Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အဓိပ္ပာယ်ရှိသောဘဝနှင့်အတွေးအမြင်စာစု

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

ဖြောင့်မတ်မှန်ကန်ခြင်း

အေဘရာဟင်လင်ကွန်း နိုင်ငံရေးလောကသို့ ဝင်လာသောအခါ အမေရိကန်သမ္မတလောင်းရွေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည်။ ချီကာဂို၌ ကျင်းပသည့် ပါတီညီလာခံက သမ္မတလောင်းကို ရွေးချယ်တင်မြှောက် မည်ဖြစ်၏။

ချီကာဂိုညီလာခံ၌ရှိနေသည့် မိတ်ဆွေများက သူ့ထံကြေးနန်းရိုက် ပြီး အကြောင်းကြားသည်။ ကြေးနန်းစာထဲတွင် ညီလာခံတက်ရောက် လာသည့် ကိုယ်စားလှယ်နှစ်ဖွဲ့ ကို စည်းရုံးသိမ်းသွင်းနိုင်လျှင် လင်ကွန်း သမ္မတလောင်းအရွေးခံမည်မှာ သေချာကြောင်း၊ အဆိုပါ ကိုယ်စားလှယ် နှစ်ဖွဲ့ မှ ခေါင်းဆောင်နှစ်ဦးကို ဝန်ကြီးတစ်နေရာစီပေးမည်ဟု ကတိ ကဝတ်ပြုလျှင် လင်ကွန်းအား မဲပေးကြလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ထိုအခါ လင်ကွန်းက သူ့မိတ်ဆွေများထံ ကြေးနန်းရိုက်ပြီး အကြောင်းပြန်လိုက်သည်။ သူ့အကြောင်းပြန်ကြားစာမှာ...

“အပေးအယူလုပ်ခွင့်မပြု။ ကျွန်ုပ်အား ဘယ်သူကမျှ နှောင်ဖွဲ့ ချုပ်ချယ်ခြင်း အပြုခံမည်မဟုတ်” ဟူ၏။//

စိတ်သက်သာနည်း

စေတနာ့လုပ်ငန်းများတွင် ဝတ်ကြောင်ဖြင့် နှစ်ပေါင်း ၃၀ လောက် ဆောင်ရွက်ခဲ့ပြီး Such A Vision of Street စာအုပ်ကို ရေးသားပြုစုခဲ့သူ အိုင်လင်းအီဂန်က သူတော်စင်သီလရှင်ကြီး မာသာထရီဇာ၏စိတ်ချမ်းသာ မှုပေးသော လောကအမြင်အကြောင်း အောက်ပါအတိုင်း ဖော်ပြခဲ့၏။

တစ်နေ့မှာ မာသာထရီဇာနှင့် စကားစမြည်ပြောရင်း ကျွန်မကြုံ တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်အကြောင်း တိုင်တည်ရင်ဖွင့်နေမိတယ်။ အဲဒီလို ကျွန်မ ပြောလို့လည်း ပြီးရော၊ မယ်တော်ကြီးက ဘယ်လိုမှတ်ချက်ချသလဲဆိုတော့...

“အရာရာတိုင်းဟာ ပြဿနာချည်းပါပဲ၊ ဒီတော့ကွယ်..... လက်ဆောင် ဆိုတဲ့စကားကို ဘာဖြစ်လို့ မသုံးဘဲနေကြမှာလဲ”တဲ့လေ။ အဲဒီအချိန်က စပြီး ကျွန်မတို့စကားလုံးကို ပြောင်းလဲသုံးစွဲခဲ့ကြတယ်။

အဲဒီနောက် သိပ်မကြာပါဘူး။ ကျွန်မတို့ ဗင်ကူးဗာကနေ နယူး ယောက်မြို့တော်ကို လေယာဉ်ပျံနဲ့သွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီ မှာ လေကြောင်းကုမ္ပဏီက ပြဿနာပေါ်ပြီး ကျွန်မတို့လမ်းခုလတ်မှာ အကြာကြီး သောင်တင်နေရမယ့်သတင်းကို ကြားရတော့ ကျွန်မ အကြီး//

အကျယ်စိတ်ပျက်သွားတယ်။ ဘာပဲဖြစ်ဖြစ်... ဒီအကြောင်း မယ်တော် ကြီးကို သတင်းပေးရမှာပဲ။ ကျွန်မ ဒီပြဿနာအကြောင်း ပြောတော့မယ့် ဆဲဆဲမှာ ဖျတ်ခနဲသတိရပြီး...

““မယ်တော်ကြီး လက်ဆောင်တစ်ခုအကြောင်း ပြောစရာရှိပါ တယ်။ သမီးတို့ ဒီမှာ လေးနာရီလောက် စောင့်နေရပါ့မယ်။ ဒီတော့ မယ်တော်ကြီး သီလရှင်ကျောင်းကို အတော်ကြီးနောက်ကျမှ ရောက်ပါ လိမ့်မယ်” လို့ ပြောလိုက်တယ်။ မာသာထရီဇာကတော့ သူ အနှစ်သက် ဆုံးဖြစ်တဲ့ တရားစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး လေဆိပ်ထဲမှာပဲ ထိုင် စာဖတ်နေပါတော့တယ်။

အဲဒီနောက်ပိုင်း ကျွန်မတို့ စိတ်ပျက်စရာကိစ္စတွေ၊ ဒါမှမဟုတ် အခက်အခဲတွေအကြောင်း တင်ပြပြောဆိုတဲ့အခါ “ကျွန်မတို့မှာ လက်ဆောင်ကလေးတစ်ခုရထားတယ်” (ဒါမှမဟုတ်) “ဒီနေ့တော့ ကျွန်မတို့ အထူးတလည် ကြီးမားတဲ့ လက်ဆောင်ကြီးတစ်ခုရထားတယ် မယ်တော်ကြီးပေါ့”လို့ ပြောကြတော့တယ်။

အဲဒီလိုပြောတဲ့အခါ ကျွန်မတို့ စိတ်မလုံမလဲနဲ့ ကျိတ်ပြုံးကလေး တွေတော့ ပြုံးမိကြတာပေါ့။ အရင်ကဆို ဒီပြဿနာမျိုးကြုံရရင် “ပြဿနာ”ဆိုတဲ့ ခက်ထန်မာကျောတဲ့ စကားလုံးကြီးကို ဆောင့်ကြီး အောင့်ကြီးပြောခဲ့ကြတယ်လေ။//

အသည်းထဲမှာ စွဲနေသူ “ဒီနေ့မနက် စီဘီအက်စ်” ရုပ်မြင်သံကြားအစီအစဉ်ကို ပူးတွဲ ထုတ်လွှင့်သူ ကက်သရင်း ဆူလေဗန်အား သူ့အလုပ်နှင့်ပတ်သက်၍ သူ့အပေါ် သြဇာလွှမ်းမိုးနေလောက်အောင် သူလေးစားအားကျခဲ့သူ တစ်ဦးတစ်ယောက်ရှိပါသလားဟု မေးမြန်းရာ ရှိကြောင်းဖြင့် သူက ဖြေကြားသည်။

သူလေးစားအားကျ အတုယူခဲ့ရသူအကြောင်း ပြောပြရာ၌ ထိုသူ မှာ ရုပ်မြင်သံကြားသတင်းလောကတွင် အောင်မြင်ကျော်ကြားနေသည့် အမျိုးသမီးတွေထဲက တစ်ဦးမျှမဟုတ်ကြောင်း သိရလေသည်။

“ကျွန်မ အောင်မြင်တဲ့ မိန်းမတစ်ယောက်ဖြစ်လာအောင် ပုံဖော်ပေး လိုက်သူတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူတွေကတော့ စန်တာ ကက်တာလီနာကျောင်းက သီလရှင်တွေပါပဲ။ အမှီခိုကင်းမဲ့စွာ ရပ်တည်မှု အကြောင်း ကျွန်မလို ဝတ်ကြောင်နဲ့ အမျိုးသမီးတွေ နားလည်သဘော မပေါက်မီကတည်းက သူတို့က နားလည်သဘောပေါက်ခဲ့ကြတာပါ။

သူတို့အောင်မြင်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ် ဆောင်နေတာတွေဟာ အရေးပါအရာရောက်ကြောင်း သူတို့ခံယူထားလို့//

ပဲ။ ကျွန်မ အလေးစားဆုံး၊ အားအကျဆုံး စံနမူနာထားသူကတော့ ကျွန်မတို့အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ စစ္စတာ ကာလော့ တာပါပဲ။ သူ ကျွန်မရှေ့မှာ မတ်တတ်ရပ်နေတယ်လို့ ခုထိတောင် ကျွန်မ မျက်စိမှာ မြင်နေတုန်းပဲရှင့်”//

ငွေတွေအများကြီးရလျှင် ဘာလုပ်မလဲ

အမေရိကန်ပြည်ထောင်စု ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ သက်တမ်းတစ် လျှောက်တွင် “ပိ(စ်)ဆန်းပရပ်(စ်)” သည် အသက်အငယ်ဆုံး အမျိုးသား ချန်ပီယံအဖြစ် မှတ်တမ်းအတင်ခံခဲ့ရသူဖြစ်၏။ တင်းနစ်ချန်ပီယံဖြစ် ချိန်တွင် သူသည် ၁၉ နှစ်နှင့် ၂၈ ရက်သားပဲရှိသေးသည်။ ထို့ပြင် ၁၉၆၀ ပြည့်နှစ် တစ်နှစ်တည်းမှာပင် အမေရိကန် ဒေါ်လာ ၂.၉ သန်း တိတိ ဆုကြေးများရခဲ့ပြီး နေ့ချင်းညချင်း သူဌေးကလေးဖြစ်လာသည်။ သို့သော် သူက...

“ကျွန်တော့်ခေါင်းထဲကို ပိုက်ဆံတွေ ဝင်မလာစေချင်ဘူးဗျာ” ဟု ပြောခဲ့သည်။

ပြောသည့်အတိုင်းပင် ၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၌ ကျင်းပပြု လုပ်သည့် ဂရင်းဆလမ်ဖလားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲလိုက်သောအခါ ဆန်းပရပ်စ်က သူရသည့် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၅ဝ,ဝဝဝ ကို ဦးနှောက်အကြောပြတ်ပြီး လေဖြတ်သည့်ရောဂါ ကုသရေးအဖွဲ့သို့ ထိုဆုပေးပွဲမှာပင် ချက်ချင်းလွှဲပြောင်းပေးကာ လှူဒါန်းလိုက်သည်။

ဘာကြောင့် ထိုအဖွဲ့ ကိုမှရွေးပြီး လှူဒါန်းသလဲဆိုတာကတော့//

ဇာတ်လမ်းကလေးရှိသည်။ သူ့ဖခင်၏ညီမဖြစ်သူ မာရီယံသည် ထိုရောဂါကို ခံစားရပြီး ကွယ်လွန်ခဲ့သည်။ အငယ်တန်း တင်းနစ်လောက တွင် ဆန်းပရပ်စ်အောင်ပွဲတွေ စတင်ရရှိနေစဉ်က သူ့ဖခင်က သူ့အား နောက်သလို ပြောင်သလိုဖြင့် စကားတစ်ခွန်းပြောခဲ့ဖူးသည်ဆို၏။

“တစ်နေ့မှာတော့ မင်းတင်းနစ်လောကမှာ ကြယ်တစ်ပွင့်ဖြစ်လာ ပြီး ပိုက်ဆံတွေလည်း သောက်သောက်လဲရမှာပဲ။ အဲဒီအခါကျ တချို့ တစ်ဝက်ကို တို့တစ်တွေ လှူဒါန်းပစ်တာပေါ့ကွာ”

ဖခင်ကြီး၏စကားသည် ဆန်းပရပ်စ် ခေါင်းထဲမှာစွဲနေသည်။

“တကယ့်ကို ဆုကြီးတွေရလာရင် ဘာလုပ်မလဲဆိုတာ ကျွန်တော် အမြဲတမ်း စဉ်းစားနေခဲ့တယ်။ ဒီတော့ ဆုကြီးလည်းရရော ကျွန်တော် မိုက္ကရိုဖုန်းရှိတဲ့ဆီကို တန်းသွားတာပဲ။ စိတ်တွေလှုပ်ရှားလွန်းလို့ အထစ် ထစ်အငေါ့ငေါ့နဲ့ပဲ ပြောချလိုက်တယ်။ ဒေါ်လာ နှစ်သိန်းငါးသောင်းလေ”

“ဒါပေမဲ့ ကျွန်တော် ဝမ်းသာကြည်နူးမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလုပ်ရပ်က ကျွန်တော့်အဖေနဲ့ သူ့ညီမကို သတိရလွမ်းဆွတ်

ကြောင်းဖော်ပြဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်နေလို့ပါပဲ”//