင်တွေ၊ အစိုးရအရာရှိတွေက တရုတ် ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် အမြတ်ထုတ် ကုပ်သွေးစုပ်နေကြတာလည်း ဖြစ်ပါတယ်။

          နယ်ချဲ့ အင်အားကြီး နိုင်ငံတွေကလည်း ဗြိတိန်၊ ပြင်သစ် စသည်) တရုတ်ပြည်ကြီးကို ကြီးလေးပြင်းထန်ပြီး တရားမျှတမှုမရှိတဲ့ သဘောတူစာချုပ်အမျိုးမျိုးနဲ့ အနိုင်ကျင့် အုပ်စိုးနေချိန်လည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တရုတ် ပြည်သူတွေဟာ ပြည်တွင်းပြည်ပ အာဏာရှင်၊ မြေရှင်နဲ့ ဓနရှင်တွေရဲ့ အုပ်စီးမှုကို ခါးစည်းပြီး ခံနေကြရချိန်လည်း ဖြစ်ပါတယ်။

          ဒီလောက် ဖိနှိပ်ချုပ်ချယ်ပြီး ကုပ်သွေးစုပ်နေကြတာကို တရုတ်ပြည်သူတွေ ငုံ့ခံခဲ့ကြသလားဆိုရင်တော့ ငုံ့မခံခဲ့ကြ ဘူးလို့ပဲ အဖြေပေးရမှာပါ။ တရုတ်ပြည်သူတွေဟာ မန်ချူး အုပ်စိုးသူတွေနဲ့ သူတို့ရဲ့ ကြံရာပါတွေကို မကြာခဏဆိုသလို တော်လှန်တိုက်ခိုက်ခဲ့ကြတာပါ။

          ဒီအနေအထားမှာ ငယ်ရွယ်နုပျိုတဲ့ ဆရာဝန်လေး (ဒေါက်တာဆွန်ယက်ဆင်) တစ်ယောက် အဖနိုင်ငံတော် လွတ်မြောက်ရေးအတွက် မကြောက်မရွံ့ နဲ့ ထိပ်ဆုံးက ပါဝင် လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

          ၁၈၉၄ ခုနှစ်မှာ တရုတ်ပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ ချုပ်ကို တည်ထောင်ခဲ့ပြီး ဒီအဖွဲ့ဟာဖြင့် တရုတ်နိုင်ငံ ရဲ့ ပထမဆုံးသော တော်လှန်ကြတဲ့ အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ အင်္ဂလိပ်လို အမည်က  (Union For the Regeneration of China) လို့ တချို့. စာအုပ်များမှာရေးသားပြီး တချို့ စာအုပ်များထဲမှာတော့ 'Save China League' လို့ဖေါ်ြပကြပါတယ် ။ ဘယ်လုပဲခေါ် ဝေါ် ပါစေ၊ ဒီအဖွဲ့ကြီးဟာ တရုတ်ပြည်ရဲ့ ပထမဆုံးသော တော် လှန်တဲ့ အဖွဲ့ အစည်းကြီးဖြစ်ပြီး တရုတ်ပြည်သူလူထု တစ်ရပ် လုံးရဲ့ ကောင်းကျိုးချမ်းသာကို ရှေးရှုပါတယ်။

          အဲဒီအချိန်၊ အဲဒီကာလရဲ့ အခြေအနေများအရ အဖွဲ့ ကြီးအနေနဲ့ ပြည်တွင်းမှာထက် ပြည်ပမှာ ထွက်ပြေးတိမ်း ရှောင်နေကြတဲ့ တရုတ်လူမျိုးများရဲ့ အကူအညီ အထောက် အပံ့များကို တွင်တွင်ကျယ်ကျယ် ယူခဲ့ကြရတာပါ။

          ဒေါက်တာဆွန်ယက်ဆင်ကိုယ်တိုင်လည်း ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ၁၈၉၆ မှာ သူ ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ရောက်နေခဲ့ပါတယ်။ တရုတ် ပဒေသရာဇ်စနစ်ကို အမြစ်က ဖြိုချဖျက်ဆီးဖို့ ဦးဆောင် လှုပ်ရှားနေတဲ့ ဒေါက်တာဆွန်ယက်ဆင်ကို မန်ချူးဧကရာဇ် ရဲ့ သူလျှိုသတင်းပေးတွေက မျက်ခြည်မပြတ် စောင့်ကြည့် နေကြတာဖြစ်လို့ သူ လန်ဒန်မြို့တော်မှာ နေထိုင်လှုပ်ရှား နေတာကို ဧကရာဇ်အသိုင်းအဝိုင်းက ကောင်းကောင်းကြီး သိပါတယ်။

          သိတဲ့အတိုင်းပဲ တစ်နေ့မှာတော့ လန်ဒန်မြို့တော်ရှိ တရုတ်ကောင်ဆယ်လိတ်ရုံး တာဝန်ရှိသူတွေက သူ့ကို ဖမ်း ဆီးပြန်ပေးဆွဲခဲ့ကြပါတယ်။

          မန်ချူးဧကရာဇ်ကို တော်လှန်ဖြိုဖျက်ဖို့ ကြံစည်ကြိုးပမ်းမှုများ အား အာဏာရအသိုင်းအဝိုင်းက သိရှိသွားခဲ့ပြီးတဲ့နောက် ဆွန်ယက်ဆင် ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆွန်ယက်ဆင် လန်ဒန်မြို့တော်ထံ ထွက်ပြေးတိမ်းရှောင်လာတဲ့ သတင်းကို တရုတ်အာဏာပိုင်တွေကလည်း မကြာမီ ရရှိသွားခဲ့တာကြောင့် လန်ဒန်မြို့တော်မှာရှိတဲ့ တရုတ်ကောင်ဆယ်လိတ်သံရုံးထံ အကြောင်းကြားထားခဲ့ပါတယ်။ ဆွန်ယက်ဆင်ကို ‘တွေ့ရာသင်္ချိုင်း ဓားမဆိုင်း” ဖမ်းဆီးကာ တရုတ်နိုင်ငံပြန်ပို့ဖို့ကိုလည်း ဧကရာဇ်နန်းတော် က လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးကို အမိန့်ပေးထားခဲ့တာပါ။

          လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးဝန်ထမ်းတွေဟာ ဧကရာဇ်ဘုရင် မင်းမြတ်ရဲ့ အမိန့်တော်အတိုင်း ဆွန်ယက်ဆင်ကို ပြန်ပေးဆွဲဖို့ နောက် ယောင်ခံလိုက် ကြိုးပမ်းခဲ့ကြပါတယ်။

          ၁၈၉၆၊ အောက်တိုဘာရဲ့ တစ်ခုသော စနေနေ့မှာတော့ တရုတ် သံအရာရှိတွေဟာ ဆွန်ယက်ဆင်ကို နောက်ယောင်ခံလိုက်ရင်းနဲ့ အောင် မြင်စွာ ပြန်ပေးဆွဲနိုင်ခဲ့ပါတယ်။ ဆွန်ယက်ဆင်ကို ပြန်ပေးသမားတွေဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကတော့ လန်ဒန်မြို့၊ ပို့တ်လင်ရပ်ကွက်၊ အမှတ် ၄၉ မှာရှိတဲ့ တရုတ်သံရုံးထဲကိုပဲဖြစ်ပါတယ်။

          ဆွန်ယက်ဆင်ကို ပြန်ပေးဆွဲခဲ့ပြီးတဲ့နောက် နှစ်ရက်အကြာ တနင်္လာနေ့မှာ သံအရာရှိ တရုတ်လူမျိုးတစ်ဦးက သူ့ထံ လာရောက် တွေ့ဆုံခဲ့ပြီး တရုတ်ပြည်ကို ပြန်ပို့မည်ဖြစ်ကာ တရုတ်ထုံးတမ်းဥပဒေ အရ တရားစီရင်မှာဖြစ်ကြောင်းနဲ့ ပြစ်မှုထင်ရှားရင် ခေါင်းဖြတ်ကွပ်မျက် မှာဖြစ်ကြောင်း အသိပေးပြောဆိုခဲ့ပါတယ်။

          ဆွန်ယက်ဆင်ကို ဂလင်းလိုင်း”ကုမ္ပဏီရဲ့ ကုန်သင်္ဘောတစ်စင်းနဲ့ ကန်တုန်ကို ပို့ဆောင်မှာဖြစ်ပြီး အဲဒီမှာ သေဒဏ်ပေးဖို့ တရုတ်အာဏာ ပိုင်တွေက စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ကန်တုန်ကို ပြန်မပို့မီ ရက်အနည်းငယ် အချိန်ရခဲ့ပြီး အဲဒီရက်တွေအတွင်းမှာ ဆွန်ယက်ဆင် ဟာ သူ့အခန်းကို သန့်ရှင်းရေးလုပ်ပေး၊ ထမင်းလာပို့ပေး စတာများကို လုပ်ဆောင်ရတဲ့ ဗြိတိသျှလူမျိုး အစေခံများအား သူ လွတ်ရာ လွတ်ကြောင်းအတွက် ချဉ်းကပ်ခဲ့ပါတယ်။

          အစောပိုင်းကလည်း ဆွန်ယက်ဆင်ဟာ သူ့ကို ဖမ်းဆီးချုပ်နှောင် ထားတဲ့ တရုတ်သံရုံးအခန်းကနေ စာရေးထားတဲ့ စက္ကူစကလေးများ လမ်းပေါ်ကို ပစ်ချခြင်းဖြင့် အကူအညီတောင်းခဲ့ပါတယ်။ စက္ကူစကလေး တွေပေါ်မှာ သူ့ကို လာကယ်ဖို့ စာရေးပြီး အောက်ရှိ လမ်းမပေါ် ပစ်ချ ခဲ့တာပါ။

          ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ သူ ပစ်ချတဲ့စာရွက် အတိုအစကလေးတွေကို ကယ်မယ့်သူက မတွေ့ဘဲ သံရုံးအစောင့်တစ်ယောက်က တွေ့သွားခဲ့တာကြောင့် ဆွန်ယက်ဆင် ချုပ်ထားတဲ့အခန်းရှိ ပြတင်းပေါက်ကို ပျဉ်ချပ်နဲ့ ပိတ်ပစ်ခဲ့ကြပါတယ်။ ဆွန်ယက်ဆင် အတွက် သန့်ရှင်းရေးလာလုပ်တဲ့၊ ထမင်းလာပို့တဲ့ ဗြိတိသျှလူမျိုးအစေခံတွေကို ချဉ်းကပ်အကူအညီတောင်းရုံကလွဲလို့ တခြားနည်းလမ်းမရှိတဲ့ အခြေအနေပါ။

          သူ ချဉ်းကပ်အကူအညီတောင်းခဲ့သူတွေကတော့ အက်ဒဝပ်ကိုးလ် ဆိုတဲ့ ဗြိတိန်လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ ကိုးလ်ကို ကြည့်ရတာ သဘောကောင်းပုံရတာကြောင့် သူ့ကိုချဉ်းကပ်ပြီး အကူအညီတောင်းဖို့ဆွန်ယက်ဆင် ဆုံးဖြတ်ခဲ့တာပါ။

          ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဆွန်ယက်ဆင်က လန်ဒန်ရှိ သူ့မိတ်ဆွေ ဒေါက်တာကင်တလီထံ စာတစ်စောင်ပို့ပေးဖို့ ကိုးလ်ကို အကူအညီတောင်းခဲ့ပါတယ်။ ဒေါက်တာကင်တလီဆိုတာက တရုတ်ပြည် ဆေး သိပ္ပံမှာ ပညာသင်ကြားစဉ် ဆွန်ယက်ဆင်ရဲ့ ဆရာဖြစ်ပြီး လောလော ဆယ်မှာ လန်ဒန်မြို့တော်မှာ နေထိုင်နေတာဖြစ်ပါတယ်။ သူ လန်ဒန်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီးတဲ့နောက် ဒေါက်တာကင်တလီကို သွား တွေ့ခဲ့စဉ်မှာ ဆရာဝန်ကြီးက သူ့ကို တရုတ်သံအိမ်တော်နဲ့ ဝေးဝေးမှာ နေဖို့ သတိပေးခဲ့ဖူးတာပါ။

          ဒါပေမဲ့ ကြမ္မာငင်ချင်လာတော့ သူ့ဆရာ သတိပေးနေလျက်သားနဲ့ တရုတ်သံရုံးရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

          ကိုးလ်ကို သူ ရေးပေးတဲ့စာထဲမှာ ဒေါက်တာကင်တလီအနေနဲ့ သူ့ကို ဖြစ်တဲ့နည်းနဲ့ ကယ်တင်ပေးဖို့ ပါရှိပြီး သံရုံးအစေခံ ဗြိတိသျှ လူမျိုးအနေနဲ့ ဒီစာကို သူ့အားလပ်ရက်ဖြစ်တဲ့ နောက်နှစ်ရက်ကြာကျမှ ဒေါက်တာကြီးထံ ပို့ပေးနိုင်ခဲ့ပါတယ်။

          ဆွန်ယက်ဆင်ရဲ့ စာကို ရရှိလိုက်ချိန်မှာ ဒေါက်တာကင်တလီ တစ်ယောက် ငယ်ထိပ်မြွေပေါက်” သလို ဖြစ်သွားခဲ့ရပြီး ချက်ချင်းပဲ ကမ္ဘာကျော် ဗြိတိန်စုံထောက်အဖွဲ့ဖြစ်တဲ့ စကော့တလန်ယာဒ်ထံ စာပြ ကာ သွားရောက်အကူအညီတောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ စုံထောက်အဖွဲ့ ကြီးက သိပ်အယုံအကြည်မရှိလှပါ။ ။

          ဆွန်ယက်ဆင်ကို လာမယ့်အင်္ဂါနေ့မှာ သင်္ဘောတင်မှာဖြစ် ကြောင်းကို ကိုးလ်က ပြောပြထားတာကြောင့် ဒေါက်တာကြီးဟာ သွေး ရူးသွေးတမ်းဖြစ်ပြီး စကော့တလန်ယာဒ် ဆရာသမားတွေဆီကနေ ဗြိတိသျှနိုင်ငံခြားရေးရုံးကို ဒုန်းစိုင်းပြေးရပြန်ပါတယ်။ ဒါပေမဲ့ ကိုးလ်ဟာ ဆွန်ယက်ဆင်ထံက စာကို ပိတ်ရက် တနင်္ဂနွေကျမှ ဒေါက်တာ ကင်တလီထံ လာပေးနိုင်ခဲ့တာဖြစ်လို့ နိုင်ငံခြားရေးရုံး ဆရာသမားတွေ ကလည်း ပိတ်ရက်ဆိုပြီး ဘာမှမတတ်နိုင်ကြောင်း၊ တနင်္လာနေ့ကျမှ အထက်လူကြီးများထံ တင်ပြပေးမှာဖြစ်ကြောင်း ကြိုးနီစနစ်ကို ဆွဲဆန့် ကြပြန်ပါတယ်။

          ခေါင်းမီးတောက်နေတဲ့ ဒေါက်တာကင်တလီဟာ အလွတ်စုံ ထောက်တွေ၊ စကော့တလန်ယာဒ် တာဝန်ရှိသူတွေနဲ့ ရဲစခန်းတွေထံ တနင်္ဂနွေတစ်နေ့လုံး လှည့်ပတ်ပြေး အကူအညီတောင်းခဲ့ပေမဲ့ ဘာမှ အရာမထင်ခဲ့ပါ။

          ဒါ့ကြောင့် တနင်္သာရုံးဖွင့်ရက်ရောက်တော့ နိုင်ငံခြားရေးရုံးကို အပြေးသွားပြီး ဆွန်ယက်ဆင် ပြန်ပေးဆွဲခံနေရတဲ့အကြောင်း နောက် ထပ်တစ်ဖန် ရှင်းပြအကူအညီတောင်းခံခဲ့ရပြန်ပါတယ်။ ဒီကြားထဲမှာ ဆွန်ယက်ဆင်ကို တရုတ်အာဏာပိုင်တွေ သံရုံးထဲက ခိုးထုတ်မသွား နိုင်အောင် အလွတ်စုံထောက်များ ငှားပြီး သံအိမ်တော်ကို နေ့ရော ညပါ စောင့်ကြည့်ခိုင်းခဲ့ရပါတယ်။ သံအိမ်တော်ကိုသာမကဘဲ တရုတ်ကိုထွက် မယ့် သင်္ဘောတွေကိုပါ စုံထောက်တွေကို စောင့်ကြည့်ခိုင်းခဲ့ရတာပါ။

          ဒေါက်တာကြီးရဲ့ ကြိုးပမ်းမှုဟာ နောက်ဆုံးတော့ အရာထင်လာ ခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံခြားရေးရုံးက စကော့တလန်ယာဒ် စုံထောက်အဖွဲ့ ကို တရုတ်သံအိမ်တော်အနေနဲ့ သင်္ဘောလိုင်းတစ်ခုခုမှာ သင်္ဘောငှားရမ်းထားခြင်း ရှိ မရှိ စုံစမ်းထောက်လှမ်းဖို့ စေခိုင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

          စကော့တလန်ယာဒ်ရဲ့ စုံစမ်းထောက်လှမ်းမှုအရ တရုတ်သံအိမ် တော်က ဂလင်းလိုင်းမှ ကုန်တင်သင်္ဘောတစ်စင်းကို တရုတ်ပြည်ထံ ကုန်စည်ပို့ဆောင်ဖို့ ငှားရမ်းထားကြောင်းနဲ့ အဲဒီကုန်သင်္ဘောမှာ ခရီးသည်တစ်ဦးပါမယ်ဆိုတာကို သိခဲ့ရပါတယ်။

          ဒါပေမဲ့ ဆွန်ယက်ဆင်ကို သံအိမ်တော်က ထုတ်ယူဖို့မှာ အခက် အခဲဖြစ်နေရပြန်ပါတယ်။ ဒီမှာတင် ဒေါက်တာကင်တလီက သတင်းစာ တစ်စောင်ကို ဒီသတင်းပေးပြီး ဖွခိုင်းလိုက်ပါတယ်။ တစ်စောင်ကဖွ၊ တစ်စောင်ကဖွနဲ့ သတင်းစာတွေ ဝိုင်းရေးလိုက်ချိန်မှာတော့ တရုတ်တို့ ရဲ့ လုပ်ရပ်ကို မကျေမနပ်ဖြစ်ကာ လန်ဒန်မြို့တစ်ခွင် ပွက်လောရိုက် ကုန်ကြပါတယ်။ အဲဒီမှာတင် ဗြိတိန်နိုင်ငံခြားရေးရုံးက ဆွန်ယက်ဆင် ကို ပြန်လွှတ်ပေးဖို့ တရုတ်သံရုံးထံ တောင်းဆိုခဲ့ပါတော့တယ်။

          နိုင်ငံခြားရေးရုံးရဲ့ တောင်းဆိုမှုကို တောင့်မခံနိုင်ဘဲ တရုတ် သံတမန်တွေက ဆွန်ယက်ဆင်ကို လွှတ်ပေးခဲ့ကြရပါတယ်။