Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မြတ်လွမ်းနောင်(ပုတီးကုန်း) - အလယ်တန်းအဆင့်စာမေးပွဲဝင်စာစီစာကုန်းများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မွေးမေမေ

- မေမေ့၏ ကိုယ်ရေးအကြောင်းအရာ

- မေမေ၏ မိသားစုကို စောင့်ရှောက်ပုံ

- မေမေနှင့် အိမ်နီးချင်းဆက်ဆံရေး

 - မေမေ၏ ရပ်ရွာသာရေး၊ နာရေး လူမှုရေးလုပ်ဆောင်ချက်

 - မေမေ့အပေါ် မိမိအတွေး၊ အမြင်၊ ခံစားချက်

မွေးမေမေ

          လောကတွင် ကျေးဇူးတင်ထိုက်သူတစ်ဦးကို ဖော်ပြပါဟု ဆိုပါ လျှင် ကျွန်တော့်အဖို့ မွေးမေမေကို ညွှန်ပြရပေမည်။ အဘယ်ကြောင့်ဆိုသော် မွေးမေမေသည် ကျွန်တော့်ကို လူ့လောကသို့ ရောက်အောင် အသက်နှင့်ရင်းကာ မွေးဖွားပေးခဲ့သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော့် မေမေ၏ အမည်မှာ ဒေါ်မြင့်မြင့်အေးဖြစ်ပါသည်။ မေမေ့၏ အသက်မှာ လေးဆယ့်ငါးနှစ်ဖြစ်ပါသည်။ မေမေသည် ကိုယ်ပိုင်စက်ချုပ်လုပ်ငန်းလုပ် ရင်း အိမ်ရှင်မတာဝန်ကျေပွန်သူဖြစ်ပါသည်။ မေမေ့၏ပုံပန်းသွင်ပြင်မှာ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်ဖြစ်ပါသည်။ မေမေ့၏ ကိုယ်နေဟန်ထား မှာ မဝလွန်း၊ မပိန်လွန်း အနေတော်ဖြစ်ပါသည်။ မေမေ့မျက်နှာမှာ အစဉ် လန်းဆန်းနေသော အပြုံးကို တွေ့ရမြဲဖြစ်သည်။ မေမေစကားပြောရာတွင်ညင်သာအေးဆေးစွာ ပြောတတ်ပြီး သွားလာလုပ်ကိုင်ရာတွင် သွက်သွက် လက်လက်ရှိလှသည်။ မေမေသည် ဘာသာတရားကို ရိုသေကိုင်းရှိုင်း၍ စိတ်ထားသိမ်မွေ့သူဖြစ်သည်။

          မေမေသည် သားရေး၊ သမီးရေး၊ မိသားစုအရေးကို အမြဲဦးစား ပေးတတ်ပြီး အိမ်ထောင့်တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်သူ ဖြစ် သည်။ မေမေသည် ဖေဖေရှာဖွေပေးသော စီးပွားဥစ္စာများကို “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ပမာ မယိုမဖိတ်အောင် စည်းစနစ်ကျစွာ သုံးစွဲတတ် ပြီး စုဆောင်းတတ်ပါသည်။ သားနှင့်သမီးပညာရေးကို အမြဲအားပေး၍ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်ပါသည်။ သားနှင့်သမီး လိမ္မာရေး ခြားရှိရန်လည်း ဆုံးမသွန်သင်တတ်ပါသည်။ မေမေသည် ဖေဖေကြိုက် နှစ်သက်သော ဟင်း၊ သားနှင့်သမီးကြိုက်တတ်သော ဟင်းများကို ဦးစား ပေး စီမံချက်ပြုတ်ကျွေးတတ်ပါသည်။ မိသားစုအားလုံး ကျန်းမာရေး ညီညွတ်စေရန် ထမင်းဟင်းများကို ပူပူနွေးနွေး၊ သန့်သန့်ပြန့်ပြန့် ကျွေး မွေးပါသည်။ ခင်ပွန်းသည်နှင့် သားနှင့်သမီးနေထိုင်မကောင်းလျှင်လည်း ဆေးခန်းလိုက်ပို့ပြီး ဂရုတစိုက် အပင်ပန်းခံပြုစုပေးတတ်ပါသည်။ မေမေ ၏ နွေးထွေးသော် မေတ္တာအကြင်နာများဖြင့် မိသားစုကို စောင့်ရှောက်ပေး မှုကြောင့် ကျွန်တော်တို့မိသားစုသည် ချမ်းမြေ့ပျော်ရွှင်ကြပါသည်။

          မေမေနှင့် အိမ်နီးနားချင်းဆက်ဆံရေးမှာ အဆင်ပြေချောမွေ့ လှ ပါသည်။ မေမေနှင့် အိမ်နီးချင်းများ တစ်ခါတစ်ရံမျှ ခွန်းကြီးခွန်းငယ် စကားများကြသည်ဟူ၍ မရှိပါ။ မေမေ့တွင် မုန်းသူမရှိပါ။ မေမေ့ကို ရင်းနှီးခင်မင်သူများသာ ပေါများလျက်ရှိပါသည်။ မေမေသည် အိမ်နီးနား ချင်းများအပေါ် အပေးအကမ်းရက်ရောသူဖြစ်သည်။ အိမ်တွင် အလှူဒါန ပြုလျှင်လည်း အိမ်နီးချင်းများနှင့် ခင်မင်သူမိတ်ဆွေများကို တကူးတက ဖိတ်ကျွေးတတ်ပါသည်။ အိမ်နီးချင်းများ ငွေရေးကြေးရေးအခက်အခဲ တွေ့လျှင်လည်း အမြဲကူညီတတ်ပါသည်။ မေမေ့အပေါ် ပြောမှားဆိုမှား ရှိလျှင်လည်း နားလည်ခွင့်လွှတ်ပြီးသည်းခံတတ်ပါသည်။ မေမေ၏ ချို သာပြေပြစ်စွာ ဆက်ဆံရေးကောင်းမွန်မှုကြောင့် မေမေ့အိမ်တွင် အင်္ကျီ၊ထမီချုပ်သူ၊ ရွေးသူများနေ့စဉ်စည်ကားလျက် ရှိပါသည်။

          မေမေသည် စက်ချုပ်သောကြောင့် တစ်ရပ်ကွက်လုံးနှင့် ဆက်ဆံ ရသူဖြစ်ပါသည်။ မေမေနှင့် မသိသူ၊ မခင်သူဟူ၍ မရှိပါ။ ထို့ကြောင့် ရပ်ရွာသာရေး၊ နာရေးကိစ္စများတွင် မေမေသည် ငွေအားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီတတ်ပါသည်။ အလှူ၊ မင်္ဂလာဆောင်နှင့် လူမှုရေးကိစ္စများတွင်လည်း မေမေသည်ပါဝင်ဆောင်ရွက်တတ်ပါသည်။ ထို့အပြင် ရပ်ကွက်ဝတ်အသင်း၊ အမျိုးသမီး ရေးရာအသင်းများတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ရပ်ကွက် တရားပွဲပြုလုပ်ရာတွင်လည်းကောင်း၊ ရပ်ကွက်ဆွမ်းလောင်းအသင်းတွင် လည်းကောင်း မေမေသည် ကိုယ်တိုင်ပါဝင်လုပ်အားပေးပြီး စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းလေ့ရှိပါသည်။ ထို့ကြောင့် မေမေ သည် မိသားစုအပေါ် တာဝန်ကျေပွန်သည့်အပြင် ဘာသာရေး၊ လူမှုရေး တွင်လည်း အရေးပါသောနေရာမှ ဝင်ဆံ့သူတစ်ဦးဖြစ်ပါသည်။

          သို့ဖြစ်၍ ကျွန်တော့်မွေးမေမေသည် အခြားသူများ၏ မိခင်များ နှင့်မတူဘဲ ချီးကျူးစရာဂုဏ်ပုဒ်များနှင့် ပြည့်စုံသူဟုဆိုချင်ပါသည်။ မေမေ၏ မေတ္တာ၊ အကြင်နာ၊ စေတနာတရားများသည် ကျွန်တော်တို့ မိသားစု အားလုံး အတွက် အစဉ်ထာဝရသာယာချမ်းမြေ့စေပါသည်။ မေမေ့၏ ကိုယ်ကျင့် တရားကောင်းမှု၊ လူမှုဆက်ဆံရေး ပြေပြစ်ချောမောမှုများကြောင့် ကျွန်တော် တို့မောင်နှမသည် လူချစ်လူချင်ပေါများပါသည်။ ထို့ ကြောင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်သည် မေမေ့၏ သားနှင့်သမီးဖြစ်ရသည်ကို အလွန် ကျေနပ်မိပြီး မေမေ့အပေါ်လည်း ကျေးဇူးဆပ်နိုင်သည့် သားကောင်း၊ သမီး ကောင်းဖြစ်အောင် ကြိုးစားသွားမည်ဟု ဆုံးဖြတ်မိပါတော့သည်။

 

မိုးရွာသောနေ့တစ်နေ့

- မိုးမရွာမီအခြေအနေ

- မိုးတိမ်များ၊ လေတိုက်ခတ်ပုံ၊ မိုးစရွာသွန်းပုံ

- ပတ်ဝန်းကျင်သဘာဝအခြေအနေများကြောင့် ခံစားရမှု

- မိုးတစ်နေ့တွေ့ကြုံရသော အဖြစ်အပျက်

- မိုးတစ်နေ့မှတ်သားဖွယ်၊ သင်ခန်းစာရဖွယ်

- မိမိအတွေးအမြင်

 

မိုးရွာသောနေ့တစ်နေ့

          တိမ်ဖြူဖြူများနှင့် လင်းလင်းရှင်းရှင်းရှိနေသော မိုးကောင်းကင် ပြင်ကြီးသည် ရုတ်တရက် မှိုင်းအုံ့ဆိုင်းသွားပေပြီ။ ငြိမ်သက်နေသော သစ်ပင်များလည်း လေများတိုက်ခတ်လာမှုကြောင့် ယိမ်းထိုးလှုပ်ရှားနေ ကြသည်။ မကြာမီ ဝင်းခနဲလက်ခနဲ လျှပ်စီးများလက်သွားပြီးနောက် “ဂျိမ်းဒလိမ်း” ဟူသော မိုးခြိမ်းသံများကြားရပေသည်။ မိုး၏ ရှေ့တော်ပြေး အဖြစ် မိုးသံလေသံများနှင့်အတူ မိုးစက်၊ မိုးမှုန်များကြွေကျလာပါသည်။

          မိုးတိမ်များက ထက်ကောင်းကင်တစ်ခုလုံး မည်းမှောင်နေပါ သည်။ လေသံများကလည်း ကြောက်စရာကောင်းအောင် တဟူးဟူးတိုက် ခတ်နေပါသည်။ အုန်းပင်ကြီးများ၏အုန်းလက်များသည် လေတိုက်ခတ်မှုကြောင့် လှုပ်ယမ်းနေကြသည်။ သစ်ပင်သစ်ရွက်များသည် လေတိုးသံ ကြောင့် တရှဲရှဲမြည်နေသည်။ ကျေးငှက်များလည်း မိုးရွာတော့မည်သိ၍ အသိုက်ရှိရာ ပျံသန်းနေကြသည်။ လျှပ်စီးကြောင်းများက ကောင်းကင် မည်းမည်းကြီးတွင် ဝင်းလက်ဖြာဝေသွားပြီး မိုးခြိမ်းသံကြီးကြားလိုက်ရ သည်။ ထို့နောက် “ဝေါခန်” ဟူသော မိုးသံလေသံများကြားရပြီး မိုးစက်၊ မိုးပေါက်များ သွန်းဖြိုးရွာချလိုက်ပါတော့သည်။

          ညနေကျောင်းဆင်းချိန်ရောက်တော့မည်ဖြစ်သည်။ မိုးစက်များ က မစဲဘဲ သဲသဲမဲမဲရွာနေသည်။ မိုးငွေ့ပါသော လေများ ကျောင်းခန်းထဲ သို့ တိုးဝင်လာ၍ အေးစိမ့်နေသည်။ မကြာမီကျောင်းဆင်းခေါင်းလောင်း သံကြောင့် ကျောင်းသားကျောင်းသူများကျောင်းဆင်းရန် ပြင်ဆင်နေကြ သည်။ ပါလာသော ထီးကိုဖွင့်သူက ဖွင့်၊ တချို့ကလည်း မိုးကာအင်္ကျီနှင့် ဦးထုပ်ကိုဆွဲထုတ်ဝတ်ဆောင်းပြီး လာကြိုသောကျောင်းကားပေါ်သို့ ပြေး သွားကြသည်။ ယင်းကျောင်းရှေ့တွင် ကျောင်းဆင်းချိန်မို့ ကျောင်းကြိုသော ကျောင်း သားမိဘများနှင့် ကျောင်းဆင်းလာသော ကျောင်းသားကျောင်းသူများ ရှုပ်ထွေးနေပါသည်။ မိုးများလည်း တဖွဲဖွဲရွာနေသည်။ သို့သော် သည်းလွန်း လှသော မိုးကြောင့် မည်သူမျှ မိုးမလုံကြပါ။ ကိုယ်ပိုင်ကားနှင့် မှန်တံခါး ပိတ်ထားသူများသာ မိုးစိုလွတ်မည်ထင်ပါသည်။ ကျွန်တော်သည် ကျောင်း လွယ်အိတ်ကို ကျွတ်ကျွတ်အိတ်အတွင်းထည့်၍ စက်ဘီးရှေ့ခြင်းထဲထည့် လိုက်ပါသည်။ ပြီးလျှင် မိုးကာအင်္ကျီကိုဝတ်ကာ စက်ဘီးတွန်း၍ ကျောင်း ထဲမှ ထွက်လာခဲ့ပါသည်။ ကျောင်းရှေ့ကား လမ်းပေါ်တွင် ရေများ ပြည့်လျှံ နေပါသည်။ ကျွန်တော်သည် စက်ဘီးကို မှန်မှန်နင်း၍ ထွက်လာခဲ့သည်။

          ကျောင်းသားကျောင်းသူအချို့ ထီးဆောင်းကာ ခြေကျင်ပြန်ကြသည်။ အချို့ ကလည်း ကားမှတ်တိုင်သို့သွားကြသည်။ မိုးရွာပြီး ကားလမ်းပေါ် ရေကျော် နေသောကြောင့် လိုင်းကားများ၊ ကျောင်းကြိုကားများ၊ ကိုယ်ပိုင်ကားများ တဖြည်းဖြည်းချင်းမောင်းနေရသည်။ မိုးရွာခြင်းကြောင့် လမ်းများ ပိတ်ဆို့ နေသည့်အတွက် စိတ်ညစ်စရာကောင်းသလို မိုးရေချိုးပြီး ဘောလုံးကစားနေကြသည့် ကလေးများကို ကြည့်ပြီး စိတ်ထဲတွင် ကြည်နူးပျော်ရွှင်မိ ပေသည်။

          ကျွန်တော့်အိမ်သည် ကျောင်းနှင့်မနီးမဝေးတွင်ရှိပါသည်။ ကျွန် တော်သည် ကားလမ်းမပေါ်မှ လမ်းသွယ်အတွင်းသို့ ချိုးကွေ့ပြီးစက်ဘီး စီးလာခဲ့ပါသည်။ ဒိန်းခနဲ ပစ်ချလိုက်သော မိုးကြိုးသံကြောင့် ကျွန်တော့် တစ်ကိုယ်လုံး တုန်သွားပါသည်။ မိုးကတော့ မသည်းတော့ပေ။ ကျွန်တော့် အိမ်မရောက်မီ ဘောလုံးကွင်းအစပ်၌ သစ်ပင်ကြီးမှ သစ်ကိုင်းကျိုးကျ နေပြီး ဘောလုံးကစားသော ကျောင်းသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရသွားကြောင်း လူအများတစ်ယောက်တစ်ပေါက် ပြောနေသံကြားရပါ သည်။ ကျွန်တော်စက်ဘီးစီးပြီး အိမ်ပြန်ရောက်သည်နှင့် အမေပြေးထွက် လာပြီး “စိုးရိမ်လိုက်တာ သားရယ်”လို့ ပြောပါသည်။ မိုးစိုနေသော အဝတ် များကို လဲခိုင်းပြီး ကော်ဖီပူပူတစ်ခွက်ကို အမေဖျော်တိုက်ပါသည်။ မိုးရွာ ထဲတွင် ဘောလုံးကစားခြင်းကို နှစ်သက်မိသော်လည်း ဒီနေ့ ကြုံတွေ့ရသော အဖြစ်အပျက်တစ်ခုက အန္တရာယ်ရှိကြောင်း အသိဝင်မိပါသည်။

          မိုးရွာချိန်တွင် မိုးရေချိုးခြင်း၊ ဘောလုံးကစားခြင်းကို ကျောင်း သားတိုင်း နှစ်သက်ကြပေသည်။ သို့ သော် မိုးရွာပြီဆိုလျှင် မိုးဒဏ်၊ လေဒဏ်ကြောင့် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲတတ်ခြင်း၊ သစ်ကိုင်းကျိုး ကျခြင်း၊ လျှပ်စစ်ဝါယာကြိုးများ ပြတ်ပြီးလမ်းပေါ်တွင် ကျခြင်းကြောင့် လမ်းသွားလမ်းလာများ အန္တရာယ်ကြုံတွေ့နိုင်သည်ကို သတိမထားမိပေ။ မိုးရွာချိန်တွင် ဘောလုံးကစားရသည်မှာ ပျော်စရာအလွန်ကောင်းသော် လည်း လျှပ်စစ်အန္တရာယ်၊ သစ်ကိုင်းကျိုးကျသည့်အန္တရာယ်များက အသက် ဆုံးရှုံးနိုင်သည်ဆိုသော သင်ခန်းစာရရှိပါသည်။ မိုးတစ်နေ့ ကြုံ တွေ့ခဲ့သော မှတ်သားဖွယ်အဖြစ်အပျက်တစ်ခုက ကျွန်တော့်အတွက် တန်ဖိုးရှိသော သင်ခန်းစာတစ်ခုပင်ဖြစ်ပါသည်။

          ထို့ကြောင့် မိုးရွာသောနေ့တစ်နေ့သည် လောကီလူသားများနှင့် ကမ္ဘာမြေပေါ်ရှိ သစ်ပင်ပန်းပင်များကို စိမ်းလန်းသာယာအောင်၊ ပျော်ရွှင် ချမ်းမြေ့အောင် ဖန်တီးပေးပါသည်။ ထို့အတူ မိုးရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးခြင်း၊ ဓာတ်တိုင်လဲခြင်း၊ ဓာတ် ကြိုးပြတ်ကျခြင်း၊ ရေကြီးခြင်းစသည့် အန္တရာယ်များလည်း နောက်ဆက် တွဲဖြစ်ပေါ်လာတတ်သည်။ သို့ဖြစ်၍ မိုးရေထဲတွင် ပျော်ရွှင်စွာကစားတတ်သော ကျောင်းသားလူငယ်တိုင်း ဖြစ်ပေါ်လာတတ်သည့်အန္တရာယ်များကို ကြိုတင်သတိပြုသင့်ကြောင်း တင်ပြအပ်ပါသည်။