Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အမှတ်မထင်ဖြစ်ခဲ့တဲ့အမှတ်တရကလေးများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

တေးဆိုလို့ နှိုးပါ့မယ်

SLEEPING BEAUTY

MARGIE BOULE'

          သတင်းစာတစ်စောင်တွင် ပင်တိုင်ဆောင်းပါးများ ရေးနေသည့် ကျွန်မ၏ အလုပ်ခွင်၌ သတင်းစာဖတ် ပရိသတ်တွေ တယ်လီဖုန်းဆက်ပြီး ပြောသည့် ဇာတ် လမ်းများကို တစ်နေ့လုံးကို နားထောင်ရသည်။

          သူတို့က ကျွန်မအတွက် ဆောင်းပါးခေါင်းစဉ် များ အကြံပေးကြသည်။ ။

          တချို့က မတရားမှုများကို ဖော်ထုတ်လိုကြ သည်။ အခြားသူများကတော့ သူတို့မှန်ကြောင်း ဖြေ ရှင်းချက်တွေ ထုတ်ချင်ကြသည်၊ သို့မဟုတ် ပြဿနာ တစ်ရပ်ရပ်ကို ရှင်းချင်ကြသည်။ ကျွန်မ ကြားရလေ့ ရှိသည့် သတင်းများတွင် မင်္ဂလာသတင်းဆိုလို့ အလွန့် အလွန်ရှားပါးလှ၏။

          သို့သော် တစ်နေ့မှာတော့ ကျွန်မသူငယ်ချင်း ဆူဇန်က ဖုန်းဆက်သည်။ သူက အဆိုတော်။ သူ့ ယောက်ျားဖြစ်သူ ဂယ်ရီက နယ်မြေအထက်တန်းကျောင်း ဓမ္မတေးအဖွဲ့ အုပ်ချုပ်ရေးမှူးဖြစ်၏။ ဆူဇန် က ဂယ်ရီ၏တပည့်တစ်ဦးဖြစ်သူ ခရစ်စတယ်လ်နှင့် ကာလီဆိုသည့် ကောင်မလေးတစ်ယောက်အကြောင်း ကျွန်မကို ပြောပြသည်။

          ကာလီဆိုသည့် ကလေးမလေးက ဒေသန္တရ ကလေးဆေးရုံ တက်နေရပြီး အရေးကြီး လူနာခန်းထဲ ရောက်နေသူ။ အချိန်အခါက ဒီဇင်ဘာ လလယ်ပိုင်း။ ကာလီခမျာ လွန်ခဲ့သည့် သုံးရက်ကပင် ဦးနှောက် ခွဲစိတ်ကု ခံထားရသည်။

          သူကလေးသည် ဦးနှောက်ခွဲစိတ်ကုသပြီးက တည်းက မျက်လုံးတွေ မဖွင့်၊ စကားလည်း မပြော၊ ခေါင်းအုံးပေါ်မှာ ပြန့်ကျနေသည့် နက်မှောင် ဆံကေ သာများက ဖြူဖျော့သော သူ့မျက်နှာလေးကို ပေါင် ခတ်ပေးထား၏။ သူကလေးသည် နိုးကြားနေခြင်း မရှိ၊ အိပ်ပျော်နေခြင်းလည်း မဟုတ်။

          “ကာလို့အခြေအနေ တော်တော်ကြီး ဆိုးဆိုး ဝါးဝါးဖြစ်နေတာ”

          ကျွန်မ သွားရောက် တွေ့ဆုံမေးမြန်းတော့ ကာလီမိခင် နန်စီက ပြန်ပြောပြသည်။

          “သူဟာ တစ်ချက်ကလေးမှ အတိမ်းအစောင်း မခံတဲ့ ဦးနှောက်ခွဲစိတ်ကုသမှုကို ခံခဲ့ရတာ၊ အဲဒီလို ခွဲစိတ်ကုသမှုခံရသူ တစ်ယောက်ဟာ သတိမေ့မြော သွားတတ်တယ်၊ ဒါမှမဟုတ် ဦးနှောက် သေချင် သေ သွားတတ်တယ်။ ဘယ်သူမှ အတပ်မပြောနိုင်ဘူး။ အဲဒီလူနာမျိုးကို သတိရလာအောင် နှိုးလို့ မရဘူးဆိုရင် သူ သတိလည်လာပါစေလို့ ဆုတောင်းပြီး ထိုင်စောင့် နေရုံပဲ ရှိတယ်”

          ကာလီက ချူချာသူ ကလေးဖြစ်၏။ သူ အသက်ခုနစ်နှစ်အတွင်း ဦးနှောက်ခွဲစိတ်ကုသမှုပေါင်း ဆယ့်တစ်ကြိမ် ခံယူခဲ့ရပြီး အခုထိ သက်ဆိုးရှည်နေ သူ။ အခုနောက်ဆုံးတစ်ကြိမ် ခွဲစိတ်အပြီးမှာတော့ သူ ကလေး သတိပြန်လည်လာခြင်း မရှိတော့။

          ဒီဇင်ဘာလ၏ ထိုတစ်နေ့မှာတော့ နန်စီသည် ကာလီခုတင်နံဘေးမှာ ရှိနေသည်။ ထိုအခိုက် အရေး ကြီးလူနာများအား အပန်းဖြေသီချင်းများဖြင့် လာ ရောက်သီဆိုဖျော်ဖြေသည့် ဂယ်ရီအဖွဲ့ ၏ တေးသံသာ များကို ကြားလိုက်ရ၏။ ကာလီက တေးဂီတကို မြတ်နိုးတယ်ဟု သူ တွေးမိသည်။

          “ကျွန်မတို့ သီချင်းတစ်ပုဒ်လည်း ဆိုပြီးသွားရော အမျိုးသမီးတစ်ယောက် ရောက်လာပြီး ကျွန်မ ပခုံးကို ခပ်ဖွဖွ ပုတ်တယ်ရှင့်” နောင်တွင် ခရစ်စတယ်လ် က ကျွန်မကို ပြန်ပြောပြသည်။ ခရစ်စတယ်လ်က အသက်ဆယ့်ခုနစ်နှစ်ရှိ အထက်တန်းကျောင်း နောက် ဆုံးနှစ် ကျောင်းသူ။

          “ကျွန်မက နောက်တန်းမှာ ရပ်နေတာ။ အဲဒီ အမျိုးသမီးက ပြောတယ်။ “သမီး၊ ဒေါ်ဒေါ်နဲ့ လိုက်ခဲ့ ပြီး ဒေါ်ဒေါ့သမီးကလေးအတွက် သီချင်းဆိုပေးမလား ဟင်”တဲ့။ ဒါနဲ့ ကျွန်မ သူ့နောက်ကို လိုက်သွားတယ်”

          ခရစ်စတယ်လ် တွေ့ရသည်မှာ စက်ကိရိယာ တွေအများကြီးနှင့် ချိတ်ဆက်ထားသော ပိန်ပိန်လှီလှီ ကလေးမကလေးတစ်ယောက်။ သူ့ကြည့်ရတာ အိပ် ပျော်နေသလိုပင်။

          “အဲဒီအခန်းထဲကို ဝင်သွားမိကတည်းက ငါ ဒီအခန်းထဲမှာ ရှိနေသင့်တယ် ဆိုတဲ့ ခံစားချက်မျိုး ကျွန်မရင်ထဲမှာ ပေါ်လာတယ်”ဟု ခရစ်စတယ်လ်က ပြောပြသည်။

          ခါတိုင်းလို ဆိုလျှင်တော့ ခရစ်စတယ်လ်က သူတစ်ယောက်တည်း သီချင်းဆိုဖို့ ငြင်းဆန်မိမည် ဖြစ်၏။ ဆူဇန်ထံမှာ အဆိုသင်တန်းတက်နေသည်မှာ လပေါင်းအနည်းငယ်သာ ရှိသေးသည်။//

          “သူ့အသံကလေးက အရမ်း ချိုတာပဲ” ဟု ဆူဇန်က ကျွန်မကို ပြောပြသည်။ “ဒါပေမဲ့ ခရစ် စတယ်လ်က တစ်ကိုယ်တော် ဆိုလေ့ မရှိဘူး၊ သူက သိပ်ရှက်တတ်တာကိုး”

          ထိုနေ့ကတော့ ခရစ်စတယ်လ် တစ်ချက် ကလေးမှ တုံ့ဆိုင်းမနေ။ ကလေးမကလေး၏ ခုတင် နံဘေးမှာ နီးနီးကပ်ကပ် ရပ်ပြီး “တိတ်ဆိတ်ည” သီချင်းကို စဆိုသည်။ သူတို့ကို ကြည့်ဖို့ သူနာပြု ဆရာမတွေ အခန်းထဲ တိုးဝင်လာကြသည်။ စင်္ကြံလမ်း တစ်လျှောက် တေးဆိုဖျော်ဖြေနေသော အခြားအဖွဲ့ သားတွေက သူတို့၏ သီဆိုဖျော်ဖြေမှု ပြီးဆုံးသွား သည့်အတွက် စောင့်နေသော ကျောင်းကားဆီသို့ ပြန် သွားကြပြီ။ ခရစ်စတယ်လ်က သူ ကျန်ခဲ့မှာကို စိုးရိမ်ကြောင့်ကြမနေ၊ တချို့ကလေးတွေ အဘ ဘုရား သခင်ကို တွေ့မြင်ကြသည်”ဆိုသည့် သီချင်းကို ဆက် ဆိုသည်။

          “အဲဒီသီချင်းက ကလေးသူငယ်တွေအကြောင်း ဖွဲ့ ထားတာလေ၊ ဒီကလေးမကလေးကလည်း ငယ် လွန်းသေးတယ် မဟုတ်လား” ဟု ခရစ်စတယ်လ် ပြောသည်။ “သူ့ရင်ထဲ ပေါ့ပါးသွားအောင် ကျွန်မ အစွမ်းကုန် ကြိုးစားသီဆိုပေးတယ်၊ သူကလေးအတွက် တမင်ရည်ရွယ်ပြီး သီချင်းစာသားအပိုဒ်တွေ ကို ထပ်ကာ ထပ်ကာ ဆိုပေးတယ်၊ ကျွန်မရဲ့ သီချင်း ကို သူ ကြိုးစားနားထောင်နေတယ်လို့ ကျွန်မ ခံစား ရတယ်လေ”

          ထို့နောက် ကာလီ မျက်လုံးတွေ ဖွင့်လိုက်၏။ “သူ မျက်လုံးတွေ ဖွင့်လိုက်တယ်။ ပြီးတော့ မျက်ကြော တွေ ရှုံးပြီး မျက်စိတွေ မှေးထားတယ်။ နောက်တော့ သူ့မျက်နှာ ပြုံးပြုံးကြီး ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ လူတွေအားလုံး ငိုမိကြတော့တာပဲ”ဟု သူ့မေမေ နန်စီက နောက်ကြောင်းပြန်ပြောသည်။

          ခရစ်စတယ်လ်က လွဲပြီး အားလုံး ငိုနေကြ၏။ ခရစ်စတယ်လ်က မငိုချင်။ သူက သီချင်းဆက်ဆိုနေရ သေးသည်။

          သူ သီချင်းဆိုပြီးသွားတော့ ကာလို့ခုတင် နံဘေးမှာရပ်နေသည့် ခရစ်စတယ်လ်ကို နန်စီက ဓာတ်ပုံရိုက်ယူထားသည်။ ခုမှ မော့ကြည့်မိသော ခရစ် စတယ်လ်က တံခါးဝမှ သူ့အား ပြုံးကြည့်နေသည့် သူ့ဆရာ ဂယ်ရီကို တွေ့လိုက်ရ၏။ သူတို့ ပြန်ဖို့ အချိန်တန်ပြီ။

          ခရစ်စတယ်လ် ပြန်သွားပြီး နာရီပိုင်းအတွင်း ကာလီသည် အပြည့်အဝ နိုးကြားလာသည်။ ဖြစ်ပုံပျက်ပုံ အလုံးစုံကို မြင်တွေ့လိုက်ရသူများကတော့ ခရစ္စမတ်၏ တန်ခိုးတော်ပေပဲဟု ယူဆကြ၏။ သို့သော် လုံးဝ မထင်မှတ်သည့် တိုက်ဆိုင်မှုတစ်ရပ်သာ မဖြစ်ပေါ်ခဲ့လျှင် ခရစ်စတယ်လ်သည် သူ သီဆိုခဲ့သည့် သီချင်း၏အကျိုးဆက်ကို သိရတော့မည် မဟုတ်ပေ။

           အရေးကြီးလူနာခန်း တာဝန်ကျ သူနာပြုဆရာ မတစ်ဦးသည် သူ မြင်လိုက် တွေ့လိုက်ရသည့် မြင် ကွင်းကြောင့် စိတ်ထဲ နင့်နေအောင် ခံစားရသည်။ သို့ ဖြင့် ထိုအကြောင်းကို ခရစ္စမတ် သတင်းလွှာထဲမှာ ထည့်ရေးသည်။ ပြီးတော့ သတင်းလွှာကို ခရစ္စမတ် ကတ်ပြားတွေနှင့် တွဲပြီး သူ့မိတ်ဆွေတွေထံ ပို့ပေး လိုက်သည်။

          တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့သူငယ်ချင်းတစ်ဦး မှာ ဂယ်ရီ ဦးဆောင်သော ဓမ္မတေးအဖွဲ့ ရှိသည့်ကျောင်းမှ ဆရာမတစ်ဦးဖြစ်နေသည်။ ဆရာမက ဇာတ်ကြောင်းကို ဖတ်ကြည့်ပြီး ဂယ်ရီထံ ဖုန်းဆက် ပြောပြသည်။ ။

          “ခရစ်စတယ်လ်ရဲ့ သီချင်းက အဲဒီလို အကျိုး တရား ဖြစ်ပေါ်လာတယ် ဆိုတာကို အဲဒီတော့မှ ကျွန်တော်တို့ သိရတာဗျ” ဟု ဂယ်ရီက ပြော၏။ | ကာလီသည် သတိမေ့မြောနေကြောင်းကို ခရစ်စတယ်လ်ရော ဂယ်ရီပါ မသိခဲ့ကြ။ ဒီကလေးမ ကလေး အိပ်ပျော်နေသည်ဟုပဲ သူတို့ ထင်ခဲ့ကြ၏။ ကျွန်မ သူငယ်ချင်းဆူဇန်က ခရစ်စတယ်လ်ထံ ချက် ချင်း တယ်လီဖုန်းဆက်သည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက ကလေးမကလေး ကာလီအား သူ ဘယ် ကဲ့သို့ အကျိုးပြုခဲ့ကြောင်း သတင်းကောင်း ပါးသည်။

          “ကျွန်မလေ ယုံတောင် မယုံနိုင်ဘူး၊ ကျွန်မ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ကျွန်မ ဝမ်းသာ လွန်းလို့ ခုန်ပေါက်နေမိတယ် သိလား၊ ကျွန်မ သူ့ဆီ ကို နောက်တစ်ခေါက် သွားပြီး တေးဆိုပြချင်စိတ် ပေါ် လာမိတယ်”

          ဟု ခရစ်စတယ်လ်က နောင်တစ်ချိန်တွင် ပြန် ပြောပြ၏။

          သို့ဖြင့် တယ်လီဖုန်းဆက်ပြီး အစီအစဉ်တွေ လုပ်ကြသည်။ ခရစ္စမတ် အကြိုညတွင် ခရစ်စတယ်လ် ဆေးရုံရှိ ကာလီ ခုတင် နံဘေးသို့ သွားသည်။ ထိုနေ့ သည်လည်း စိတ်ဆင်းရဲစရာ ကောင်းသောနေ့ တစ် နေ့ပင် ဖြစ်၏။

          “ကာလီခမျာ ဝေဒနာကို အလူးအလဲခံစားနေ ရရှာတယ် သမီးရယ်”

          နန်စီက ခရစ်စတယ်လ်အား ပြောသည်။